ဟေရှာယအနာဂတ္တိကျမ်း ၃၉

(ဂ)ဟိဇကိမင်း၏အပြစ်ဒုစရိုက်(အခန်း၃၉)

၃၉:၁-၇ အခန်း၃၉တွင်ဟိဇကိမင်း၏မှားယွင်းသောပြုမူ မှုကိုသမိုင်းမှတ် တမ်းတင်ထားသည်။ အပြစ်ဒုစရိုက်ကြီးမှာဗာဗုလုန်မင်း၏သံတမန်လက်ခံခြင်း ဖြစ်သည်။ အာရှုရိတို့၏ဘေးရန်ကာကွယ်ရန်ဗာဗုလုန်သားများကကူညီစွမ်း ဆောင်နိုင်မည်ဟုထင်မှတ်ခဲ့သည်။ ထိုသတင်းစကားဟေရှာယကြားသောအခါ ဘုရားသခင်ကမနှစ်သက်ကြောင်းသိသည်။ ဗာဗုလုန်သားများကယုဒများကို တဖက်လှည့်ဖမ်းဆီးကျွန်ပြုကြသည်။ မင်းညီမင်းသားမှူးမတ်များသည်ဗာဗု လုန်ဈေးတွင်ဈေးခေါင်းဖြစ်ကြရသည်။ ဤပရောဖက်ပြုချက်ကိုနှစ်ပေါင်း(၇၀) ကကြိုတင်ဟောပြောခြင်းဖြစ်သည်။ ယုဒတို့၏အဓိကရန်သူသည်အာရှုရိများမ ဟုတ်။ ဗာဗုလုန်သားများဖြစ်သည်။

၃၉:၈“ဘုရားသခင်၏နှုတ်ကပတ်တော်သည်ကောင်းပါ၏”ဟုဟိဇကိ မင်းဝန်ခံသည်။ ဘုရားရှင်ကိုဝန်ခံလျက်သူ့လက်ထက်တွင်တိုင်းသူပြည်သား လူအများသည်တရားတော်နှင့်အညီစည်ပင်ဝပြောစွာရှိနေကြမည်။ ကျီးလန့် စာစားခြင်းမရှိရဟုဆိုသည်။

Previous Article
Next Article