ဟေရှာယအနာဂတ္တိကျမ်း ၄၀

၃။ အနာဂတ်ဖမ်းဆီးခံရခြင်းထဲမှငြိမ်သက်ဆောက်တည်ရာ(အခန်း၄၀-၆၆)

ပြီးခဲ့သောအခန်း(၃၉)စုသည်ဓမ္မဟောင်းသန့်ရှင်းသူများနှင့်သက်ဆိုင် သည်ဟုရည်မှတ်နိုင်လျှင်လာမည့်အခန်းပေါင်း(၂၇)ခန်းသည်ဓမ္မသစ်ကျမ်း နှင့်ပတ်သက်သည်။ မေရှိယသခင်ယေရှုနှင့်ဆက်စပ်သည်ဟုခံယူနိုင်ပါသည်။

ဤအခန်းများ(အခန်း၄၀-၆၆)သည်ယုဒများဗာဗုလုန်မှပြန်လည်ကြွ လာသည့်တိုင်အောင်တိုင်းပြည်ထူထောင်ကြရမည့်အကြောင်းဖြစ်သည်။

(က)ဣသရေလတို့ကယ်ထုတ်ခြင်းခံရမည့်အကြောင်း(အခန်း၄၀-၄၈)

၁။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းဘဝ(၄၀:၁-၁၁)

၄၀:၁-၂ ဖမ်းဆီးခံရသူများပြန်လည်ရောက်ရှိလာမည့်မင်္ဂလာသတင်းဖြင့် သင်ခန်းစာ စာမျက်နှာဖွင့်လှစ်ထားသည်။ ယေရုရှလင်၏ဘေးဒုက္ခများချုပ် ငြိမ်းလွန်မြောက်ကုန်ပြီ။ သင်၏အပြစ်ဖြေရှင်းပြီ။ ……..ထာဝရဘုရားလက် တော်၌နှစ်ဆခံရပြီဟုဆိုထားသည်။ အပြစ်ဒုစရိုက်များခွင့်လွှတ်သင်ပုန်းချေပြီး ဖြစ်သည်။ ထိုခံစားရမည့်နှစ်ဆသောကောင်းကြီးမင်္ဂလာများသည်ခရစ်တော်ဘု ရားဒုတိယအကြိမ်ပြန်လည်ကြွလာသောအခါအားလုံးပြည့်စုံမည်။ ထိုကာလ တွင်ဤကမ္ဘာအိုနှင့်အသင်းတော်သည်လည်းငြိမ်သက်ချမ်းမြေ့ကြသည်။ ယုံ ကြည်သူတစ်ယောက်တိုင်းသည်ကိုယ်တော်ဘုရားအတွက်ဖြစ်ကြမည်။ ဘုရားသခင်၏လူများအဖြစ်သွားကြမည်။

ဘုရားသခင်ထံမှငြိမ်သက်ခြင်းအစုံရရှိကြမည်အကြောင်း

ယုံကြည်သူတိုင်းရရှိခံစားရာတည်း။

ကရုဏာတော်မြည်းစမ်းကြပါစို့

စိတ်နှလုံးရှိဝန်ထုတ်ဝန်ပိုးများ

ခရစ်တော်ဘုရားကနှစ်သိမ့်စေမည့်တကား။

A.E.Hamilton

၄၀:၃-၅ ဗတ္တိဇံယောဟန်ကခရစ်တော်ဘုရားပထမအကြိမ်ကြွရောက် လာမည့်အကြောင်းကို“ထာဝရဘုရားကြွလာမူရာလမ်းကိုပြင်ကြလော့”ဟု ရှေ့တော်ပြေးစကားအဖြစ်တော်၌ဟစ်ကြော်ထားသည်(မ၃:၃)။ ဒုတိယကြွလာ မည့်အကြောင်းကိုဧလိယကလမ်းရှင်းပေးမည်ဟု(မာလ၄:၅-၆)တွင်ဆိုထား သည်။ ခရစ်တော်ဘုရားကြွလာမည့်လမ်းရှင်းပေးထားခြင်းသည်မညီညွတ် သောမြေပြင်အားညှိခိုင်းခြင်းမဟုတ်။ အကျင့်စာရိတ္တနှင့်ဝိညာဉ်ရေးရာလမ်း တာအားပြင်ဆင်ခိုင်းခြင်းဖြစ်သည်။ ထိုအကြောင်းကိုMorganကဤသို့ဆို ထားသည်။

ယုံကြည်သူများကကိုယ်တော်ဘုရားကြွလာရာလမ်းကိုဖြောင့်ဖြူးစွာ ပြင်ဆင်ထားကြသည်။ ကိုယ်တော်ဘုရားကိုဖူးမြင်ချင်လှသောကြောင့်စိတ် အားထက်သန်ကြသည်။ သစ္စာရှိကြသည်။ ကိုယ်တော်ကိုသာမှီကိုးကြသည်။၄၇  တောင်ကြီးတောင်ငယ်များသည်လူတို့၏မာန်မာနထောင်လွှားခြင်း၊မိုက်ရိုင်း ခြင်းကိုဆိုလိုသည်။ ချိုင့်ဝှမ်းဆိုသည်မှာနိမ့်ကျသောလူတန်းစားဘဝကိုဆိုလို သည်။ မညီညာ၊ကြမ်းတမ်းသော၊အဖုအထစ်၊ခလုတ်ကန်သင်အားလုံးကိုချော့ မွေ့စေမည်။ ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း၍လူအပေါင်းတို့သည်အတူတကွဖူးမျှော်ခွင့်ရကြမည်။

၄၀:၆-၈ လူ့စိတ်သဘောသည်ပြောင်းလဲလွယ်သော်လည်း၊ဘုရားသခင် ၏နှုတ်ကပတ်တော်သည်နိစ္စထာဝရပြောင်းလဲတည်မြဲကြောင်းဘုရားသခင်က ပရောဖက်ဟေရှာယအားကြွေးကြော်ခိုင်းသည်။ ဤကျမ်းပိုဒ်တွင် “လူအပေါင်း သို့”ဟုဆိုသော်လည်းအဓိကပစ်မှတ်သည်ဣသရေလအမျိုးဖြစ်သည်။

“ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်သည်အစဉ်အမြဲတည်သည်”ဤကျမ်းစကားကိုခရစ်ယာန်ဓမ္မသင်တန်းကျောင်းများတွင်ဆောင်ပုဒ်အဖြစ် ယူထားလေ့ရှိသည်။ လက်တင်ဘာသာစကားအားဖြင့် Verbum Dei Manet in aetenam ဟုဆိုသည်။ William  Kelly ကဤသို့ဆိုထားသည်။

နောက်ဆုံးအချိန်နီးကပ်သထက်နီးကပ်လာပြီဖြစ်သောကြောင့်ာ်နှုတ်ကပတ်တော်၌တည်သင့်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ် တော်တွင်အားနည်းသောအချက်များရှိသည်ဟုထင်ကောင်းထင်ကြမည်။ ဝန်ခံ ရန်အခက်အခဲရှိကောင်းရှိမည်။ သို့သော်မိုးနှင့်ကမ္ဘာမြေထက်နှုတ်ကပတ်သည် တည်ငြိမ်သည်။၄၈

၄၀:၉-၁၁ ဇိအုန်တောင်ပေါ်သို့မင်္ဂလာသတင်းများယူဆောင်လာမည်။ မေ ရှိယသခင်ကြွရောက်လာကြောင်းဇိအုန်တောင်သည်အခြားသူများသို့ပြော ကြားမည။ မိခင်ကြီးက သားသမီးများ မဂ်လာသတင်းပြောကြား သည့်ပမာဝမ်းသာကြမည်။ အပိုဒ်ငယ်၁၀-၁၁သည်ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုဖေါ်ကျူးသောကျမ်းချက်ဖြစ်သည်။ ကိုယ်တော်ဘုရား အားငြင်းပယ်ခဲ့ကြသူများကဘုရားမှန်ဖြစ်ကြောင်းဝန်ခံလာကြမည်။ သူ၏သိုး အုပ်သိုးစုများကိုလည်းဂရုတစိုက်ညင်သာစွာယုယမည်။ ဤကျမ်းပိုဒ်များသည် ခရစ်တော်ဘုရားဘုန်းတန်ခိုးဖြင့်ဒုတိယအကြိမ်ကြွလာမည့်အကြောင်းဖြစ် သည်။

၂။ ဘုရားသခင်၏ထောက်မစောင့်ရှောက်ခြင်း(၄၀:၁၂-၁၃)

၄၀:၁၂ ဘုရားသခင်ကိုးစားခြင်းနှင့်ရုပ်တုဆင်းတုဘုရားတုကိုးကွယ် ခြင်း၏ခြားနားပုံဂန္တဝင်ကျမ်းချက်ဖြစ်သည်။ ယေဟောဝါဘုရားသခင်၏အ ကြောင်းကိုလူ့အသိဉာဏ်ဖြင့်သိရှိရန်ကြိုးပမ်းခြင်းသည်ပင်လယ်ရေအား လက်ခုပ်ဖြင့်ခပ်ခြင်း၊မိုးကောင်းကင်လက်ဖြင့်ထွာခြင်းကဲ့သို့ဖြစ်သည်။ တောင် ကြီးတောင်ငယ်ကိုချိန်ခွင်ဖြင့်ချိန်ယူခြင်းမျိုးဖြစ်သည်။

၄၀:၁၃-၁၄ ဘုရားသခင်၏ဝိညာဉ်တော်ကိုစစ်ကြောနိုင်သူမည်သူမျှမရှိ။  ဘုရားရှင်ပြုတော်မူသောဖန်ဆင်းခြင်းနှင့်ပြုတော်မူသမျှသည်ပြည့်စုံသည်။ ပြီး စီးကုံလုံသည်။ မည်သူ့အကူအညီမှမပါ။

၄၀း ၁၅-၁၇ လူမျိုးများသည် ဘုရားသခင်‌ရှေ့တော်တွင် ရေပုံးမှ ရေတစက်မျှသာဖြစ်သည်။ လေဗနုန်သစ်တော ဝါးတောကြီးသည် ယဇ်ပူဇော်ရာလောင်စာအဖြစ်မလောက်။ ထိုပြည်ရှိ သတ္တဝါများသည် ယဇ်ပူဇော်ရာ မလောက်ငှပါ။

၄၀:၁၈-၂၆ ထို့ကြောင့်ဘုရားသခင်၏ကြီးမြတ်ခြင်းကိုမည်သည့်လူသား ကခန့်မှန်းရုပ်လုံးဖေါ်နိုင်မည်နည်း။ လူချမ်းသာကရုပ်ဆိုးဆင်းတုကိုအဖိုးတန် သတ္တုဖြင့်ပြုလုပ်သကဲ့သို့မရှိဆင်းရဲသားများကသစ်သားဖြင့်ထွင်းထုနိုင် သည်။ အဘယ်မျှရယ်စရာကောင်းသနည်း။ ယေဟောဝါဘုရားသခင်နှင့်ဘုန်းတန်ခိုးကြီးမားပုံကိုကြားဘူးကြပါလေစ။ ကြယ်နက္ခတ်တာရာများကိုဖန်ဆင်း တော်မူသောဘုရားသခင်ကြီးမြတ်မှုကိုမည်သို့မှန်းဆနိုင်ပါသနည်း။ ထိုဂြိုလ် နက္ခတ်တာရာများကိုနာမည်ခေါ်ထုတ်လျှင်တစ်ခုမှမကျန်ထွက်ပေါ်လာကြ သည်။

၄၀:၂၇-၃၁ အကယ်၍ဘုရားသခင်၏စောင်မမှု၊အားပေးတော်ထောက်ပံ့ မှုကိုသံသယရှိသူယုဒလူမျိုးတစ်ယောက်တလေရှိလျှင်ဘုရားသခင်ကအားသစ် အင်သစ်ဘဝသစ်ပေးကြောင်းကိုကြားသိပါစေ။ ကြယ်လနက္ခတ်တာရာများကို တစ်ခုမကျန်နာမည်စာရင်းခေါ်၍ဂရုစိုက်လျှင်ဘုရားရှင်၏လူများကိုအဘယ်မျှ အရေးမပေးစိတ်ဝင်စားမည်နည်း။

Previous Article
Next Article