ဟေရှာယအနာဂတ္တိကျမ်း ၄၁

၃။ ဣသရေလတို့၏သန့်ရှင်းစင်ကြယ်သောဘုရား(အခန်း၄၁)

၄၁:၁ ဘုရားသခင်ကတိုင်းနိုင်ငံသားများအားလာရောက်မျက်နှာချင်း ဆိုင်ကြဖို့ဖိတ်ခေါ်သည်။ ထိုသို့နီးကပ်စွာရှိနေကြလျှင်အားသစ်ခွန်သစ်ပေး မည်။ အကောင်းဆုံးသောခွန်အားသစ်သတ္တိပေးပါ။

၄၁:၂-၄ ဤကျမ်းပိုဒ်တွင်ဘုရားသခင်ကအရှေ့အရပ်မှကုရုမင်းဆင့်ခေါ် ပုံကိုရှင်းပြသည်။ အချို့ကျမ်းစာသုတေသီများကအပိုဒ်ငယ်၂-၃တွင်ဖေါ်ပြထား သောသူသည်အာဗြဟံဖြစ်သည်ဟုဆိုကြသည်။ သို့သော်စစ်ပွဲအောင်မြင်ခြင်း သည်အာဗြဟံအောင်မြင်ခြင်းနှင့်အဆက်စပ်ဝေးကွာပြန်သည်။ ဤလူ(ပါရှားဘု ရင်ကုရုမင်း)သည်သမိုင်းတွင်မပျောက်နိုင်သောစစ်ရေးအောင်မြင်မှုမှတ်တမ်းရှိသည်။ စစ်ကြောင်းချီလေသမျှလမ်းတလျှောက်ကိုအောင်မြင်နိုင်သောသူအ ဘယ်မှာပေါ်ထွန်းသနည်း။ ယေဟောဝါဘုရားသခင်၏ပထမဦးဆုံး၊နောက်ဆုံး နှင့်နောက်ဆုံးမျိုးနွယ်ဆက်ဖြစ်သည်။

၄၁:၅-၇ ထိုသတင်းစကားကိုကြားသိသောတိုင်းနိုင်ငံသားများသည်စိုး ရိမ်ကြောက်လန့်သဖြင့်စုစည်းကြသည်။ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်အား ပေးကြသည်။ ရဲသွေးတင်ကြသည်။ ပျက်စီးခြင်းဘေးဒဏ်မှလုံခြုံကွယ်ကာရန် ရုပ်တုဆင်းတုကိုးကွယ်ခြင်းခေတ်စားလာသည်။ လူလက်ဖြင့်လုပ်ထားသော ဘုရားများအားထွက်မပြေးစေရန်သံမှိုနှက်ကြသည်။

၄၁:၈-၁၀ အပိုဒ်ငယ်၈-၂၀တွင်ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြီး မားပုံ၊သူ့လူများအားဂရုစိုက်ပုံများရှင်းပြထားသည်။ ရုပ်တုဆင်းတုများကကိုးကွယ်သူများကိုအမှန်တကယ်သနားကြင်နာပါသလားဟုမေးချင်သည်။ ဘုရား သခင်ကသူ့လူများအားဥရုနှင့်ခါလဒဲများထံမှခေါ်ထုတ်၍အစေခံတော်ဖြစ်စေ ချင်သည်။ ကိုယ်တော်ဘုရားထံတွင်စိတ်ချလက်ချရှိနေစေချင်သည်။ ကိုယ်တော် နှင့်ရင်းနှီးစေချင်သည်။ ကူပံ့ကျွေးမွေးချင်သည်။ အဘယ်မျှလောက်ချစ်ခင်မြတ် နိုးကြောင်းသိကြားစေသက်သေညွှန်းချင်သည်။

မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက် ဖြင့်ထောက်ပံ့မည်။

၄၁:၁၁-၁၆ ရန်သူများကိုချေမှုန်းပပျောက်စေမည်။ ဘုရားသခင်သည် ယုဒတို့အားထိန်းကျောင်းသူကယ်နှုတ်သူဖြစ်သည်။ ဘုရားသခင်ဣသရေလ လူမျိုးအားစပါးနယ်ရာယန္တရားအဖြစ်အသုံးပြုမည်။ ထိုသို့ဖြင့်ဣသရေလအ မျိုးသည်ဘုရားသခင်၏ဂုဏ်ယူဝမ်းမြောက်ရာမင်္ဂလာဖြစ်သွားမည်။

၄၁:၁၇-၂၀ မရှိဆင်းရဲသားများနှင့်ချို့တဲ့ကြပ်တည်းသူများအားဘုရား ရှင်ကိုယ်တိုင်ထောက်ပံ့လုပ်ကျွေးမည်။ အနှစ်တစ်ထောင်တိုင်းပြည်တွင်ရေအ လျှံပယ်ရရှိကြသောကြောင့်ရေငတ်သောလယ်မြေနှင့်ကန္တာရဖုန်းဆိုးတောများ လည်းစိုပြေလန်းဆန်းကြမည်။ မြေဩဇာပြည့်ဝ၍သစ်ပင်ပန်းမာလ်အမျိုးမျိုးပွင့် လန်းကြမည်။ ဤကျမ်းစကားသည်ဘုရားသခင်ကလူ့လူများအပေါ်ချစ်ခင် မြတ်နိုးဂရုစိုက်သည့်အကြောင်းဖြစ်သည်။

၄၁:၂၁-၂၄ အပိုဒ်ငယ်၂၁သည်ဘုရားသခင်နှင့်သူ့လူများအကြားနားမ လည်နိုင်သည့်အကြောင်းဖြစ်သည်။ ရုပ်တုဆင်းတုထုလုပ်ခြင်းဖြင့်မည့်သည့် အကျိုးဆက်ဖြစ်မည်နည်းဟုစိန်ခေါ်သည်။ သို့မဟုတ်ရုပ်ဝတ္ထုပစ္စည်းနောက်သို့ လိုက်ဖို့ဆုံးဖြတ်ကြပြီလားဟုမေးသည်။ ပရောဖက်ပြုချက်နာခံမည်လား ကောင်းသောအကျင့်ကိုရွေးချယ်ကြမည်နည်း။ တစ်ခုခုရွေးချယ်ရမည်။ မိမိတို့ အစွမ်းအစဖြင့်ဘာမှမလုပ်နိုင်ကြပါ။ ဘာမှမလုပ်နိုင်ကြ။ လုံးဝအစွမ်းအစမရှိ ကြပါ။၄၉

၄၁:၂၅-၂၈ အပိုဒ်ငယ်(၂၅)တွင်ကုရုမင်းအကြောင်းထပ်မံဖေါ်ပြသည်။  ဤတကြိမ်တွင်မူမြောက်ဘက်အရပ်မှလူဖြစ်သည်။ သူထွက်လာသောမူလအ ရပ်ပါရှားပြည်(အငယ်၂)ဖြစ်သည်။ ထို့နောက်မြောက်ဘက်အရပ်မေဒိပြည်ကို အောင်မြင်၍ထိုမှတဆင့်ဆင်းလာခြင်းဖြစ်သည်။ ကုရုမင်းကဘုရားသခင်၏ နာမတော်ကိုခေါ်ကြသောကြောင့်ဘုရားသခင်ကတန်ခိုးအစွမ်းပေးသူဘုရားသခင်နှင့်သိကျွမ်းသူ(ဧဇ၁:၂)ဖြစ်သည်ဟုနားလည်ရသည်။ မည့်သည့်ရုပ်တုဆင်း တုဘုရားကမှကုရုမင်းအကြောင်းပြောကြားခြင်းမရှိပါ။ ဘုရားသခင်တပါး တည်းသာကသာလျှင်သူ့လူများကိုကြိုတင်ပြောပြသည်။ စကားပြောနိုင်သော ရုပ်တုဆင်းတုတစ်ခုမှရှာမတွေ့။ ရုပ်တုများသည်အမှန်စင်စစ်သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းများသာဖြစ်သည်။ ဘာတစ်ခုမှတန်ခိုးမရှိ။ ယုံကြည်စရာမရှိ။

၄၁:၂၉ အခန်းငယ်၄၁သည်ဘုရားသခင်နှင့်ရုပ်ဝတ္ထုပစ္စည်းခြားနားပုံ ရှင်းပြသည့်နောက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ Vine ကမူရင်းကျမ်းသဘောမပျက် ဤသို့ဆိုထားသည်။

အားလုံးလိုက်ကြည့်။ အပေါ်ယံကြောသက်သက်ဖြစ်သည်။ မည်သည့်အကျိုးရလာဒ်မှမပေး။ ခြောက်ကပ်ခြင်းနှင့်စိတ်ရူးပုံရိပ်များသာဖြစ်သည်။၅၀

Previous Article
Next Article