ဟေရှာယအနာဂတ္တိကျမ်း ၄၅

၆။ ဘုရားသခင်ဘိသိက်ပေးထားသောကုရုမင်း(အခန်း၄၅)

၄၅:၁-၆ ဘုရားသခင်ကကုရုမင်းကိုဘိသိက်ပေးထားသည်။ (ဟေဗြဲကျမ်း တွင်မေရှိယအရအတူတူဖြစ်သည်။ )အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကသူ့လူများအားသူတပါးဖမ်းဆီးခြင်းလက်အောက်မှကယ်ထုတ်ရန်ပါရှန်းဧကရာဇ် ကိုအသုံးပြုသည်။ ဘုရားသခင်ကပါရှန်းမင်းအားဗာဗုလုန်အပါအဝင်တိုင်းနိုင်ငံများအားအောင်မြင်သိမ်းပိုက်ခွင့်တန်ခိုးအစွမ်းပေးထားသည်။ ဝှက်ထားသော တန်ခိုးနှင့်ကြွယ်ဝခြင်းများကိုအပ်နှံသည်။ ဘုရားသခင်ကကုရုမင်းသားဆင့် ခေါ်ရာတွင်သူ့ကိုယ်သူတစ်ပါးတည်းသာဘုရားသခင်အဖြစ်မိတ်ဆက်၍ကုရု မင်းကိုလည်းဘိသိက်ပေးထားသောသိုးထိန်းဟုခေါ်ဝေါ်သည်(၄၄:၂၈)။ အမှု တော်အတွက်အသုံးပြုဖို့ဆင့်ခေါ်သည်။ ကုရုမင်းကိုအသုံးပြု၍ဘုရားရှင်၏လူများအပေါ်တွင်ဘုရားသခင်၏ဘုန်းတန်ခိုးထင်ရှားစေမည်။ လူအပေါင်းက လည်းယေဟောဝါဘုရားသခင်၏နာမတော်ကိုချီးမွမ်းကြမည်။

၄၅:၇ အပိုဒ်ငယ်(၇)၏ဆိုလိုချက်သည်ဘုရားသခင်ကမကောင်းမှုဒုစ ရိုက်ဖန်ဆင်းကြောင်းဆိုလိုခြင်းမဟုတ်။၅၄

Delitzch က“ကနဦးခရစ်ယာန် heretic Marcion, Valetiniaus, Gnostic ဂိုဏ်းဂနများကဓမ္မဟောင်းခေတ်ဘုရားသခင်သည်ဓမ္မသစ်ခေတ် ဘုရားသခင်နှင့်မတူဟု ဤကျမ်းပိုဒ်ကိုကိုးကား၍သွန်သင်ကြသည်”၅၅ဟု ထောက်ပြသည်။

ထိုအကျင့်စာရိတ္တညံ့ဖျင်းခြင်း၊ အပြစ်ဒုစရိုက်နှင့်ပတ်သက်၍ Delitzch က ဤသို့ဆက်ပြောထားသည်။ “အကျင့်စာရိတ္တပျက်ပြားခြင်းသည်ဘုရားသ ခင်မှလာခြင်းမဟုတ်ကြောင်းသေချာပါသည်။ ဖန်ဆင်းခံသတ္တဝါများ၏စိတ် လွတ်ကိုယ်လွတ်လွန်ကြူးခြင်းဖြစ်သည်။၅၆

ဤကျမ်းပိုဒ်၏အနှစ်သာရသည်အလင်းနှင့်အမှောင်၏ဆန့်ကျင်ဘက် ဝိရောဓိတရားဖြစ်သည်။ ငြိမ်သက်ခြင်းနှင့်ဒုက္ခရုန်းကန်ခြင်းဖြစ်သည်။ အဘယ် ကြောင့်ဘုရားရှင်ကထိုအပြစ်ဆိုးကိုခွင့်လွှတ်သနည်း။ အချို့ကအလင်းနှင့်အ မှောင်ခွဲခြားသိမြင်တတ်ရန်ပါရှန်းများအားဘုရားနှစ်ပါးဖြင့်နှိုင်းယှဉ်ပြခြင်း ဖြစ်သည်ဟုဆိုကြသည်အချို့ကမူကုရုမင်းသည်ထိုအယူဝါဒလမ်းစဉ်လိုက် သည့်အထောက်အထားမရှိဟုငြင်းဆိုကြသည်။ မည်သို့ပင်ဖြစ်စေကုရုမင်းကို ဘုရားသခင်ကအသုံးပြုခြင်းဖြင့်ဣသရေလတို့ရန်သူများသည်ဘေးဥပါဒ်ကံ ကြမ္မာဆိုးငင်ကြသည်။ ဘုရားသခင်သည်ထိုဘဝအခြေအနေအားလုံးကိုကြီး ကြပ်ကြည့်ရှုသူဖြစ်သည်။

၄၅:၈ ဖြောင့်မတ်စင်ကြယ်ခြင်း(တရားမျှတခြင်း)၊ ကယ်တင်ခြင်း(ရွေး နှုတ်ခြင်း)ဟူသောဤကျမ်းပိုဒ်မှစကားသည်ဣသရေလလူမျိုးအပေါ်ကုရုမင်း၏အခိုက်အတန့်ဆောင်ရွက်မှုကိုဆိုလိုသည်။ အနှစ်တစ်ထောင်နိုင်ငံတော်ပေါ် ထွန်းသောအခါပရောဖက်ပြုချက်အားလုံးပြည့်စုံပါမည်။

၄၅:၉-၁၁ ယုဒအမျိုးသားကိုအဘယ်ကြောင့်နိုင်ငံရပ်ခြားသားများအား တိုက်ခိုက်သိမ်းပိုက်စေသနည်းဟုဘုရားသခင်ကိုမေးခွန်းထုတ်သူသည်အမင်္ဂ လာဖြစ်သည်။ အကုသိုလ်ကောင်ဖြစ်သည်။ ထိုကဲ့သို့ပင်မြေအိုးက အိုးလုပ်သူ အားသူ့ကိုပုံပျက်ပန်းပျက်ထုလုပ်ရကောင်းလားဟုမေးစရာမရှိ။ အပိုဒ်ငယ်၁၁ ကို“သင့်အနာဂတ်အတွက်ငါ့လက်ဖြင့်ပြင်ဆင်ထားသည်ကိုသင့်ခြေထောက် နှင့်ဖျက်ချင်သလား၊သို့မဟုတ်လူကဘုရားသခင်ကိုစေခိုင်းရသလား”ဟုဆို လျှင်မိမိသဘောပေါက်လွယ်မည်။ တနည်းအားဖြင့်“မင်းမှာငါ့ကိုမေးခွန်းထုတ် ပိုင်ခွင့်ရှိသလား”ဟုဆိုနိုင်သည်။

၄၅:၁၂-၁၃ လူနှင့်ကောင်းကင်၊ကောင်းကင်တန်ဆာပလာဖန်ဆင်းတော်မူ သောဘုရားသခင်ကတိုင်းတပါးသို့ဖမ်းဆီးခံရသောသူများကယ်ထုတ်ခိုင်း သည့်ကုရုမင်းသားယေရုရှလင်မြို့တော်ကိုပြန်တည်ခိုင်းသည်။ သို့သော်လည်း Artaxerxes လက်ထက်တွင်သာမြို့တော်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း လက်စသပ်နိုင်သည်(နေ ၂:၈)။ ကုရုမင်းကဗာဗုလုန်မှပြန်လာသောယုဒလူများ နှင့်ပူးပေါင်း၍အုတ်မြစ်ပန္နက်ချလုပ်ငန်းစတင်ခဲ့သည်။

၄၅:၁၄-၁၇ ဣသရေလတို့ကိုရန်ဖက်ပြုခဲ့ဘူးသောသူများသည်တနေ့ သောအခါတံစိုးလက်ဆောင်ယူဆောင်၍ရောက်လာကြဦးမည်။ ဣသရေလတို့၏ဘုရား သခင်သည်စစ်မှန်သောဘုရားဖြစ်ကြောင်းသိမှတ်ယုံကြည်ရှိခိုးကြရမည်။ ထာ ဝရဘုရားကဲ့သို့သောအခြားဘုရားမရှိဟုဝန်ခံကြမည်။ ဤစကားမှာကျန်ကြွင်း သောဣသရေလတို့ကိုသင်ခန်းစာယူ၍ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ကြမည့် အကြောင်းဖြစ်သည်။ ဘုရားရုပ်တုများပြုလုပ်သူ၊ကိုးကွယ်သူများသည်တနေ့ သောအခါအရှက်တကွဲရှိကြဦးမည်။ ထာဝရဘုရားသခင်ကယ်နှုတ်ထားသော ဣသရေလလူနည်းစုသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ရောက်ရှိ လာပြီးနောက်ပိုင်းတွင်ဘယ်သောအခါမှအရှက်တကွဲကြမည်မဟုတ်။

၄၅:၁၈-၁၉ ဘုရားသခင်ကကမ္ဘာမြေကြီးဖန်ဆင်းခြင်းသည်အချည်းနှီး၊ စိတ်ကူးပေါက်ရာဖန်ဆင်းခြင်းမဟုတ်။ (tohu, က၁:၂တွင်သုံးသောဝေါဟာရ နှင့်အတူတူဖြစ်သည်။ သို့သော်ဘုရားသခင်ကိုယ်တိုင်လည်းလူနှင့်သဏ္ဍာန် သူကြောင်းကိုယ်ထင်ပြသည်။ ပစ်စလက်ခက်ဖန်ဆင်းခြင်းမဟုတ်သကဲ့သို့ စည်းစနစ်မကျဖြစ်ကတတ်ဆန်းဆက်နွယ်သည်မဟုတ်။ ဘုရားသခင်သည် အရာခပ်သိမ်းဩအချုပ်အချာအရှင်သခင်၊သမ္မာတရား၊ဖြောင့်မတ်ခြင်း၏ဘု ရင်ဖြစ်ကြောင်းကိုယ်တော်တိုင်ကိုယ်ထင်ကိုယ်ရောင်ပြသည်။

၄၅:၂၀-၂၁ ဘုရားတရားမသိ၊ဘုမသိဘသိရုပ်ထုများကိုပြုလုပ်ကိုးကွယ် ကြသောအရိုင်းအစိုင်းလူရိုင်းတပါးအမျိုးသားများကိုလည်းဘုရားသခင်က ဆင့်ခေါ်ပါသည်။ ဘုရားတုများကိုပစ်ခွာ၍အနာဂတ်ကံကြမ္မာစီစဉ်ပေးသော ထာဝရဘုရားသခင်ထံစုဝေးကြဖို့ဖိတ်ခေါ်သည်။ ယေဟောဝါဘုရားသခင်တ  ပါးတည်းသာလျှင်လူ့ကံကြမ္မာကိုစီရင်ပေးနိုင်သည်။ ထိုဘုရားသခင်သည်ကယ် တင်ရှင်၊ဖြောင့်မတ်သောဘုရား၊စစ်မှန်သောဘုရားဖြစ်သည်။

၄၅:၂၂-၂၅ ကယ်တင်ခြင်းရရှိဖို့တပါးအမျိုးသားများကိုလက်လှမ်းဖိတ် ခေါ်နေပါသည်။ ဒူးတိုင်းထောက်၍လျှာတိုင်းဝန်ခံကြမည့်ဘုရားရှင်ဖြစ်သည် (ရော၁၄:၁၁၊ဖိ ၂:၉ -၁၁ကိုလည်းကြည့်)အနှစ်တစ်ထောင်နိုင်ငံတော်တွင်ပြည့်စုံ မည့်ပရောဖက်ပြုချက်ဖြစ်သည်။ ထိုအခါသခင်ယေရှုခရစ်တော်သည်ဖြောင့် မတ်စင်ကြယ်ခြင်းနှင့်အစွမ်းသတ္တိဇစ်မြစ်ပါလားဟုသိရှိကြမည်။ သူ့ကိုရန်မူခဲ့ ဘူးသူအားလုံးသည်အညံ့ခံပန်းပေးကြမည်။ တံစိုးလက်ဆောင်ကိုယ်စီယူ ဆောင်လာမည်။ ဣသရေလလူမျိုးသည်ခရစ်တော်၌ဘုန်းတန်ခိုးပြည့်စုံ၍မျက် နှာပွင့်လန်းကြမည်။ ရုပ်တုဘုရား၌ထိုကဲ့သို့မရှိ။

Previous Article
Next Article