ဟေရှာယအနာဂတ္တိကျမ်း ၄၆

၇။ ဗာဗုလုန်ရုပ်တုများပြိုလဲပျက်စီးခြင်း(အခန်း၄၆)

၄၆:၁-၂ ဗာဗုလုန်တို့ ရုပ်တုသခင်ဗေလနှင့်နေဗောအရုပ်ဘုရားများကို ပါရှန်းတို့ကလွှင့်ပစ်လိုက်ကြပြီးတိရစ္တာန်အသိဉာဏ်မျှသာ ရှိသောကြောင့်အရုပ်ဘု ရားများကိုးကွယ်ခြင်းဖြစ်သည်။ အရုပ်ဘုရားများဖြစ်သောကြောင့်လည်း ပါရှန်းများကလွှင့်ပစ်ကြစဉ်ဘာမှလက်တုံ့မပြန်နိုင်ကြခြင်းဖြစ်သည်။ ပါရှန်းများ ကလည်းဝန်ထုတ်ဝန်ပိုးအဖြစ်မသယ်ဆောင်လိုသဖြင့်လွှင့်ပစ်ကြသည်။

၄၆:၃-၄ ဤနေရာတွင်အရုပ်ဘုရားနှင့်ထာဝရဘုရားခြားနားပုံရှင်းပြ သည်။ အရုပ်ဘုရားသည်မည်သည့်တန်ခိုးအစွမ်းမှမရှိ။ ထာဝရဘုရားသည်အ နာဂတ်နေ့ရက် အိုမင်းရွယ်လွန်နှင့်သားစဉ်မြေးဆက်များတိုင်အောင်ကောင်း ကြီးပေးသည်။ ထိုအကြောင်းကို James Sterartကဤသို့ရှင်းပြသည်။

ပရောဖက်ဟေရှာယကစစ်မှန်သောဘုရားနှင့်ဘာသာရေးအတုအယောင် ခြားနားပုံကိုရှင်းပြထားသည်။ သေခြင်း၏အခြားဘဝ၌ဝိညာဉ့်ဘဝရှိသည်။  မျက်မှောက်ကာလလူ့ဘဝသည်ဝိညာဉ်အသက်ရှင်ရေးအခြေခံအကြောင်းတ ရားဖြစ်သည်။၅၇

၄၆:၅-၇ ဘုရားသခင်၏ဇာတိတော်ကိုမည်ကဲ့သို့နားလည်သိရှိနိုင်မည် နည်း။ မှန်ပါသည်။ မသိနားမလည်သောလောကလူသားများသည်ရှိသမျှငွေ ကြေးကိုဘုရားတုလုပ်ဖို့ပန်းဘဲသမားလက်ထဲသို့အပ်နှံကြသည်။ မိမိတို့ရုပ် ဝတ္ထုပစ္စည်းကိုပုံစံတမျိုးသွန်းလုပ်ပြီးရှိခိုးကိုးကွယ်ကြသည်။ မလှုပ်မရှက် မသွားလာနိုင်သဖြင့် ပင့်ချီကြသည်။ အရုပ်ဘုရား သည်ကြားစရာနားပေါက်မရှိသကဲ့သို့ကူညီမစနိုင်သောလှုပ်ရှားသည့်လက်၊ တန်ခိုးအစွမ်းမရှိပါ။

၄၆:၈-၁၁ ရုပ်တုဘုရားကိုးကွယ်သူတိုင်းအဖြစ်မှန်တရားမှန်သိရှိ၍စစ် မှန်သောဘုရားသခင်ကိုသိရှိကိုးကွယ်စေချင်သည်။ ဘုရားသခင်ထံစုဝေးလာ စေချင်သည်။ အလိုတော်ကိုဝန်ခံစေချင်သည်။ သူ့လူများခါလဒဲလက်ထက်မှ လွတ်မြောက်စေဖို့ရာကုရုမင်း(အရှေ့အရပ်မှငှက်ရဲ)ကိုခေါ်သုံးဦးမည်။

၄၆:၁၂-၁၃ ဘုရားသခင်အားဝန်ခံဖို့တတွင်တွင်ငြင်းဆိုခဲ့သူများသည်ယ ခုအခါအပြောင်းအလဲကြီးပြောင်းလဲကြသည်။ ဇိအုန်တောင်ပေါ်မှာချထားသော ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးကိုသက်သေသက်ကာရအဖြစ်မျက်ဝါး ထင်ထင်တွေ့မြင်နေရကြပြီ။

Previous Article
Next Article