ဟေရှာယအနာဂတ္တိကျမ်း ၄၈

၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈)

၄၈:၁-၂ ဗာဗုလုန်လက်တော်သို့ဖမ်းဆီးခြင်းခံရသောယုဒများသို့လိပ်မူ ထားသည်။ လူများစုသည်မယုံကြည်ခေါင်းမာသူများဖြစ်သည်။ ယေဟောဝါဘု ရားသခင်အားယုံကြည်သူလူနည်းစုသာရှိသည်။ သူတို့ကိုသူတို့ဣသရေလ(ဘု ရားသခင်၏မင်းသား)ဟုခံယူကြသော်လည်းစင်စစ်တွင်မူမပီသကြ။ ယုဒ(ချီး မွမ်းခြင်း)မျိုးနွယ်ဖွားများဖြစ်သော်လည်းဘုရားသခင်ကိုချီးမွမ်းခြင်းမပြုကြ။  ဘုရားသခင်၏ဣသရေလလူမျိုးဟုခံယူကြသော်လည်း သူတို့အပြစ်ကိုဝန်မခံကြ။ သန့်ရှင်းသောမြို့တော်တမ်းတကြသော်လည်း သူတို့ကိုယ်တိုင်မှာမသန့် ရှင်းကြ။ ဣသရေလတို့၏ဘုရားဟုတိုင်တည်ကြသော်လည်းသူတို့ကိုယ်မှာဘု ရားတရားမဲ့ကြသည်။

၄၈:၃-၅ ယုဒတို့၏သမိုင်းကြောင်းကိုဘုရားရှင်နိမိတ်ပေးပြီးဖြစ်သည်။  ထိုနိမိတ်ပေးသည့်အတိုင်းအမှန်တကယ်ကြုံတွေ့ကြသည်။ စိတ်နှလုံးမိုက်ရိုင်း ခြင်းနှင့်မာကျောခြင်းများကိုလည်းဘုရားရှင်သိသည်။ ထိုစိတ်သဘောထားကို ပြုပြင်ခြင်းမရှိ၊ရုပ်တုဆင်းတုကိုးကွယ်နေသရွေ့ကာလပတ်လုံးဘုရားသခင်က လှည့်ကြည့်မည်မဟုတ်။

၄၈:၆-၈ ဘာသာရပ်အလှည့်အပြောင်းလုပ်ထားသည်။ ကုရုမင်းလက် အောက်တွင်ပြန်လည်စုစည်းနလံထူကြမည်။ ဤအဖြစ်အပျက်သည်ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ “ငါသိနှင့်ပြီ”ငါသိသားဘဲဟုပြောစရာအကြောင်းမရှိ။

၄၈:၉-၁၁ ယုဒတို့ဖမ်းဆီးမှုခံရခြင်းကိုတစခန်းရပ်နားခိုင်းသည်။ သို့သော် ဖမ်းဆီးယုဒတို့ကံကြမ္မာမဟုတ်။ ဘုရားသခင်၏အမှုတော်ဖြစ်သည်။ ထိုသို့သူတပါးလက်အောက် သို့ကျရောက်ခဲ့ခြင်းသည်ဘုရားသခင်ကအရည်အသွေးစစ် ထုတ်ခြင်းဖြစ်သည်။ (သို့သော်ငွေကိုစစ်သကဲ့သို့မဟုတ်ဒုစရိုက်အမှိုက်(ဗာဗုလုန်တို့ဖမ်းဆီးခြင်း)၌စစ်ဆေးခြင်းဖြစ်သည်။ ယခုအခါတွင်မူနာမတော်မြတ် ၌ပြန်လည်စုစည်းခွင့်ရကြပြီ။ နာမတော်ကြောင့်ရှုတ်ချခြင်းခံရတော့မည်မဟုတ်။ ပြန်လည်စည်ပင်ဝပြောနလံထူခြင်းကို ရုပ်တုဆင်းတုအဖို့မဖြစ်စေရ။

၄၈:၁၂-၁၆ ဘုရားသခင်ကသူ့ကိုသူထာဝရဘုရားသခင်၊အကြွင်းမဲ့တန် ခိုးရှင်(ပထမဆုံးနှင့်နောက်ဆုံးသူ)အဖြစ်ထုတ်ဖော်ဝန်ခံထားသည်။ ဖန်ဆင်း ရှင်အနန္တတန်ခိုးရှင်၊စကြဝဠာမိုးမြေအရှင်သခင်ပရောဖက်ပြုသောဘုရား၊ ဘုရားဖြစ်သည့်အတိုင်းဖြစ်သောဘုရားဖြစ်သည်။ သူနှစ်သက်သောသူ(ကုရုမင်း) ကိုပေါ်ထွန်းစေမည်။ ဘုရားသခင်၏လူများကိုဗာဗုလုန်များလက်ထဲမှပြန်နှုတ် ယူခိုင်းမည်ဟုဆိုသည်။ အပိုဒ်ငယ်၁၆တွင်သုံးပါးတစ်ဆူဖော်ပြထားသည်ကို သတိပြုပါ။ ဘုရားသခင်၊ ဝိညာဉ်တော်နှင့် ငါ(ခရစ်တော်)ဟုဆိုသည်။ ကုရုမင်း မှခရစ်တော်သို့သင်ခန်းစာကူးသွားသည်။ ဒုတိယအကြိမ်ခရစ်တော်ဘုရားပြန် လည်ကြွလာသောအခါကမ္ဘာအနှံ့အပြားပြန့်ကြဲနေသောတပါးအမျိုးသားများ အားပြန်လည်စုစည်းမည်။

၄၈:၁၇-၁၉ ဘုရားသခင်ကသူသည်ဣသရေလတို့၏ကယ်တင်ရှင်၊ကိုး ကွယ်ရာဘုရား၊ဆရာ၊ဘဝလမ်းညွှန်ဖြစ်သည်ဟုဆိုသည်။ အကယ်၍ဘုရားသခင်၏နှုတ်ကပတ်တော်ကို  နာခံခြင်းရှိကြလျှင် ငြိမ်သက်ခြင်း၊ ဖြောင့်မတ် ခြင်း။  စည်ပင်ဝပြောခြင်း ရှိကြမည်။  ဘုရားသခင်နှင့် အဆက်မပြတ်မိဿ ဟာယ ဖွဲ့နိုင်ကြသည်။

၄၈:၂ဝ-၂၂ ဘုရားတရားမဲ့သဖြင့် ဖမ်းဆီးခံရခြင်းဗာဗုလုန်လက် အောက်မှထွက်မြောက်လာသည်နှင့်ဘုရားသခင်အားကယ်တင်ရှင်အဖြစ် သိမှတ်ကိုးကွယ်ကြရန်ဖိတ်ခေါ်သည်(ဗျာ၁၈:၄ကိုလည်းကြည့်)။ အပိုဒ်ငယ်၂၁ ပရောဖက်ပြုချက်သည်အဲဂုတ္တုပြည်မှလွတ်မြောက်ကြသည့်အကြောင်းဖြစ် သည်။ အကယ်၍နာခံခြင်းမရှိကြလျှင်ထိုအဖြစ်မျိုးတဖန်ခံစားကြဦးမည်။  ခေါင်းမာသောဣသရေလတို့သည်ဗာဗုလုန်မှလွတ်မြောက်ခြင်းအားသူတို့အ စွမ်းအစဟုထင်ကြသည်။ ဘုရားသခင်၏စကားကိုယုံစားခြင်းမရှိ။ နာကျင်စဉ် တွင်ဘုရားတကြ၍ဒုက္ခကျော်လွန်လျှင်ပြန်မေ့ကြသည်။ ခွေးမြီးကောက်ကျည် တောက်စွပ်သကဲ့သို့ဖြစ်သည်။ ဘယ်သောအခါမှငြိမ်သက်ခြင်းနားလည်ကြမည် မဟုတ်။

Previous Article
Next Article