ဟေရှာယအနာဂတ္တိကျမ်း ၅၆

၅၆:၁-၈ ဘုရားသခင်က ပြန်လည်ရွေးနှုတ်သောကြောင့် ပြည်တော်ပြန်ဝင်ခွင့်ရသူများသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတွေ့ ရှိကြသဖြင့် ဥပုသ်နေ့ စောင့်ထိန်းကြသည်။  ခရစ်တော်၏ နိုင်ငံတော် အကျိုးကျေးဇူးခံစားဖို့ရန် မည်သည့်နိုင်ငံခြားသားများနှင့် ရှင်ဘုရင်ကမှ မတားဆီးနိုင်။ မလုယူနိုင်ကြ။ ဘုရားသခင်၏စကားနာခံသူများသာလျှင်ခံစား ခွင့်ရှိကြပါသည်။ ဗိမာန်တော်သည်လည်းတိုင်းနိုင်ငံသားများ၏စည်းဝေးဆု တောင်းရာအိမ်တော်ဖြစ်သွားမည်။ ဣသရေလသားများသာမကလူမျိုးတိုင်း ပါဝင်နိုင်သည်။ တပါးအမျိုးသားများကိုလည်းဘုရားသခင်၏အိမ်တော်တွင်း ထဲသို့ဝင်ရောက်ခွင့်ရကြမည်။

၇။ ဒုစရိုက်သမားများကိုအပြစ်စီရင်မည့်မေရှိယ (၅၆:၉-၅၇:၂၁)

၅၆:၉-၁၂ ဣသရေလတို့ဆိုးသွမ်းခဲ့ပုံကိုပြန်လည်ထုတ်ဖော်သည်။ တိုင်း နိုင်ငံသားများ(သားရဲများ)ကိုလည်းအန္တရာယ်ကင်းဝေးရာကင်းစောင့်မျက်စိ အောက်သို့ဆင့်ခေါ်သည်။ ထိုသူများသည်မဟောင်သောခွေး၊မကိုက်တတ်သော ကျားနှင့်တူသည်။ စိတ်ကူးယဉ်အိပ်မက်မက်သူများဖြစ်သည်။ ဆန်မရှိအစား ကြီးသူများ၊မကျွေးနိုင်သောသိုးထိန်းပိုင်ရှင်များဖြစ်သည်။ ပေါက်လွှတ်ပဲစား မိတ်ဆွေများကိုခေါ်ဖိတ်သောက်စားကြသည်။ “မနက်ဖြန်ကိုယနေ့အဖြစ်ဖြုန်း တီးသူများ၊လူပေါ်ကြော့များဖြစ်သည်”ဟုRonald Knoxကဆိုသည်။

Previous Article
Next Article