ဟေရှာယအနာဂတ္တိကျမ်း ၅၇

၅၇:၁-၂ ဤအခန်းငယ်(၂)ခုသည် လာမည့်အခန်းမှအငယ်၉-၁၂နှင့် ဆက်စပ်သည်။ အပြစ်ဒုစရိုက်သားများအကြားတွင်ဖြောင့်မတ်စင်ကြယ်သူများ သည်စုံစမ်းညှင်းပန်းနှိပ်စက်ခံရစမြဲဖြစ်သည်။ လူသားများမှဂရုမစိုက်ကြသော် လည်းဘုရားသခင်ကထိုသူများကိုဂရုစိုက်သည်။ ဘုရားတရားမဲ့ဒုစရိုက်ပေါင်း စုံမှကယ်နှုတ်၍ငြိမ်သက်ခြင်း၊ချမ်းသာခြင်းပေးပါသည်။

၅၇:၃-၆ သူတပါးလက်အောက်သို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသော် လည်းအချို့ဣသရေလများသည်အမှတ်သညာမရှိ။ ဘုရားတုကိုကိုးကွယ်နေ ကြဆဲ။ ထိုသို့ဖြင့်အုတ်ရောရောကျောက်ရောရောကြီးပြင်းလာလျက်သူတို့မိဘ များ၏မျောက်မသောအကျင့်ဆုတ်၊အကျင့်ယုတ်ခြေရာလိုက်လျောက်ကြသည်။ ဘုရားသခင်ကိုပြက်ယယ်ပြုစော်ကားကြသည်။ ဒုစရိုက်မကောင်းဆိုးဝါး၏ သားသမီးများဖြစ်ကြသည်။ ရုက္ခစိုးနတ်ကိုးကွယ်ကြသည်။ သားသမီးများကို လည်းဗာလဘုရား၊မောလက်ဘုရားထံသို့အပ်နှံခြင်းဖြင့်မြောင်းထဲသို့ပို့ကြ သည်။

၅၇:၇-၁၀ တောင်ကုန်း၊တောင်ပူစာများပေါ်တွင်ရုပ်တုဘုရားများကတ် သီးကတ်သတ်တည်၍ရှိခိုးကြသည်။ အိမ်တံခါး၊နံရံများတွင်ကျမ်းချက်၊ကျမ်း ပိုဒ်များချိတ်ဆွဲမည့်အစားညစ်ညမ်းသောအပြာပန်းချီကားများချိတ်ဆွဲခြင်း ဖြင့်လူလုပ်ဘုရားကိုးကွယ်ကြသည်။ ဘုရင်(မောလက်ဘုရား)ထံဆုလက် ဆောင်(ပူဇော်သက္ကာ)များယူဆောင်လာကြခြင်းဖြင့်မရဏာနိုင်ငံသွားဖို့ စာရင်းပေးကြသည်။  ထိုမျှညစ်ယုတ်လမ်းမှားခြင်းဖြင့် မကြေနပ် ကြသေး။  အခြားသူများကိုဖိစီးကြသည်။  ၀န်မလေးကြသည်။  လမ်းလွဲစေ ကြသည်။  ဆိုးသထက်ဆိုး၊ မှားသထက်မှားစေကြသည်။

၅၇:၁၁-၁၃ ယေဟောဝါ ဘုရားကိုလိမ်လည်လှည့်ဖျားဖို့၀န်မလေးကြ။  ဒုတိယနေရာမှာပင် မထားချင်ကြ။  အဘယ်ကြောင့်ဆိုသော် ငြိမ်သက်ခြင်း ကိုဘုရားသခင်ကထိန်းချုပ်ထားသည်။  ထိုသူများသည် ဘ၀ အဆင်ပြေခြင်း ကိုတပ်မက်လိုချင်သူများမဟုတ်သဖြင့် အလေးမထားကြ။ မိမိကိုယ်ကိုဖြောင့် မတ်သူဟုထင်မှတ်ကြသည်။   သူတို့ ကိုးကွယ်သော လူလုပ်ဘုရားများက ကူညီမစမည်ဟု ထင်မှတ်ကြသည်။  လူလုပ် ဘုရားက ဘာမှမတတ်နိုင်ကြပါ။သို့သော် ထင်သည့်အတိုင်းမဟုတ်။  သို့သော် ထာ၀ရဘုရားကို ယုံကြည်ကိုးစား သူများသည် ဘ၀အဆင်ပြေ၍ ကောင်းကြီးမင်္ဂလာခံစားကြသည်။

၅၇:၁၄-၁၉ ပြည်နှင်ဒဏ်ခံရသော်လည်းသစ္စာရှိရှိယုံကြည်သူများ သည် ဘုရားသခင်ခင်းထားပေးသော အ​ဝေးပြေးလမ်းမကြီးပေါ်လျှောက်၍ ပြည်တော်ပြန်၀င်ခွင့်ရကြမည်။  ခလုတ်ကန်သင်းအခက်အခဲဟူသမျှ ဘုရား ရှင်ဖယ်ရှားပေးထားမည်။  ရာထူးဌာန္တရမြင့်မားသူများ၊ ဂုဏ်ရှိန်ထယ်ဝါ ကြီးမြင့်သူများလည်းစိတ်နှလုံးသိမ်မွေ့နူးညံံ့ဖို့ဘုရားသခင်အလိုရှိသည်။ ရာထူးကြီးသူသည် ထိုရာထူးဂုဏ်ပကာသန၌ အမြဲတည်မည်မဟုတ်။  တနည်း အားဖြင့် ထိုသူသည်ဘုရားသခင်၏ အမျက်ဒေါသသင့်မည့်သူဖြစ်သည်။  ထိုသူ၏လောကရမက်တပ်မက်မှု၊ ဖောက်ပြန်မှုအပေါ်သို့ ဘုရားသခင်၏ အမျက်ဒေါသကျရောက်မည်။  သို့သော်ဘုရားသခင်၏ အမျက်ဒေါသသည် အကန့်အသတ်ရှိသည်။  လူ့လက်လုပ်ဘုရားကိုစွန့်ခွာ၍ ဘုရားသခင်ထံ တော်သို့ ပြန်လာလျှင် ပြန်လည်ကူညီမစမည်။  ဘုရားသခင် သည် နှုတ်ခမ်းအသီးကိုစားစေသောသူဖြစ်သောကြောင့်ထိုသူများသည်လည်းသူတို့နူတ်အသီးကို စားကြရမည်။

၅၇:၂၀-၂၁ ဆိုးညစ်သောသူများကိုလှိုင်းတံပိုးထသောပင်လယ်နှင့် ခိုင်းနှိုင်းထားသည်။

မတရားဆိုးညစ်သူများသည် ပင်လယ်လှိုင်းတံပိုးနှင့်တူသည်။

မုန်တိုင်းထန်လျက် တချိန်လုံးမငြိမ်မသက်လှည့်စားသည်။

ရေပြင်သည်မြင့်လျက်၊ နိမ့်လျက်လှိုင်းထသည်။

မြင့်သောအခါတွင်လည်းအမှိုက်သရိုက်ပါလာသည်။

ဖြောင့်မတ်သောသူများသည် ဘ၀ငြိမ်သက်ကြသော်လည်း မတရားသောသူများသည် ငြိမ်သက်ခြင်းမ​တွေ့နိုင်။

Previous Article
Next Article