ဟေရှာယအနာဂတ္တိကျမ်း ၅၈

(ဂ)ဣသရေလ၏ဒုစရိုက်၊အပြစ်စီရင်ခြင်း၊နောင်တနှင့်ပြန်လည်ထူထောင်ခြင်း(အခန်း၅၈၆၆)

နောက်ဆုံးအခန်းကြီး(၉)ခုတွင်သစ္စာရှိသောယုံကြည်သူများနှင့်မယုံကြည်သူများခြားနားပုံကိုရှင်းပြထားသည်။ Alfred Martinကထိုအကြောင်းကိုဤသို့စာမြည်းပေးထားသည်။ ကျမ်းစာ၏နိဂုံးပိုင်းတွင် ဘုရားသခင်၏အစေခံ၊ ဣသရေလလူများပြန်လည် စုစည်းနလံထူ ကြမည့်အကြောင်း၊ထိုသို့ ဘုရားသခင်ထံပြန်လည်ရောက်ရှိကြခြင်းဖြင့် ယေဟောဝါဘုရား၏ ကောင်းကြီးမင်္ဂလာများကိုကမ္ဘာအနှံ့သို့ စီးဆင်းစေမည့် မင်္ဂလာရေစီးကြောင်းများဖြစ်ကြမည်။ ယုံကြည်သူများနှင့် ပုန်ကန်ခြားနား သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဘယ်သောအခါမှ ကြား ရတော့မည်မဟုတ်။၆၆

၁။ ဝိညာဉ်ပြည့်ဝသူ၏ ပျော်ရွှင်ချမ်းမြေ့ခြင်း(အခန်း၅၈)

၅၈:၁-၅ ယုဒတို့၏ ဘာသာတရားကိုင်းရှိုင်းပုံကို ပရောဖက်ဟေရှာယ ဟားတိုက်ရယ်မောသည်။ လူအပေါင်းသည် နေ့ရက်​စဉ်ဆက် ဘာသာရေး ပညတ်တရားကိုလိုက်လုပ်စောင့်ထိန်းခြင်းကိုပျော်ရွှင်မှုအမှန်ဟုထင်   မှတ်ကြသည်။ သို့သော် ထိုအပြုအမူများကို ဘုရားသခင်ကမကြိုက်။ ထိုသူများ၏ အစာရှောင်ခြင်း၊ အလှူဒါနပြုခြင်းများကို ဘုရားရှင်က အသိအမှတ်မပြု။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်တွင် ကျေးကျွန်အစေ ခံများကို အဆမတန် ပင်ပန်းအောင်ခိုင်းကြသည်။ လူမြင်ကောင်းအောင် ပေးကမ်းလှူဒါန်းကြသော်လည်း တပည့်သားမြေး၊ ပတ်သက်ရာလူများကို ထောက်ပံ့ခြင်းမပြု။ အငတ်ငတ်အပြတ်ပြတ်ထားကြသည်။ ထို့ကြောင့် ထိုကဲ့သို့သောအစာရှောင်ခြင်းသည်အလိုတော်နှင့်ညီသော အစာရှောင်ခြင်းမဟုတ်။ အစာရှောင်ခြင်း ဆိုသည်မှာလူမြင်ကွင်းသာမဟုတ်။၆၇

၅၈:၆-၈ အလိုတော်ရှိသောအစာရှောင်နည်းမှာ မတရားသောအမှု အကျင့်များ ဖယ်ရှားခြင်း၊ လေးသောထမ်းပိုးလျှော့ပေးခြင်း၊ ငတ်မွတ် နေသူများ ကျွေးမွေးခြင်း၊ခိုလှုံရာမရှိသူများ   တည်းခိုးရာပေးခြင်း၊ အဝတ် အစားမရှိသူများပေးကမ်းခြင်း၊အိမ်နီးနားခြင်းများ ကူပံ့ခြင်းမျိုး ဖြစ်သည်။  ထိုကဲ့သို့လက်တွေ့လုပ်ဆောင်သူများသည် ဘုရား သခင်၏လမ်းပြခြင်း၊ အနာရောဂါကင်းဝေးခြင်း၊ အကွယ်အကာ  လုံခြုံခြင်းရရှိကြသည်။ ”သင်၏ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အထက်ကဖေါ်ပြသော ကုသိုလ်ကောင်းမှုများသို့မဟုတ် ဘုရားသခင်က  ယုံကြည်သူများ ပို့ပေးထားသော ဖြောင့်မတ်ခြင်း တရားဖြစ်သည်။  အပိုဒ်ငယ် 5-8ကို Scottish  Psalter က  ဤသို့ ကိုးကားဖေါ်ပြထားသည်။

ဖိစီးမှုဝန်ထုတ်ဖယ်ပေးလို့ ကြင်နာ ယုယအဖေါ်မဲ့၊အိမ်မဲ့ဆင်းရဲသားပေးကမ်းမစထားမိဘမဲ့ငတ်မွတ် သူများသွားရောက်ကောင်းကြီးပေးလော့။ ခိုလှုံရာမဲ့သူများတံခါး ဖွင့်၍ဖိတ်ခေါ်နားခိုစေလော့။ ဝတ်စားမရှိ၊ချမ်းခိုက်တန်သူများနွေးထွေးစေလော့။ စိတ်အားငယ်၊ညှိုးနွမ်းသူများအားပေးနှစ်သိမ့်လော့။ သင်၏ ပျော်ရွင်ချမ်းမြေ့မူ ရက်ရောလာလိမ့်မည်။ ဘဝခရီးတလျှောက် ဘုရားရှင် အလင်းပြလိမ့်မည်။

၅၈း ၉-၁၂ ဘုရားရှင်ကိုယုံကြည်သူ၏ခေါ်သံတိုင်း၊ဘုရားရှင်ထူးသည်။“ငါဒီမှာရှိတယ်”ဟုအမြဲထူးသည်။ ဖိစီးမှုဒဏ်များကိုလက်ညိုးထိုး၍ရပ်တန့်ခိုင်းသည်။ ဆင်းရဲမှုဝေဒနာများရပ်စဲခိုင်းသည်။  ခန္ဓာ ကိုယ်ဆင်းရဲခြင်း၊စိတ်ဝိညာဉ်ပင်ပန်းခြင်းများဖယ်ရှားပေးသည်။  အမှောင်ညများကိုအလင်းပေးမည် ဟု ကတိပေးထားသည်။   ဘဝလမ်းညွှန်ပေးမည်။ ကျန်းမာခြင်း၊သုခချမ်းသာ၊ဘဝခွန်အား ၊ဘဝအလှနှင့်အသီးအပွင့်များပေးသနားမည်။ ”သင်၏အမျိုးအနွယ်သည်​ရှေးပြိုပျက်ရာတို့ကိုပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည် ဘူးသောတိုက်မြစ်များအပေါ်မှာထပ်ဆင့်တည်ဆောက်ကြလိမ့် မည်။ သင်သည်လည်းပြိုပျက်သောမြိုရိုးပြင်ဆင်သူ၊လူသွားရာ လမ်းကိုပြုပြင်သူဟုချီးမွမ်းခြင်းခံရမည်”(ငယ် ၁၂(ခ))။

၅၈:၁၃-၁၄ ဘုရားသခင်၏လူများသည်ဥပုသ်နေ့ကိုစောင့်ထိန်းရာတွင်၆၈ စီးပွားရေးလုပ်ငန်းနှင့်ကိုယ်ကာယသာယာခြင်းကိုစောင့်ထိန်း ရမည်။ ဘုရားသခင်၏ဥပုသ်နေ့ကိုကြည်ညိုလျှင်ထိုနေ့ရက်သည် ဘုရားသခင်ပြင်ဆင်ပေးရာနေ့ရက်ဖြစ်သည်နှင့်အညီဘုရားသခင် ကယာကုပ်အမျိုးအားအမွေတော်ခံကြရမည်ဟုကတိတော်ပေး ထားသကဲ့သို့အခြားသူများအားဘုရားသခင်ထံသို့ပို့ဆောင်နိုင်ကြရမည်။ ထို့သို့အခြားသူများအားဘုရားသခင်သို့ပို့ဆောင်လျှင်အ ဟန့်အတားအနှောင့်အယှက်စိုးရိမ်ပူပန်စရာရှိမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော်နှုတ်တော်ထွက်စကားဖြစ်သည်။

Previous Article
Next Article