ဟေရှာယအနာဂတ္တိကျမ်း ၆၀

၃။  ဇိအုန်တောင်တွင် ဘုန်းတန်ခိုးထင်ရှားမည့် အကြောင်း(အခန်း ၆၀)   

          ၆၀:၁-၃ မေရှိယသခင် ဘုန်းတန်ခိုးအာနုဘော်နှင့် ပေါ်ထွန်းသောအခါ ဇိအုန်တောင်သည်လည်း လင်းထိန်တောက်ပမည်။  ထို အချိန်သည် ခရစ်တော်ဘုရား  ဒုတိယ အကြိမ်ပေါ်ထွန်းလာခြင်းဖြစ်သည်။  ကမ္ဘာကြီးသည် ဝိညာဉ်ရေးရာတွင် မှောင်မိုက်ပြီး မှောင်မိုက်နေဆဲ။  ဘေးဒဏ်ကြီးကာလမှာ ရုန်းကန်နေကြဆဲ။  သို့သော် ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် ဣသရေလတို့ ကမ္ဘာတွင် ဘုန်းတန်ခိုးထင်ရှားမည်။  တပါးအမျိုးသားများ၊  ရှင်ဘုရင်များအပါအဝင် လူစုလူအုပ်ကြီးများသည် ယေရုရှလင်သို့ ရောက်ရှိလာကြမည်။

၆ဝ: သားသမီးများ ပြန်လည်ရောက်ရှိလာသဖြင့် ယေရုရှလင် သည် မျက်နှာပွင့်လန်းဝင်းပမည်။  တပါးအမျိုးသားများ ဆုလက်ဆောင်အမျိုးမျိုး ယူဆောင်ချဉ်းကပ်လာကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြမည်။  တပါးအမျိုး သားများသည် ရပ်ဝေးမြေခြားအရပ်မှ ကုလားအုပ်၊ မြင်းလားများစီးလာ၍ ရွှေ၊ နံ့သာ ဆီမွှေးများဖြင့် ယေဟောဝါဘုရားအား ပူဇော်ချီးမွမ်းလာကြမည်။  မေရှိယသခင်၏ ပြည့်စုံသော ကရာနီအမှုတော် ချီးမွမ်းရန် ကမ္ဘာအစွန် အ ဖျားမှလူများခြေချစရာမရှိအောင် ယေရုရှလင်မြို့သို့ စဝေးလာကြမည်။  အပိုဒ် ငယ် ၆ တွင် မုရန် မပါ ရှိသည်ကို သတိပြုပါ။  မုရန်သည် ပင်ပန်း ဆင်း ရဲခြင်းသ​င်္ကတဖြစ်သည်။ ခရစ်တော်ခံစားရသောဆင်းရဲဒုက္ခသည်ထာဝရကာ လအတွက်ဖြစ်၍နောက်တဖန်ခံစားစရာအကြောင်းမရှိ။ ဒုတိယအကြိမ်ကြွလာ သောအခါရွှေ(ဘုန်းတန်ခိုး)နှင့်အမွှေးနံ့သာ(ဂုဏ်သတင်း)များသာလျှင်ပူဇော်ကြ ရမည်။

၆၀:၈-၉ နွေပျော်ငှက်များအအုပ်လိုက်အသင်းလိုက်ပြောင်းရွှေ့ပျံသန်း ကြသကဲ့သို့ဣသရေလသားများပြန်လည်ရောက်ရှိလာကြမည်။ ပင်လယ်ရပ် ခြားမှကုန်ကူး​သင်္ဘောကြီးများဖြင့်ပူဇော်သက္ကာစည်းစိမ်များနှင့်အတူရောက် လာကြမည်။

၆၀:၁၀ တပါးအမျိုးသားများကမြို့ရိုးတည်ဆောက်ပေးကြမည်။ ရှင်ဘု ရင်များကဘုရားသခင်၏လူများအားလိုလေးသေးမရှိအောင်ပြုစုကြမည်။ အ ခြေအနေအားလုံးပြောင်းပြန်ဖြစ်ကုန်မည်။ တချိန်ကကိုယ်တော်ဘုရားအရေး ယူအပြစ်ပေးခဲ့သူများသည်ကရုဏာတော်ပြန်လည်ခံစားရသည်။

၆၀:၁၁-၁၄ မြို့ဝင်တံခါးများသော့ခတ်စရာမလို။ အဘယ်ကြောင့်ဆို သော်စိုးရိမ်ပူပန်စရာမရှိ။ ထို့ထက်စာလျှင်နေ့နေ့ညဉ့်ညဉ့်တံခါးဖွင့်ထားဖို့သတိ ထားရမည်။ အခြားပြည်မှဘုရင်မင်းများသည်၊မြင်း၊ကုလားအုပ်များဖြင့်စည်း စိမ်ရတနာများနှင့်အတူ ဥဒဟိုဝင်ရောက်လာကြမည်။ ဣသရေလသည်ပျက်စီး သွားသောမြို့ကိုပြုပြင်စရာမလို။ ဗိမာန်တော်သာယာလှပဖို့လေဘာနုန်ပြည်က အလှပဆုံးသစ်ပင်များယူဆောင်စိုက်ပျိုးလာကြမည်။ တချိန်ကဣသရေလများ ကိုညှဉ်းပန်းနှိပ်စက်၊ဒုက္ခပေးခဲ့သောတပါးအမျိုးသားများသည်ဘုရားသခင် ၏မြို့တော်၊ဣသရေလတို့၏သန့်ရှင်းစင်ကြယ်သောနေရာဇိအုန်တောင်ခိုမှီးဖို့ ကျိုးနွံစွာရောက်လာကြမည်။

၆၀:၁၅-၁၆ တချိန်ကလူများမေးငေါ့မုန်းတီးခဲ့သောဇိအုန် တောင်သည်ဘုန်းတန်ခိုးပြည့်လျှံ၍ကမ္ဘာသူကမ္ဘာသားများကိုချီးမြှောက်နိုင် သောကမ္ဘာ့အချက်အချာနေရာဖြစ်လာမည်။ ယေဟောဝါဘုရားသခင်သည် ကယ်တင်ရှင်၊ရွေးနှုတ်ရှင်တန်းခိုးကြီးသောယာကုပ်၏ဘုရားဖြစ်ကြောင်း သိရှိဝန်ခံကြသည်။

၆၀:၁၇-၂၂ တန်ဖိုးဈေးအကြီးဆုံးဖြစ်သောရွှေ၊ငွေ၊ကြေး နှင့်သံများဖြင့်မြို့တော်အဆောက်အဦးများလုပ်ဆောင်ခဲ့သည်။  မြို့ကိုငြိမ်ဝပ် လုံခြုံအောင်ရဲသားများကအုပ်ချုပ်ရသကဲ့သို့ဘုရားသခင်၏ဖြောင့်မတ်ခြင်း တန်ခိုးဖြင့်အေးချမ်းသာယာမည်။ တချိန်ကရုန်းရင်းဆန်ခတ်လုယက်သောနေ ရာတိုက်ပွဲဖြစ်သောနေရာများသည်ဝတ္တကမြေ၊ဘုရားရှင်ချီးမွမ်းရာမြေဖြစ် သွားမည်။ ယေရုရှလင်မြို့တွင်နေနှင့်လ၏အလင်းရောင်များသည်လည်းအသုံး ဝင်တော့မည်မဟုတ်။ ဘုရားသခင်၏ဘုန်းတန်ခိုးအလင်းဖြင့်တမြို့လုံးနေ့ညဉ့်မ ပြတ်ထိန်လင်းမည်။ ဣသရေလတို့၏ကြေကွဲဝမ်းနည်းခြင်းလမိုက်ညများ လည်းကုန်ဆုံးမည်။ ဖြောင့်မတ်သန့်ရှင်းသူများကထိုမြေကိုအမည်ပေါက်အမွေ ခံပိုင်ဆိုင်ကြမည်။ ဘုရားသခင်၏ဘုန်းတော်ထင်ရှားတည်မြဲရာနေရာဖြစ်သွား မည်။ အောက်ကျို့နှိမ့်ချသောသူများကောင်းကြီးမင်္ဂလာကြွယ်ဝချမ်းသာကြ မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ထိုသို့သောသူများကိုနှစ်သိမ့် လိုလားသည်။

Previous Article
Next Article