ဟေရှာယအနာဂတ္တိကျမ်း ၆၃

၆။ ဆိုးယုတ်သူများဝဋ်လည်ကြမည့်အကြောင်း (၆၃:၁-၆)

သခင်ဘုရားနိုင်ငံတော်တည်ထောင်သောအခါပထမဦးစွာရန်သူများကို ချေမှုန်းသုတ်သင်မည်။ တစ်ခုနှင့်တစ်ခုအချိန်နာရီ၊နေရာဒေသတူညီကြမဟုတ်။  ပထမအဆင့်မှာအမေဂေဒုန် (ဗျာ၁၆:၁၆)ချိုင့်ဝှမ်းဖြစ်၍နောက်တစ်ခုမှာယဟော ရှဖတ်ချိုင့်ဝှမ်း(ယောလ ၃:၁၂)နှင့်ဧဒုံဒေသဖြစ်သည်။ ဧဒုံဒေသအကြောင်းကို ဤအခန်းကြီး(၆၃)တွင်ရှင်းပြထားပါသည်။ မေရှိယသခင်သည်အထက်ဗောဇ ပြည်မှကြွလာပါသည်။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောအဝတ်အစားများသည်ဣသ ရေလရန်သူတို့၏သွေးဖြင့်ရဲရဲနီမည်။ အဘယ်ကြောင့်ထိုသို့နီမြန်းသနည်း။ အ ဘယ်ကြောင့်ဆိုသော်ဣသရေလတို့ရန်သူများကိုကိုယ်တော်ရှင်ကစပျစ်သီး နယ်နေရပြီ။ ဘုရားရှင်၏လူများကိုကယ်နှုတ်ဖို့မတရားသူများ၊ဆိုးယုတ်သူ များဝဋ်လည်ကြဖို့အချိန်စေ့ပြီ။ အဘယ်သူမှကယ်တင်ကူညီခြင်းငှာမစွမ်းနိုင် ကြသောကြောင့်ဘုရားရှင်ကိုယ်တိုင်ကစီရင်သည်။ ရန်သူများကိုအနိုင်ယူ အောင်ပွဲခံပေးသည်။

၇။ ရွေးနှုတ်ထားသူများ၏ဆုတောင်း

(၆၃:၇-၆၄:၁၂)

၆၃:၇-၁၀ ရွေးနှုတ်ထားသူများ၏သနားစရာဆုတောင်းသံများကိုတဖန် ရှင်းပြသည်။ ပထမဦးစွာဘုရားသခင်နှင့်ဆက်ဆံခဲ့ကြပုံကိုပြန်လည်ထုတ်ဖေါ် ပြသသည်။ ယေဟောဝါဘုရားသခင်သည်ပြောင်းလဲခြင်းမရှိ။ ကရုဏာတော်၊​ မေတ္တာတော်။ မဟာကျေးဇူးတော်အစဉ်ပေးပါသည်။ ဘုရားသခင်ကငါ့လူများ ဟုအစဉ်အမြဲခေါ်သည်။ ထိုသူများဖောက်ပြန်ကြမည့်အကြောင်းဘုရားကိုပစ် ၍ဘုရားတုကိုးကွယ်ကြမည့်အကြောင်းကိုလည်းကြိုတင်သိရှိသည်။ သို့သော် ဘုရားသခင်သည်သူ့လူများအားသံယောဇဉ်မပြတ်ချစ်စိတ်မပြယ်။ ထိုသူများ အားကယ်တင်သည်။ စုံစမ်းစစ်ကြောခြင်းရောက်သည့်ကာလ၌လည်းမိတ် ကောင်းဆွေသဟာအဖြစ်အနီးတွင်ရပ်တည်ပေးသည်။ အထူးသဖြင့်အဲဂုတ္တု ပြည်တွင်ဆင်းရဲဒုက္ခရောက်ကြစဉ်တွင်အနီးဆုံးလူအဖြစ်အဖေါ်ပြုသည်။  ကောင်းကင်တမန်အဖြစ်ထင်ရှားလျက်၊မေရှိယသခင်အနေဖြင့်ကယ်တင် ခဲ့သည်။ ကရုဏာတော်၊မေတ္တာတော်ရှိသဖြင့်အဲဂုတ္တုပြည်မှခေါ်ထုတ်ခဲ့သည်။  ကန္တာရခရီးတလျှောက်လုံးတွင်စောင့်ထိန်းကျွေးမွေးခဲ့သည်။ သို့သော်ဣသရေ လလူများကဘုရားသခင်၏မေတ္တာတော်ကိုပုန်ကန်ခြားနားခြင်းဖြင့်ကျေးဇူး တုံ့ပြန်ကြသည်။ ထို့ကြောင့်ကတောက်ကဆဖြစ်ခဲ့ကြသည်။

၆၃:၁၁-၁၃ ထိုအကြောင်းကိုပြန်ပြောင်းအောက်မေ့သတိရကြသောအ ခါမောရှေ၏သားသမီးများပီပီပြန်လည်မေးမြန်းကြသည်။ ”ပင်လယ်နီဖြတ် သန်းကြစဉ်ဦးဆောင်ကြသောမောရှေ၊အာရုန်နှင့်အခြားသိုးထိန်းများသည် အဘယ်သို့ရောက်ကြသနည်း”သန့်ရှင်းဝိညာဉ်တော်တန်းခိုးပေး၍မောရှေက ပင်လယ်နီကိုနှစ်ခြမ်းကွဲစေခဲ့သည်။ ထိုသူ၏နာမတော်ကိုအဘယ်သူနည်း။  မြင်းလားများခြေမချနိုင်အောင်နက်သည့်ပင်လယ်ပြင်ကိုလွင်ပြင်ဖြစ်စေသော အရှင်သခင်သည်အဘယ်မှာနည်းဟုဆိုကြသည်။

၆၃:၁၄ အစာဝသောနွားအရုပ်တွင်စားမြုံပြန်ဖို့အနားယူသကဲ့သို့ဘုရား သခင်ကသူ့လူများကိုခွန်အားသစ်ရဖို့အနားပေးသည်။ အစာကျွေးသည်။ ဘုရား သခင်၏နာမတော်ထင်ရှားဖို့အသုံးပြုသည်။ ဤနေရာတွင်သုံးပါးတဆူထင် ရှားသည်ကိုသတိပြုပါ။ ယေဟောဝါဘုရားသခင်(ငယ်၇)၊ယေဟောဝါ၏ ကောင်းကင်တမန်(ငယ်၉)၊ဘုရားသခင်၏ဝိညာဉ်တော်(ငယ်၁၀၊၁၁၊၁၄)။

၆၃:၁၅-၁၆ ဗာဗုလုန်ပြည်တွင်ဖမ်းဆီးခံရာမှပြည်တော်ပြန်ဝင်ကြ အောင်ကရုဏတော်ထားပုံကိုပရောဖက်ဟေရှာယကထောက်ပြသည်။ ထို့သို့ ပြည်တော်ပြန်ခွင့်ရခြင်းသည်ဘုရားသခင်၏ စိတ်အားထက်သန်မှု၊ခွန်အား ကြီးမှုကရုဏာတော်ကြီးမြတ်မှုဖြစ်သည်။ ယနေ့လူများကအာဗြဟံနှင့်ဣသရေ လကိုမသိကြသော်လည်းဘုရားသခင်သည်ဣသရေလတို့၏အဘအဖြစ်ရပ် တည်နေသည်ဟုဟေရှာယကသတိပေးထားသည်။

၆၃:၁၇-၁၉ အပိုဒ်ငယ်(၁၇)တွင်ရွေးနှုတ်ထားသူများဖောက်ပြန်ချင်ကြ သောကြောင့်ဘုရားသခင်ကအပြစ်မြင်သည်။ ဘုရားသခင်သည်စိတ်နှလုံးမာ ကြော၍သူ့ကိုဆန့်ကျင်ပုန်ကန်သူများအပေါ်သာလျှင်စိမ်းကားသည်။ ဤနေရာ တွင်ရွေးကောက်ထားသူများကဘုရားသခင်အားအဘယ်ကြောင့်သူတို့ကိုလမ်း လွဲခွင့်ပြုသနည်းဟုမေးကြသည်။ တနည်းအားဖြင့်ပြည်တော်သို့ပြန်ဝင်ခွင့်ရ အောင်ကျေးဇူးတော်တောင်းဆိုကြသည်။ ဣသရေလတို့၏ငြိမ်သက်ချမ်းမြေ့ မှုဘဝသည်တိုတောင်းခဲ့သည်။ ထိုစဉ်ကသန့်ရှင်းစင်ကြယ်ခဲ့သောဝတ္တကမြေ သည်ပျက်စီးပျောက်လွင့်ကုန်ပြီ။ ဘုရားသခင်၏လူဣသရေလလူမျိုးသည် အခြားလူမျိုးများနှင့်ထူးမခြားနား။ ဘုရားသခင်၏ကတိတော်မရှိသောတပါး သောလူမျိုးနှင့်ဘဝတူဖြစ်နေကြပြီ။

Previous Article
Next Article