ဟောရှေအနာဂတ္တိကျမ်း ၁

၁။ ဟောရှေ၏သားသမီး သုံးယောက်အမည်များဖြင့် ဣသရေလတို့၏ ငြင်းပယ်မှုကို ပုံဖော်ခြင်း(:)

၁:၁-၅ ဘုရားသခင်က ဗေရိ၏သား ဟောရှေအားပြည့်တန်ဆာမိန်းမကို ယူခိုင်းသည်။ (နိဒါန်း ကိုလည်းကြည့်။ ပြည့်တန်ဆာမိန်းမပျက်ကို ယူခိုင်းသည့်အကြောင်း စဉ်းစားစရာများစွာရှိသည်)။ ထိုမိန်းမမှာ ဒိဗလိမ်၏သမီး ဂေါမာ ဖြစ်သည်။

ပထမသားကို ယေဇရေလ (ဘုရားသခင်ကွဲလွင့်စေမည်ဟုအနက်ရသည်)ဟု ကင်ပွန်းတတ်သည်။ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်ပြုမည့်အမှု လက္ခဏာအရိပ်အယောင်ပေးခြင်းဖြစ်သည်။ အာရှုရိစစ်တပ်သည် ယေဇရေလချိုင့်ဝှမ်းတွင် ဣသရေလတို့ကို ချေမှုန်းသုတ်သင်ခဲ့သည်။

၁:၆-၇ ဒုတိယသမီးရသော် လောရုဟာမ (အကြင်နာကင်းမဲ့ခြင်းဟု အနက်ရသည်)ဟု နာမည်ပေးသည်။ နာမ်ပညတ် သဘောအရ ဣသရေလတို့အပေါ် သနားကရုဏာဆိတ်သုဉ်းသဖြင့် အာရှုရိနိုင်ငံက ယုဒပြည်ကို ခြွင်းချန်လျက် ဣသရေပြည်အား ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ကာ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား လိမ့်မည်။

၁:၈-၉ တတိယသား၏နာမည်ကို လောအမ္မိ (တစိမ်းလူဟု အနက်ရသည်) ဟုမှည့်ခေါ်သည်။ ဘုရားသခင်က ဣသရေလတို့အား သူ့လူမျိုးတော်အဖြစ် အသိအမှတ်မပြုလိုတော့ပါ။ အချို့က ဤတတိယသား၏ အမည်ကိုအကြောင်းပြုလျက် ဟောရှေကိုယ်တိုင်က မိမိသွေးသားအစစ် ဟုတ်မဟုတ် သံသယဖြင့်မှည့်ခေါ် လေသလားဟုစောကြောကြသည်။

၂။ ဣသရေလတို့ ပြန်လည်စုစည်းစေမည့် ကတိတော်(:၁၀:)

          :၁၀၁၁ သို့သော် ဣသရေလလူမျိုးအပေါ် ဤအပြစ်ပေးခြင်းသည်  အခိုက်အတန့်မျှသာဖြစ်မည်။ ဤသရေလလူမျိုးနှင့် ယုဒလူတို့အား ဘုရားသခင်ပေါင်းစည်းစေပြီး လူမျိုးတော်အဖြစ် ပြန်လည်သိမှတ်မည်။ ခရစ်တော်ဒုတိယအကြိမ် ပြန်ကြွလာသောအခါ မျက်ဝါးထင်ထင် ကြုံတွေ့ကြရမည်။

အငယ် (၁၀) နေနာက်ပိုင်းသည် ဣသရေလလူမျိုးအကြောင်းဖြစ်သည်။ ဤကျမ်းပိုင်းကိုပေါလုက ရောမ၉:၂၆ တွင် တပါးအမျိုးသားအား ခေါ်ဆောင်ခြင်း၌ ကိုးကားထားသည်။ ဓမ္မဟောင်းကျမ်းပိုဒ်များကို ဓမ္မသစ်ကျမ်း၌ ညွှန်းခြင်းသည်  ဘုရားရှင်ကိုယ်တိုင်ဝိညာဉ်တော်ဖြင့် ဖွင့်ပြပေးခြင်းဖြစ်သည်။

Previous Article
Next Article