ဟောရှေအနာဂတ္တိကျမ်း ၂

          : အခန်း ၂ တွင် လူမျိုးတော်၌ ကြွင်းကျန်သော သစ္စာရှိသူများသို့ စကားပြောခြင်းဖြစ်သည်။ သင်တို့ညီအစ်ကိုများကို အမ္မီ(ငါ၏လူ)၊ ညီအစ်ကိုများကို ရုဟာမ(ကရုဏာတော်ခံစားသူ) ဟုခေါ်ဆိုရန် ပြောကြားသည်။

၃။ ဣသရေလလူမျိုးများ သစ္စာမတည်မှုကြောင့် ကြောက်မက်ဖွယ်ရာ တရားစီခြင်းခံရမည့်အကြောင်း သတိပေးချက်(:၁၃)

: သစ္စာရှိသော ယုံကြည်သူအကြွင်းကျန်များသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်းအလားသဏ္ဍာန်တူ သောပြည့်တန်ဆာမအကျင့်ကို စွန့်လွှတ်ကာ ပြန်လာကြမည့် ဣသရေလူထုကြီးနှင့် ပေါင်းဖက်မိကြလိမ့်မည်။ သို့မဟုတ်ပါက မိမွေးတိုင်းဖမွေးတိုင်း အဝတ်ဗလာဖြင့် ဘုရားရှင်က အရှက်ရစေမည်။

          : အပြစ်ဒုစရိုက်သားတို့၏ သားသမီးတို့သည်လည်း ပြည့်တန်ဆာများ၏သားသမီးများကဲ့သို့ ဖြစ်သောကြောင့် သနားကရုဏာတော်ကို မခံရကြ။ အကြောင်းမှာ မှားယွင်းသောဘုရား နောက်သို့ သူတို့ကောက်ကောက်ပါ လိုက်နေကြသည်။ ရှိသမျှစိမ်းစည်ဥစ္စာ၊ အဝတ်ပိတ်စနှင့် စားဖွယ်ဘောဇဉ်များဖြင့် အချည်းနှီးပူဇော် ကိုးကွယ်နေကြသည်။

          : (ပထမလင်ဖြစ်သော) ဘုရားသခင်ထံတော်သို့ ပြန်မလာမချင်း သူသွားရာ လမ်းခရီးကို နည်းလမ်းစုံဖြင့် ပိတ်ဆိုးဟန့်တားနှောက်ယှက်မည်။ ဆိုးယုတ်သောအကျင့်များကို ပြုပြင်၍ ရုပ်တုဆင်းတုကိုးကွယ်မှုအား စွန့်လွှတ်စေမည်။

          : သူမ၏အသက်တာဘဝ စားဝတ်နေရေး လိုအပ်ချက်များမှစ၍ ဗာလဘုရားသို့ တလွဲတချော်ပူဇော်နေသော ရွှေငွေရတနာများသည် ဘုရားသခင် ပေးသနားခြင်းဖြစ်ကြောင်း မသိကျိုးကျွံပြုနေသည်။ ဘုရားသခင်ထံကျေးဇူးတုံ့ပြန်ခြင်း မရှိကြ။

          :၁၀ ထို့ကြောင့် ကျေးဇူးကန်းသော သူမကို အစားအသောက်၊ အဝတ်အစားမစခြင်းမှစ၍ အလုံးစုံဖြတ်တောက်ပစ်မည်။ သူမရည်းစားများရှေ့၌ အဝတ်ဗလာနတ္တိဖြင့်အရှက်ရရန် ကိုယ်ကိုဖုံးလွှမ်းသည့် အဝတ်ကို လှန်ပစ်မည်။

          :၁၁၁၃ ပျော်ရွှင်စရာ ပြုလုပ်သောပွဲခံခြင်း ဥပုသ်စောင့်ခြင်းနှင့် ပရိသတ်စုဝေခြင်းတို့ကို ဖြတ်တောက်ပစ်မည်။ စပျစ်ဥယျာဉ် ၊ သင်္ဘောသဖန်းဥယျာဉ် တို့ကို သုတ်သင်ပယ်ရှင်း၍ လွင်တီးခေါင်ဖြစ်မည်။ ဗာလဘုရားကို ကိုးကွယ်ပူဇော်သည့်တိုင်း ပြစ်ဒဏ်ပေးခြင်း ခံရမည်။ (ဥယျာဉ်ခြံထွက်အသီးနှံကြွယ်ဝခြင်းမှာ သူမ၏ရုပ်တုဘုရားချစ်သူများပေးသော အခဥစ္စာဟု ထင်မှတ်မှားနေကြသည်)။

၄။ ဣသရေလတို့ကောင်းစားဦးမည့်အကြောင်း (၂:၁၄-၂၃)

၂း၁၄-၁၇ ထိုအရေးယူအပြစ်စီရင်ခြင်းမုန် တိုင်းစဲလေသော ဣသရေလလူမျိုးတို့ ငြိမ်သက်ချမ်းသာ ရကြမည်။ စပျစ်ဥယျာဉ်ခြံမြေ ဖွံ့ဖြိုးစေသဖြင့် အဲဂုတ္တုပြည်မှ ထွက်မြောက်လာစဉ် လွတ်လပ်မှု တေးသီချင်းဟစ်ကြွေးခဲ့ကြသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်ကြမည်။ ဘုရားရှင်ကိုလည်း Baali (ငါ့သခင်) ဟူ၍ မခေါ်ဘဲ Ishi(ငါ့လင်) ဟုခေါ်လိမ့်မည်။ လူအပေါင်းတို့သည် ဗာလဟူသောအမည်ကို မေ့ပျောက်သွားသည့်တိုင်အောင် ဗာလဘုရားအား ကိုးကွယ်မှုမှ ကင်းလွတ်စင်ကြယ်စေမည်။

          :၁၈၂၀ တောသတ္တဝါများနှင့် မြေပေါ်သို့ ကတိတော်ပြုတော်မူခဲ့သည့်အတိုင်း သားရဲတိရိစ္ဆာန်တို့ကလည်း အခြားသတ္တဝါများအား ရန်ပြုတော့မည်မဟုတ်။ တိုင်းသူပြည်သားများမှာ ဘေးကင်းရန်ကွာလျက် ဘဝစည်းစိမ်အိုးအိမ် လုံခြုံမှုရှိကြသည်။ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းများ ဆုံးခန်းတိုင်လိမ့်မည်။ ဣသရေလလူမျိုးသည် ထာဝရ ဘုရားနှင့် ထာဝရကာလ စုံဖက်ပေါင်းသင်းသွားကြမည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်ကို ယုံကြည်သူတိုင်းအပြည့်အဝ ခံစားကြရမည်။

          :၂၁၂၃ ထိုနေ့ရက်ကာလ၌ ယေဇရေလ (ဣသရေလ)တို့သည် ကွဲလွင့်ကြရတော့မည်မဟုတ်။ မိမိတို့ဇာတိချက်ကြွေ မွေးရပ်မြေသို့ ပြန်လည်နေထိုင်ကြရမည်။ ကောင်းကင်မှကောင်းကြီးမင်္ဂလာ မိုးရွာသွန်း၍ မြေကြီးထဲမှလည်း ပဒေသာပင်ပေါက်ရောက်မည်။ အသီးအနှံများဝေဆာ ပြည့်ဖြိုးမည်။ ဤကျမ်းကို  William က ဤသို့ထောက်ခံထားသည်။

ယေဇရေလ (ဣသရေလ) မျိုးစေ့ကို ဘုရားသခင်ကိုယ်တိုင် ထိုအရပ်မြေ၌ ပျိုးကြဲမည်(ငယ်၂၃)။ဝိုင်နှင့် ဆီများအံ့မခန့် ပြည့်မောက်လျှံကျစေမည်။ မြေကြီးက ရွှေသီးသောကြောင့် ထောမနာပြုကြလိမ့်မည်။ မြေကြီးက ကောင်းကြီးပေးအပ်သည့်တိုင် ကောင်းကင်ကလည်း မင်္ဂလာသွန်းလောင်းမည်။ လိုအပ်သော မိုးရေ၊ ရာသီဥတု ပေးသနားတော်လိမ့်မည်။ ဘုရားသခင်၏ နာမတော်မြတ်၌ တောင်းလျှောက်သမျှကို လိုလေသသေးမရှိ ရရှိပြည့်စုံစေမည်။ အကြောင်းမှာ ထာဝရဘုရားသခင်သည် ကြီးမြတ်တော်မှုသော အရှင်သခင်ဖြစ်၏ ကမ္ဘာလောကအတွက် လိုအပ်သော ရေ၊လေ ၊ အပူချိန် မျှတစွာပေးသနားဖြင့် မြေကြီ:သည် သီးနှံဝေဆာ ဖွံ့ဖြိုးလျက် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံလိမ့်မည်။ အသီးအနှံ၊ ဆီနှင့် ဝိုင်များ အလျှံပယ်ဖြစ်စေသောကြောင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီ:သည် မေတ္တာတော်နှင့် ကွင်းဆက်များ ဖြစ်ကြလိမ့်မည်။ ထိုသို့ဖြင့် ဣသရေလလူမျိုးတိုအပေါ် ဘုရားသခင်၏ ကရုဏာတော်သက်ရောက်သဖြင့် ဣသရေလလူများကလည်း ဘုရားသခင်အား သူတို့၏ ဘုရားစစ် ဘုရားမှန်ဖြစ်ကြောင်း သိရှိကိုးကွယ်ကြမည်။

Previous Article
Next Article