ဟောရှေအနာဂတ္တိကျမ်း ၄

၆။ လူမျိုးတော်အပေါ် မကျေနပ်မှုများ (အခန်း၄-၁၀)

(က)လူများ၏အပြစ်ဒုစရိုက် (:)

          : ဘုရားရှင်သည် ဣသရေလလူမျိုးနှင့် မသင့်မတင့်ဖြစ်နေသည်။ အကြောင်းမှာ ဣသရေလလူများသည် သစ္စာပျက်ခြင်း၊ ကရုဏာခေါင်းပါးခြင်း၊ဘုရားမသိခြင်း၊ ကျိန်ဆဲခြင်း၊မုသာပြောခြင်း၊ လူ့အသက်သတ်ခြင်း၊ ဥစ္စာခိုးဝှက်ခြင်း၊ သူ့မယားပြစ်မှားခြင်းတို့ကို ကျူးလွန်ခြင်းဖြင့် ပညတ်တော်ဆယ်ပါးထဲမှ ငါးပါးကို ချိုးဖောက်ကြောင်း အခန်းငယ်၂က အကျဉ်းရိုးဖော်ပြသည်။ ဤကား ထိုအရပ်ဒေသတွင် ဖြစ်ပျက်နေသောအချိန်အနေ ဖြစ်သည်။ ကျရောက်တော့မည့် တရားစီရင်ခြင်းကြောင့် တိုင်းသူပြည်သားများသာမက တောသားရဲ၊ ကောင်းကင်ငှက်များလည်း အားလျော့ကြမည်။

          : ယဇ်ပုဟိတ်နှင့် ပရောဖက်များသည်လည်း အသိတရားခေါင်းပါးကြသောကြောင့် အပြစ်တင်ခြင်းခံရမည်။ ထိုသို့အသိတရားခေါင်းပါး၍ ပညာနည်းပါးခဲ့ကြသောကြောင့် ဘုရားသခင်တားမြစ်သော ပညတ်တရားများကို မေ့လျော့ပစ်ပယ် ခဲ့ကြသည်တကား။

() ယဇ်ပု​​ရောဟိတ်များ၏ အပြစ်ဒုစရိုက် (:၁၁)

လူများအပြစ်ဒုစရိုက်များပြားလာကြသဖြင့် အပြစ်ဖြေယဇ်ပူဇော်သူလည်း ပိုမို များပြားလာကြသည်။ အပြစ်ဖြေယဇ်ပူဇော် သူများလေလေ ယဇ်ပုဟိတ်များလည်း  ယဇ်ပူဇော်မှုအလုပ်ဖြင့် ဝင်ငွေရလမ်းဖြောင့်ဖြူးကာ လောဘအလိုရမက် ကြီးလာကြသည်။ ထို့ကြောင့်လူထုနှင့် ယဇ်ပုရောဟိတ်များသည် အတူတူနှင့်အနူနူဖြစ်ကြသည်။ နှစ်ဦးစလုံးပျက်စီးကြရမည်။ သူတို့သည်အပြစ်ဒုစရိုက်မျိုးစုံ ကျူးလွန်ကြ၍ အတောမတတ်နိုင်ကြသေး။ မတရားမေထုန်အမှုဖြင့် မထင်ရှားသောသားသမီးများမွေး ဖွားကြသည်။ စိတ်နှလုံးယစ်မူးစေတတ်သော ကာမဂုဏ်၊ ကိုယ်ခန္ဓာပျက်စီးစေတတ်သော စပျစ်ရည်တို့၌ ပို၍ မှီဝဲလာကြခြင်းဖြင့် ဘုရားသခင်ကို မေ့ထားကြသည်။

() ရုပ်တုဆင်းတုကိုးကွယ်သူများ(:၁၂၁၄)

ယဇ်ပုရောဟိတ်တို့၏ အပြစ်ဒုစရိုက်နောက်တွင် ရုပ်တုဆင်းတုကိုးကွယ်ခြင်း အပြစ်က ဒုတိယလိုက်သည်။ သစ်သား၊ အုတ်ခဲ၊ ကျောက်များဖြင့် ပြုလုပ်ထားသော ဘုရားအတုများကိုးကွယ်ဝတ်ပြုကြသည်။ တောင်ကုန်းကြီးများ၊ သစ်ပင်ကြီ:များကို ရှိခိုးကြသည်။ အမျိုးသားများက နမူနာပြလုပ်ဆောင်ကြသည်နည်းတူ အမျိုးသမီးများကလိုက်နာလုပ်ဆောင်ကြသည်။

() ယုဒလူများသို့ သီးသန့်ဖျောင်းဖျချက် (:၁၅၁၉)

ဣသရေလတို့ကဲ့သို့ ဆိုးညစ်ခြင်းမပြုကြရန် ယုဒများကို သတိပေးသည်။ ဣသရေလတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းအား မစွန့်လွှတ်နိုင်ကြသောကြောင့် ဘုန်းတန်ခိုး ကျက်သရေ တင့်တယ်ရမည့်အစား မွဲတေအရှက်ရသည်။ ဆင်းရဲငတ်မွတ်ပြတ်ကြသည်။ RSV ကျမ်းမှုတွင် အပိုဒ်ငယ်(၁၆) အား “ခေါင်းမာသောနွားမတမ်းကဲ့သို့ ဣသရေလလူတို့ခေါင်းမာကြသည်။  သိုးသငယ်သဖွယ် ဆူဖြိုးဝပြောရန် အခြားလွင်ပြင်ကျယ်၌ ဘုရားသခင်က ကျွေးမွေးစောင့်ရှောက်ပေးတော့မည်” ဟုဆိုထားသည်။

Previous Article
Next Article