အာမုတ်အနာဂတ္တိကျမ်း ၂

() မောဘ(:)

ဆဌမအလှည့်ကျသူများ မောဘလူမျိုးဖြစ်သည်။ ဧဒုံဘုရင်၏အလောင်းအား အလွှဲပြုလုပ် သင်္ဂြုဟ်ခဲ့ကြသည်သည်။ (၄ရာ၊၃:၂၆ -၂၇ တွင် “မိမိ….သားဦး”သည် မောဘဘုရင်၏သားဦးမဟုတ်ပါ။ ဧဒုံမင်း၏သားဦးကို ဆိုလိုခြင်းဖြစ်ဟန် ရှိသည်။

() ယုဒ (:)

နောက်တဖန် ဘုရားရှင်သည် စိတ်မချမ်းမြေ့စွာဖြင့် အနီးစပ်ဆုံးလူမျိုးများထံသို့ ပြန်လာသည်။ နောက်အကြိမ်စီရင်မည့်သူများမှာ ယုဒလူမျိုးနှင့် ဣသရေလအမျိုးဖြစ်သည်။ သူတို့ကိုလည်း တပါးသောလူမျိုး(၆)ပါးနှင့် အတူစာရင်းသွင်းပြီ။ အာမုတ်ခေတ်တွင် ဤအရာဂျူး(ယုဒ)တို့အတွက် အသရေယုတ်နိမ့်ခြင်းဖြစ်သည်။ သူတို့၏အပြစ်ဒုစရိုက်များကြောင့် ယေဟောဝါဘုရား (NKJV Lord) သည် ထိုလူမျိုးအားစွန့်ပစ်လေပြီ။ ယုဒလူမျိုးတို့သည် ဘုရားသခင်၏တပည့်တော်များကို စောင့်ထိန်းခြင်းမရှိ။ ပညတ်တရားကိုဆန့်ကျင်၍ ရုပ်တုကိုးကွယ်မှုနောက်လိုက်ကြပြီ။ မုသာစကားဆိုကြသဖြင့် စီရင်ခြင်းခံရမည်။

(စျ) ဣသရေလ (:၁၆)

          : ဤအထိကား ဣရေလလူမျိုးတို့က အာမုတ်ကို လက်ခုပ်သြဘာပေးနေကြမည်။ သို့သော် ထိုသြဘာသံသည် မျက်မုန်းကျိုးခြင်းသို့ တမဟုတ်ချင်းပြောင်းလဲသွားသည်။ ဖြောင့်မတ်စင်ကြယ်သူများနှင့် မရှိဆင်းရဲသားများအပေါ်တွင် ဣသရေလတို့က ဖိစီးနှိပ်စက်ကြသည်။ ရွံ့ရှာဖွယ်ဆုပ်ဖွယ် အကျင့်ဆိုးကို ပြုကျင့်နေကြသည်။ လှူဒါန်းထားသော အထည်များကိုလည်း ညအိပ်ယာခင်းလုပ်ပေးကြသည်။ အတိုးကြီးစားငွေများ ၊ လာဘ်စားငွေများဖြင့် ဗိမာန်တောထဲတွင် သောက်စားမူးယစ်ကြသည်။

          : ဘုရားရှင်သည် တချိန်က ဣသရေလလူမျိုးအား ဂရုစိုက်စောင့်ရှောက်ခဲ့သည်။ ဣသရေလတို့၏ရန်သူ အာမောရိလူများကိုလည်း အာရဇ်ပင်နှင့် ဝက်သစ်ချပင်များပါမကျန် ပယ်ရှင်းပေးခဲ့သည်။ အဲဂုတ္တုပြည်မှကယ်တင်၍ နာဇရိလူအဖြစ် ခန့်ထားခဲ့သည်။ သို့သော်လည်း ယခုအခါ နာဇရိလူမျိုးကို ဖျက်ဆီး၍ ပရောဖက်များကိုလည်း တရားမဟောရန် ပိတ်ပင်တားမြစ်ကြသည်။

          :၁၃၁၆ ထို့ကြောင့်ဘုရားသခင်က အပြစ်စီရင်တော့မည်။ အာရှုရိသားများက လာရောက်တိုက်ခိုက် သိမ်းပိုက်မည်။ တစယောက်မျှလွတ်မြောက်လမ်း မရှိရ။ ခွန်အားထွားကျိုင်းသူများလည်း မိမိကိုယ်ကို ကယ်တင်ခွင့်မရကြ။ မြင်းစီ:သူရဲကောင်းများလည်းမလွတ်။ အဝတ်မပါဘဲပြေးကြရမည်။

Previous Article
Next Article