ဧသတာဝတ္ထု ၉

() ရန်သူများပျက်စီးကြခြင်းနှင့် ပူရမ်ပွဲတော် (အခန်း )

 : ဒွါဒသမ၏ တစ်ဆယ့်သုံးရက်မြောက်နေ့တွင် ယုဒလူများသည်ရန်သူများပျက်စီးခြင်းနှင့် မြို့တော်များအား ဂုဏ်ပြုသောအနေဖြင့် စုဝေးကြသည်။ အုပ်စိုးသူမင်းများနှင့် မှူးကြီးမတ်ရာများကလည်း ကူညီပံ့ပိုးကြသည်။ အဘယ်ကြောင့်ဆိုသော် ရှင်ဘုရင်၏လက်ထောက်သစ်ဖြစ်လာသော မော်ဒကဲအား ကြောက်ကြသည်။

  :၁၅ ရှုရှန်မြို့တော် တခုတည်းမှာ ယုဒလူများက ဟာမန်၏သားများအပါအဝင် လူငါးရာကိုသတ်ကြသည်။ ထိုသတင်းကို ရှင်ဘုရင်ကြားသိသောအခါ ပေါ့သေးသေး ကိစ္စမဟုတ်ကြောင်းသိလာသည်။ ဧသတာက ခွင့်တောင်းသဖြင့် နောက်တရက်တွင် ဆီးမိုက်(ဣသရေလ) မျိုးနွယ်ဆန့်ကျင်ရေးသမားများ Anti-Semitic ပေါင်းသုံးရာကျော်ကို ဆက်၍သတ်ဖြတ်ကြသည်။ ဟာမန်သားများ၏ အလောင်းကိုလည်း အများမြင်သာအောင် ချိတ်ဆွဲထားကြသည်။

 :၁၆ ဘုရင့်နေပြည်တော်တွင် ယုဒများကလူပေါင်း ခုနှစ်သောင်းငါးထောင် သတ်ကြသည်။ နယ်အသီးသီးတွင် မည်မျှရှိသည်မသိ။ သို့သော် ထိုသို့သတ်ခြင်းသည် ယုဒလူတို့အား မုန်းတီးသူများဖြစ်၍ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သည်။ အသတ်ခံရသူများ၏ ဥစ္စာပစ္စည်းယူဆောင်ခြင်း မပြုကြ။

:၁၇၂၈ နယ်ပယ်အသီးသီးတွင်မူ တဆယ့်လေးရက်၌ ပွဲတော်ကျင်းပကြသည်။ ရှုရှန်နေပြည်တော်တွင်မှု တဆယ့်ငါးရက်၌ ကျင်းပသည်။ ထိုပွဲတော်သည် ပထမဦးဆုံး ပူရမ်ပွဲတော်ဖြစ်သည်။၁၂ ပုရ (Pur)ဟူသော စကားအရပ်မှလာ၍ ဟာမန်ရန်ကင်းပြီ (၃:၇)ဟု အနက်ရသည်။ နောက်ပိုင်းတွင်မူ တစ်ဆယ့်လေးရက်နှင့် တဆယ့်ငါရက်နေ့ ()ရက်စလုံးကို ပူရမ်ပွဲတော်နေ့ရက်အဖြစ် မော်ဒကဲက သတ်မှတ်ပေးသည်။ ထိုနေ့ရက်သည် ရှေးအခါက မထင်မရှားဖြစ်ခဲ့သော်လည်း နှစ်စဉ်ကျင်းပလာကြသည်။

:၂၉၃၂ သို့ဖြင့်ပုရနေ့ကို ကြပ်တည်းစွာစောင့်ထိန်းကြရန် ယုဒတမျိုးသားလုံးသို့ စာထုတ်ထားသည်။ ထိုပွဲတော်နှင့်ပတ်သက်၍ အဓိပ္ပာယ်(၂)မျိုးရှိသည်။ ပထမအချက်မှာ အငယ်(၂၀)တွင်ပါရှိသည့်အတိုင်းဖြစ်၍ နောက်တချက်မှာ ၂၉:၃၂ဖြစ်သည်။ အငယ် (၃၂)တွင် ပါရှိသည့်စာအုပ်သည် ယုဒနိုင်ငံတော်နှင့် ဆိုင်သော သြဝါဒအမှာစာဖြစ်သည်။ (၂:၂၃၊ ၆:၁၊ ၁၀:၂ တို့နှင့်ယှဉ်ဖတ်ပါ)။

Previous Article
Next Article