Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၁၁

    ၃။ အနှစ်တစ်ထောင်မေရှိယနိုင်ငံတော်(အခန်း၁၁-၁၂) ၁၁:၁ဓမ္မသစ်နှင့်ဓမ္မဟောင်းနှစ်ခုစလုံးတွင်ဖော်ပြထားသည့်အနှစ်တ ထောင်နိုင်ငံတော်အကြောင်းများသည်အခန်းကြီး(၁၁)တွင်အကြီးမားဆုံး ကျယ်ဆုံးကျမ်းချက်တစ်ခုဖြစ်သည်။ ပရောဖက်ပြုချက်သည်မေရှိယသခင်ပထမ ကြွလာမည့်အကြောင်းကိုလျင်မြန်စွာကူးပြောင်းပါသည်။ ပထမဦးစွာဒါဝိဒ်၏သားစဉ်မြေးဆက်ဆင်းသက်ပုံကိုကြည့်ရအောင်၊ ယေရှဲအမျိုးအငုတ်၌အတက်ပေါက်လိမ့်မည်ဟုဆိုထားသည်။ ယေရှဲသည်ဒါဝိဒ် ၏ဖခင်ဖြစ်သည်(၁ရာ၁၇:၁၂) ၁၁:၂“ဘုရားသခင်၏ဝိညာဉ်တော်သည်ထိုမေရှိယပေါ်မှာကျိန်ဝပ်သည်”ဆိုသည့်စကားကို(၃)ချက်ဖြင့်နားလည်းနိုင်သည်။ W.E.Vineကဤသို့ရှင်း ပြထားသည်။ ပထမဆုံးအချက်မှာဉာဏ်ပညာကိုပေးသောဝိညာဉ်ဖြစ်သည်။ သဘာဝတ ရား၏တစ်ခုနှင့်တစ်ခုမတူညီခြင်းခြားနားချက်များထိုးသွင်းသိရှိခြင်း၊သဘာဝတရားကိုသိရှိသောအသိဉာဏ်၊သိရှိနိုင်ခွင့်တန်ခိုးဖြစ်သည်။ ဒုတိယအချက်မှာကြံ စည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသည့်ဝိညာဉ်ဖြစ်သည်။ လက်တွေ့လုပ် ဆောင်ချက်ဖြစ်သည်။ အကြံဉာဏ်မှာအမှန်ကိုရွေးချယ်နိုင်ခြင်းအစွမ်းဆိုသည် မှာပြီးမြောက်အောက်လုပ်ဆောင်နိုင်သည့်ခွန်အားဖြစ်သည်။ တတိယအချက် မှာ“ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သည့်သဘောကိုပေးသောဝိညာဉ်ဖြစ် သည်။ ယေဟောဝါဘုရားနှင့်ဆက်ဆံရှက်နွယ်သည်။ သိရှိခြင်းဆိုသည်မှာယေ ဟောဝါဘုရားသခင်ကိုသိကျွမ်းခြင်းအသိတရားဖြစ်သည်။ အချက်နှစ်ခုစလုံး...

  • ဟေရှာယအနာဂတ္တိကျမ်း ၁၂

    ၁၂:၁-၆ပျော်ရွှင်ဖွယ်ရာအနှစ်တစ်ထောင်အုပ်စိုးခြင်းကာလနေ့ရက်များ တွင်ဣသရေလတို့သည်ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းခြင်းသီချင်း ဟစ်ကြွေးကြမည်။ ရွေးနှုတ်ခြင်းခံရသောဣသရေလလူအကြွင်းအကျန်များ သည်ကယ်တင်ခြင်း၊စမ်းရေတွက်ကိုခပ်၍ပျော်ရွှင်စွာသောက်သုံးကြသည်။  ဘုရားသခင်၏တိုင်းနိုင်ငံများသို့အမှုတော်ပြမ့်ပွားစေခြင်းအကြောင်းကို တေးဖွဲ့သီဆိုကြမည်။ တပါးအမျိုးသားများကိုခရစ်တော်၌ခိုလှုံကြဖို့အော် ဟစ်ဖိတ်ခေါ်ကြမည်။

  • ဟေရှာယအနာဂတ္တိကျမ်း ၁၃

    (ဃ)တိုင်းနိုင်ငံသားများအားတရားစီရင်ခြင်း(အခန်း၁၄-၂၄) ၁။ ဗာဗုလုန်သားများ(၁၃:၁-၁၄:၂၃) ၁၃:၁-၅ လာမည်အခန်း(၁၁)ခုတွင်တပါးအမျိုးသားများတရားစီရင်မည့် အကြောင်းရှင်းပြထားသည်။ ပထမဆုံးတွင်ဗာဗုလုန်အမျိုး၊ဘီစီ၆၀၉ခုနှစ်ခန့်တွင်ကမ္ဘာကြီးကိုကိုင်လှုပ်သွားသောအာရှုရိပြည်ဖြစ်သည်။ အခန်းကြီး(၁၃) တွင်ဘီစီ၅၃၉ခုနှစ်၌မိဒျန်လူမျိုးနှင့်ပါရှန်းလူမျိုးတို့က ဗာဗုလုန်ကိုတိုက်ခိုက် အောင်မြင်ကြောင်းတွေ့ရသည်။ မည့်သို့ဖြစ်စေအချို့ပရောဖက်ပြုချက်များ သည်အဖြစ်အပျက်နှင့်လွဲချော်ခြင်းများရှိသဖြင့်ဗာဗုလုန်ပြည်၏နိဂုံးချုပ်ပျက် စီးခြင်းသည်ဘေးဒဏ်ကြီးကာလဖြစ်သည်ဟုနားလည်ရသည်(ဗျာ၁၇၊၁၈)။ ဘုရားသခင်ကမိဒျန်-ပါရှန်းစစ်သားများ(ငါသန့်ရှင်းစေသောသူတို့)ကို မင်းမှူးမတ်တို့ဝင်ထွက်ရာတံခါး(ဗာဗုလုန်မြို့တော်)ထဲသို့ဝင်ခွင့်ပြု၍၊တပြည် လုံးကိုဖျက်ဆီးစေသည်။ ၁၃:၆-၁၃ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများဆက်လက်ဖော်ပြထားသည်။  လူအပေါင်းတို့သည်အားငယ်ကြောက်လန့်ကြမည်။ ရောဂါဝေဒနာ။ ရောဂါဝေဒနာမျိုးစုံခံစားကြမည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ငေးမှိုင်ကြမည်။  အချို့ကျမ်းပိုဒ်များသည်မိဒျန်-ပါရှန်း(မေဒိ-ပေရသိ)များသာမကတကမ္ဘာလုံး နှင့်သက်ဆိုင်သည်။ ဘုရားသခင်နေ့ရက်၌ခံစားကြမည့်ဒုက္ခဖြစ်သည်။ မိုး ကောင်းကင်လှုပ်၍ကမ္ဘာကြီးနေရာရွေ့သွားမည့်အကြောင်းဖြစ်သည်။ ၁၃:၁၄-၂၂ ဗာဗုလုန်မြို့လူအုပ်ကြီးသည်တောင်းထဲမှသွန်ချသောဆီးသီး...