Category: ရောမသြဝါဒစာ

  • ရောမသြဝါဒစာ ၃

    ၃:၁    အခန်းငယ်၁မှ ၈ထိတိုင်အောင် ယုဒများ၏ အပြစ်အမိုက်ကို ဆက်လက်ထုတ်ဖော်ထားသည်။ ယုဒလူမျိုးများ၏ အမူအကျင့် ထော်လော်ကန့်လန့်ဖြစ်ပုံကို ဖော်ထုတ်ပြလိုက်သည်။ မေး။     အကယ်၍ အခန်း ၂:၁၇-၁၉ ကျမ်းချက်များသည် မှန်ကန်သည်ဆိုလျှင် ယုဒလူမျိုး၏ အရေဖျားလှီးခြင်းသည် မည်သည့်အကျိုးကျေးဇူးရှိသနည်း။ ၃:၂ အဖြေ။    ယုဒလူမျိုးများသည် ဘုရားသခင်ထံမှ အခွင့်ထူးအမျိုးမျိုးရရှိသူများဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်ထံတော်မှ ဗျာဒိတ်တော်ခံယူသူများ ဖြစ်သည်။ ဓမ္မဟောင်းကျမ်း မရောဖတ်ပြုချက်များသည်...

  • ရောမသြဝါဒစာ ၄

    (င) သတင်းကောင်းနှင့် ဓမ္မဟောင်းကျမ်းဆက်စပ် ခြင်း (အခန်း ၄)           အချက်အချာကျသော ကျမ်းပိုဒ်ဖြစ်သည်။ ဧဝံဂေလိသတင်းကောင်းသည် ဓမ္မဟောင်းသွန်သင်ချက်နှင့် ရှေ့သွားနောက်လိုက်ညီပါသလား။ ထိုမေးခွန်းသည် ယုဒလူမျိုးများအတွက် အထိမခံရွှေပန်းကန်ဖြစ်သည်။ သို့ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းသည် အံဝင်ဂွင်ကျ ဖြစ်ကြောင်း ပေါလုကရှင်းပြသည်။ ၄:၁    အချက် (၂) ချက်ဖြင့် သက်သေအထောက်အထားပြသည်။ ဣသရေလသမိုင်းတွင် အာဗြဟံနှင့် ဒါဝိဒ်တို့သည် ဘုရားသခင်နှင့်...

  • ရောမသြဝါဒစာ ၅

    (စ) သတင်းကောင်း၏ အကျိုးတရားများ (၅ :၁–၁၁)           ဖြောင့်မတ်ခြင်းကို မည်သို့ရရှိနိုင်ကြောင်း မေးခွန်းဖြင့် ဆက်လက် ဖော်ပြလိုပါသည်။ ယုံကြည်သူများတသက်တာတွင် ဖြောင့်မတ်ခြင်းက မည်သို့ အကျိုးကျေးဇူးပြုပါသနည်း။         တနည်းပြောလျှင် အမှန်တကယ် အကျိုးရှိပါသလား။ သမ္မာကျမ်းစာက “အမှန်တကယ် ပေးပါသည်”ဟု ရဲရဲကြီးဖြေထားပါသည်။ ကောင်းကြီးမင်္ဂလာ (၇)ပါးဖြင့် ပေးထားပါသည်။ ထိုကောင်းကြီးမင်္ဂလာများသည် ခရစ်တော်ယုံကြည်ခြင်းဖြင့်...