Category: တရားသူကြီးမှတ်စာ

  • တရားသူကြီးမှတ်စာ နိဒါန်း

    နိဒါန်း “စာဖတ်ပရိတ်သတ်၏ စိတ်နှလုံးကို ကြေကွဲထိခိုက်စေမည့် အကြောင်းအချက် အများအပြားကို မြင်တွေ့ ဖတ်ရှုရမည်။ အခြားကျမ်းစာအုပ်နှင့်မတူ တမူထူးသည်မှာ လူ့စိတ်ဓာတ်မတည်ကြည် အားနည်း ချို့ယွင်းမှုကိုလည်း အထင်အရှားတွေ့ရမည်။ သို့သော် ထိုတိမ်တလ္လာအကြားမှပင် မှားယွင်းဖောက်ပြန်ခြင်း မရှိသော စာနာမှုနှင့် ကရုဏာတော်ကိုလည်းမြင်နိုင်သည်။ အားနည်းချက်ရှိသော တရားသူကြီး အမျိုးသားခေါင်းဆောင်များက ဦးစီးခေါင်းဆောင်သည်မှာ အပြစ်ဖို့စရာမဟုတ်သော်လည်း လူသားများ ဖြစ်သည့်အားလျော်စွာ အားနည်းချက်မကင်းကြ။ ထို့ကြောင့် တဒင်္ဂ...

  • တရားသူကြီးမှတ်စာ ၁

    ၁။ ရှေ့နောက်ဆင်ခြင်ခြင်း (၁:၁–၃:၆) (က) အတိတ်ကိုပြန်လှည့်ကြည့်ခြင်း (၁:၁–၂:၁၀)           ၁:၁–၃ ယောရှု ကွယ်လွန်(၂:၈) ပြီးသောအခါ ယုဒအမျိုးအနွယ်တွင် ခါနန်လူများကို ဦးဆောင်တိုက်ခိုက်မည့် စစ်ခေါင်းဆောင် လိုအပ်လာသည်။ စစ်အောင်နိုင်မည့်အကြောင်း ကတိတော်ရှိသော်လည်း ယုဒသည် ရှိမောင်ကို စစ်ကူစစ်ဘက် လက်ထောက်အဖြစ် ခေါ်ဆောင်သွားသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြွင်းမဲ့ မကိုးစားရာ ရောက်ပါသည်။...

  • တရားသူကြီးမှတ်စာ ၂

    ၂:၁–၅ ဘုရားသခင်၏ ကောင်းကင်တမန် (သခင်ယေရှု)က နာခံခြင်းမရှိသောသူများအား ဗောခိမ် (ငိုနေသူများဟုအနက်ရသည်) အရပ်တွင် ပြစ်တင်ရှုတ်ချသည်။ အပိုဒ် ၁တွင် ဂိလဂါလ (ကောင်းကြီး မင်္ဂလာအရပ်ဟု အနက်ရသည်)မှ ဗောခိမ် (ငိုကြွေးရာမြေ)သို့ ပေါ်ထွန်းလာသည်ဟုဆိုသည်။ ဣသရေလတို့သည် အောင်မြေမှ မျက်ရည်ပြည်သို့ ရောက်ရှိနေကြပြီ။ ဘုရားတုကိုးကွယ်သော ဒေသခံခါနန်ပြည်သားများ အပြောင်အစင် မမောင်းထုတ်ကြသောကြောင့် ဆိုးကျိုးကြုံနေရပြီ။ ထို့ကြောင့် ဘုရားရှင်က ကောင်းကြီးမင်္ဂလာအစား...