Category: ယောလအနာဂတ္တိကျမ်း

  • ယောလအနာဂတ္တိကျမ်း နိဒါန်း

    “ယောလ အနာဂတ္တိကျမ်းသည် ပရောဖက်ကျမ်းများအနက် ပထမဦးဆုံးရေးသား ပရောဖက် ပြုသောကျမ်း ဖြစ်ဖွယ် ရှိသည်။ ထို့ကြောင့်ဤကျမ်းတွင် ပရောဖက်ပြုချက်များစကားကို ထိုးထွင်းသိမည်စေမည့် အဖိုးထိုက်အမြင်ကိုပေးသည်။ နှုတ်ကပတ်တော်ဖွင့်ပြသော နောက်ဆုံးကာလ ကပ်ကမ္ဘာအကြောင်းတို့ကို လည်းပုံဖော်ပြထာသည်။ ဤယာယီဖြစ်သော ခေတ်ကာလအဆုံးတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စီမံကိန်းကို ဖော်ဆောင်မည့် အမှုတော်သစ်လမ်းကြောင်းကို ပရောဖက်ယောလအနာဂတ္တိကျမ်းအားဖြင့် အစပြုပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ သခင်ယေရှုအပါအဝင် နှောင်းပရောဖက်များ ပေါ်ထွန်းဟောကြားမည့် အကြောင်းအရာများသည်...

  • ယောလအနာဂတ္တိကျမ်း ၁

    ၁။ ကျိုင်းကောင်ကပ်ဆိုးကြီးအကြောင်း (အခန်း၁) (က) မကြုံစဘူးအဖြစ်ဆိုး(၁:၁–၄) ၁:၁-၄ ပေသွေလ၏သား ယောလကကျိုင်းကောင်ကပ်ဆိုးကြီး ကျရောက်လာမည်ဟု ဟောကြားသည့်အတိုင်း မြောက်ဘက်အရပ်မှ နယ်ချဲ့ကျူးကျော်သူတပ်မကြီးများသည် ကျိုင်းကောင်အုပ်ကြီးပမာ အလုံးအရင်းဖြင့် ယုဒပြည်ထဲသို့ဝင်ရောက်လာကြသည်။ ယောလ၏ ပရောဖက်ပြုချက်သည် ဗာဗုလုန်သားများဝင်ရောက်လာခြင်းဖြင့် တစိတ်တပိုင်း ပြည့်စုံလာသည်။ နောင်တွင် မြောက်ပိုင်းဘုရင် (အာရှုရိပြည်) ဟုဖြစ်လာသည်။ ကျိုင်းကောင်အုပ်ပမာ တပ်မဟာကြီးအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းသည် တသက်တကိုယ်မေ့မရနိုင်သော အဖြစ်ဆိုးဖြစ်၍ သားစဉ်မြေးဆက်...

  • ယောလအနာဂတ္တိကျမ်း ၂

    ၂။ ရန်သူများကျူးကျော်ဝင်ရောက်လာခြင်း (၂:၁–၁၁) ၂:၁–၃ စစ်ခရာတပ်လှန့်နှိုးဆော်သံသည် တိုက်ပွဲဝင်ရန် အချက်ပေးသံဖြစ်၍ အသင့်စောင့်နေကြသကဲ့သို့ ဘုရားသခင်၏ နေ့ရက်သည်လည်း ရောက်လာခါနီးပြီ။ လတ်တလောတွင် ဗာဗုလုန်ကျူးကျော်သူများ ဝင်ရောက်ဖျက်ဆီးခြင်းဖြင့် ပရောဖက်ပြုချက် တစိတ်တပိုင်းပြည့်စုံသကဲ့သို့ နောင်တွင် ပြည့်စုံလည်မည့် အချက်များလည်းရှိသည်။ ဗာဗုလုန်ကျူးကျော်သူများ ချဉ်းနင်းမဝင်ရောက်မီကာလတွင် ယုဒပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ သာယာခဲ့သည်။ ရန်သူများဝင်ရောက်သည့်နောက်ပိုင်းတွင်မူ သုဿန်တစပြင်မြေကဲ့သို့ ခြောက်သွေ့ခဲ့သည်။           ၂:၄–၁၁ ကျိုင်းကောင်များသည်...