Category: တမန်တော်ဝတ္ထု

  • တမန်တော်ဝတ္ထု ၉

    (ဂ) တာရှုသားရှောလု အသက်တာ ပြောင်းလဲခြင်း(၉:၁–၃၁) ၉:၁-၂  ဤအခန်းသည် တမန်တော်ဝတ္ထု၏ တဆစ်ချိုးကွေ့ဖြစ်သည်။ ယခင်ကျမ်းပိုဒ်များတွင် ဣသရေလလူမျိုးအကြား ပေတရု၏ တရားဓမ္မသွန်သင်ချက်၊ သက်သေခံချက်များတွေ့ရသည်။ ဤအခန်းမှစ၍ ရှောလုမှ ပေါလုသို့ပြောင်းလဲသူ၏ အမှုတော်ဆောင်ခြင်းအကြောင်း တွေ့ရမည်။ ရှောလုသည် အသက်(၃၀) အရွယ်ခန့်သာရှိသည်။ ရဗ္ဗိဆရာများအကြားတွင် ထင်ရှားသူ လူငယ်လူရွယ်ဖြစ်သဖြင့် လူချစ်လူခင်ပေါများသည်။ နောက်လိုက်နောက်ပါ တပည့်တပန်းများသည်လည်း သူကဲ့သို့ပင် လက်ရဲဇက်ရဲသူများဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းကြီးထွားထာသော...

  • တမန်တော်ဝတ္ထု ၁၀

    ၁၀:၁-၂  ကဲသရိမြို့သည် ယုပ္ပေမြို့၏ မြောက်ဘက် မိုင် (၃၀)ခန့် အကွာတွင် ရှိသည်။ ထိုမြို့တွင် ရောမစစ်သူကြီး ကော်နေလိ ဆိုသူရှိသည်။ သူ့တပ်ကို ဣတလိတပ် ဟု ခေါ်ကြသည်။ ထိုသူ၏ အိမ်ထောင်မိသားစုဝင်များသည် ဘုရားတရား ကိုင်းရှိုင်းသူများဖြစ်သည်။ ဆင်းရဲသားများကိုလည်း ပေးကမ်းစွန့်ကြဲတတ်သော စေတနာသဒ္ဓါပွားများသူဖြစ်သည်။ Ryrie က “ယုဒတို့၏ ဘုရားနှင့် ရောမအစိုးရအား သစွာရှိသူဖြစ်သောကြောင့် ဘုရားသခင်ကို...

  • တမန်တော်ဝတ္ထု ၁၁

    ၁၁:၁-၃  ပေတရု၏ သွန်သင်ချက်ကြောင့် တပါးအမျိုးသားများ ကယ်တင်ခြင်းရရှိကြခြင်း မင်္ဂလာသတင်းသည် ယုဒပြည်အနှံ့အပြား၌ တောမီးပမာပျံ့နှံ့သွားသည်။ ထို့ကြောင့် ယေရုရှလင်မြို့သို့ ပေတရုပြန်ရောက်သောအခါ တပါးအမျိုးသားများနှင့်အတူတူ စားသောက်ရသလား၊ အရေဖျားမလှီးသူများအား ဆက်ဆံပတ်သက်ရသလားဟု အပြစ်တင်ခံရသည်။ အရေဖျားလှီးခြင်းဆိုသည်မှာ ယုဒထုံးစံဖြစ်၍ ခရစ်ယာန်ဖြစ်လျှင်လည်း ရေဖျားလှီးရသည်ဟု ခံယူကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံယူလိုလျှင် အရေဖျားလှီးရမည်ဟု ပညတ်ချင်ကြသည်။ တပါးအမျိုးသားများနှင့် မပေတရုစားသောက်ခြင်းသည်လည်း အပြစ်ရှိသည်ဟု သတ်မှတ်ကြသည်။...