Category: ယောရှုမှတ်စာ

  • ယောရှုမှတ်စာ ၉

    (ဇ) ဂိဗောင်သားများနှင့်မဟာမိတ်ပြုခြင်း (အခန်း၉) ၉:၁–၂၇ ဣသရေလတို့၏ စစ်ရေးအောင်ပွဲသတင်းကြောင့် ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မင်းများသည် စိုးရိမ်ထိတ်လန့်ကြသဖြင့် အချင်းချင်းမဟာမိတ်ဖွဲ့၍ ဣသရေလတို့အား ပုန်ကန်တော်လှန်ရန် တိုင်ပင်ကြသည်(ငယ်၁၊၂)။ သို့သော် ထိုမင်းများအနက်မှ ခေဖိရာ၊ ဗေရုတ်နှင့် ကိရယတိယာရိမ်မင်းများသည် ဆန့်ကျင်ပုန်ကန်ခြင်းဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးမရနိုင်ဟု ခံယူကာ မဟာမိတ်ပြုရန် ဆုံးဖြတ်ကြသည်(ငယ်၃၊၁၇)။ ပုန်ကန်သောင်းကျန်းသူများဟူသရွေ့ ဣသရေလတို့က ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်လေ့ရှိကြောင်းကိုလည်း သိရှိထားကြသည်။ ခါနန်ပြည်ပမှ...

  • ယောရှုမှတ်စာ ၁၀

    (ဈ) တောင်ဘက်တိုက်ပွဲ (အခန်း ၁၀)           ၁၀:၁–၆ အခန်းကြီး(၁၀)သည် တောင်ဘက်စစ်စခန်းအကြောင်းဖြစ်သည်။ ခါနန်မင်း(၅)ပါးက ဂိဗောင်တို့၏ လုပ်ဆောင်ပုံသတင်းကြားသိကြသောအခါ ခါနန်ပြည်အလယ်ပိုင်း ကုန်းမြင့်ဒေသ စိုးမိုးနယ်မြေကျရှုံးသွားမည် စိုးရိမ်ကြသောကြောင့် ဂိဗောင်တို့အား တိုက်ခိုက်ကြရန် စီစဉ်ကြသည်။ ဂိဗောင်သားများကလည်း ယောရှုထံ စစ်ရေးအကူအညီတောင်းခံကြသည်။ ၁၀:၇–၈ ယောရှုသည် ဘုရားသခင်ထံမှ စိုးရိမ်ခြင်းမရှိနှင့်ဟူသော စကားတော်ကြားရပြန်သဖြင့် ကြောက်စိတ်မရှိ။ ယေရိခေါနှင့် အာဣတိုက်ပွဲသတင်းစကားများ ကြိုတင်သိရှိကြပြီးဖြစ်သောကြောင့်...

  • ယောရှုမှတ်စာ ၁၁

    (ည) မြောက်ဘက်တိုက်ပွဲ (အခန်း ၁၁)           ၁၁:၁–၉ ဣသရေလတို့၏ စစ်ရေးအောင်မြင်မှုအရှိန်အဟုန် ကြီးထွားလာပုံကို ကြားသိရသောမြောက်ပိုင်းဘုရင်များသည် စိုးရိမ်ကြောက်လန့်လာကြသဖြင့် ဂါလိလဲပင်လယ်မြောက်ဘက်ရှိ မေရုံဘိုင်နားတွင် စုရုံးစစ်အင်အားဖွဲ့ကြသည်။ ယောရှုသည် ထိုရန်သူများကိုလည်း တိုက်ခိုက်နှိမ်နင်း ချေမှုန်းလိုက်ပြန်သည်။ ဘုရားသခင်၏ အမိန့်တော်အတိုင်း ယောရှုသည် ရန်သူများကို ချေမှုန်းပြီးသောအခါ ရန်သူ့မြင်းဒူးကွေးကြောများလို ဖြတ်ပစ်ကြသည်။ မြင်းလှည်း စစ်ရထားများကိုမီးရှို့ပစ် ကြသည်။ မြင်းဒူးကောက်ကွေးကြောဖြတ်ခြင်းမှာ မပြေးလွှားနိုင်အောင်...