Category: ကောရိ န္တု သြဝါဒစာပဌမစောင်

  • ကောရိ န္တု သြဝါဒစာပဌမစောင် နိဒါန်း

    “ဤကဲ့သို့ အုတ်အော်သောင်းနင်းနိုင်လျသည့်အသင်းတော်သမိုင်းမျိုးမကြားစဘူးပါ” Weizacker. ၁။ စံတော်မီ ဝိသေသလက္ခဏာ ကောရိန္တုသြဝါဒပထမစာစောင်သည် ပြဿနာထုပ်ဖြစ်သည်။ ကောရိန္သုအသင်းတော်မှ အမေဘုတ်၏ ချည်ခင်ရှုပ် အမှုထုပ်ဖြစ်သည်။ ယနေ့အသင်းတော် ပြဿနာများ၏ နမူနာယူစရာ ဖြစ်သည်။ အဆင့်အတန်းကွဲပြားခြားနားမှု၊ သူရဲကောင်းကိုးကွယ်မှုဝါဒ၊ အကျင့်စာရိတ္တဖောက်ပြား မှု၊ မူဝါဒတိုက်ပွဲ၊ ဝိဝါဟ သံဝါသပြဿနာ၊ သံသယအသက်တာ၊ ဝိညာဉ်ဆုကျေးဇူးဝါကြွားမှု အစရှိ သည့် ပြဿနာအိုးကြီးဖြစ်သည်။ ထိုအမှားအယွင်းများသည် အားလုံးပြဿနာချည်း...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၁

    ၁။ နိဒါန်း (က) နှုတ်ခွန်းဆက်ခြင်း (၁:၁–၃) ၁:၁ ပေါလုသည် ဒမာသက်မြို့သို့ ခရီးသွားစဉ် လမ်းခုလတ်တွင် ယေရှုအားအစေခံ လုပ်ဖို့ ခေါ်ယူသည်။ ထို့ကြောင့် ပေါလုသည် လူကခေါ်ယူခန့်အပ်ခြင်းမဟုတ်။ ကိုယ်တော်ဘုရားက တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သည်။ တမန်တော်အဖြစ် စေလွှတ်ထားသူ ဖြစ်သည်။ ပထမဦးဆုံး တပည့်တော်များသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သက်သေခံကြသည်။ သူတို့ ကိုယ်တိုင်လည်း ဘုန်းတန်ခိုးနှင့် ပြည့်ဝလျှက်...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၂

    ၂:၁ တစ်ပါးအမျိုးသားများထဲသို့ ပေါလုရောက်ရှိလာခြင်းသည် လောကဉာဏ်ပညာ အသိပေးဖို့ မဟုတ်။ ဘုရားသခင်၏ ဘုန်းတန်ခိုး ထင်ရှားစေဖို့ ဖြစ်သည်။  ဒဿနိက အသိဉာဏ်အကြောင်း ဟောပြောဖို့မဟုတ်။ ဘုရားသခင်အား သက်သေခံဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် အသိဉာဏ်ပညာများ ဟောပြောဖို့၊ ဆွေးနွေးဖို့ဝါသနာမပါ။ ကိုယ်လုံးပြဟောပြောခြင်း စိတ်မဝင်စား။ ဂုဏ်သတင်း၊ ဉာဏ်ပညာတော်ကြောင်း မဝါကြွားလို။ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းသာ အလိုရှိသည်။ သို့ကြောင့် တေးဂီတ၊ အနုပညာ...