Category: ရှင်ပေတရုသြဝါဒစာပဌမစောင်

  • ရှင်ပေတရုသြဝါဒစာပထမစောင် နိဒါန်း

              ဤစာကို မည်သူရေးမှန်း မသိခဲ့လျှင် စာရေးသူသည် ကျောက်ဆောင် ကျောက်သားကဲ့သို့သော လူ၊စိတ်ဝိညာဉ်လည်း ကျောက်တုံးပေါ်မှာ အခြေတည်သောလူ၊ သက်သေခံချက်များသည်လည်း ဆင်းရဲဒုက္ခမုန်တိုင်း ဒဏ်ခံသူများ၏ ကွန်းခိုရာ ဝိညာဉ်ခံတပ်ကြီးသဖွယ် ခိုင်ခံ့လှပါသလား ဟု ချီးမွမ်းလောက်ပေသည်။ Wiesinger ၁။ စံတော်မီ ဝိသေသလက္ခဏာ           မွတ်စလင်နှင့် ကွန်မြူနစ် တိုင်းပြည်များရှိ ခရစ်ယာန်များသည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ စုံစမ်းစစ်ကြောခြင်းများစွာ...

  • ရှင်ပေတရုသြဝါဒစာပဌမစောင် ၁

    ၁။ ယုံကြည်သူ၏ရပိုင်ခွင့်နှင့်ဝတ္တရား(၁:၁–၂:၁၀) (က) နှုတ်ခွန်းဆက်ခြင်း (၁:၁–၂)           ၁:၁ ငါးညှီစော်နံသော တံငါသည်က သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တပည့်တော် ပေတရုအဖြစ် နှစ်လိုဖွယ်ရာ မိတ်ဆက်ထားသည်။ သခင်ယေရှုကိုယ်တော်တိုင်က တပည့်တော်(၁၂)ယောက် အဖြစ်ရွေးချယ်ရာတွင် ပါဝင်သောသူဖြစ်သည်။ ကောင်းကြီးမင်္ဂလာနှင့် ကြွယ်ဝသော သံတော်ပါးအဖြစ် ပြောင်းလဲသောသူဖြစ်သည်။ သခင်ဘုရားကလူများသောတံငါတာဝန် ထမ်းရွက်စေသူဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်ဘုရားကစိတ်ဝင်တစားရွေးချယ်ထားသော လောကသား များဖြစ်ပါသည်။ မိမိတို့မွေးရပ်မြေတွင်ဖြစ်စေ၊ရပ်ဝေးမြေခြားတွင်ဖြစ်စေ...

  • ရှင်ပေတရုသြဝါဒစာပဌမစောင် ၂

    ၂:၁ အဘယ်ကြောင့်ဆိုသော် အသစ်တဖန်မွေးဖွားသူများသည် ဘုရားသခင်နှင့်ဆိုင်သော အသက်တာရရှိကြရကား မလိုလားအပ်သောအောက်ပါအကျင့် လက္ခဏများ လုံးဝကင်းရှင်းရသည်။ မစ္ဆေရစိတ်ပြောဆိုခြင်း၊ အခြားသူများအား မလိုမုန်းတား မကောင်းကြံစည်ခြင်း ဖြစ်သည်။ မစ္ဆေရစိတ်သည် ဖီလာဆန့်ကျင် ကန့်လန့်ဘုကလန့် ဖြစ်စေသည်။ ငြူစူသည်။ အညှိုးထားလျက် လက်တုံ့ပြန် ကလဲ့စားချေတတ်သည်။ သူတစ်ပါးကိုဒုက္ခပေးသည်။ တခါက George Washington  Carver သည် အသားမဲဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်ငြင်းပယ်ခြင်းခံရသည်။ နောင်တွင်...