Category: ရှင်ယောဟန်ခရစ်ဝင်

  • ရှင်ယောဟန်ခရစ်ဝင် နိဒါန်း

    ကမ္ဘာ့အနက်ရှိုင်းဆုံးသော ကျမ်းစာအုပ်ဖြစ်သည်။ A.T. Robertson. ၁။ စံတော်မီ ဝိသေသလက္ခဏာ ရှင်ယောဟန်ဟန်က ဤစာအုပ်သည် ဧဝံဂေလိတရား ဖြစ်ကြောင်း သင်တို့ယုံကြည်ခြင်း ငှာ ရေးသားသည် (၂၀:၃၁)ဟုဆိုထားသည်။ တချိန်ကအသင်းတော်သည် တမန်တော်များဦးဆောင် ရာနောက်သို့လိုက်ကြသည်။ လူသိန်းသန်းပေါင်းများစွာထဲက လက်တဆုပ်စာက နောက်ဆုံးရာစုနှစ်မှာ ဖြစ်ပေါ်မည့်အကြောင်းအရာကို သက်သေခံကြသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အနှစ်သက်ဆုံးသမ္မာကျမ်းစာအုပ်မဟုတ်သော်လည်း အနှစ်သက်ဆုံးကျမ်းစာအုပ်ထဲတွင် တခုဖြစ်သည်။ ခရစ်ယာန်များ၏ ရင့်ကျက်မှုနှင့် ဆက်ကပ်ရာဖြစ်...

  • ရှင်ယောဟန်ခရစ်ဝင် ၁

    ၁။ စကားချီ – ဘုရားသခင်၏ သားတော်ပထမအကြိမ်ကြွလာခြင်း (၁:၁-၁၈) ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို နှုတ်ကပတ်တော်ဖြင့် အစချီသည်။ သို့သော် ထိုနှုတ်ကပတ် တော်သည် မည်သူမည်သည့်အရာဖြစ်ကြောင်း မရှင်းပြပါ။ နှုတ်ကပတ်တော် (စကား) ဆိုသည်မှာ အချင်းချင်းပြောဆိုနေကြသောစကားစုဖြစ်သည်။ သို့သော် ယောဟန်ပြောဆိုသော နှုတ်ကပတ်တော်ဆို သည်မှာ ထိုအချင်းချင်းပြောဆိုသော စကားမဟုတ်။ လူပုဂ္ဂိုလ်ဖြစ်သည်။ ထိုလူပုဂ္ဂိုလ်မှာ ဘုရားသားတော် ခရစ်တော်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်ခရစ်တော်အဖြစ် လူ့ဇာတိခံယူခြင်းဖြစ်သည်။...

  • ရှင်ယောဟန်ခရစ်ဝင် ၂

    (ဃ) ပထမ နိမိတ်လက္ခဏာ။ ရေကိုဝိုင်အဖြစ်သို့ပြောင်းလဲခြင်း (၂:၁-၁၁) ၂:၁ တတိယနေ့ဆိုသည်မှာ ဂါလိလဲတွင်တည်းသည့် တတိယနေ့ဖြစ်သည်။ ၁:၄၃ တွင် သခင်ဘုရားသည် ဂါလိလဲဒေသသို့ သွားသည်ဟုဆိုသည်။ ကာနမြို့၏ နေရာကို အတအကျမသိရသော် လည်း အငယ် ၁၂ကိုကြည့်ခြင်းအားဖြင့် ကပေရနောင်မြို့အနီး တောင်ပေါ်မြို့ဖြစ်သည်။ ထိုမြို့တွင် မင်္ဂလာဆောင်ပွဲတခု ကျင်းပသည်။ ယေရှု၏မယ်တော်သည်လည်း ပါဝင်သည်။ ယေရှု၏ မယ်တော်မာရိဟု သုံးနှုန်းခြင်းသည်...