Category: ဟေဗြဲသြဝါဒစာ

  • ဟေဗြဲဩဝါဒစာ နိဒါန်း

    ”အငြင်းပွားစရာရှိသော ရေးသားချက်သည် ကျမ်းစာမမည်၊ ထို့ထက်ဆိုးသည်ကား ဝိညာဉ်တော် မပါရှိသော စာရေးသားချက်ပေတည်း”  Conybeare and Howson ၁။ စံတော်မီ ဝိသေသလက္ခဏာ ဟေဗြဲဩဝါဒစာစောင်သည် ဓမ္မသစ်ကျမ်းစာများထဲတွင် ထူးခြားနက်နဲသောကျမ်း ဖြစ်သည်။ အခြားပေးစာများကဲ့သို့ အဖွင့်မပါရှိပါ။ နိဂုံးသာပါရှိသည်။ သေချာသည်မှာ အီတလီ သို့မဟုတ် အခြားတနေရာရာ(၁၃:၂၄)မှ ဟေဗြဲခရစ်ယာန်များသို့ အထူးရေးသားသော စာစောင် ဖြစ်သည်။ မိမိထုံးတမ်းစဉ်လာနှင့် ရှေးကုသိုလ်စီမံရာကို...

  • ဟေဗြဲသြဝါဒစာ ၁

    ၁။ ခရစ်တော်၏မဟာလူသားပါဝင်မှု (၁:၁၊၄:၁၃) (က) ပရောဖက်ထက်ခရစ်တော်ကြီးမြတ်မှု (၁:၁ဝ၃)     ၁:၁ ဤကျမ်းပိုဒ်ထက် ရှင်းလင်းနားလည်လွယ်သော အခြားဩဝါဒစာမရှိပါ။ နိဒါန်းအဖွင့် ပဏာမ ခြေဆင်းစကားများမပါဘဲ ဆိုလိုရင်းကိုထိမိအောင်ဖွင့်ဆိုထားသည်။ ဝိညာဉ်တော်အသိ ဖြင့် သခင်ယေရှုခရစ်တော်၏အမြင့်ဆုံးသော ဘုန်းတန်းခိုးကိုပြသခြင်းဖြစ်ဟန်တူသည်။ အစတွင်ဘုရားသခင်စေခိုင်းသော ပရောဖက်များ၏ ဖွင့်ပြချက်များကို သားတော်ယေရှု၏ ဖွင့်ဟချက်များနှင့် နှိုင်းယှသ်သည်။ ပရောဖက်များသည်ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်သည်။ ယေဟောဝါဘုရားရှင်၏အစေခံများဖြစ်သည်။...

  • ဟေဗြဲသြဝါဒစာ ၂

    ၂:၁ သခင်ခရစ်တော်သည် ဘုရားသားတော်ဖြစ်သောကြောင့် ကောင်းကင်တမန်များထက် ကြီးမြတ်ကြောင်း ကလောင်ရှင်က အချက်ကျကျအပြည့်အစုံဖော်ပြထားသည်။ ကိုယ်တော်သည် ကောင်ကင်သားအနွယ်ဝင်ဖြစ်၍ ကြီးမြတ်ခြင်းသာမဟုတ်။ လူသားဘဝတွင်လည်းကြီးမြတ်သူ ဖြစ်ကြောင်း ဤဩဝါဒတွင် တွေ့ရသည်။ ဧဝံဂလိတရားနှင့် မကင်းဖို့သတိပေးခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောဆုလက်ဆောင်သည် သတင်းကောင်း ကြားရသူများ အတွက် ပို၍များပြားသောကြောင့်တည်း။ ကိုယ်တော်ထံပါးမှ ဝေးကွာ၍ ဘာသာရေး ထုံးတမ်း စဉ်လာတွင်သာ တင်းတိမ်နေခြင်းသည် အချိန်မရွေး အန္တရာယ်ရှိနေသည်။...