Category: မိက္ခာအနာဂတ္တိကျမ်း

  • မိက္ခာအနာဂတ္တိကျမ်း နိဒါန်း

    “ကျေးလက်ဆင်းရဲသားများထဲမှ ဘုရားသခင်၏အနာဂတ္တိစကားကို မကြောက်မရွံ့ ရဲရင့်ပြတ်သားစွာ ပေါက်ရောက်အောင်ဟောပြောနိုင်သည့် ပရောဖက်တစ်ဦး ပေါ်ထွက်လာသည်မှာ အဖိုးအနဂ္ဃထိုက်တန်လှပေသည်။ မိမိ၏လူမှုဝန်းကျင်မှ အခြေအနေကို အကျွမ်းတဝင်သိမြင်ထားသည့်အတိုင်း ဖြောင့်မတ်ခြင်းသမ္မာတရားကို ရှုထောင့်စုံမှ ဟောပြောတင်ပြနိုင်သည်။ ဖိနှိပ်ခံအောက်ခြေလူတန်းစားများအပေါ် နက်ရှိုင်းသော စာနာကရုဏာမှ မမေ့ရက်နိုင်စရာ စကားလုံးများ ပေါက်ဖွားပေါ်ထွက်ခဲ့သည်။ သူ၏အိမ်နီးနားချင်းများနှင့် မိတ်ဆွေများအပေါ် မင်းစိုးအာဏာပိုင်များက မတော်မတရားပြုကျင့်မှုများကို တွေ့မြင်သောခါ မခံရပ်နိုင် သူ့စိတ်ဝိညာဉ်၌ တငွေ့ငွေ့တောက်လောင်ရသည်။ မိက္ခာကား ယုဒတောသူတောင်သားများအတွက်ပျိုမြစ်သော...

  • မိက္ခာအနာဂတ္တိကျမ်း ၁

    ၁။ ဣသရေလနှင့်ယုဒများအပေါ် အမျက်တော်ကျရောက်မည့်အကြောင်း(အခန်း၁) ၁:၁–၃ ထာဝရဘုရားသခင်သည် ကျိန်းဝပ်တော်မူရာ ဗိမာန်တော်ထဲက ကောင်းကြီ:ပေးခဲ့ရာမှ ယခုအခါတွင် ဆန့်ကျင်ရာအရပ်၌နေ၍ အပြစ်စီရင်တော်မူမည့်အကြောင်း တိုင်းသူပြည်သားလူများတို့အား ကျေညာမောင်းခတ်သည်။           ၁:၄–၇ အထူးသဖြင့်ရှမာရိနှင့် ယေရုရှလင် အားအပြစ်စီရင်မည်.။ အဘယ့်ကြောင့်ဆိုသော် ထိုမြို့များသည်ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ မွေ့လျော်နေကြပြီ။ အပြစ်စီရင်ရာနေ့ရက်ရောက်သောအခါ ရှမာရိတို့သည် မီ:ရှေ့မှာ ဖယောင်းကဲ့သို့၎င်း၊ ချောင်းထဲသို့ဆင်းသော ရေကဲ့သို့၊ တောတောင်တို့သည်အရည်ပျော်၍၎င်း၊ ချိုင့်တို့သည် အက်ကွဲကြသကဲ့သို့...

  • မိက္ခာအနာဂတ္တိကျမ်း ၂

    ၂။ ဖိနှိပ်စက်တတ်သော လူချမ်းသာတို့၏ကံကြမ္မာ(၂:၁– ၁၁)           ၁:၁–၅ အပြစ်စီရင်ရသည့်အကြောင်းကို ဤကျမ်းပိုဒ်တွင် ရှင်းပြထားသည်။ လူချမ်းသာများသည် သူဆင်းဲများ၏ အိမ်ယာ၊ ပစ္စည်းများကို အပိုင်သိမ်းယူဖို့အမြဲကြံ၍ ကြံစည်သည့် အတိုင်းလုပ်ဆောင်ကြသည်။ စစ်ပြုကျူးကျေ်သူများကလည်း ထိုနည်းတူစွာ ကြံစည်ပြုကျင့်ကြသဖြင့် ထိုလူချမ်းသာများ ၏စည်းစိမ်ဥစ္စာများမှာ သူခိုးလက်မှ သူဝှက်လုခံကြသည့်နှယ် ဖြစ်မည်။ လူချမ်းသာများလက်ထဲတွင် ဘာမျှမကျန်ကြွင်းကြ။           ၂:၆–၇ လူအပေါင်းက ထိုကဲ့သို့သော...