Tag: ဂလာတိသြဝါဒစာ

  • ဂလာတိသြဝါဒစာ ၆

    ၆:၁ မင်္ဂလာတရားနှင့်ပြည့်စုံသော ကျမ်းချက်ဖြစ်သည်။ အပြစ်ကျူးလွန်နေသော ယုံကြည်သူကိုတွေ့ရှိပါက အခြားညီအစ်ကိုခရစ်ယာန်များက ဝိုင်းဝန်းမထူရမည့်အကြောင်းဖြစ်သည်။ ထိုမင်္ဂလာတရားသည် ပညတ်တရားနှင့် တခြားစီဖြစ်သည်။ ပညတ်တရားမှာမူ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်။ မကောင်းမှု တစုံတစ်ခုပြုလုပ်မည် ဆိုသည်မှာ ပြစ်မှုတစ်ခု ကျူးလွန်မည့်ကိန်းတွေ့နေလျှင် တားဆီးကူညီဖို့ဖြစ်သည်။ ထိုသို့ကူညီခြင်းသည် ဝိညာဉ်တော်နှင့်ပြည့်စုံသော ခရစ်ယာန် အသက်တာဖြစ်သည်။ ဇာတိခရစ်ယာန်သားမူကား သူတပါးအကျိုးလိုလားခြင်းကို မပြုတတ်။ မိမိနှင့်မသက်ဆိုင်သကဲ့သို့ ဖာသိဖာသာနေတတ်သည်။ သူတပါးအခက်အခဲကို လျစ်လျူရှုတတ်သည်။ ထိုဆင်းရဲဒုက္ခဘေးအန္တရာယ်မှ...