Tag: တိမောသေသြဝါဒစာပဌမစောင်

  • တိမောသေသြဝါဒစာပဌမစောင် ၃

    (ဂ) သင်းအုပ်နှင့်သင်းထောက်စည်းမျဉ်း (၃:၁–၁၃) ၃:၁ ဤကျမ်းစာ၏ မှန်သောဒုတိယစကားမှာ ဒေသန္တရအသင်းတော်တွင် သင်းအုပ်အရာတောင့်တခြင်း ဖြစ်သည်။ သင်းအုပ်ဆိုသည်မှာ အတွေ့အကြုံရင့်ကျက်၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဒေသန္တရအသင်းတော်ကို ပြုစုစောင့်ရှောက်သူ ဖြစ်သည်။ ဘုရားသခင်၏ အမွေကိုဆက်ခံ၍ အုပ်စိုးခြင်းမဟုတ်ဘဲ၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှုဖြင့် ဦးဆောင်ရသည်။ ယနေ့ခေတ်ကာလတွင် သင်းအုပ်သည် ဝိညာဉ်ရေးရာသာမက ဘက်စုံအမှုတွင် ပါဝင်လှုပ်ရှားနေရသည်။ အသင်းတော်တပါးတွင် သင်းအုပ်အများအပြားရှိနိုင်သည်။ (တ ၁၄:၂၃၊...

  • တိမောသေသြဝါဒစာပဌမစောင် ၄

    ၄။ အသင်းတော်ထဲမှ မိစ္ဆာများ (၄:၁–၁၆) (က) ရောက်အံ့ဆဲမိစ္ဆာဆရာများ တိုက်လှန်ရန်သတိပေးခြင်း (၄:၁–၅)           ၄:၁ ဤကျမ်းပိုဒ်တွင် အပိုင်း(၂)ပိုင်း ပါရှိသည်။ ပထမဦးစွာ ပေါလုက သူသည် ဝိညာဉ်တော်က အတည်အလင်းဗျာဒိတ်ပေးတော်မူသည်ဟု ဆိုထားသည်။ ဗျာဒိတ်တော်ဆိုသည်မှာ ဓမ္မသစ်ကျမ်းကို ထုတ်ဖော်ခွင့်လည်း ဖြစ်နိုင်သည်။ နောင်ကာလဆိုသည်မှာ ယုံကြည်ခြင်းအား ဖောက်ပြန်ခြင်းကာလ ဖြစ်သည်။ တနည်းအားဖြင့် ဤစာစောင်ရေးပြီးသည့် နောက်ပိုင်းကာလလည်း...

  • တိမောသေသြဝါဒစာပဌမစောင် ၅

    ၅။ အမျိုးမျိုးသော ယုံကြည်ခြင်းရှိသူများ ကိုင်တွယ်ခြင်း (၅:၁–၆:၂) (က) အသက်အရွယ်အမျိုးမျိုး (၅:၁–၂) ၅:၁ ခရစ်ယာန်မိသားစုများအကြားတွင် ပြုမူရမည့်လှုပ်ရှားမှု ဟန်ပန်လက္ခဏာကို သတိထားရန် သွန်သင်ထားသည်။ ငယ်ရွယ်သူဖြစ်သည့်အားလျော်စွာ စိတ်လိုက်မာန်ပါမလုပ်ဘဲ၊ မိမိထက် အသက်အရွယ်ကြီးသူများကို ညင်သာစွာဆက်ဆံရန် သတိပေးထားသည်။ အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်၊ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့ ဟုဆိုသည်။ ငယ်ရွယ်သူက အသက်ကြီးသူများအား နှုတ်အားဖြင့် မယဉ်မကျေးဆက်ဆံခြင်းသည်...