Tag: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၈

    (ဃ) ဗိမာန်တော်ထဲ၌ ရွံရှာဘွယ်ရာရုပ်တုကိုးကွယ်မှု ရူပါရုံ (အခန်း၈)           ၈:၁−၆ သက်ကြီးသူများက ကူညီမစခြင်းမရှိ၊ မျက်နှာလွဲခဲ့ကြသောကြောင့် တရားစီရင်ခြင်းခံထိုက်ကြောင်းကို သက်သေခံကြမည်။ ဤအဖြစ်သနစ်မျိုးကို ယနေ့ကာလ၌လည်း မကြာခဏ ကြုံတွေ့ရသည်။ ဘုရားသခင်က ယေဇကျေလအား ဗျာဒိတ်ရူပါရုံဖြင့် ဗာဗုလုန်မှ ယေရုရှလင်သို့ခေါ်ဆောင်သွားသည်။ ရွံရှာဘွယ်ရုပ်တုဆင်းတုများအား ဝတ်ပြုကိုးကွယ်နေကြပုံကို အော့အန်ချင်စရာတွေ့ရသည်။ ဗိမာန်တော် အဝင်တံခါးနားမှာ ယုတ်ညံ့သော ရုပ်တုဆင်းတုများတည်ထားသည်ကိုမြင်တွေ့ရသည်။ ယင်းအရာတို့သည် ဘုရားသခင်၏...

  • ယေဇကျေလအနာဂတ္တိကျမ်း ၉

    (င) ဘုရားသခင်ခွဲခွါသည်နှင့် ဖျက်ဆီးမည့်ရုပ်တုဆင်းတုများ ထပ်ချမကွာ ဝင်လာခြင်း (အခန်း၉)           ၉:၁−၂ ရှေ့အခန်းတွင် ရုပ်တုဆင်းတု ကိုးကွယ်သူများ ပျက်ဆီးကြရမည့်အကြောင်း ဖော်ပြခဲ့ပြီ။ ဤအခန်းတွင် ထိုသူတို့အား သတ်ဖြတ်မည့်လူ ၆−ပါးက မြောက်ဖက်အရပ်(ဗာဗုလုန်အရပ်)မှ တင်ရောက်လာကြောင်း ပြောပြသည်။ ပိတ်အဝတ်ဆင်ထားသူသည် ကျေးဇူးတော်ကို ဆိုလိုသည်။ ၉:၃ ဘုန်းတန်ခိုးတိမ်တိုက် (ဘုရားသခင်မျက်မှောက်ရှိခြင်းလက္ခဏာ)သည် ဗိမာန်တော်တွင် စိုးစံတော်မူလျက် ရုပ်တုဆင်းတုဝါဒီများအား ပယ်ရှားမည်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၁၀

    (စ) ယေရုရှလင်မြို့အား တရားစီရင်ရ် ဘုရားရှင်ဘုန်း​တော်၌ ကြွလာခြင်းသရဓပါရုံ (အခန်း၁၀)           အခန်း၁၀သည် အခန်း၂နှင့် ဆက်စပ်သည်။ ရထားပလ္လင်တော်၊ သတ္တဝါလေးပါး (ဤကျမ်းပိုင်းတွင်ခေရုဗိမ်ဟုသုံးနှုန်း)နှင့် ဘုရားဘုန်းတော်တို့ပါရှိသည်။ အခန်း−၁မှာ ပြည်ပရောက်ယုဒလူများသို့ လိပ်မူထားခြင်း ဖြစ်၍ ယခုကျမ်းပိုဒ်က ယေရုရှလင်မှ ပုန်ကန်သူများကို ရည်ရွယ် ပစ်မှတ်ထားသည်။ ၁၀:၁−၂ ဘုရားသခင်က ပိတ်အဝတ်ကို ဝတ်သောသူအား ရထားဘီးနှင့် ခေရုဗိမ်ကြားရှိ မီးခဲများကို...