Tag: ဟောရှေအနာဂတ္တိကျမ်း

  • ဟောရှေအနာဂတ္တိကျမ်း နိဒါန်း

              “ဤဟောရှေအနာဂတ္တိကျမ်းတွင် အပြစ်ဒုစရိုက်၏သဘော သကန်သရုပ်မှန်နှင့် ဘုရားမေတ္တာတော် တုနှိုင်းမဲ့ပုံကို ကွက်ကွက်ကွင်းကွင်းတင်ပြထားသည်။ ဖတ်ရှုသူတိုင်း စိတ်နှလုံးကြွေပြုန်းမတတ် နာကျင်ခံစားကြရသည်။ အလေးအနက်ဆင်ခြင် ရှုမှတ်သောအခါ အပြစ်ဒုစရိုက်က ဘုရားသခင်စိတ်နှလုံးတော်အား ဒဏ်ရာအနာတရဖြစ်စေကြောင်း နားလည်ရသည်။” G. Campbell Morgan ၁။ စံတော်မီဝိသေသလက္ခဏာ ဤကျမ်းသည် ဝတ္ထုဇာတ်လမ်းမဟုတ်သော်လည်း ဝတ္ထုဆန်ဆန် ဇာတ်လမ်းပြောနည်းကို ကြားညှပ်ရေးသားထားခြင်းမှာ အနှစ်သာရ၌ ထူးခြားလေးနက်သည်။၁ဇာတ်ကြောင်းကို ခပ်တိုတိုပြောရလျှင် ဟောရှေသည်...

  • ဟောရှေအနာဂတ္တိကျမ်း ၁

    ၁။ ဟောရှေ၏သားသမီး သုံးယောက်အမည်များဖြင့် ဣသရေလတို့၏ ငြင်းပယ်မှုကို ပုံဖော်ခြင်း(၁:၁– ၉) ၁:၁-၅ ဘုရားသခင်က ဗေရိ၏သား ဟောရှေအားပြည့်တန်ဆာမိန်းမကို ယူခိုင်းသည်။ (နိဒါန်း ကိုလည်းကြည့်။ ပြည့်တန်ဆာမိန်းမပျက်ကို ယူခိုင်းသည့်အကြောင်း စဉ်းစားစရာများစွာရှိသည်)။ ထိုမိန်းမမှာ ဒိဗလိမ်၏သမီး ဂေါမာ ဖြစ်သည်။ ပထမသားကို ယေဇရေလ (ဘုရားသခင်ကွဲလွင့်စေမည်ဟုအနက်ရသည်)ဟု ကင်ပွန်းတတ်သည်။ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်ပြုမည့်အမှု လက္ခဏာအရိပ်အယောင်ပေးခြင်းဖြစ်သည်။ အာရှုရိစစ်တပ်သည် ယေဇရေလချိုင့်ဝှမ်းတွင်...

  • ဟောရှေအနာဂတ္တိကျမ်း ၂

              ၂:၁ အခန်း ၂ တွင် လူမျိုးတော်၌ ကြွင်းကျန်သော သစ္စာရှိသူများသို့ စကားပြောခြင်းဖြစ်သည်။ သင်တို့ညီအစ်ကိုများကို အမ္မီ(ငါ၏လူ)၊ ညီအစ်ကိုများကို ရုဟာမ(ကရုဏာတော်ခံစားသူ) ဟုခေါ်ဆိုရန် ပြောကြားသည်။ ၃။ ဣသရေလလူမျိုးများ သစ္စာမတည်မှုကြောင့် ကြောက်မက်ဖွယ်ရာ တရားစီခြင်းခံရမည့်အကြောင်း သတိပေးချက်(၂:၂–၁၃) ၂:၂–၃ သစ္စာရှိသော ယုံကြည်သူအကြွင်းကျန်များသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်းအလားသဏ္ဍာန်တူ သောပြည့်တန်ဆာမအကျင့်ကို စွန့်လွှတ်ကာ ပြန်လာကြမည့် ဣသရေလူထုကြီးနှင့် ပေါင်းဖက်မိကြလိမ့်မည်။...