တရားသူကြီးမှတ်စာ ၃
၃:၁–၄ ဣသရေလတို့အား စုံစမ်းစစ်ကြောရန်ချန်လှပ်ထားသောသူ ခါနန်အပိုဒ်ငယ် (၃)စာရင်းတင်ထားသည်။ ဖိလိတ္တိမင်းငါးပါးအစရှိသောခါနန်လူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင် လေဗနုန်တောင်ပေါ်မှာ ကျင်လည်ကျက်စားနေကြသော ဟိဝိလူဟုဆိုသည်။ တဖန်ထိုခေတ်ကာလ လူတို့၏ အကျင့်အပြစ်ဒုစရိုက် (ငယ် ၅-၇)၊ သူ့ကျွန်ခိုင်းဖတ် (ငယ်၈)၊ အသနားခံခြင်း (ငယ် ၉က)၊ ကယ်တင်ခြင်း (ငယ် ၁၆-၁၈)တို့ကို တွေ့ရပြန်သည်။ ၃:၅–၆ ဣသရေလသားတို့ ရှိနေချိန်တွင် ရုပ်တုကိုးကွယ်သူများ၏...