Tag: ဒေသနာကျမ်း

  • ဒေသနာကျမ်း ၆

    ၆:၁ လူ့ဘဝမှ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကိုသရော်တော်တော်ပြောင်လှောင်ထောက်ပြသည်။ စိတ်ထဲမှာ လိုချင်တောင့်တသည့်အတိုင်း ရရှိပါသည်။ ကြွယ်ဝချမ်းသာပါသည်။ သို့သော်လည်း ကံအကြောင်းမလှသဖြင့် ထိုရသမျှသော ဥစ္စာများအပေါ်တွင် အကျိုးကျေးဇူး မခံစားလိုက်၊ ဘုရားသခင်က ထိုသို့ ခံစားခွင့်မပေး။ ဤနေရာတွင် သတိထားဆင်ခြင်ဖတ်ရှုပါ။ ရှောလမုန်က ဘုရားသခင်ကို အပြစ်တင်စကားပြောနေသည်။ သေခြင်းတရားက သူ့ဘဝကို သိမ်းယူသွားသည်။ သူသားသမီးဆွေ မျိုးပေါက်ဖော်များကလည်း ခံစားခွင့်မရလိုက်ဘဲ၊ သူစိမ်းသရံကဝင်ရောက် ဖြတ်ယူသည်။ ထိုအဖြစ်သနစ်မျိုးသည်...

  • ဒေသနာကျမ်း ၇

    ၃။ နေရောင်ခြည်အောက်ရှိလူသားများသို့ အကြံပြုလျက်(၇:၁–၁၂:၈) (က) နေရောင်ခြည်အောက်တွင် ကောင်းသောအမှုနှင့်သာ၍မြတ်သောအရာ (အခန်း၇)           ၇:၁ အခန်း(၆) အဆုံးတွင်လူသည်နေရောင်ခြည်အောက်၌ အကောင်း ဆုံးသော အရာမရွေးချယ်နိုင်ကြောင်းဖြင့် အဆုံးသတ်ထားသည်။ သို့သော် ဒေသနာဆရာအတွေးတစ်ခု ထပ်မံတင်ပြထားသည်။ ကောင်းသောအမှုရှိ သကဲ့သို့ ကောင်းသထက် ကောင်းသောအရာများလည်း ရှိသည်ဟုဆိုသည်။ ထိုအကြောင်းကို အခန်း၇တွင် ရှင်းပြထားသည်။ အခြားဓမ္မဟောင်းကျမ်း ပိုဒ်ထက်ဤအခန်းတွင် ကောင်းသောအမှုနှင့်သာ၍ မြတ်သောအရာပိုမိုသုံးနှုန်းရှင်းပြထားသည်။...

  • ဒေသနာကျမ်း ၈

    (ခ)နေရောင်ခြည်အောက်ကဉာဏ်ပညာ (အခန်း၈) ၈:၁ လူ၏အသိဉာဏ်ပညာသည်နိမ့်ကျသော်လည်းလူ့ပြဿနာကိုဖြေ ရှင်းနိုင်သည်။ အခြားသူများထက်ဉာဏ်ပညာရှိသည်ဟုရှောလမုန်ခံယူသည်။ လျှို့ဝှက်ထားသောဉာဏ်ပညာများကိုမည်သူရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသနည်း။ ဉာဏ်ပညာသည်မျက်နှာသာရစေသည်။ ပညာရဲရင့်ပွဲလယ်တင့်သည်ဟုဒေသနာဆရာကသတ္တိသွေးပေးထားသည်။ မျက်နှာရသည်။ အခြားပညာရှိသူများ၏မျက်နှာအားချိုသာစေသည်။ ၈:၂ ဘုရင်ရှေ့ တော်မှောက်တွင်မည်ကဲ့သို့ပြုမူရမည်ကိုဉာဏ်ပညာက  သင်ပေးသည်။ဘုရားသခင်ရှေ့တွင်ဖြစ်စေ၊လောကမင်းများရှေ့တွင်ဖြစ်စေမျက်နှာရသည်။ ပထမဦးစွာနာခံခြင်းသည်အရေးကြီးဆုံးဖြစ်သည်။ ဟေဗြဲကျမ်းပိုဒ်ဒုတိယပိုင်းကိုဤသို့အမျိုးမျိုးအနက်ဖွင့်ကြသည်။ – ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဟုသဘောထားသည်။(KJV) – အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဖြစ်သည်။(NASB) – ဘုရားသခင်ရှေ့၌သစ္စာပြုခြင်းဖြစ်သည်။(NKJV) ဤကျမ်းပိုဒ်တွင်ပါရှိသောကျမ်းသစ္စာပြုခြင်းဆိုသည်မှာနိုင်ငံတော် အစိုးရထံသို့၎င်း၊ဘုရားသခင်ထံသို့၎င်းအမိန့်တော်များကိုနာခံမည့်အကြောင်းကတိပြုခြင်းဖြစ်သည်။ (ဥပမာဆာ-၈၉:၃၅ကိုကြည့်)။ ၈:၃ အပိုင်းငယ် ၃ သည်လည်းအဓိပ္ပာယ်မြှုပ်ထားပြန်သည်။...