Tag: နာဟုံအနာဂတ္တိကျမ်း

  • နာဟုံအနာဂတ္တိကျမ်း ၃

    ၃:၁–၃ နိနေဝေမြို့ကြီ: ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းများကို ဤအခန်းတွင်ရှင်းပြထားသည်။ လူ့အသက်သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်နီးနားချင်းများကိုဖမ်းဆီး၍ ကျွန်ပြုခြင်း အစရှိသော အမင်္ဂလာအမှုများ ကျူးလွန်ကြသည်။ ယခုဗာဗုလုန်မြင်းစီးသူရဲကောင်းများသည် ဓါးလှံတလက်လက်ဝင့်ချီလျက် မြို့တော်လမ်းမအနှံ့ မြင်းခွာသံတဖြောင်းဖြောင်း ပြေးလွှားနေကြပြီ။ လမ်းဘေးလမ်းလယ်ခေါင် တလျှောက် အသေကောင်များပုံနေကြပြီ။           ၃:၄–၇ နိနေဝေမြို့သားများသည် ပြည့်တန်ဆာမအကျင့်ရှိလျက် စုန်းအတတ်ပညာဖြင့်လူများကိုပြုစား ဒုက္ခပေးကြသည်။ အချို့က ကုန်သွယ်နှင့်ငွေကြေးကို ဘုရားအဖြစ်ကိုးကွယ်ကြသည်။...