Tag: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၂

    (၁၄) ယဇ်ပုရောဟိတ်များ၏နေရာတိုင်ခင်း(၄၂:၁−၁၄) ဗိမာန်တော်၏ မြောက်ဘက်နှင့် တောင်ဘက်နှစ်ခုစလုံးတွင် ယဇ်ပုရောဟိတ်များအတွက် နေရာထိုင်ခင်းပြင်ဆင်ထားသည်။ ထိုနေရာများသည် ယဇ်ပုရောဟိတ်တို့ သန့်ရှင်းသောယဇ်ပူဇော်သက္ကာကို စားသုံးရာနှင့် ယဇ်ပူဇော်ရာ၌ ဆင်မြန်းရသောဝတ်ရုံများ သိမ်းဆည်းရာ နေရာဖြစ်သည်။ (၁၅) အပြင်ခန်း၏အတိုင်းအတာပမာဏ (၄၂:၁၅−၂၀) အတွင်းပိုင်းတိုင်းတာရာ ကျူလုံးအပြန်ငါးရာစီ ရှိ၍ စတုရန်းပုံဖြစ်သည်။ အပိုဒ်ငယ်(၂၀)၌ ပါရှိသည့် သန့်ရှင်းသော အရပ်၊ မသန့်ရှင်းသောအရပ်ဟူသော စကားသည်နားလည်ရခက်သည်။ ဘုရားတရားနှင့်ဆိုင်သော အခန်းနှင့်လူဝတ်ကြောင်နှင့်...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၃

    (ခ) အနှစ်တထောင်ဝတ်ပြုကိုးကွယ်ခြင်း( အခန်း၄၃၊၄၄) ၄၃:၁−၅ ယေဇကျေလကျမ်းအစောပိုင်း ၁၁:၂၃ ၌ ဘုန်းတော်တိမ်တိုင်သည် ယေရုရှလင်ဗိမာန်တော်မှ ရွေ့လျားသွားသည်ဟုဆိုခဲ့သည်။ သို့သော်လည်း သခင်ခရစ်တော်နိုင်ငံတော် တည်ထောင်အုပ်စိုးဖို့ ပြန်ကြွလာသည့်အခါ ဣသရေလဘုရားသခင်၏ ဘုန်းတော်သည် ခရစ်တော်နှင့် အတူပြန်လည်ပါလာမည်။ ၄၃:၆−၉ ကိုယ်တော်ဘုရား၏ လူများအလယ်တွင် ဘုရားသခင်ကိုယ်တိုင်စိုးစံမည်။ အဘယ်သူကမှ ဝိညာဉ်ရေးရာတွင် နိုင်ထက်ကလူပြုနိုင်တော့ မည်မဟုတ်။ ဘုရားသခင်၏ ဗိမာန်တော်အရိပ်အဝန်းအောက်၌ ညစ်ညမ်းသောအမှုတို့ကို ပြုကြတော့မည်မဟုတ်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၄

    ၄၄:၁−၃ အပြင်ဘက် အရှေ့ဘက်တံခါးပေါက်ကို အမြဲပိတ်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဗိမာန်တော်သို့ ပြန်ကြွလာလျှင် နောက်တဖန်ပြန်လည်ထွက်ခွါတော့မည့် မဟုတ်။ ထိုတံခါးပေါက်စမုတ်ဆောင်သည် မင်းသားအတွက် စံပယ်ရာနှင့် စားပွဲဝင်ရာဖြစ်သည်။ အချို့ကမင်းသားဆိုသည်မှာ မေရှိယသခင်ကိုယ်တော်တိုင်ဟုယူဆသည်။ အချို့ကမူ ဒါဝိဒ်မျိုးနွယ်မှ ဆင်းသက်လာသော တစ်စုံတစ်ဦးက ရင်ခွင်ပိုက်အုပ်စိုးမည်ဟု ထင်မြင်ကြသည်။ W. Grant ကမူ ထိုမင်းသားသည် ခရစ်တော် ကိုယ်တော်တိုင်မဟုတ်နိုင်ဟု ထောက်ပြသည်။ အဘယ့်ကြောင့်ဆိုသော်...