Tag: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၂၁

    (၂) ထက်မြိသောဓါးနိမိတ်လက္ခဏာ (၂၁:၁−၁၇)             ၂၁:၁−၇ တဖန် ယုဒနှင့်ယေရုရှလင်မှ ဆန်ကုန်မြေလေးတို့ကို ထက်မြိသောဓါးဖြင့် လှီးထုတ်ဖယ်ရှားမည့် အကြောင်း နိမိတ်ပေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အပြစ်စီရင်ခြင်း ကျရောက်လာတော့မည့် အကြောင်း ယေဇကျေလအား သူ့လူများသို့ သတိပေးစေခြင်းဖြစ်သည်။ ၂၁:၈−၁၇ ယေဟောဝါဘုရား၏ အမျက်ဒေါသပြေငြိမ်းစေဖို့ (ငယ် ၁၄−၁၇) သတ်ဖြတ်သုတ်သင်ခြင်း(ငယ် ၈−၁၃)အလို့ငှါ ဗာဗုလုန်ဓါးကို ထက်မြိစွာ သွေးထားပြီ။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၂၂

    (ဂ) ယေရုရှလင်ညစ်ညမ်းခြင်း ဗျာဒိတ်တော်(၃)ပါး (အခန်း၂၂) ၂၂:၁−၁၂ ယေရုရှလင်၏ အပြစ်ဒုစရိုက်များကို ဖော်ပြသည်။ သွေးချောင်းစီးခြင်း(ငယ်၉) (လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်းလည်းပါနိုင်သည်)။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(ငယ် ၃−၄)၊ လူသတ်ခြင်း၊ သူစိမ်းဧည့်သည်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများကိုနှိပ်စက်ခြင်း (ငယ်၇)၊ ဗိမာန်တော်ညစ်ညူးစေခြင်း၊ ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း(ငယ်၈)၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း(ငယ်၉) ၊ အကျင့်စာရိတ္တညံ့ဖျင်းခြင်း (ငယ်၁၀)၊ သူများအိမ်ယာပြစ်များခြင်း၊ သွေးသားနိးစပ်သူနှင့် ကာမေသုမိစ္ဆာပြုခြင်း (ငယ်၁၁)၊...

  • ယေဇကျေလအနာဂတ္တိကျမ်း ၂၃

    (ဖ) ပြည့်တန်ဆာညီအမပုံဥပမာ (အခန်း ၂၃) (၁) အစ်မအဟောလ (၂၃:၁−၁၀) ၂၃:၁−၄ ဤပြည့်တန်ဆာညီမအစ်မ ဇာတ်လမ်းသည် ပုံဥပမာသာဖြစ်သည်။ အစ်မသည် အဟောလ၊ ညီမသည် အဟောလိဗဟု အမည်ရသည်။ အစ်မအဟောလသည် ရှမာရိပြည်ဖြစ်၍ ညီမအဟောလိဗသည် ယေရုရှလင်မြို့ကို ကိုယ်စားပြုသည်။ ၂၃:၅−၁၀ အဟောလ ဆိုသောစကားမှာ (မှုပိုင်) ဟုအဓိပ္ပါယ်ရ၍ ကိုယ်ပိုင်တဲ ဖြစ်သည်။ ရှမာရိတွင် သီးသန့်ဝတ်ပြုကိုးကွယ်ရာဌာန...