Tag: သုတ္တံကျမ်း

  • သုတ္တံကျမ်း ၉

    (ဌ) ဉာဏ်ပညာနှင့်မိုက်မဲမှုတို့၏ဖိတ်ခေါ်သံ (၉:၁–၁၈)           ၉:၁ ဉာဏ်ပညာသည် နာခံခြင်းရှိသူများအတွက် အိမ်ကြီးဂေဟာ တည်ဆောက်၍ ပွဲတော်တည်ခင်းဖို့ ပြင်ဆင်သည်။ ပွဲတော်ဆိုသည်မှာ ပျော်ရွှင်ခြင်း၊ မိတ်သင်္ဂဟပြုခြင်း၊ ဧည့်သည်များ ကျွေးမွေးခြင်း၊ သင်္ကေတ ဖြစ်သည်။ အိမ်တိုင်ခုနှစ်တိုင်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့က ဟေရှာ ၁၁:၂ တွင် ပါရှိသည့် မေရှိယသခင်ကို အမှီသဟဲပြုသူများသည် သန့်ရှင်းဝိညာဉ်တော်၏ ဆုလက်ဆောင်ပါးပါးဆိုလိုသည်ဟု ရည်ညွှန်းကြသည်။...

  • သုတ္တံကျမ်း ၁၀

    ၃။ အကျင့်စာရိတ္တဆိုင်ရာ သုတ္တံစကား (၁၀:၁–၂၂:၁၆)           ဤနေရာမှစ၍ ရှေ့ဆက်ကျမ်းပိုဒ်များသည် ဖတ်ရှုသိရှိရုံမျှသာ မဟုတ်ဘဲ့၊ တွေးတောဆင်ခြင်၍ ဘဝအသက်တာတွင် အသုံးချဖို့ မှာထားသည်။ ၁၀:၁ မှ ၂၂:၁၆ တွင် သုတ္တံစကားပေါင်း (၃၇၅) ပါရှိသည်။ ကျမ်းပိုဒ်တခုတိုင်းတွင် ထူးခြားလေးနက်မှုရှိသည်။ ကျမ်းပိုဒ်အများစုသည် ကျမ်းပိုဒ်တစ်ခုတည်းတွင် “သို့သော်” ဟူသော စကားလုံးခံလျက် အဆိုစကားနှင့် ဆန့်ကျင်ဘက်အား တွဲထားသည်။...

  • သုတ္တံကျမ်း ၁၁

    ၁၁:၁   မသမာသောဈေးသည်များသည် ချိန်ခွင်အလေး(၂)ခု ကိုင်သည်။ ကုန်ရောင်းသောအခါ အလေးတခုသုံး၍၊ ဝယ်သောအခါ နောက်အလေးတမျိုး သုံးကြသည်။ ကုန်ဝယ်ရာတွင် သုံးသောအလေးသည် ရောင်းရာတွင် သုံးသောအလေးထက်လေးသည်။ ကုန်ရောင်းရာတွင် သုံးသောအလေးသည် ကုန်ဝယ်ရာတွင်သုံးသော အလေးထက်ပေါ့သည်။ သို့ဖြင့် စားသုံးသူများသည် တန်ရာတန်ကြေးပစ္စည်း မရကြ။ ၁၁:၂ မာနထောင်လွှားခြင်းက အရှက်ကွဲခြင်းဖြစ်သည်။ ကျဆုံးစေသည်။ စိတ်နှလုံးနှိမ့်ချ အောက်ကျို့သူများသည် မင်္ဂလာရှိ၏။ ထိုသူများသည် ပညာရှိသူများဖြစ်၍...