Tag: ဟေရှာယအနာဂတ္တိကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၆၀

    ၃။  ဇိအုန်တောင်တွင် ဘုန်းတန်ခိုးထင်ရှားမည့် အကြောင်း(အခန်း ၆၀)              ၆၀:၁-၃ မေရှိယသခင် ဘုန်းတန်ခိုးအာနုဘော်နှင့် ပေါ်ထွန်းသောအခါ ဇိအုန်တောင်သည်လည်း လင်းထိန်တောက်ပမည်။  ထို အချိန်သည် ခရစ်တော်ဘုရား  ဒုတိယ အကြိမ်ပေါ်ထွန်းလာခြင်းဖြစ်သည်။  ကမ္ဘာကြီးသည် ဝိညာဉ်ရေးရာတွင် မှောင်မိုက်ပြီး မှောင်မိုက်နေဆဲ။  ဘေးဒဏ်ကြီးကာလမှာ ရုန်းကန်နေကြဆဲ။  သို့သော် ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် ဣသရေလတို့ ကမ္ဘာတွင် ဘုန်းတန်ခိုးထင်ရှားမည်။  တပါးအမျိုးသားများ၊ ...

  • ဟေရှာယအနာဂတ္တိကျမ်း ၆၁

    ၄၊၊မေရှိယသခင်၏အမှုတော်(အခန်း၆၁) ၆၁:၁-၄ ဤကျမ်းပိုဒ်တွင်စကားပြောသူသည်သခင်ယေရှုခရစ်တော်ဖြစ် သည်။ နာဇရက်တရားစရပ်တွင်ပြောခဲ့သောစကား(လု၄:​၁၆-၂၁)ကိုအခန်း ငယ်၁-၂တွင်ပြန်လည်ဖော်ပြထားသည်။ ”ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည့်အ တိုင်းပြည့်စုံလေပြီ”(လု၄:၂၁)။ ခရစ်တော်သည်ယော်ဒန် မြစ်တွင်နှစ်ခြင်းမင်္ဂလာခံယူစဉ်သန့်ရှင်းဝိညာဉ်တော်ဖြင့်ထပ်မံဘိသိက်ပေး ထားသည်။ လူ့လောကတွင်အမှုတော်ပြုနေစဉ်တွင်လည်းကောင်းမှုကုသိုလ်အကျင့်သီလများပြုခဲ့သည်။ ဆင်းရဲသားများကယ်တင်သည်။ စိတ်နှလုံးကြေ ကွဲဝမ်းနည်းသူများငြိမ်သက်ဆောက်တည်ရာပေးသည်။ အပြစ်ဒုစရိုက်နွံနစ်သူ များလွတ်မြောက်စေသည်။ အကျဉ်းခံရသူများမျက်စိပွင့်လင်းစေသည်။ အချုပ်ခံရသူများလွတ်မြောက်စေသည်။ သို့သော်ထာဝရဘုရား၏မင်္ဂလာနှစ်နောက် တွင်အပြစ်ပေးရာနေ့ရက်ကာလရောက်လာမည်။ အဘယ့်ကြောင့်ဆိုသော်ဘု ရားသခင်၏အရေးယူအပြစ်ပေးမည့်ကာလရောက်လာဦးမည်ဟုဆိုထားသည်။ ထိုအမှုအရာများသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာသည့် အချိန်တွင်ပြည့်စုံမည်။ ဘုန်းတန်ခိုးနှင့်ပေါ်ထွန်းလာသောအခါဘုရားသခင်၏ တရားစီရင်မည့်နေ့ကြေညာမည်။ ဇိအုန်တောင်ပေါ်တွင်ငြိမ်သက်ချမ်းသာရ မည့်အကြောင်းနှစ်သိမ့်မည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၆၂

    ၅။ ယေရုရှလင်ပျော်ရွှင်ချမ်းမြေ့လာမည့်အကြောင်း    (အခန်း၆၂) ၆၂:၁-၅ ပြုထားသည့်ကတိတော်သားအားယေရုရှလင်သားများကအ သေအချာသဘောမပေါက်မခြင်း၊ဘုရားသခင်သည်ငြိမ်သက်တိတ်ဆိတ်မည်မ ဟုတ်။ အနားယူမည်မဟုတ်.တပါးအမျိုးသားများကဇိအုန်တောင်ကိုအထင်အ ရှားတွေ့မြင်ကြမည်။ မြို့တော်ကိုလည်းဘုရားသခင်ကနာမည်သစ်ကင်ပွန်း တပ်မည်။ ဘုရားသခင်ကိုယ်တော်တိုင်ကနှစ်လိုဖွယ်ရာသရဖူဆောင်းပေးမည်။  ထာဝရဘုရား၏လက်တော်၌တင့်တယ်သောဦးရစ်၊ဘုရားသခင်ချီးမြှင့်သော မင်းမြောက်သရဖူဖြစ်သွားမည်။ လူဆိတ်ညိမ်သောမြေ၊စွန့်ပစ်သောပြည်ဟူ သောနာမည်ဟောင်းကိုပယ်ဖျက်၍လက်ထပ်သောမြေ(Beulah)ဟုနာမည် သစ်ရမည်။ ဤအမည်နာမသည်ဘုရားသခင်ကမြို့တော်နှင့်ပြည်တော်အား သိမ်းပိုက်သည့်အကြောင်းဖြစ်သည်။ ယေရုရှလင်မြို့သူမြို့သားများသည်ဇိအုန် တောင်နှင့်လက်ထပ်ထိမ်းမြားကြမည်။ ဇိအုန်တောင်သတို့သားအရာအတွက်ဘုရားသခင်သည်ဝမ်းမြောက်ဝမ်းသာလက်ခုတ်သြဘာပေးမည်။ ၆၂:၆-၉ ထိုကာလတွင်ယေဟောဝါဘုရားသခင်သည်ယေရုရှလင်မြို့ရိုး ပေါ်တွင်ကင်းစောင့်သဖွယ်ရပ်၍ယေရုရှလင်မြို့တည်ဆောက်ရေးမပြီးမချင်း လမ်းညွှန်ကြပ်မတ်မည်။ ယေရုရှလင်သည်ကမ္ဘာ့မြို့တော်ဘုရင်မဖြစ်လာမည် နယ်ချဲ့ရန်သူများကယေရုရှလင်မြို့ကိုတဖန်သိမ်းပိုက်ခြင်းမရှိစေရ။ ထိုသို့မပြု ကြသည့်အပြင်လိုလားနှစ်သက်စွာယေရုရှလင်ကိုလုပ်ကျွေးကြဦးမည်။...