Tag: ဟောရှေအနာဂတ္တိကျမ်း

  • ဟောရှေအနာဂတ္တိကျမ်း ၆

    (ဆ) ဣသရေလလူမျိုးတို့နောင်တရကြရန် ဖျောင်းဖျခြင်း (၆:၁–၃) အပိုဒ်ငယ် ၁-၃ တွင် ဘုရားသခင်ကနောင်တရကြဖို့ ဆင့်ခေါ်သံအပေါ်ဣသရေလတို့၏ တုန့်ပြန်မှု ဖြစ်သည်(၅:၁၅)။ ဣသရေလူတို့သည် ဘုရားရှင်၏ အချစ်တော်ဖြစ်သည်။ အနီးကပ် ကြည့်ကြပ်ခံရသည့်သူများ ဖြစ်သည်။ သို့သော်အပြစ်ဝန်ခံခြင်းကိုအလျဉ်းမတွေ့ရ။ နောင်တရခြင်းကို အလေးအနက်ထားရကြသေး။ သာမန်ကာလျှံသဘောထားနေကြသည်။ ထို့ကြောင့် ဣသရေလတို့အား နောင်တရစေလိုသည့်အကြောင်း အသားပေးရေးသားထားသည်။ အခန်းဆုံးသည့်တိုင်အောင် စစ်မှန်သော နောင်တမရကြသေး။ တိုင်းသူပြည်သားများသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း၏...

  • ဟောရှေအနာဂတ္တိကျမ်း ၇

    (စျ) ဣသရေလတို့၏ အတွင်းသရုပ်သကန်ဆိုးညစ်ပုံ(အခန်း၇)           ၇:၁–၇ ဧဖရိမ်တို့သည် လိမ်လည်ကောက်ကျစ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်း၊ မုသာစကားဆိုခြင်း၊ အကျင့်ဆိုးယုတ်ခြင်း၊ သူတပါးအိမ်ရာ ပြစ်မှားဖောက်ပြန်ခြင်း ၊ မူးယစ်သောက်သုံးခြင်းအပြစ်များကြောင့် မရှုမလှ ပြိုလဲပျက်စီးမည်။ တော်ဝင်နန်းနွယ်များသည်လည်း အများသူငါနှင့်မခြား လောဘရမက် တောက်လောင်သူများ ဖြစ်သည်။           ၇:၈–၁၀ ဧဖရိမ်တို့သည် နိုင်ငံရပ်ခြားသူများနှင့် သွေးနှော အိမ်ထောင်ပြုကြသည်။ ရရှိသောဘုရားပေးအခွင့်အရေးထူးကို ညစ်ထေစေကြသည်။ အပြစ်တင်ခံရမည်ကိုမရှက်ကြောက်ကြ။...

  • ဟောရှေအနာဂတ္တိကျမ်း ၈

    (ည) ရုပ်တုကိုးကွယ်ခြင်းကြောင့် ကျူးကျော်တိုက်ခိုက်ခံရမည်ဟု သတိပေးခြင်း (အခန်း၈) ၈:၁-၃ အာရှုရိတို့သည် ရွှေလင်းယုန်သို့မဟုတ် လင်းတကဲ့သို့ ဣသရေလလူမျိုးတို့အား ထိုးနှက် တိုက်ခိုက်မည်။ ဣသရေလတို့သည် ဘုရားရှင်ပေးထားသော ပဋိညာဉ်တရားကို ဖောက်ဖျက်ကြသောကြောင်း ကြမ္မာငင်မည့်​နေ့ရက်ကာလ နီးကပ်လာပြီ။ သို့သော်ဘုရားသခင်ကို သိရှိပါသည်ဟု နှုတ်ဖျားမှ ဆိုတတ်ကြသည်။ ၈:၄–၆ ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံထူထောင်ခြင်း၌ ဘုရားသခင်၏ အစီအမံတော်မပါရှိပါ။ ရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းက ဘုရားသခင်ကိုအမျက်ဒေါသ...