Tag: ယောဘဝတ္ထု

  • ယောဘဝတ္ထု နိဒါန်း

    နိဒါန်း “ပထမဆုံးနှင့် ရှေးအကျဆုံး ကျမ်းစာ ဖြစ်သည်ဟု အငြင်းပွားနေသော ကျမ်းစာ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် လူဖြစ်လာရခြင်း ရှေးကုသိုလ်ကံကြမ္မာသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ လူ့ဘဝတွင် ကြေကွဲဝမ်းနည်းခြင်း၊ ပြန်လည်ဖြေဆည်ခြင်းများ ကြုံတွေ့ရမည်။ နူးညံ့သိမ်မွေ့ခြင်း၊ ကြီးမြတ်ခြင်းကို နွေညဉ့်လည်ယံသဖွယ် တွေ့မြင်နိုင်ကဲ့သို့ ပင်လယ်ပြာနှင့် ကြယ်တာရာများကိုလည်း အဝေးမှလှမ်းမြင်နိုင်သည်။ လူ့အတွေးအမြင်သည် သမ္မာကျမ်းစာထက် မကျယ်ပြန့်နိုင်။ သမ္မာကျမ်းစာအတိုင်း စာဖတ်ရှု...

  • ယောဘဝတ္ထု ၁

    ၁။နှုတ်ခွန်းဆက်စကား။ယောဘအားစုံစမ်းခြင်(အခန်း၁၊၂) (က)ဖြစ်စဉ် ၁    ။ဥဇပြည်(၁:၁-၅) ၁:၁-၃ ယောဘသည် ဥဇပြည်မှသူဌေးသူကြွယ်တစ်ဦးဖြစ်သည်။မြည် ၂၄:၂၁ အရ ဥဇပြည်သည် ပါလက်စတိုင်း အရှေ့တောင်ဘက် ဧဒုံဒေသတွင်ရှိသည်။၃ ဘုရားတရားကြည်ညိုကိုင်းရှိုင်း၍ သား (၇)ဦး၊ သမီး(၃)ဦး ထွန်းကားသူလည်းဖြစ်သည်။ အိမ်မွေးတိရစာ္ဆန်များအုပ်လိုက်သင်းလိုက်ပေါ်ကြွယ်ဝသည်။ သို့ကြောင့် အရှေ့တိုင်းပြည်တွင်အချမ်းသာဆုံးသူဖြစ်သည်။ ၁:၄-၅ သိမှတ်ဖွယ်ရာအရေးကြီးဆုံးအချက်မှာ ထိုခေတ်ကာလသည် ဖခင်များအုပ်စိုးသောခေတ်ဖြစ်သည်။ အိမ်ထောင်ဦးစီး ဖခင်သည် မိသားစုယဇ်ပုရောဟိတ်လည်းဖြစ်သည်။ သို့ကြောင့်ယောဘသည် သူ့သားများအတွက်...

  • ယောဘဝတ္ထု ၂

    (ယ)ဖြစ်စဉ် ၄။ ဘုရားသခင်ရှေ့တော်သို့နောက်တခေါက်(၂:၁-၆) ၂:၁-၆   ဘုရားသခင်ရှေ့တော်သို့ နောက်တစ်ခေါက်စာတန်ပေါ်ပေါက်လာသည်။ ဤအခေါက်တွင်စာတန်သည် သူ၏ယောဘစုံစမ်းခြင်းအား လက်မလျှော့သေး။ ရှေ့တိုး၍ဆန်းစစ်ချင်သည်။ ထို့ကြောင့်ဘုရားသခင်ထံတွင် ခွင့်တောင်းသည်။ ဘုရားသခင်ကလည်း ခွင့်ပြုသည်။ ယောဘ၏ခန္ဓာ ကိုယ်အားထိပါးခွင့်ပြုသော်လည် အသက်ဘေးအန္တရာယ်အထိပါးစေရ။ (င)ဖြစ်စဉ်၅။ ယောဘခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသောကာလနာရောဂါ(၂:၇-၁၃) ၂:၇-၁ဝ ယောဘ၏ခြေဖျားမှ ဦးခေါင်းထိပ်ထိ တကိုယ်လုံးအနာစိမ်းပေါက်သည်။ သူ့မိန်းမက “ဖြောင့်မတ်သောတရားကိုစွဲလမ်းသေးသလော” ဘုရားသခင်၏လက်တော်မှသုခချမ်းသာခံယူသကဲ့သို့ဒုက္ခဆင်းရဲကိုမခံယူရသလော့ ဟုဆုံးမသည်။ ထိုအကြောင်းနှင့်ပတ်သတ်၍ Harold St...