ဂလာတိသြဝါဒစာ ၆

: မင်္ဂလာတရားနှင့်ပြည့်စုံသော ကျမ်းချက်ဖြစ်သည်။ အပြစ်ကျူးလွန်နေသော ယုံကြည်သူကိုတွေ့ရှိပါက အခြားညီအစ်ကိုခရစ်ယာန်များက ဝိုင်းဝန်းမထူရမည့်အကြောင်းဖြစ်သည်။ ထိုမင်္ဂလာတရားသည် ပညတ်တရားနှင့် တခြားစီဖြစ်သည်။ ပညတ်တရားမှာမူ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်။ မကောင်းမှု တစုံတစ်ခုပြုလုပ်မည် ဆိုသည်မှာ ပြစ်မှုတစ်ခု ကျူးလွန်မည့်ကိန်းတွေ့နေလျှင် တားဆီးကူညီဖို့ဖြစ်သည်။ ထိုသို့ကူညီခြင်းသည် ဝိညာဉ်တော်နှင့်ပြည့်စုံသော ခရစ်ယာန် အသက်တာဖြစ်သည်။ ဇာတိခရစ်ယာန်သားမူကား သူတပါးအကျိုးလိုလားခြင်းကို မပြုတတ်။ မိမိနှင့်မသက်ဆိုင်သကဲ့သို့ ဖာသိဖာသာနေတတ်သည်။ သူတပါးအခက်အခဲကို လျစ်လျူရှုတတ်သည်။ ထိုဆင်းရဲဒုက္ခဘေးအန္တရာယ်မှ လွတ်မြောက် သောအခါမှ အခြားသူများကိုလည်း ကရုဏာ၊ စေတနာထားတော့မည်။

ဤကျမ်းပိုဒ်နှင့်ပတ်သက်၍ စိတ်ဝင်စားစရာမေးခွန်း ရှိလာနိုင်သည်။ အကယ်၍ ထိုသူသည် ဝိညာဉ်တော်ပြည့်ဝသူ ဖြစ်လျှင် ထိုသို့ဖြစ်နိုင်မည်လား။ ဝိညာဉ်လူများသည် ဘေးအန္တရာယ်ကို သိမြင်ကြသည်မဟုတ်ဘူးလား။ အကယ်၍ ထိုသူသည် အရှက်မကွဲနိုင်ဘူးလား။ ဝိညာဉ်တော်နှင့်ပြည့်စုံသူသည် ဘယ်သောအခါမှ အယောင်ဆောင်တတ်သူ၊ ထောင်လွှား တတ်သူမဟုတ်။ စိတ်သဘောထား ပျော့ပြောင်းသူဖြစ်သည်။ သိုးထိန်းက ခွန်အားသစ်ဖြည့်ပေးလိမ့်မည်။ ဝိညာဉ်ရေးရာ၌ မာနထောင်လွှားစရာမရှိ။ ယဉ်ကျေးသိမ်မွေ့ခြင်းသာ ရှိသည်။ သို့ကြောင့် ယဉ်ကျေးသိမ်မွေ့မှာ သေချာသည်။

: ဤကျမ်းပိုဒ်မှ ဝန်ချင်း ဆိုသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း၊ ဆုံးရှုံးမှု၊ စစ်ကြောစမ်းသပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း များကို ဆိုလိုသည်။ အဝေးမှနေ၍ ကဲ့ရဲ့ဝေဖန်ခြင်း၊ အပုပ်ချခြင်းမပြုဘဲ တတ်စွမ်းနိုင်သည့်နည်းလမ်းဖြင့် ပါဝင်ကူညီဖို့ ဖြစ်ပါသည်။

ခရစ်တော်က သူ့လူများအပေါ်တွင် ပြုမူဆက်ဆံသည့်ပုံကို ဓမ္မသစ်ကျမ်းတွင် အများအပြားတွေ့ရသည်။ ထိုကျင့်စဉ်သည် ခရစ်တော်၏ပညတ်ချက်ဖြစ်သည်။ ခပ်တိုတိုပြောရလျှင် ”သင့်ကို ပြုစေချင်သကဲ့သို့ အခြားသူများအား ပြုလော့” (ယော ၁၃:၃၄၊ ၁၅:၁၂) ကျမ်းချက်အတိုင်းဖြစ်သည်။ တစ်ဦးဝန်ထုပ်ကို တစ်ဦးကထမ်းကူခြင်းသည် မောရှေတရားနှင့်ယှဉ်လျှင် တသီးတခြားစီဖြစ်သည်။ မောရှေပညတ်တရားသည် အကြွင်းမဲ့နာခံခြင်းဖြစ်သည်။ မနာခံလျှင် အပြစ်စီရင်ခြင်းခံရသည်။ နာခံနိုင်ရန် ခွန်အားလည်းမပေး။ ခရစ်တော်၏တရားကမူ ချစ်ခြင်းမေတ္တာဖြင့် ဘဝတည်ဆောက် ခိုင်းသည်။ ခရစ်တော်၏တရားကို စွမ်းဆောင်နိုင်ရန် ချစ်ခြင်းမေတ္တာ လက်နက်ကိရိယာကိုလည်း တပ်ဆင်ပေးသည်။ ဝိညာဉ်တော်အားဖြင့် အားပေးသည်။

: လူသားအားလုံးသည် ဖုံမှုန့်ဖြင့်လုပ်ထားသော ဘဝတူဖြစ်သည်။ ညီအကိုတစ်ယောက် အပြစ်ထဲရောက်နေလျှင် မိမိကိုယ်တိုင် အပြစ်ထဲရောက်နေသကဲ့သို့ ခံစားနာကျင်ရသည်။ တခါတခါ အတွေးမှားကြသည်။ ညီအကိုတစ်ဦး၏ ဝန်ထုပ် အား မိမိထမ်းကူရမှန်း မေ့လျော့နေကြသည်။

: ဤကျမ်းပိုဒ်တွင် မိမိကိုယ်ကိုအမြဲစစ်ကြောဖို့ သတိပေးထားသည်။ အခြားသူများနှင့် ယှဉ်ပြိုင်ခိုင်းနှိုင်းခြင်း မပြုရ။ မိမိနှင့်မိမိကိုယ်သာ နှိုင်းယှဉ်ရသည်။ ယေရှုတရားပလ္လင်ရှေ့သို့ရောက်သောအခါ အခြားသူများနှင့်ယှဉ်၍ တရားစီရင်မည်မဟုတ်။ သို့ကြောင့် တပါးသူများ၏ ဆုံးရှုံးခြင်း၌ ဝမ်းသာရမည်မဟုတ်၊ မိမိပြုသောအမှု၌သာ ဝမ်းသာစရာ ရှာရမည်။

: အပိုဒ်ငယ်(၂)တွင် တစ်ဦး၏အခက်အခဲပြဿနာများကို မျှဝေခံစားဖို့ သွန်သင်ထားသည်။ ဤကျမ်းပိုဒ်တွင်မူ မိမိဝန်ထုပ်ကို အသီးသီးဆောင်ရွက်ကြမည်ဟု သွန်သင်ထားသည်။ မိမိတို့ဝန်ထုပ်အတိုင်း ခရစ်တော်ပလ္လင်ရှေ့သို့ ရောက်ရှိကြရမည်။

: ယုံကြည်သူများသည် သာသနာ့ဆရာသမားကို ထောက်ပံ့ဖို့ ဝတ္တရား ရှိကြသည်။  ကောင်းသောအရာရှိသမျှကို ဝေမျှစေဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်း၊ နဝကမ္မအလှူငွေ၊ ဆုတောင်းပေးခြင်း၊ အလိုတော်နှင့်အညီ အားပေးခြင်းများ ဖြစ်သည်။

: လူများကအမှတ်တမဲ့ပြုတတ်ကြသော်လည်း ဘုရားသခင်သည်သူ့လူများကို မေ့ရိုးထုံးစံမရှိ။ လူတိုင်း ကြဲသည့် အတိုင်း ပြန်ရိတ်ကြလိမ်မည်။ ကြဲသည့်အတိုင်းပြန်ရိတ်ရမည်ဆိုသည်မှာ တင်း(၃ဝ)ကြဲလျှင် တင်း(၃ဝ) ပြန်ရိတ်ရမည် ဟုမဆိုလို။ တင်း(၃ဝ)ကြဲခြင်းဖြင့် တင်း(၃ဝ)နှင့်တန်အောင် သီးပွင့်ကြသည့်အချိုးအစားအတိုင်း  ရိတ်ရမည်ဟု ဆိုခြင်း ဖြစ်သည်။ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ရိတ်သိမ်းကြမည်။ ထိုအကြောင်းကို Scofield က”•ဤနေရာတွင်  အပြစ်သားများ မိမိအပြစ်အတိုင်း ခံစားကြမည်ဟု ဆိုလိုခြင်းမဟုတ်။ သန့်ရှင်းသူများက ကြဲသည့်အတိုင်း ဆထက်တန်ဖိုး ပြန်လည်ခံစားကြမည့်အကြောင်း ဖြစ်သည်” ဟုဆိုသည်။

ယောဘ ၄:၈ တွင် ”မတရားသောလယ်ထွန်ခြင်းကိုပြုသောသူနှင့် အဓမ္မမျိုးစေ့ကိုကြဲသောသူသည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏”ဟု၎င်း(ဟော ၈း၇) တွင် ”မျိုးစေံကိုကြဲ၍ လေဗွေစပါးကို ရိတ်ကြလိမ့်မည်”ဟု၎င်း ကျမ်းစကား သက်သေ ရှိပါသည်။ သမိုင်းဆရာကြီး J.A.Froude က ”လူ့သမိုင်းမှာလည်း အထင်အရှားရှိပါသည်။ ကမ္ဘာကြီးကိုကောင်းစွာ ပြုသောသူသည် မင်္ဂလာဖြင့်ဘဝအဆုံးသတ်၍၊ ဆိုးယုတ်ညစ်နွမ်းသူသည် အင်္ဂလာဖြင့် နိဂုံးချုပ်သွားသည်”၂၈ ဟုဆိုပါသည်။

: ရိတ်သိမ်းခြင်းကို ပုံပမာပေးရှင်းပြပြီ။ ခရစ်ယာန်တို့၏ပေးကမ်းအလှူဒါနတွင်လည်း ထိုနိယာမအတိုင်း ဖြစ်သည်။ ဇာတိပကတိ၌ မျိုးကြဲခြင်းဆိုသည်မှာ မိမိငွေကြေးစည်းစိမ်များကို  မိမိအတွက်သာ သုံဖြုန်းခြင်းဖြစ်သည်။ ဝိညာဉ်ပကတိ၌ မျိုးကြဲခြင်းဆိုသည်မှာ သူအများကောင်းစားဖို့ ဘုရားသခင်အမှုတော်၌ ပါဝင်ခြင်းဖြစ်သည်။ ထိုမျိုးကြဲခြင်း နှစ်ခုသည် မျိုးကြဲခြင်း အတူတူပင်ဖြစ်သည်။ သို့သော် အဖြေရလာဒ်ကားမတူ။ ဇာတိသည် သေတတ်သော အမျိုးဖြစ်သောကြောင် ထိုဇာတိ၌ မျိုးကြဲသောသူသည် ပျက်စီးခြင်းကိုသာမြင်ရမည်။ ထာဝရ ပျောက်ဆုံးပျက်စီးခြင်း ရင်ဆိုင်ရသည်။ ဝိညာဉ်ပကတိ၌ မျိုးကြဲသူမူကားအဆုံးတွင် ထာဝရအသက် ရိတ်သိမ်းရသည်။ ထာဝရိအသက်ကို အဓိပ္ပါယ် နှစ်မျိုးကောက်ယူနိုင်သည်။ (၁) ယုံကြည်ခြင်းအသက်တာ (ယော ၃:၃၆)၊ (၂) ဤကမ္ဘာမြေပေါ်တွင် ယုံကြည်သူများ နောက်ဆုံးရရှိမည့် အသက် (ရော ၆:၂၂)၊ ဝိညာဉ်များမျိုးစေ့ကြဲခြင်း သည်ခရစ်ယာန်များနှင့်သာသက်ဆိုင်သည်။

ခရစ်ယာန်မဟုတ်သူများနှင့်မသက်ဆိုင်ပါ။ ကောင်းကင်အိမ်တော်သို့ ရောက်သောအခါ မိမိတို့လုပ်ဆောင်မည့်အတိုင်း ရှိကြမည့်ဆုလာဒ်ဆောင်များ ဖြစ်ပါသည်။

: ထိုဆုလာဒ်ဆောင်များသည် ယခုချက်ချင်းရရှိသည်မဟုတ်။ ကောင်းကင်နိုင်ငံ၌ ခံစားရမည် ဖြစ်သောကြောင့်  စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ဇွဲလုံ့လဝိရိယ ထက်သန်ကြဖို့ တိုက်တွန်း အားပေးထားသည်။ တရက်တည်းနှင့် မျိုးစေ့ကြဲ၍ ရိတ်သိမ်းရသည်မဟုတ်။ ယခုရေတွင်းတူး၍ ရေကြည်သောက်ရသည်မဟုတ်။ ထိုကဲ့သို့ပင် ဝိညာဉ်ရေးရာတွင်လည်း အချိန်အခါသင့်သောအခါ  ပြန်ရိတ်သိမ်းရပါမည်။

:၁ဝ ဂိုဏ်းဂဏခွဲခြားခြင်းမရှိ၊ လူတန်းစားမရွေး၊ ယုံကြည်သူအိမ်ထောင်မိသားစုတိုင်းသို့ ကျေးဇူးပြုပါသည်။  သန့်ရှင်းသူများအပေါ် ထားရှိသည့် ဂရုဏာသည် အကန့်အသတ်မရှိ၊ တိုက်တွန်းခြင်း ဖြစ်သည်။ အဘယ်မျှကောင်းအောင် လုပ်နိုင်သည်ကိုသာ ရည်မှန်းချက်ပန်းတိုင်ထားရသည်။ John Wesley က ”ကောင်းသောအမှုကို တတ်နိုင်သမျှ၊ နည်းလမ်းမျိုးစုံဖြင့် လူတိုင်းသို့ စဉ်ဆက်မပြတ် ပြုပါ” ဟု တိုက်တွန်း အားပေးထားသည်။

() နိဂုံးစကား (:၁၁၁၈)

          :၁၁ အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။ ပေါလုသည် ပေးစာရေးသောအခါ အကူတစ်ယောက်ရေးပေးလေ့ရှိသည်။ ဤစာစောင်ကိုမူ သူကိုယ်တိုင်ရေးသားခြင်း ဖြစ်သည်။ အဘယ်မျှလောက်ကြီးသောစာဆိုသည်မှာ အလေးအနက်ထား၍ ရေးသောစာ ဖြစ်သည်။ အတွေးအခေါ် မှားယွင်းနေသော ယုဒဝါဒီများ၊ မိစ္ဆာဆရာများကို တော်လှန်တိုက်ခိုက်သောစာ ဖြစ်သည်။ ပေါလုမျက်စိထဲတွင် ထိုသူများ သည် သနပါသည်။

:၁၂ ယုဒဝါဒီများသည် လူ့မျက်စိအမြင် ပသာဒကိုဘန်းပြ၍ နောက်လိုက်နောက်ပါ ခိုင်မြဲအောင် တည်ဆောက်ကြသည်။ အရေဖျားလှီးခြင်း အယူဝါဒကို တည်ဆောက်ကြသည်။ ရိုးရာထုံးတမ်း အစဉ်အလာများကို ဖက်တွယ်ခိုင်းကြသည်။ ယနေ့ခေတ်ကာလတွင်လည်း အသင်းတော်များတွင် ရိုးရာထုံးတမ်း အစဉ်အလာများဖြင့် စည်းရုံးဆွဲဆောင်သူများ ရှိသည်။ ပေါလုက ထိုသူများကို ”ခရစ်တော်၌လက်ဝါး ကပ်တိုင်အတွက် ကိုင်တိုင်ခံစားရမှာစိုးရိမ်သူများ ဖြစ်သည်”ဟု ဆိုသည်။ ကားတိုင်သည် ဇာတိကိုပြစ်ပယ်လျှက် ဘုရားသခင်၏စိတ်တော်ကိုရှာဖွေခြင်း သင်္ကေတလက္ခာဏာ ဖြစ်သည်။ ဇာတိအသွေးအသားကို သင်္ဂြိုဟ်သည့်အထိမ်းအမှတ် ဖြစ်သည်။ မကောင်းမှုဒုစရိုက်နှင့် ကင်းစင်သည့် သင်္ကေတဖြစ်သည်။ သို့ကြောင့်လောကသားများက မုန်းတီးသည်။ ထိုစကားကို ဟောပြောသူများအား ညှန်းပန်းနှိပ်စက်ကြသည်။

:၁၃ ။ ရိုးရာထုံးတမ်းစဉ်ဝါဒီ မူဝါဒသများများသည်လည်း အမှန်စင်စစ်ပညတ်တရားကို စောင့်ထိန်းချင်သူများ မဟုတ်။ အလွယ်လမ်းကို လိုက်ချင်သူများဖြစ်သည်။ ကြွားဝါချင်သူများ ဖြစ်သည်။ Boice ”ဒေဝါလီခံ၍ အခြားသူများ၏ ငွေကြေးကို အပိုင်စီးချင်သူများ ဖြစ်သည်။ အရေဖျားမလှီးဘဲလျက် ပညတ်တရားစောင့်ထိန်းသူများ ဖြစ်သည်” ဟုဆိုသည်။

:၁၄ ပေါလုမူကား ဇာတိအစဉ်အလာကို ဂုဏ်ယူဝင့်ကြွားသူမဟုတ်။ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်၌ ဂုဏ်ယူဝင့်ကြွားသူ ဖြစ်သည်။ လောကကြီးနှင့် ပေါလုသည် ထိုကားတိုင်တွင် သေလွန်ကြပြီ။ ပေါလုသည်လည်း လောကကြီး အတွက် အသေခံသည်။ ကယ်တင်ခြင်း ရရှိသူသည် လူ့လောကကို နှုတ်ဆက်သူ ဖြစ်သည်။ ထိုသူသည် လောကသာယာ မှုစည်းစိမ်များကို မမက်မောသောကြောင့် ဝေးဝေးမှာနေသည်။ သံယောဇဉ်အဆက် ဖြတ်သည်။  လူ့လောကက မဆွဲဆောင် မသိမ်းသွင်းနိုင်ပါ။ Findlay က ”ကယ်တင်ခြင်း ရရှိသူသည် လောကရေးရာကို အယုံအကြည်မရှိ၊ ဂုဏ်ယူစရာမမြင်၊ ခင်တွယ်စရာမတွေ့၊ ဘုရားသခင်၏ ဘုန်တန်ခိုးကိုသာ တန်ဖိုးထားမက်မောသည်”ဟု ဆိုသည်။ သို့ကြောင့် လက်ဝါးကပ်တိုင်သည် ဘုရားသားသမီးများနှင့် လောကသားသမီးများအကြား မဟာအတားအဆီး အုတ်တံတိုင်းကြီး ဖြစ်သည်။

:၁၅ ဤဩဝါဒစာစောင်တွင် ခရစ်ယာန်ယုံကြည်ခြင်းသည် သိထိုက်သည့် အရေးကြီးဆုံးအချက်ကို ဖော်ပြ ထားသည်။

အရေဖျားလှီးခြင်းသည် ရိုးရာအစဉ်အလာဖြစ်၍ အပြင်ပန်းလက္ခဏာမျှသာဖြစ်သည်။ ယုဒဆရာများသည် မြင်သာထင်သာရှိသည့် လူ့မြင်ကွင်းကိုသာ အသိအမှတ် ပြုတတ်ကြသည်။ အရေဖျားလှီးခြင်းသည် ယုဒထုံးတမ်း အစဉ် အလာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ပေါလုကမူ ခရစ်ယာန် ယုံကြည်ခြင်း၌ အရေဖျားလှီးခြင်းကို အသိအမှတ် မပြု။ အရေဖျား မလှီးလျှင်လည်း ဘာမှမဖြစ်။ ရိုးရာအစဉ်အလာကို မလိုက်နာလျှင်လည်း အမှုမထား။ အသင်းတော်လုပ်ငန်းနှင့် အရေဖျားလှီးခြင်း ဘာမှမဆိုင်။ တန်ဖိုးလည်းမရှိ။ အရေးမပါ၊ အရာမရောက်။

ယုံကြည်ခြင်း၌ အဓိကလိုအပ်သောအရာမှာ အသစ်သောသတ္တဝါဖြစ်သည်။ ဘဝသစ်၊ လူသစ်၊ စိတ်သစ်ကို လိုချင်သည်။ အသက်တာပြောင်းလဲခြင်းကို လိုချင်သည်။ Findlay က ”ခရစ်ယာန်ယုံကြည်ခြင်း ဆိုသည်မှာ အဆိုးမှ အကောင်း၊ အပြစ်၏ကျေးကျွန်ဘဝမှ ဘုရားသားဘဝသို့ ကူးပြောင်းခြင်း ဖြစ်သည်”ဟု ထောက်ပြသည်။ လူသားတိုင်းသည် နှစ်ခါဖန်ဆင်းခံသတ္တဝါများဖြစ်ရသည်။ လောကကြီးထဲသို့ မွေးဖွားလာစဉ်တွင် အပြစ်သား၊ အဖော်မဲ့၊ တရားစီရင်ရာ ဖြစ်ကြသည်။ မိမိအစွမ်းအစဖြင့် ကြိုးစားခြင်း၊ ဘုရားတရားကိုဖြည့်စွက်ခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်းများသည် ခရစ်ယာန်ယုံကြည်ခြင်း၌ အချည်းနှီးဖြစ်သည်။ အသစ်သောဖန်ဆင်းခြင်း ဆိုသည်မှာ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ကိုရှေးရှုဦးတည်၍ အပြစ်သားဘဝမှ ကယ်တင်ခြင်းရရှိသော ဘဝသစ်သို့ကူးပြောင်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပြုအမူ၊ အနေအထိုင်၊ အကျင့်အကြံမှစ၍ ခရစ်တော်နှင့်တူအောင် ဘဝသစ်ခံယူကြသည်။ အသစ်ဖန်ဆင်းခြင်းဆိုသည်မှာ ဘဝဟောင်းကို ပြုပြင်ဖာထေးခြင်းမဟုတ်၊ အသစ်စက်စက်ဖြစ်သည်။

:၁၆ ဤကျမ်းမှ နည်းဥပဒေသ ဆိုသည်မှာ အဘယ်နည်း။ အသစ်သောဖန်ဆင်းခြင်းကို ဆိုလိုသည်။ ထိုသူများသည် ငြိမ်သက်ခြင်းနှင့် ကရုဏာတော်နှစ်ဖြာသော ကောင်းကြီးမင်္ဂလာ ခံစားကြသူများ ဖြစ်သည်ဟုဆိုသည်။

ဣသရေလူ လူမျိုးအပေါ်၌ ဆိုသောစကားကို အသင်းတော်ဟု လူအများက အဓိပ္ပါယ်ကောက်ယူကြသည်။ မည်သို့ပင်ဖြစ်စေ သခင်ယေရှုကို မေရှိယအဖြစ်လက်ခံလာကြသော ယုဒလူမျိုးဟု နားလည်ရသည်။ ပညတ်တရားအောက်၌ လျှောက်လှမ်းနေသော ယုဒနွယ်ဖွားများနှင့်မဆိုင်။ အသစ်သော ဖန်ဆင်းခြင်း ခံသူများနှင့်သာ သက်ဆိုင်သည်။

:၁ရ ပေါလုသည်လည်း တခါကတဘဝတွင် ပညတ်တရား၏ကျွန်ဖြစ်ခဲ့သည်။ သို့သော် သခင်ယေရှု၏ ကယ်တင် ခြင်းဖြင့် လွတ်မြောက်ခဲ့သည်။ ယခုမူကား အလိုတော်ကျအစေခံဖို့ သခင်ဘုရား၏အစေခံဖြစ်နေသည်။ ကျွန်ဆိုသည်မှာ သခင်၏မူပိုင်ပစ္စည်း၊ တံဆိပ်ခတ်နှိပ်ခြင်းခံရသူဖြစ်သည်။ ပေါလု၏အသက်တာသည်လည်း ဘုရားသခင်က ပိုင်ဆိုင်သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် တံဆိပ်ခတ်နှိပ်ထားပါသည်။ ဘယ်မှာလဲ။ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကျောကုန်းနှင့် ခန္ဓာကိုယ်အနှံ့ရှိ အမာရွတ်များဖြစ်သည်။ ယခုမူ ပေါလုက ”ငါ့ကိုလှည့်ဖျားဖို့ မကြိုးစားနှင့်၊ အရေဖျားလှီးခြင်းအကြောင်း လာမပြောနှင့်။ ပညတ်တရားကို လာမညွှန်နှင့်။ ငါ့မှာပိုင်ရှင်ရှိသည်။ ငါ့ကို သခင်ယေရှုက ပိုင်ဆိုင်သည်”ဟုဆိုသည်။

:၁၈ တမန်တော်ကြီးကလောင်တံ ရပ်နားလိုက်သည်။ သို့သော် စကားဆက်ချင်သေးသည်။ မည်သည့်စကား များလဲ။ ကျေးဇူးတော်ဟူသော လက်သုံးစကားဖြစ်သည်။ ကျေးဇူးတော်သည် ပညတ်တရားမဟုတ်။ ပေါလု၏ ဩဝါဒစာ အဖွင့်နှင့်အပိတ် လက်သုံးစကားဖြစ်သည်။ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။  အာမင်။

 

ထုံးတမ်းစဉ်လာ

ဂလာတိဩဝါဒစာတွင် အသင်းတော်များ၌ ရိုးရာထုံးတမ်းစဉ်လာမူဝါဒ လွှမ်းမိုးခြင်းအန္တရာယ်ကို ပေါလုက လက်ညှိုးထိုးပြသည်။ သမိုင်းအစဉ်အလာနှင့် အတွေ့အကြုံများတွင်လည်း အထင်အရှားရှိခဲ့သည်။ ခရစ်ယာန်လောကတွင် ရိုးရာထုံးတမ်းစဉ်လာသည် အရေးကြီးသော အခန်းကဏ္ဍသဖွယ် ပေါ်ထွန်းလာသဖြင့် လူအများစုက အဟုတ်ထင်မှတ်ခဲ့ ကြသည်။

မှန်ပါသည်။ ယခုလောကတွင်လည်း ရိုးရာအစဉ်အလာမူဝါဒသမားများရှိနေကြဆဲ။ အသင်းတော်များတွင် အသင်းသားဝင်ခြင်း၊ နှစ်ခြင်းမင်္ဂလာခံယူခြင်းများကို ကယ်တင်ခြင်းအတွက် လိုအပ်ချက်သဖွယ် သိမှတ်ကြသည်။ ထိုကိစ္စ သည် ယုံကြည်သူ၏ အသက်တာနှင့်သာသက်ဆိုင်ပါသည်။ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရသလား၊ အကျင့်အကြံအားဖြင့် ကယ်တင်ခြင်း ရနိုင်ပါသလား ခွဲခြားတတ်ဖို့ လိုပါသည်။ သို့သော်လည်း ယုဒဝါဒီသမားများသည် အသင်းတော်တွင် ယဇ်ပုရောဟိတ်ခန့်ထားခြင်း၊ လက်တင်ဆရာ ခန့်အပ်ခြင်း၊ ဝတ်လုံကြီးများဆင်မြန်းခြင်း၊ ဗိမ္မာန်တော်နောက်ပိုင်းတွင် ကျက်သရေဆောင် ထားရှိခြင်း၊ အသင်းတော်ပြက္ခဒိန်ထားရှိခြင်းများ ပြုလုပ်ကြသည်။ ဝါတွင်းကာလ ဥပုသ်စောင့်ကြသည်။ မည်သို့နားလည်ရမည်နည်း။

ကယ်တင်ခြင်း ရရှိသည်ဟုဆိုပါလျှက်နှင့် ဂလာတိယုံကြည်သူများကို အဘယ့်ကြောင့် ဥပုသ်နေ့ စောင့်ထိန်းခိုင်းကြသနည်း။ ခေတ်သစ် ယုဒဝါဒီသမားများကို ဘုရားတရား ကြည်ညိုကြောင်း လူမြင်ကောင်းအောင် လူမြင်ကွင်းမှာ၊ လမ်းမပေါ် မှာ ယုံကြည်မှုကို ပြသချင်ကြသည်။ ထို့ကြောင့် ယုံကြည်သူတိုင်းသည် တရားဟောဆရာနှင့် သူ၏သွန်သင်ချက်များကို ဂရုစိုက်ရသည်။

ဥပုသ်နေ့အကြောင်း ပရောဖက်များသည် ခရစ်တော်ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြသည့် သတင်းကောင်းဖြင့် အစပျိုးဟောကြားကြပါသည်။ ဧဝံဂေလိတေးသီချင်းကို လိုလားစွာ ရင့်ကျူးကြသည်။ သို့သော်မကြာခင်မှာ တပည့်သားမြေး နောက်လိုက်နောက်ပါများကို မောရှေ၏ ပညတ်တော်ထဲသို့ တွန်းပို့ကြသည်။ (ဥပုသ်နေ့ဆိုသည်မှာ စနေနေ့ သို့မဟုတ် တနင်္ဂနွေနေ့ကို ဆိုလိုသည်)

အဘယ်ကြောင့် ထိုသို့ ပြုဝံ့ကြသနည်းဟု ပေါလုက ထောက်ပြထားသည်။ ဂလာတိသားများသို့ အဘယ်ကြောင့် တမင်သက်သက် ထိုသို့တွန်းပို့သနည်း။ အဖြေမှာ အကျင့်တရားပညတ်ချက်နှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဝိနည်းအသား ပေးခြင်းဖြစ်သည်။ အကျင့်တရား ပညတ်ချက်ဆိုသည်မှာ ပညတ်တော်ဆယ်ပါးကိုဆိုလိုသည်။ ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာနည်းဆိုသည်မှာ အစားအသောက်ရှောင်ကြဉ်ခြင်း၊ ကုဋိနူနာရောဂါသည်၊ ဆွမ်းတော်အစရှိသည်များအပေါ်တွင် ခံယူထားရှိသည့် သဘောထားဖြစ်သည်။

အကျင့်တရားပညတ်ချက်သည် ဘယ်သောအခါမှ ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းမရှိပါ။ ဘုရားသခင်၏ ထာဝရ သစ္စာစကား ဖြစ်သည်။ ရုပ်တုကိုးကွယ်ခြင်း၊ လူသတ်ခြင်း၊ ကိလေသာပြစ်မှားခြင်းများသည် အကျင့်တရား ပညတ်ချက်နှင့် အမြဲဆန့်ကျင်သည်။ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဝိနည်းများသည် ကာလကြာသည်နှင့်အမျှ ရွေ့လျားပြောင်းလဲလာပါသည်။ ပေါလုက ခရစ်ယာန်များသည် ပညတ်တရား၌ သေခြင်းဆိုသည်မှာ ပညတ်တော်ဆယ်ပါး သေသည်ဟုဆိုလိုခြင်းမဟုတ်။ ထိုဝတ်ပြုကိုးကွယ်ခြင်း  ဝိထုံးများ ဦးစားပေးသည့်အကြောင်း ဆိုလိုခြင်းဖြစ်သည်။

အကျင့်တရားသည် အသက်ဝင်နေသောကြောင့် ခရစ်ယာန်အသက်တာတွင် စောင့်ထိန်းလိုက်နာရသည်။ ဆိုလိုသည်မှာ ဥပုသ်နေ့ကို စင်ကြယ်စွာ စောင့်ထိန်းရသည်။ ကိုယ်ကျိုးအတ္တအတွက် အလွဲသုံးစားမပြုရ၊ ပြောစရာတစ်ခုရှိသည်မှာ စနေနေ့မှ တနင်္ဂနွေနေ့သို့ ဥပုသ်ရက်ပြောင်းရွှေ့သည့်အကြောင်းသာရှိသည်။

ထိုသို့ ရက်ပြောင်းခြင်းသည်လည်း ယုတ္တာရှိသည်။ အကျိုးအကြောင်း ခိုင်လုံပါသည်။ ထိုသို့ ပြောင်းလဲခြင်း သည်လည်း နှုတ်ကပတ်တော်နှင့် ဖီလာဆန့်ကျင်စရာအကြောင်းမရှိပါ။ အောက်ပါကျမ်းပိုဒ်များကို လေ့လာကြည့်ရအောင်။

၁။        ၂ကော ၃:၇-၁၁ တွင် ခရစ်တော်ကို ယုံကြည်လျှင် ပညတ်တော် ဆယ်ပါးသည် ပြည့်စုံသွားပြီဟု အတိအလင်းဆိုထားသည်။ ငယ် ၇ တွင် ပညတ်တရားသည် အသေဖြစ်သည်။ ”ကျောက်တုံးပေါ်တွင် ရေးသားခြင်းဖြစ်၍                  သင်္ဂြိုဟ်ခြင်း ခံရပြီ”ဟု ဆိုသည်။ ဤကျမ်းစကားသည် ကျင့်ဝတ်တရားသာ ဆိုလိုသည်။ ဝတ်ပြုကိုးကွယ်ခြင်းတရား  မပါရှိပါ။ ပညတ်တော် ဆယ်ပါးသာလျှင် ဘုရားသခင်၏ လက်ချောင်းဖြင့် ကျောက်ပြားပေါ်တွင် ရေးသားခြင်း ဖြစ်သည် (ထွ ၃၁:၁၈)။ ငယ် ၁၁ တွင် သေခြင်းအမှုအရာဟု ဆိုထားသည်။ ပြည့်စုံသွားပြီဟုဆိုသည်။ သို့ကြောင့်  ခရစ်ယာန်အယူအဆတွင် ဥပုသ်နေ့သည် စာရင်းရှင်းလင်းခြင်း မရှိ။

၂။         ယုဒများသည် ဥပုသ်နေ့ စောင့်ထိန်းခဲ့ကြသည်။ ထိုပညတ်တရားသည် ယုဒများအတွက်သာ ဖြစ်သည် (ထွ ၃၁:၁၃)။ သို့သော် သတ္တမမြောက်နေ့တွင် ဘုရားသခင်အနားယူသော်လည်း ထိုသို့ပြုကျင့်ရန် ဣသရေလ လူမျိုးအား တစုံတရား ပြဋ္ဌာန်းခြင်းမရှိ။

၃။        ပုပ်ရဟန်းတစုံတစ်ဦး၏ အမိန့်ကြောင့် ဥပုသ်နေ့ကို ရက်သတ္တပတ်ပထမနေ့သို့ ပြောင်းလဲခြင်းမဟုတ်။ သခင်ဘုရား ၏နေ့ကို အထူးတလည် သိမှတ်ခြင်း ဖြစ်သည်။ ထိုနေ့ရက်သည် ခရစ်တော်ဘုရား ရွေးနှုတ်ခြင်း အမှုတော် ပြီးဆုံး သွား၍ ရှင်ပြန်ထမြောက်ရာနေ့ အောင်ပွဲခံရာနေ့ဖြစ်သည် (ယော ၂၀:၁)။ ကနဦး တပည့်တော်များသည်လည်း ထိုနေ့တွင် စုဝေးမုန့်ဖဲ့ကြသည် (တ ၂ဝး၇)။ သခင်ဘုရားသို့ လှူဒါန်းကြရန် သတ်မှတ်ထားသည့်နေ့ရက်ဖြစ်သည် (၁ ကော ၁၆:၁၊၂)။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ရာနေ့ရက်ဖြစ်သည်။

ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏နေ့ရက်သည် စင်ကြယ်ရာနေ့ သို့မဟုတ် အပြစ်ဒဏ်ပေးမည့်နေ့ ဟု ခံယူစရာ မဟုတ်ပါ။

၄။        ပေါလုသည် ကိုယ်ကျင့်တရားနှင့် ဝတ်ပြုကိုးကွယ်ခြင်းတရားများကို အထူးတလည် ဇီဇာကြောင်ခြင်း မလုပ်ပါ။ ပညတ်တရားသည် သူ့အကြောင်းနှင့်သူရှိသည်။ ကျိန်ခြင်း အမင်္ဂလာနှင့်ပြည့်စုံသည်။ ပညတ်တရားစောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်စင်ကြယ်ခြင်း ရှာကြံသူဟူသမျှသည် မအောင်မြင်ကြ။

၅။        ပညတ်တော်ဆယ်ပါးမှ အချက်ကိုးပါးကို ဓမ္မသစ်ကျမ်းတွင် ပြန်လည်ဖွင့်ဖောက်ထားသည်။ အမွေဆက်ခံယူကြသည်။ ဥပုသ်နေ့နှင့်ဆိုင်သော ပညတ်တရားတစ်ခုတည်းကိုမူ ချန်လှပ်ထားသည်။ ထို ဥပုသ်နေ့စောင့်ထိန်းခြင်းကို အမှားအမှန် ထပ်မံဝေဖန်ခြင်းမရှိ။ ဥပုသ်နေ့စောင့်ထိန်းရပုံ သွန်သင်ချက်မတွေ့။ ဥပုသ်နေ့နှင့်ပတ်သက်၍ စည်းကမ်းမပြုကြနှင့် (ကော ၂:၁၆) ဟုသာ တစ်ခုတည်းပြဋ္ဌာန်းထားသည်။

၆။        ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း၏အပြစ်သည် ဓမ္မဟောင်းကျမ်းတွင် သေဒဏ်ဖြစ်သည် (ထွ ၃၅:၂)။ ယနေ့ကာလ ဥပုသ်စောင့်ထိန်းခြင်းသည် ထိုအပြစ်ဒဏ်နှင့်မသက်ဆိုင်တော့ပါ။ ပညတ်တော်မလေးစားခြင်း၊ ချိုးဖောက် ဖျက်ဆီးခြင်းသည် အားနည်းခြင်း အကျိုးဆက်အဖြစ် ကိုယ်တွေ့မြည်းစမ်းရမည်။ အချို့က ”ဤစကားသည် ဘုရားသခင်၏ ပညတ်တရားဖြစ်သောကြောင့် စောင့်ထိန်းရမည်။ သို့သော် မစောင့်ထိန်းလျှင်လည်း ဘာမှမဖြစ်”ဟု ပြောဝံ့ကြသည်။

၇။        ယုံကြည်သူများ၏ ဘဝအသက်တာဖြစ်သည်။ ပညတ်တရားမဟုတ်၊ ခရစ်တော်ဖြစ်သည်။ ခရစ်တော်နှင့်အတူ လျှောက်လှမ်းရသည်။ ထိုတရားသည် ပညတ်တရားထက် မြင့်မြတ်သည် (မ ၅:၁၇-၄၈)။ ထိုသို့လျှောက်လှမ်းနိုင်ရန်             သန့်ရှင်းသောဝိညာဉ်တော်က အစွမ်းတန်ခိုးပံ့ပိုးထားသည်။ ခရစ်တော်ကိုချစ်လျှင် ဖြူစင်သောအသက်တာရှိရသည်။ ဖြောင့်မတ်စင်ကြယ်သော အသက်တာရှိဖို့၊ ပညတ်တရားစောင့်ထိန်းဖို့ မလိုအပ်ပါ။ ဝိညာဉ်တော်ပါရှိလျှင် လုံလောက်သည် (ရော ၈း၄)

သို့ကြောင့် ယုံကြည်သူများ ဥပုသ်နေ့ စောင့်ထိန်းရမည်ဟူသော သွန်သင်ချက်သည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်သည် (ကော ၂:၁၆)။ ထို့အပြင် အခြားသော သတင်းစကားဖြစ်သောကြောင့် ကျိန်ခြင်းအမင်္ဂလာဖြစ်သည် (ဂလာ ၁:၇၊၉)။

ထိုထုံးတမ်းစဉ်လာစောင့်ထိန်းရမည့် အသိတရားသည် စာတန်ထံမှ လာသော ဉာဏ်ပညာဖြစ်ပုံရသည်။ လူ့အစွမ်း အစဖြင့်သော်၎င်း၊ ရိုးရာထုံးတမ်းစဉ်လာဖြင့်သော်၎င်း၊ ဖြောင့်မတ်စင်ကြယ်ခြင်း ရှာရိုးထုံးစံမရှိ။ လိုအပ်သောအရာခပ်သိမ်းကို သခင်ခရစ်တော်အား မှီခိုအားထားခြင်းဖြင့် ရရှိနိုင်ပါသည်။ ထုံးတမ်းစဉ်လာသည် ဘုရားသခင်အား ရန်တွေ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကောင်အထည် အမှန်တရားရှိပါလျှက်နှင့် အရိပ်သို့ပြန်သွားခြင်း ဖြစ်သည်။ ခရစ်တော်အစား ရိုးရာအစဉ်အလာကို ဦးစားပေးခြင်းဖြစ်သည်။

မှတ်စု

(၁:၈-၉) John Stoot, Only One Way: The Message of Galatians, pp.27-28.

(၁:၁၈-၂၀) အရေးပါသော ကျမ်းများ၌ကေဖ Cephas ဟုရေးသည်။ ပေတရု၏ အာရမိတ်ဘာသာ အမည်ဖြစ်သည်။

(၂:၂၃) E.F.Kevan, The Keswick Week 1955, p.29.

(၂:၃) အရေဖျား လှီးခြင်းဆိုသည်မှာ ယောက်ျားများ၌ ခွဲစိပ်ဖြတ်တောက်ခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် အာဗြဟံအကြား သားစဉ်မြေးဆက် ပြုထားသော ကတိပဋိညာဉ်၏ အမှတ် လက္ခဏာဖြစ်သည်။ အရေဖျားလှီးခြင်းခြင်းဖြင့် သူတို့သည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်လာပြီး ထာဝရဘုရားသည်လည်း သူတို့၏ ဘုရားဖြစ်လာစေသည် (က ၁၇:၁-၁၁)။ ထင်ရှားသော ကိုယ်အင်္ဂါအမှတ်အသားဖြစ်ရုံမျှမက ဝိညာဉ်ရေးရာ သင်္ကေတလည်းဖြစ်သည်။ အာဗြဟံသည် ယုံကြည်ခြင်းလက္ခဏာအဖြစ် အရေဖျားလှီးခြင်းကို ခံယူသည် (ရော ၄:၁)။ ဝိညာဉ်ရေးရာ အဓိပ္ပါယ်ကို ယုဒတို့က မေ့လျော့သွားကြပြီး၊ ရိုးရာဓလေ့ပွဲအဖြစ်သာ သိမှတ်ကြသည်။ သို့ဖြင့် ဘုရားအလေးထားသည့် အမှတ်လက္ခဏာသည် ထုံးတမ်းစဉ်လာအဖြစ် ကျဆင်းတန်ဖိုးမဲ့သွားသည်။

ဓမ္မသစ်ကျမ်းတွင်မူကား အရေဖျားလှီးရန် ပညတ်ခြင်းမရှိတော့ဘဲ၊ ယုဒလူဖြစ်စေ၊ တပါးလူဖြစ်စေ၊ ကျေးဇူးတော်အားဖြင့် ညီတူညီမျှ ဆက်ဆံခြင်းခံရသည်။ ကနဦးယုံကြည်သူများတွင် အချို့ယုဒလူအချို့က ကယ်တင်ခြင်း ပြည့်စုံရန် အရေဖျားလှီးခြင်း လိုအပ်သည်ဟု ခံယူလျက် တစ်သီးတခြားနေကြသည် (ဂလ၊၂:၁၂)။

(၂:၃) ထိုယေရုရှလင်အသင်းတော် စည်းဝေးခြင်းအကြောင်းကို တ ၁၅တွင် မှတ်တမ်းတင်ထားသည်။ ဂရုတစိုက် ဖတ်ရှုလေ့လာကြည့်ပါ။

(၂:၁၁) မှတ်စု(၂)ကိုကြည့်ပါ။

(၂:၁၃) အဖြတ်အတောက် ကိုးကားချက်နှင့် စကားညှပ်များမှာ တည်းဖြတ်သူတို့၏ လက်ရာဖြစ်၏ အငယ် ၁၅-၂၁တွင် ပေါလုက ပေတရုသို့ ရှင်းပြချက်များအဖြစ် တွေ့နိုင်သည်။

(၂:၂၁) W.M.Clow, The Cross in the Christian Experience, p.114.

(၃:၁) ဂရိစကားစတွင် ဧကဝုစ်(အနည်းပြကိန်း)နှင့် ဗဟုဝုစ် သုံးသော်လည်း အဓိပ္ပါယ်မလွဲပါ။

၁၀(၃:၅) ရှေးအကျဆုံး mss ကျမ်းမူများတွင် စာလုံးကြီး HE ဖြင့် ရေးခဲ့ပြီး နောက်ပိုင်းကျမှ ‘He’ ဟု တည်းဖြတ်သူက ပြင်ရေးသည်။

၁၁(၃:၁၃) J.Cynddylan Jones, Studies in the Gospel According to St:John, p.113.

၁၂(၃:၂၀) ယေရှုခရစ်တော်အား ပဋိညာဉ်သစ်၏ ကြားခံစေ့စပ်သူ Mediator ဟု ပြောဆိုခြင်း (ဟေဗြဲ ၉:၁၅)နှင့် ပတ်သက်၍ ငြင်းခုန်မှုရှိသည်။ ကြားခံစေ့စပ်ပေးသူ Mediator ဟူသော စကားလုံးကို သမ္မာကျမ်း နှစ်နေရာတွင် အဓိပ္ပါယ် တစ်မျိုးစီဖြင့် သုံးနှုန်းထားသည်။ မောရှေသည် ဘုရားသခင်ထံမှ ပညတ်ဥပဒေကို ခံယူလျက် ထိုပညတ်များကို ဣသရေလလူတို့ထံ ဟောကြား ဝေငှခြင်းဖြင့် “အောင်သွယ်တော်/ကြားခံလူ” ဖြစ်လာသည်။ ဣသရေလလူတို့၏ ကိုယ်စားလှယ်ကြီးလည်း ဖြစ်ပေသည်။ ခရစ်တော်မူကား သာ၍ ကြီးမြတ်သော “ပဋိညာဉ်သစ်ဆိုင်ရာ ကြားခံစေ့စပ်ကျေအေးစေသူ” ဖြစ်သည်။ အသေခံခြင်းဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ရာသို့ ရောက်စေမည့် ပဋိညာဉ်တရားသစ်၏ ကောင်းကြီးမင်္ဂလာကို လူတို့ထံ ဝေငှဖြန့်ဖြူးပေးသူ ဖြစ်သည်။ ပဋိညာဉ်သစ်ကို အသွေးတော်ဖြင့် တံဆိပ်ခပ်နှိပ်ခဲ့သည်။ မိမိကိုယ်တော်တိုင်အား ရွေးနှုတ်ဖိုးအဖြစ် ပေးအပ်ခဲ့၏ (၁တိ ၂:၆)။ သခင်ယေရှုခရစ်တော်သည် ကောင်းကြီးမင်္ဂလာ တံဆိပ်ကို ခတ်နှိပ်သည်သာမက၊ ကတိတော်နှင့် ဆိုင်သော ယုံကြည်သူအားလုံးကိုလည်း လောကမှ ကျောခိုင်းလျက် အထံတော်သို့ စုဝေးစေ၏။ အမြင့်ဆုံးသော် ယဇ်ပုရောဟိတ်မင်းကြီးနှင့် အကျိုးတော်ဆောင် ရှေ့နေကြီးလည်း ဖြစ်သည်။ သို့အားဖြင့် ဘုရားသခင်နှင့် သူ့လူများအကြား စေ့စပ်ကျေအေးစေသူ ဖြစ်သည်။

၁၃(၃:၂၄) “အထိန်း” ဂရိဝေါဟာရ Paidagõgos မှာ အင်္ဂလိပ်၌ Pedagogy ဖြစ်သည်။ မြန်မာပေါရာဏ “အကြီးတော်” နှင့်တူသည်။ (မင်းညီမင်းသား)ကလေးငယ်များအား အတတ်ပညာသင်ကြားပေးရေးတွင် ကြီးကြပ်ထိန်းကျောင်းရသည်။ တစ်ခါတရံ ကိုယ်တိုင်လည်း ဥပဇ္ဈယ်ဆရာအဖြစ် သွန်သင်ပေးရသည်။

၁၄(၄:၇) အရေးပါသောကျမ်းမူများ၌ “ဘုရားသခင်အားဖြင့် အမွေခံ” ဟု ဖော်ပြသည်။

၁၅(၄:၈) Norman B.Harrison, His Side Versus Our Slide, p.71.

၁၆(၄:၁၃) ပေါလု၏ “ကျမ်းမာရေး” ကို အမျိုးမျိုးထင်ကြေးပေးကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်လေ့ရှိသော မျက်စီရောဂါဖြစ်နိုင်သည်။ ငှက်ဖျား ခေါင်းတစ်ခြမ်းကိုက် ဦးယဉ်းနာ၊ သူငယ်နာ၊ ဝက်ရူးပြန် အစရှိသဖြင့်လည်း မှန်းဆကြသည်။

၁၇(၄:၁၇) Scott; Galatians, p.116.

၁၈(၅:၁) C.H.Mackintosh, Genesis to Deuteronomy, အသေးစိတ်အချက်အလက်မရပါ။

၁၉(၅:၂) Jack Hunter, What the Bible Teaches Galatians: Philemon, p.78.

၂၀(၅:၄) C.F.Hogg and W.E.Vine, Epistle of Paul the Apostle to the Galatians, p.241.

၂၁(၅:၁၃) Authur T.Pierson, အသေးစိတ်အချက်အလက်များ ရှာမရပါ။

၂၂(၅:၁၆) C.I.Scofield, အသေးစိတ်အချက်အလက်များ ရှာမရပါ။

၂၃(၅:၁၉-၂၀) NUကျမ်းတွင် သူ့မယားပြစ်မှားခြင်း မပါရှိပါ။ Porneia (fornication)ဟူသော ဂရိစကားလုံးကို မတရားမေထုန်အမှုဟု ဘာသာပြန်ကြသည်။ ထိုဇယားထဲ သူ့မယားပြစ်မှားခြင်းကိုလည်း ရေတွက်ပုံရသည်။ မည်သို့ဆိုစေ ပေါ်လွင်ထင်ရှားစေလိုသောကြောင့် သီးသန့်ဖော်ပြခြင်းဖြစ်သည်။

၂၄(၅:၁၉-၂၁) NU ကျမ်းတွင် လူ့အသက်သတ်ခြင်းမပါရှိပါ။ သူတပါးအပေါ် မနာလိုမုန်းတီးခြင်းတွင် ပါဝင်သည်ဟု ယူဆပုံရသည်။

၂၅(၅:၁၉-၂၁) ၁ကော ၆:၉ကို ဖတ်ရှုပါ။

၂၆(၅:၂၂-၂၃) James A.Steward က Samuel Chadwick ၏ Pastures of Tender Grass, p.253. ကို ထုတ်နုတ်ကိုးကားခြင်း ဖြစ်သည်။

၂၇(၅:၂၄) aorist (estauròsan) ကို အင်္ဂလိပ်သဒ္ဒါသို့ ပြန်ဆိုရာတွင် present perfect အဖြစ်သုံးသည်။ aorist စကားလုံးသည် ပြီးစီးခြင်းကို ပြသသော်လည်း အမြဲတမ်းပြီးစီးခြင်းမဟုတ်။

၂၈(၆:၇) J.A.Froude, အသေးစိတ်အချက်အလက်ကို ရှာမရပါ။

Next Article