တရားဟောရာကျမ်း ၁၀

အခန်းကြီး ၁၀:၁ သည်သိနာတောင်ပေါ် အဖြစ်အပျက်ကို ပြန်လည်စားမြုံ့ပြန်ခြင်းဖြစ်၍ ၉:၂၉မှ ပြန်ကောက်ရမည်။ သမ္မာကျမ်းစာသည် ရာဇဝင်သမိုင်းကဲ့သို့ သက္ကရာဇ်အကြောင်းအရာ ဖြစ်စဉ်အလိုက် ရေးမှတ်ခြင်းမဟုတ်။ ဝိညာဉ်တော်ဖော်ပြသည့်အတိုင်း အချက်အလက်သင်ခန်းစာပေါ်မူတည်၍ ရေးသားခြင်း ဖြစ်သည်။ “အခန်းများခွဲခြားခြင်း” သတိထားဖတ်ရှုရမည်။ ဥပမာအားဖြင့် အပိုဒ်ငယ် ၁၁ သည် လွန်ခဲ့သော အခန်းကျော်မှ သိနာတောင်အကြောင်းသို့ ပြန်ရောက်သည်။ အခန်းငယ် ၁၂မှ စ၍နောက်ပိုင်းသည် ဘုရားသခင်၏ စကားတော်နာခံဖို့ တဖန်တိုက်တွန်းပြန်သည်။

၁၀: ဒုတိယအကြိမ်  ပညတ်တော် ထပ်ပေးကြောင်း မော်ကွန်းမှတ်တမ်းတင်ထားသည်။ ကျောက်ပြားနှစ်ပြားကိုလည်း ပဋိညာဉ်သေတ္တာတွင် သိမ်းခိုင်းထားသည်။ အပိုဒ်ငယ်(၃)သည် မောရှေက သူ့အတွက် ကျောက်ပြားလုပ်သည်ဟု မဆိုလို။ မိန့်မှာသည့်အတိုင်း လုပ်ဆောင်သည့်အကြောင်း ဆိုလိုပါသည်။

၁၀: အပိုဒ်ငယ် ၆-၇ သည် အခြားအကြောင်းအရာဖြစ်သွားကြောင်း စကားညှပ်ဖြစ်ဟန်တူသည်။ ဤအဖြစ်အပျက်သည် နောက်နောင်တွင်သီးသန့်ဖြစ်ပျက်ခြင်း ဖြစ်သည်ဟု NKJV ကျမ်းမူတွင်တွေ့ရသည်။ သို့သော် အာရုန်သေမည့်အကြောင်း ဖြစ်သည်ဟု ဆိုကြသည်။ (NKJV ကျမ်းမူ အပိုဒ်ငယ်၆-၉အား ဖတ်ရှုရ လွယ်ကူအောင် စကားညှပ်အဖြစ် ဖော်ပြထားသည်)။ မောသရုတ်အရပ်သည် အာရုန် အနိစ္စရောက်ရာ ဟောရတောင် ရှိရာ နေရာဒေသဖြစ်သည်။ (တော၂၀:၂၅-၂၈)။ နေရာအတိအကျကိုမူ ယနေ့ထက်တိုင် မသိရှိနိုင်။ အာရုန်အနိစ္စရောက်သောကြောင့် မောရှေက လေဝိအမျိုးအား ယဇ်ပုရောဟိတ်အမှုအရာ ခန့်အပ်ဖို့ စိတ်ကူးပေါ်၍ ဘုရားသခင်ထံ နာခံမှုရယူခြင်းဖြစ်ကောင်းဖြစ်နိုင်သည် (ငယ်၈၊၉)။ အပိုဒ်ငယ် ၈ပါ ယဇ်ပုရောဟိတ် အရိုက်အရာနှင့် ပတ်သက်၍ ထည့်တွက်စဉ်းစားစရာ (၃)ချက်ရှိသည်။ (၁)ပဋိညာဉ်သေတ္တာတော် သယ်ဆောင်ဖို့၊ (၂)ဘုရားသခင်ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် မတ်တပ်ရပ်ဖို့၊ (၃)နာမတော်၌ ကောင်းကြီးပေးဖို့ ဖြစ်သည်။ ခါနာန်ပြည်သို့ ဝင်ရောက်သောအခါ ယဇ်ပုရောဟိတ်အမှုအရာသည် အရေးတကြီးလိုအပ်လာသည်။

၁၀:၁၀၁၁ သိနာတောင်ပေါ်တွင် ရက်ပေါင်းညပေါင်း(၄၀)နေခဲ့ရသည့်အကြောင်းကို မောရှေက ပြန်လည်သတိပေးသည်။ ထိုစဉ်ကာလသည် ဣသရေလလူများကိုယ်စား ဘုရားသခင်ခစားခြင်းဖြစ်သည်။ ဘုရားရှင်က မောရှေတောင်းလျှောက်ချက်များကို နားညောင်းတော်မူ၍ ဖြောင့်မတ်စွာ စီရင်တော်မူသည့်အတိုင်း ကတိတော်မြေကို စိုးပိုင်ကြရမည်။

          ၁၀:၁၂၂၂ ယေဟောဝါဘုရားသခင်က သူ့လူများအား ဖြစ်စေချင်သည်မှာ ချစ်ကြောက်ခြင်းဘုရားရှင်နှင့်အတူလျှောက်လှမ်းခြင်းချစ်ခြင်းမေတ္တာရှိခြင်းအမှုတော်ပြုခြင်းပညတ်တော် ထိန်းသိမ်းခြင်း(ငယ် ၁၂-၁၃)ဖြစ်သည်။ ဘုရားသခင်ပြဌာန်းတော်မူသမျှသည် ဣသရေလတို့ကောင်းစားဖို့ ဖြစ်သည် (ငယ်၁၃)။ ဘုရားသခင်သည် ကြီးမြတ်တော်မူသော ဘုရားဖြစ်သောကြောင့် သူ့လူများအား နာခံခြင်း ရှိစေချင်သည်(ငယ်၁၄)။ ဘုရားရှင်တစ်ချက်လွှတ်အမိန့်အာဏာဖြင့် ဣသရေလလူမျိုးအား ရွေးချယ်ခြင်း ဖြစ်သည်(ငယ်၁၅)။ ဘုရားရှင်၏ ဖြောင့်မတ်နှင့်တရားမျှတခြင်း(ငယ်၁၇-၂၀) အတိတ်ကမျက်နှာသာပေးမှု (ငယ်၂၁၊၂၂)၊ နှလုံးသားအရေဖျားလှီးမှု(ငယ်၁၆) များကို နာခံစေချင်သည်။

Previous Article
Next Article