ကောလောသဲသြဝါဒစာ ၂

() ဒဿနိကဗေဒ၊ မူဝါဒ၊ အံ့ဖွယ်လက္ခဏာများ တောထွက်တရားခြင်းများခရစ်တော်နှင့် ဆန့်ကျင်ခြင်း (:၂၃)

          : ဤကျမ်းပိုဒ်သည် အခန်း(၁)၏နောက်ဆုံးကျမ်းပိုဒ်(၂)ခုနှင့် ဆက်စပ်သည်။ ယုံကြည်သူတိုင်း ရင့်ကျက်သော အသက်တာရှိဖို့ ပေါလု၏ သွန်သင်ချက်များနှင့် ပတ်သက်သည်။ ပေါလု၏ လှုပ်ရှားကြိုးပမ်းခြင်းသည် တစ်မျိုးတစ်ဘာသာ ထူးခြားသည်။ ဆုတောင်းခြင်း၌ အားကြီးသည်။ တခါမှ မတွေ့မမြင်ဘူးသူများအတွက် ဆုတောင်းပေးသည်။ ကောလောသဲ ယုံကြည်သူများအကြောင်း ပထမဆုံး ကြားသိရသည့်အချိန်မှစ၍ ထိုသူများနှင့် အိမ်နီးနားခြင်းဖြစ်သူ လုဒိကာအသင်းတော် အတွက်လည်း ဆုတောင်းပေးသည်။ ဝမ်းနည်းစရာအသင်းတော်ဖြစ်သော လုဒိကာအသင်းတော်အကြောင်းကို (ဗျာ ၃:၁၄-၁၉)တွင် ကြည့်ပါ။

ပထမအချက်မှာ ထိုအသင်းတော်များနှင့် တခါမှမမြင်ဘူးကြပါ။ ထိုကျမ်းစကားက မိမိနှင့်အတူရှိနေသူများကိုသာ အရေးလုပ်ဖို့မဟုတ်ကြောင်း သွန်သင်ပါသည်။ အချို့ယုံကြည်သူများသည် မိမိဒူးခေါင်း၊ မိမိအိမ်သုံးကိုသာကြည့်၍ ဆုတောင်းတတ်ကြသည်။ သို့ကြောင့် ဆုတောင်းရာတွင် မျက်စိကျယ်ကျယ်ဖွင့်၍စိတ်ကူးသမျှအတွက် ဆုတောင်းပေးရသည်။

: ရှင်ပေါလု၏ ဆုတောင်းချက်များကို အတိအကျဖော်ပြထားသည်။ ပထမအချက်မှာ သူတို့နှလုံးသားထဲတွင် ကြည်လင်၍ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်လာကြရန်ဖြစ်သည်။ ထိုကာလသည် ကောလောသဲအရပ်ဒေသ၌ အယူမှား ဆရာများထကြွနေချိန်ဖြစ်သည်။ သို့ကြောင့် မိမိယုံကြည်ခြင်း၌ ခိုင်မာဖို့ အင်အားတောင့်တင်းဖို့ ဆုတောင်းပေးခြင်းဖြစ်သည်။

ဒုတိယဆုတောင်းချက်မှာ အချင်းချင်း ချစ်ခြင်းမေတ္တာသံယောဇဉ်ဖွဲ့နှောင်ဖို့ဖြစ်သည်။ သန့်ရှင်းသူများသည် ပျော်ရွှင်ခြင်းအသက်တာရှိလျှင် အချင်းချင်း မိဿဟာယဖွဲ့ရာ၌ သံယောဇဉ်ညှိနှောင်ကြသည်။ ဘေးရန်သူများမှ ဝင်ရောက် ထိုးဖောက်ခြင်း မရှိနိုင်။ ခရစ်တော်၌ ချစ်ခြင်းမေတ္တာမြဲမြံလျှက် သမ္မာတရား၌ ပိုမိုနက်ရှိုင်းလျှက် ယုံကြည်ခြင်းခိုင်မာသည်။ ခရစ်တော်၌နီးကပ်လျှင် သမ္မာကျမ်းစာကို ပိုမိုသိရှိသည်။ ခရစ်တော်ရင်ခွင်၌ လဲလျောင်းလေ့ရှိသော ရှင်ယောဟန်သည် ခရစ်တော်အကြောင်း ပိုမိုကျွမ်းဝင်သောကြောင့် ဗျာဒိတ်ကျမ်းရေးသားနိုင်သည်။

နောက်ဆုတောင်းချက်တစ်ခုမှာ စစ်မှန်စွာသိရှိခြင်းသည် ကြွယ်ဝစွာစိတ်ချမှုရမည့်အကြောင်းဖြစ်သည်။ ခရစ်တော် အကြောင်း ပိုမိုသိရှိလျှင် သမ္မာတရား၏နက်နဲမှုကို ပိုမိုသိရှိကြမည်။ ခရစ်ယာန်ယုံကြည်ခြင်း၌ ပိုမိုခိုင်မြဲလျှင် ထိကပါးရိကပါး လာရောက်စမ်းကြည့်သော မိစ္ဆာဒိဋ္ဌိများသည်လည်း အနားသီရဲမည်မဟုတ်။

စိတ်ချယုံကြည်မှုအကြောင်းကို ဓမ္မသစ်ကျမ်းတွင် (၃)ကြိမ်ဖော်ပြထားသည်။ (၁) ယုံကြည်ခြင်း၌ စိတ်ချခိုင်မာမှု၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ တည်မှီခြင်း (ဟေဗြဲ ၁ဝး၂၂)။ (၂) သိရှိနားလည်ခြင်း၌ ယုံကြည်စိတ်ချမှု-သိရှိကြသဖြင့် ယုံကြည်စိတ်ချရသည် (ကော ၂:၂)။ (၃) မျှော်လင့်ခြင်းယုံကြည်စိတ်ချမှု၊ ယုံကြည်သည့်အတိုင်းဖြစ်ပေါ်လာမည့်အကြောင်း စိတ်ချယုံကြည်ခြင်း (ဟေဗြဲ ၆:၁၁)

ရှင်ပေါလု၏အဓိကအလေးထားဆုတောင်းချက်မှာ အဘဘုရားသခင်နှင့် ယေရှုခရစ်တော်အား သိကျွမ်းခြင်း ဖြစ်သည်။

ဘုရားသခင်နှင့် ယေရှု သိကျွမ်းခြင်းဆိုသည်မှာ အဘယ်နည်း။ အသင်းတော်သမ္မာတရားကို ရည်ညွှန်းခြင်းဖြစ်သည်။ ခရစ်တော်သည် ခန္ဓာကိုယ်၏ ဦးခေါင်း၊ ယုံကြည်သူများသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းများဖြစ်သည်။ ထိုခန္ဓာကိုယ်တည်း ဟူသော ယုံကြည်သူများသည် ခရစ်တော်၏ဦးဆောင်မှုကို ခံယူရသည်။ ယုံကြည်သူတိုင်း ထိုသမ္မာတရားကို သိကျွမ်း နားလည်စေချင်သည်။ ဦးခေါင်း၏ခေါင်းဆောင်မှုကို သဘောပေါက်ခံယူလျှင် တလွဲဘာသာရေးဆရာများ၏ ဆွဲဆောင်မှု နောက်သို့ပါမသွားနိုင်။ အယူမှားသောဘာသာရေး၏ ခြိမ်းခြောက်ခြင်းကိုလည်း မကြောက်ရ။

အခက်အခဲပြဿနာ စိုးရိမ်စရာကြုံလာတိုင်း သန့်ရှင်းသူများသည် ခရစ်တော်ကိုဆွဲကိုင်မှီခိုကြရန် ရှင်ပေါလုက သတိပေးထားသည်။ Alfred Mace  ကလည်း ဤသို့ဆိုထားသည်။

ကိုယ်တော်၏လူများ ဇာတိတော်ကို လက်ဝယ်ပိုက်ထားသူများ၊ စိတ်ချယုံကြည်သူများ၊ ယုံကြည်ခြင်း စစ်မှန်သူများသည် ပြင်ပယောဂဘေးရန်များက မထိုးဖောက်နိုင်ပါ။ ထိုသူများသည် တပါးအမျိုးသားများ အလယ်တွင် ကြွယ်ဝစွာ အသက်ရှင်သူများ၊ ထိုသူများအထဲ၌ ခရစ်တော်ရှိနေသူများ (ကော :၂၇)ဖြစ်သည်။ ထိုသမ္မာတရားသည် ဝိညာဉ်တော်တန်ခိုးအားဖြင့်သာ သိရှိနိုင်သည်။ ထို့ကြောင့် ဆင်ခြင်တုံတရားဝါဒ၊ ရိုးရာအစဉ်အလာ ဘာသာရေးအယူအဆ ဝိညာဉ်မဟုတ်၊ နတ်မဟုတ်၊ မျောက်မက လူမကျသော လုဒိက အသင်းတော်အတွက် စိုးရိမ်ပူပန်စိတ်ဖြင့် ဆုတောင်းပေးခြင်းဖြစ်သည်။၁၃

            : ယေရှုခရစ်တော်သည် ကွယ်ဝှက်ထားသောဘုရားသခင်၏ ဉာဏ်ပညာဘဏ္ဍာနှင့် အသိဉာဏ်ဘဏ္ဍာကို ဖွင့်ပြသည့်သော့ချက်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၌ မတည်သောအယူမှား ဆရာများသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို နားလည်နိုင်စွမ်းမရှိကြ။ ထိုသူများ၏ အသိဉာဏ်ပညာသည် ခရစ်ယာန် ယုံကြည်ခြင်းအား နငယ်အမြီးထပ်ဆွဲခြင်း သာဖြစ်သည်။ ရှင်ပေါလုက အသိဉာဏ်ပညာသည် ယေရှုခရစ်တော်ထဲ၌ ဝှက်ထားသည် ဟုဆိုထားသည်။ ထို့ကြောင့် ယုံကြည်သူများသည် သမ္မာကျမ်းစာ ရေးသားချက်များ၏ အပြင်ဖက်သို့ မရောက်ရပါ။ မယုံကြည်သူများသည် ခရစ်တော်၌ ဝှက်ထားသော ဘဏ္ဍာကိုမမြင်နိုင်။ ထို့ကြောင့် ယုံကြည်သူများသည် ထိုဘဏ္ဍာကို တွေ့မြင်နိုင်ရန် ခရစ်တော်ရင်ခွင်သို့ နီးကပ်စွာတိုးဝင်ချဉ်းကပ်ရသည်။

ခရစ်တော်သည် ယုံကြည်သူများ၏ ဦးခေါင်း၊ ရေသောက်မြစ် အချက်အချာဖြစ်သည်။ အလျှံပယ်ကြွယ်ဝခြင်း၊ ကြီးမြတ်ခြင်း၊ အစအဦးဖြစ်ခြင်း၊ ဖန်ဆင်းခြင်းနှင့် ရွေးနှုတ်ခြင်းအရှင်၊ ဇာတိတော်နှင့်ဘုန်းတန်ခိုး အရှင်သခင်ဖြစ်သည်။ အတုအယောင်ဘာသာရေးများ၊ စာရေးဆရာများ၊ လူထုဆက်သွယ်ရေးများ၊ ဝေဖန်ရေးသမားများနှင့် အခြားအရာခပ်သိမ်းက ဆန့်ကျင်နေကြသော်လည်း မအောင်နိုင်ရာ။

Selected

          ဤကျမ်းပိုဒ်သည် မြင်ရသည်ထက် ပိုမိုကျယ်ပြန့်သည်။ အသိဉာဏ်ပညာဟူသမျှကို ခရစ်တော်၌သာ တွေ့ရသည်။ သမ္မာတရားသည် ကိုယ်တော်မှ ပေါက်ဖွားခြင်းဖြစ်သည်။ ထို့ကြောင့် ”ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟုဆိုသည်။ မည်သည့်အရာမှ ဤသစ္စာတရား ဤအမှုစကားကို မဖျက်ဆီးနိုင်ပါ။ အသိတရားနှင့် ဉာဏ်ပညာကို ရှင်းပြပါမည်။  အသိတရားဆိုသည်မှာ သမ္မာတရားကိုသိရှိခြင်းဖြစ်၍ ဉာဏ်ပညာဆိုသည်မှာ ထိုသင်ယူသိရှိထားသော အသိတရားကို အသုံးချတတ်ခြင်း ဖြစ်သည်။

: ထိုအသိဉာဏ်တရားနှင့် ဉာဏ်ပညာတို့သည် ခရစ်တော်၌တည်ရှိသောကြောင့် ထိုယေရှုထံတွင် ရှိနေကြသော ယုံကြည်သူများသည်လည်း မှားယွင်းသောဘာသာရေးဆရာများ၏ ဆွဲဆောင်မှုစကားလုံးသို့ ယောင်မှား လိုက်မသွားနိုင်ပါ။ အကယ်၍ သမ္မာတရားမသိရှိလျှင် ထိုသူသည် ပညာသားပါပါ ဟောတတ်သူနောက်သို့ ယောင်မှားလိုက်ပါသွားနိုင်သည်။ အခြားတဘက်၌မူ သမ္မာတရားဟောကြားသူသည် အလိမ္မာစကားနှင့် ခေတ်ကာလတိုးတက်မှု အခြေအနေပေါ်တွင် တရားမတည်သင့်။ သမ္မာတရားသည် မူလပင်ကိုယ်၌ အကောင်းဆုံးအကြောင်းအရာဖြစ်သည်။ ထို့ကြောင့် ခြင်္သေ့ကဲ့သို့ ရဲရင့်စွာဟောကြားရဲရမည်။

: ကောလောသဲများ ပျက်စီးခြင်းကြုံရမည့်ကိန်းအတွက် ရှင်ပေါလုပုံကိုတွေ့ရသည်။ ရှင်ပေါလုက သူ့ကိုယ်သူ တပ်ရင်း၊ တပ်ဖွဲ့များကြီးကြပ်စောင့်ကြည့်ရသော စစ်ဗိုလ်ချုပ်ကြီးသဖွယ် သဘောထား ခံယူထားသည်။ အမိန့်နှင့် ခိုင်ခံ့ခြင်း ဟူသော စစ်သုံးဝေါဟာရကို သုံးထားသည်။ အမိန့်ဆိုသည်မှာ စစ်သည်တော်များ လိုက်နာလုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက် ဖြစ်၍ ခိုင်ခံ့ခြင်းဆိုသည်မှာ အရပ်လေးမျက်နှာ ဝင်ရောက် မထိုးဖောက်နိုင်အောင် မြဲမြံခြင်းကိုဆိုလိုသည်။ ကောလောသဲသား များ၏ ယုံကြည်ခြင်း နှုတ်ကပတ်တော်၌ ခိုင်မြဲမှုကိုသိရှိသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းသည်။

: ကောလောသဲသားများက မိမိတို့ခံယူရရှိထားသည့် ယုံကြည်ခြင်း၌ ဆက်လက်မြဲမြံခြင်းရှိရန် တိုက်တွန်းသည်။ ”သင်တို့သည် ခရစ်တော်ယေရှုအား အရှင်သခင်အဖြစ် လက်ခံခဲ့ကြသဖြင့် ကိုယ်တော်နှင့် တလုံးတဝတည်း ဖြစ်လျှက် အသက်ရှင်ကြလော့” ဟုဆိုထားသည်။ ဤကျမ်းစကားတွင် ”သခင်ယေရှု” ကိုအဓိကထားပါသည်။ တနည်းပြောရလျှင် ကောလောသဲသားများသည် ခရစ်တော်၌ အပြည့်အဝ တည်မှီကြသူများ ဖြစ်သည်။ ကယ်တင်ခြင်း ရရှိခြင်းတွင်သာ မတင်းတိမ်ဘဲ အသက်တာတွင်လည်း ခရစ်တော်ကို ထင်ရှားစေကြသည်။ ရှင်ပေါလုကလည်း ထိုယုံကြည် ချက်ကို လက်မလွှတ်မိဖို့ နှိုးဆော်ထားသည်။ ယုံကြည်ခြင်း ခိုင်မာသူများ ဖြစ်သည့်အားလျော်စွာ မှားယွင်းသောသွန်သင်ချက် များကြောင့် ခရစ်တော်အားသစ္စာမဖောက်ကြ။ ခရစ်ယာန်အသက်တာသည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းရသည်။ ထိုလျှောက်လှမ်းခြင်းဆိုသည်မှာ အပြုအမူနှင့် ကြီးရင့်ခြင်းကို ဆိုလိုသည်။ လူသည် တနေရာတည်းတွင် လျှောက်လှမ်း၍ မရနိုင်ပါ။ ထိုကဲ့သို့ပင် ခရစ်ယာန်အသက်တာသည်လည်း ရောက်ရှိသည့်နေရာတွင် မရောင့်ရဲဘဲ ရှေ့သို့လှမ်းလျှောက် ရသည်။

: ပထမဦးစွာ စိုက်ပျိုးရေးအကြောင်း ပုံဥပမာပေးထားပြီး နောက်ပိုင်းတွင် အဆောက်အဦး ဆောက်လုပ်ခြင်း ပုံဥပမာ ပေးပါသည်။ အမြစ်စွဲခြင်း ဆိုသည်မှာ ပြောင်းလဲခြင်း အသက်တာ အစပြုသည့်နေရာနှင့် အချိန်ကို ဆိုလိုပါသည်။ ခရစ်တော်ကို မြေဆီလွှာအဖြစ် တင်စားလျှင် ယုံကြည်သူများသည် ထိုမြေဆီလွှာခရစ်တော်၌ အမြစ်စွဲ၍ မြေဆီလွှာ၏ အဆီအနှစ်စုပ်ယူခြင်းဖြင့် ကြီးထွားသူများဖြစ်သည်။ အမြစ်နက်နက်စွဲမှသာလျှင် အပင်ခိုင်မြဲ၍ လေပြင်းတိုက်ခတ် လာလျှင်လည်း ယိမ်းယိုင်ပြုတ်ထွက်ခြင်းမရှိနိုင် (မ ၁၃:၅၊ ၂ဝ-၂၁)။

ပေါလုက အဆောက်အဦးနှင့် ပုံဥပမာ တဖန်ပေးပါသည်။ ကိုယ်တော်အပေါ်၌ ဘဝတည်ဆောက်လော့ ဟု ဆိုသည်။ သခင်ယေရှုကို တိုက်ထောင့်အုတ်မြစ်အဖြစ် တင်စားပါသည်။ အချိန်ကာလ၏ တိုက်ထောင့်မြစ်သည် (လု ၆:၄၇-၄၉)။ ထိုကိုယ်တော်အပေါ်တွင် ယုံကြည်သူတိုင်းအမြစ်စွဲ၍ ဘဝဆောက်တည်ကြရသည်။

ယုံကြည်ခြင်း၌ တည်တံ့ခိုင်မြဲလော့ ဆိုသည်မှာ စိတ်ချယုံကြည်မှုရှိခြင်းဖြစ်သည်။ သို့ကြောင့် ယုံကြည်သူ၏ ဘဝအသက်တာသည် ခရစ်ယာန်အသက်တာ၌ တည်ရှိရသည်။ ကောလောသဲယုံကြည်သူများသည် ဧပဖြ၏ သွန်သင်ချက် ကြောင့် ခရစ်ယာန်ယုံကြည်ခြင်း၌ အောက်ခြေခိုင်မာသူများဖြစ်သည်။ ထိုခရစ်ယာန်အသက်တာခရီး၌ စွဲမြဲရှင်သန်ရန် ပေါလုက အားပေးသည်။ (၂ပေ ၁:၉)တွင် ဝိညာဉ်ရေးရာ အသက်တာကြီးထွားရန် ဟန့်တားချက်များမှာ သံသယစိတ်၊ လောကသာယာမှုနှင့် ဧဝံဂေလိ ကောင်းကြီးမင်္ဂလာများ လျော့နည်းခြင်းဖြစ်သည်။

ရှင်ပေါလုက ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် စကားအဆုံးသတ်ထားသည်။ ခရစ်ယာန်များသည် ယုံကြည်ခြင်း အသက်တာ၌ အေးတိအေးစက် မဖြစ်စေချင်။ နှလုံးသားထဲတွင် ဧဝံဂေလိတရားပြည့်လျှံခြင်းဖြင့် သခင်ဘုရားအား အစဉ် ချီးမွမ်းစေချင်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည် မှားယွင်းသောဆရာများ၏ အဆိပ်အတောက် သွန်သင်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

Arthur Way က ဤသို့ ဖွင့်ဆိုထားသည်။ ”ပထမဦးစွာသစ်ပင်ကဲ့သို့ အမြစ်စွဲပါ။ နောက်အဆောက်အဦးကဲ့သို့ မြဲမြံစွာ ရပ်တည်ပါ။ ကိုယ်တော်နှင့်အတူရှိနေသည်ဟုခံစားပါ။ မတုန်လှုပ်သော ယုံကြည်ချက်ရှိပါ။ ထိုသို့ရှိလျှင် ကျေးဇူးတော် ချီးမွမ်းစရာ ဝေလျှံလာမည်”။၄

: လီဂါချိုင့်ဝှမ်းလွင်ပြင်ရှိ ကောလောသဲအသင်းတော်သို့ မှားယွင်းသောဆရာများ ရောက်ရှိနေသောကြောင့် ရှင်ပေါလု စိတ်ပူပန်သည်။ ထို့ကြောင့် လူတို့ထုံးတမ်းစဉ်လာအရ အချည်းနှီးသော လူ့ပရိယာယ် အဘယ်သူမျှ သင်တို့အား ကျွန်ဘဝသို့ မသက်ဆင်းစေရန် သတိပြုကြလော့ ဟုပွင့်လင်းစွာ သတိပေးသည်။ မှားယွင်းသောဆရာများသည် လူများ၏ ချမ်းသာမှုကို အတင်းလုယက်ဖျက်ဆီးသူများဖြစ်သည်။ မည်သည့်အစားထိုးမှုလည်း မပေးနိုင်။ လူတို့ ထုံးတမ်းစဉ်လာအရ အချည်းနှီးသော လူ့ပရိယာယ် ဆိုသည်မှာ လူသားတို့တီထွင်ရှာဖွေသော အသိဉာဏ်ပညာ၊ ဘုရား သခင်၏သမ္မာတရား၌ မတည်သောပညာကို ဆိုလိုသည်။ လောကီနိယာမတရားသည် ယုဒထုံးတမ်းစဉ်လာ ဘာသာရေး အယူအဆနှင့် ဘုရားသခင်ကိုမျှော်လင့်ခြင်းနှင့် မဆိုင်သော အယူအဆ အဆိုအမိန့်များဖြစ်သည်။

မောရှေ၏ ပညတ်ထုံးများသည် ဖြစ်ပေါ်လာမည့်အရာများပေါ်တွင် အခြေခံထားသော ရည်ရွယ်ချက်ဖြစ်သည်။ ခရစ်တော်ကြွလာခြင်းအကြောင်းကား မူလတန်းပညာတွင် သင်ယူခြင်းမျိုးဖြစ်သည်။ သို့သော် ထိုတရားသည် မှားယွင်းသောဆရာများလက်ထဲသို့ ရောက်သွားသောအခါ ဘုရားသားတော်ကြွလာမည့်အရေးသည် ပြဇာတ်သဖွယ် ဖြစ်သွားသည်။

 (Scripture Union Notes)

          ထို့ကြောင့် ရှင်ပေါလုကလည်း ကောလောသဲသားများ၏ ယုံကြည်ခြင်းအား စစ်ဆေးစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ဖိလစ်၏ အနက်ဖွင့်ဆိုချက်ကို အထောက်အကူ ယူကြည့်ကြပါစို့။ ”သင့်ယုံကြည်ချက်ကို တစုံတစ်ယောက်၏ ထိပါး နှောင့်ယှက်ခြင်း မခံနှင့်။ အပြောကြွယ်သူများနောက်သို့ အလွယ်မလိုက်နှင့်။ မရေရာအသုံးမကျသည့် လူ့ဦးနှောက်အတွေးသည် ခရစ်တော်အတွက် နေရာကောင်းဖြစ်သည်”။

: ရှင်ပေါလုက စာဖတ်ပရိသတ်များအား ယေရှုခရစ်တော်ထံသို့ အမြန်ခေါ်လာနိုင်ခြင်းသည် အံ့ဩဖွယ်ရာဖြစ်သည်။ ဤနေရာတွင် ဘယ်သောအခါမှ မမှားနိုင်သော ကျမ်းစကားပြောထားသည်။ ”ခရစ်တော်သည် လောကတွင် ထင်ရှားရှိနေစဉ် ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်းသည်” ဟုဆိုသည်။ ထိုကျမ်းစကားအရ ခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ ဦးစွာခရစ်တော်၏ ဇာတိတော်ကို ကြည့်ကြပါစို့။ ”ထိုကိုယ်တော်၌ ဘုရားသခင်ကိန်းဝပ်သည်” ဒုတိယအချက်အနေဖြင့် ”ထိုကိုယ်တော်၌ ဘုရားသခင်၏ ပြည့်စုံမှုအားလုံးပါရှိသည်” ထိုစကားသည် ဇာတိတော်ကို လက်မခံငြင်းပယ်ကြသော Christian Science, Jahovah’s Witnesses, Unity Theosophy  နှင့် Christadelphianism   အစရှိသော အယူမှားဝါဒီများသို့ အကောင်းဆုံး အဖြေစကားပြောခြင်း ဖြစ်သည်။

Vincent က ”ဤကျမ်းပိုဒ်တွင် ထူးခြားသောအချက်(၂)ခုပါရှိသည်။ (၁) ဘုရားသခင်၏ ဦးဆောင်မှုသည် ခရစ်တော်ထဲ၌ ထာဝရကိန်းဝပ်ပါရှိခြင်း၊ (၂) ဘုရားသခင်၏ပြည့်စုံမှု ခရစ်တော်၌ပါရှိခြင်း၊ လူ့ခန္ဓာကိုယ်ခံယူခြင်း ဖြစ်သည်” ဟုဆိုသည်။၁၄ ယေရှုခရစ်တော်ထဲ၌ ဘုရားသခင်ကိန်းဝပ်စိုးစံခြင်းကို ဘာသာရေးအများစုက လက်သင့်ခံကြသည်။ ဤကျမ်းပိုဒ်က ခရစ်တော်၏ဇာတိတော်၊ လူသားဘဝခံယူနေစဉ်မှစ၍ ဘုရားသခင်စိုးစံနေကြောင်း သက်သေထူထားသည်။ ကျမ်းစကားသည် ရှင်းလင်းပါသည်။ ထိုသို့ ယေရှု၌ ဘုရားရှင်တော် ပါရှိနေမှန်းသိလျှက်နှင့် အဘယ့်ကြောင့် ကိုယ်တော်ကို မသိကျိုးနွံပြုကြမည်နည်း။

:၁ဝ ပေါလုက သူ့စာဖတ်ပရိသတ်များအား ခရစ်တော်၌ အကြွင်းမဲ့ယုံကြည်ခြင်းရှိ၍ ကိုယ်တော်ပြည့်စုံသော အသက်တာရှိကြရန် ဖိအားပေးတိုက်တွန်းပါသည်။ အပိုဒ်(၁ဝ)သည် အပိုဒ်(၉)ကို ဖြည့်စွက်ပံ့ပိုးခြင်း ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်၌ အသက်တာပြည့်စုံကြရသည်။ သို့သော် ယုံကြည်သူများသည် ဘုရားသခင်၏ ဦးဆောင်မှုနှင့် ပြည့်စုံကြသည်ဟုဆိုလိုခြင်းမဟုတ်။ သမ္မာတရားအမှန် ယုံကြည်စိတ်ချသူအတွက် ခရစ်တော်တပါးတည်း ရှိသည်။ ဤကျမ်းပိုဒ်၏သွန်သင်ချက်မှာ ယုံကြည်သူများသည် ခရစ်တော်၌ တည်မှီလျှင် ဘုရားသခင်၏ အလိုတော်နှင့် ပြည့်စုံသည်ဟုဖြစ်သည်။ ထိုအကြောင်းကို Spurgeon က (၁) ယုဒဘာသာရေး အစဉ်အလာမပါဘဲနှင့် ပြည့်စုံသည်။ (၂) လူ့အသိဉာဏ်မပါဘဲပြည့်စုံသည်။ (၃) သဘာဝလွန်ဖြစ်ရပ်ဆန်းများ မပါဘဲ ပြည့်စုံသည်။ (၄) လူ့အစွမ်းအစမပါဘဲ ပြည့်စုံသည်” ဟုဆိုသည်။

ထိုသို့ပြည့်စုံခြင်းသည် ထိုသခင်၏ဦးဆောင်မှုနှင့် ဘုန်းတန်ခိုးကြောင့်ဖြစ်သည်။ အယူမှားသူများက ကောင်းကင်သားများကို လိပ်မူကြသည်။ ထိုအကြောင်းကို နောက်ပိုင်းအခန်းများတွင် ထပ်မံရှင်းပြပါမည်။ သို့သော် ခရစ်တော်သည် ဖန်ဆင်းထားသောအရာခပ်သိမ်းကို ပိုင်စိုးကြောင်း သိမြင်လာကြမည်။

:၁၁ အရေဖျားလှီးခြင်းဆိုသည်မှာ ယုဒလူမျိုးများ၏ ရိုးရာအစဉ်အလာဖြစ်သည်။ အသေးအဖွဲခန္ဓာကိုယ် ခွဲစိတ်ဖြတ်တောက်ခြင်းဖြစ်သည်။ ယောက်ျားလေးများ၏ အင်္ဂါကို ဖြတ်တောက်ပေးခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာအမြင်တွင်မူ သေခြင်းဟူသော အသွေးအသားကို လှီးဖြတ်ခြင်းဖြစ်သည်။ မကောင်းသော ပုပ်ပျက်နိုင်သောအစိတ်အပိုင်းအား စွန့်ပစ်ခြင်း ဖြစ်သည်။ ယုဒလူမျိုးများသည် ထိုဝိညာဉ်ရှုဒေါင့်ကို မေ့လျော့ပြီး ရိုးရာထုံးတမ်းအစဉ်အလာဖြင့်သာ ခံယူကျင့်သုံးသည်။ ဘုရားသခင်၏ အလိုတော်ဟု ဆိုကြသည်။ ဘုရားသခင်၏အလိုတော်မှာ သမ္မာတရားမှလွဲ၍ အခြားအရာမရှိပါ။

ဤကျမ်းပိုဒ်မှ အရေဖျားလှီးခြင်းကို ယုဒထုံးစံအရ အရေဖျားလှီးခြင်း ရှုဒေါင့်ဖြင့်မကြည့်ရပါ။ ဝိညာဉ်ရေးရာ မျက်စိဖြင့် သခင်ယေရှု၌ သမ္မာတရားပြည့်စုံမှုကိုသာ ကြည့်မြင်ရသည်။ ထို့ကြောင့် လူလက်ဖြင့်မလုပ်သော အရေဖျား လှီးခြင်းဟု ထပ်ဆိုထားခြင်းဖြစ်သည်။ ဘာကိုဆိုလိုသနည်း။ ယုံကြည်သူတိုင်းသည် ခရစ်တော်၌ အရေဖျားလှီးသူများ ဖြစ်သည်။ ခရစ်တော်၌ အရေဖျားလှီးခြင်း ဆိုသည်မှာ ကရာနီကုန်း လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တော်၏အသေခံခြင်း ဖြစ်သည်။ ခရစ်တော်အသေခံသောအခါ ယုံကြည်သူများသည် ခရစ်တော်၌ သေလွန်ကြသည်။ ပညတ်တရားအရ ကိုယ်တိုင် (ဂလာ ၂:၂ဝ)၊ ဤလောကအတွက် (ဂလာ ၆:၁၄)၊ အပြစ်ထဲသို့ ကိုယ်တော်အသေခံသည် (ရော ၆:၁၁)။ ထိုအသေခံခြင်းသည် လူလက်ဖြင့်မလုပ်သော ဝိညာဉ်တော်အရေဖျားလှီးခြင်းဖြစ်သည်။ ထိုအမှုသည် လောကသားများမတတ်စွမ်းနိုင်။ ဘုရားသခင် တပါးတည်းသာ တတ်စွမ်းနိုင်သည်။ ကိုယ်တော်၏ လူ့အသွေးအသားအပြစ်များကို လှီးဖြတ်လွှင့်ပစ်ခြင်းဖြစ်သည်။ တနည်း ပြောရလျှင် ကယ်တင်ခြင်းရသူသည် ခရစ်တော်၏အသေခံခြင်း၌ မိဿဟာယဖွဲ့သူဖြစ်သည်။ ကယ်တင်ခြင်းရရှိသောကြောင့် မျှော်လင့်ခြင်းအပြည့်အဝရှိသည်။ ထို့ကြောင့် Samuel Ridout က ”ကိုယ်တော်အသေခံခြင်းသည် အပြစ်၏အသီးအပွင့် များသာ ဖယ်ရှားပေးသည်မက အမြစ်ပြုတ်ဆွဲနှုတ်ခြင်းဖြစ်သည်” ဟုဆိုသည်။

:၁၂ အရေဖျားလှီးခြင်းမှ နှစ်ခြင်းမင်္ဂလာခံခြင်းအကြောင်းသို့ ကူးပြောင်းသည်။ အရေဖျားလှီးခြင်းသည် ဇာတိအသွေးအသား သေခြင်းဖြစ်၍ နှစ်ခြင်းမင်္ဂလာခံခြင်းသည် လူဟောင်းအား သင်္ဂြိုဟ်မြှုပ်နှံခြင်းဖြစ်သည်။ ”ဗတ္တိဇံအား ဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြရ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူထမြောက်ခြင်းသို့ ရောက်ကြ ” ဟုကျမ်းစကားကဆိုထားပါသည်။ ကျမ်းစကားအရ ခရစ်တော်နှင့်အတူ သေလွန်သည်သာမက အတူတူမြှုပ်နှံခြင်း ဖြစ်သည်။ ထိုသင်္ဂြိုဟ်ခြင်းဆိုသည်မှာ နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြစ်သည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ဝန်ခံခြင်းဖြစ်၍ အသက်တာပြောင်းလဲကြောင်း ဖော်ပြခြင်းဖြစ်သည်။ အာဒံ၏ သားသမီးဘဝ အဖြစ်သနစ်အား သင်္ဂြိုဟ်ခြင်းဖြစ်သည်။ ထိုသို့နှစ်ခြင်းမင်္ဂလာ ခံယူခြင်းသည် ဘုရားသခင်အတွက် ဝမ်းမြောက်ခြင်းဖြစ်သည်။ ဘုရားသခင်ဘက်၌ အစဉ်ရပ်တည်ခြင်း ဖြစ်သည်။ သို့သော် ထိုသင်္ဂြိုဟ်ခြင်းသည် အပြီးမဟုတ်ပါ။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် အတူထမြောက်ကြပြီး အသစ်သောအသက်တာတွင် လျှောက်လှမ်းမည့်သူများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လျှင် ခရစ်တော်နှင့်အတူ ထမြောက်ရသည်။

          :၁၃ ပေါလုက ဤအကြောင်းအရာများကို ကောလောသဲသားများ ဘဝင်ကျအောင်ရှင်းပြသည်။ အသက်တာ ပြောင်းလဲခြင်းမရှိခင်တွင် ဇာတိပကတိ၌ သေနေသူများဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားအမြင်တွင် ဝိညာဉ်ရေးရာသေနေသူ များဖြစ်သည်။ သို့သော် ဝိညာဉ်များ တကယ်သေခြင်းမဟုတ်။ ဘုရားသခင်အတွက် ဝိညာဉ်ရေးရာမပါရှိခြင်း၊ ဘုရားအလို မလိုက်အကြိုက်မဆောင်နိုင်ခြင်းကို ဆိုလိုသည်။ ”အပြစ်နွံထဲတွင် သေနေကြသည်သာမက အသွေးအသား၌လည်း ရေဖျားမလှီးရခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် တပါးအမျိုးသားများနှင့် ပတ်သက်၍ အရေဖျားမလှီးရခြင်းအကြောင်းအရာကို ကြိမ်ဖန်များစွာရှင်းပြထားသည်။ ကောလောသဲသားများသည်လည်း တပါးအမျိုးသားများဖြစ်သည်။ ယုဒလူများကဲ့သို့ ဘုရားသခင်ရွေးချယ်ထားသော လောကလူသားများမဟုတ်ပါ။ ထို့ကြောင့် အစမူလတွင် ဘုရားရှင်နှင့် ဝေးကွာသူများ ဖြစ်သည်။ ဇာတိသွေးသား၌ နစ်မွန်းသူများဖြစ်သည်။ သို့သော် ဧဝံဂေလိသတင်းကြားသိ၍ သခင်ယေရှုခရစ်တော်အား ယုံကြည်လာသောအခါ အတိတ်ကအညစ်ဆိုးများကို ခွင့်လွှတ်လျှက် ခရစ်တော်နှင့်အတူတကွ ရှင်သန်ခွင့်ရကြသည်။ တစ်မျိုးပြောရလျှင် ကောလောသဲသားများ၏ ဘဝဟန်ပန် ပြောင်းလဲသွားသည်။ အပြစ်သားဘဝဟောင်း ပြည်ဖုံးကားချခဲ့သည်။ ခရစ်တော်၌ အသစ်သောသတ္တဝါဖြစ်ကြပြီ။ ရှင်ပြန်ထမြောက်ခြင်း အသက်တာရှိသည်။ ထို့ကြောင့် ဇာတိဟောင်းကို နှုတ်ဆက်နိုင်ခဲ့ကြသည်။

:၁၄ ဤအပိုဒ်တွင် ခရစ်တော်အမှုတော်များကိုဖော်ပြသည်။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံး အဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ လက်ဝါးကပ်တိုင်ရိုက်ထားလျှက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ် ဆိုသည်မှာ ပညတ်ချက်များဖြစ်သည်။ ပညတ်တော်ဆယ်ပါးကို အပြည့် အစုံ ထိန်းသိမ်းလိုက်လျှောက်နိုင်ခြင်းမရှိကြသောကြောင့် ပညတ်တော်များသည် လူသားများကို အပြစ်တင်ရှုတ်ချသည်။ လူသားနှင့် တဖက်စီဖြစ်ရသည်။ ဤကျမ်းပိုဒ်မှ ပညတ်ချက်များ ဆိုသည်မှာ ပညတ်တော်ဆယ်ပါးသာမကပါ။ ဘာသာရေး ဓလေ့ထုံးစံများပါဝင်သည်။ ယုဒဘာသာရေး အယူအဆများ အားလုံးပါဝင်သည်။ ခရစ်တော်ဘုရားကြွလာမည့်အကြောင်းကို ရည်စူးသည်။ ထိုသူများသည် ကိုယ်တော်၏ရှေ့ပြေးနိမိတ်များဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ရှိသမျှအကြွေးကိုပေးချေခဲ့သည်။ ထိုအကြောင်းကို Meyer က ”လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တော်အသေခံခြင်းဖြင့် လူများကို ရှုတ်ချအပြစ်ပေးသော ပညတ်ချက်ကာလ ကုန်သွားပြီ။ လူသားများအတွက် အသေခံခြင်းဖြင့် ပညတ်ချက် ၏ကျိန်ခြင်း အမင်္ဂလာများလည်း ပြီးဆုံးသွားသည်” ဟုဆိုပါသည်။ Kelly က ”ပညတ်တရားသည် မသေသေးပါ။ သို့သော် လူများက မြှုပ်နှံခဲ့ကြပြီ” ဟုဆိုသည်။

လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် လူသားများ၏ ရှေးပဝေသဏီမှစ၍ အပြစ်ကြွေးဟူသမျှကို ပေးဆပ်ခဲ့ပြီ ဖြစ်သောကြောင့် စာရင်းရှင်းစရာမရှိတော့ကြောင့် ပေါလုက အထင်အရှားဖော်ပြသည်။

:၁၅ ကားတိုင်တွင် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းဖြင့် ခရစ်တော်သည် ဆိုးသောတန်ခိုးများကို အနိုင်ယူလျှက် အောင်ပွဲခံတော်မူပြီ။ ထိုအောင်ပွဲသည် (ဧ ၄)ပါ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူများ ခရစ်တော်၏ ဘုန်းတန်ခိုးဖြင့် ဖြေလွှတ် လွတ်ငြိမ်းခွင့်အောင်ပွဲနှင့် အတူတူဖြစ်သည်။ ကိုယ်တော်အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်း၊ ထမြောက်ခြင်းနှင့် လက်ယာတော်တွင် စိုးစံခြင်းသည် မရဏာစာတန်နှင့် အပေါင်းအပါများအား အနိုင်ယူအောင်ပွဲခံခြင်း ဖြစ်သည်။ ကောင်းကင်သို့ပြန်လည်ကြွမြန်း ခြင်းဖြင့် ကိုယ်တော်ဖြတ်သန်းသွားသော ပတ်ဝန်းကျင် နေရာတိုင်းသည် အနိုင်ယူအောင်ပွဲခံသည်။

အသက်တာပြောင်းလဲသူများအား တမဟုတ်ခြင်းတွင် ငြိမ်သက်ခြင်းခွန်အားပေးသော်လည်း စာတန်ဘေးရန် စိုးရိမ်စိတ်ကျန်နေသေးသည်။ သို့သော် စိုးရိမ်စရာမလိုပါ။ အဘယ့်ကြောင့်ဆိုသော် စာတန်နှင့် အပေါင်းအပါများသည် ခရစ်တော်ထံသို့ လက်နက်ချအညံ့ခံပြီ။

:၁၆ တဖန် ဘာသာရပ်တစ်ခု ထပ်မံဖော်ပြသည်။ကောလောသဲသားများသည် ဇာတိအသွေးအသားများ ကိုသင်္ဂြိုဟ်ပြီးခဲ့ကြသည်။ သင်္ဂြိုဟ်ပြီးစီးကြသည်သာမက ခရစ်တော်ပြန်လည်ထမြောက်ကြပြီး ခရစ်တော်အသက်တာ သစ်ရှင်သန်နေကြသည်။ ထို့ကြောင့် ယုဒထုံးတန်းစဉ်လာများ အယူများဝါဒများ လိုက်လုပ်စရာအကြောင်း မရှိတော့ပါ။ အစားအသောက်၊ ဘာသာရေးပွဲ၊ ရက်ရာဇာပြဿဒါး၊ ဥပုသ်နေ့ရက်များနှင့် ပတ်သက်ပြဌာန်း သတ်မှတ်စရာအကြောင်း မရှိတော့ပါ။ ဘာသာရေးတိုင်းတွင် ထုံးတန်းစဉ်လာ၊ နည်းနာနိသယျ၊ ရိုးရာဓလေ့နှင့် ဘာသာရေးနေ့ထူး ရက်မြတ်များရှိကြပါသည်။ နှစ်ပတ်လည်နေ့၊ လစဉ်ပွဲတော်၊ အပတ်စဉ်ဥပုသ်နေ့စသဖြင့် ရှိကြသည်။ ထို့နေ့ရက်ပြက္ခဒိန် များက ခရစ်ယာန်များကို ပြဋ္ဌာန်းခြင်းမရှိစေရ။ ဝက်သားသုံးဆောင်ခြင်း၊ ဘာသာရေးပွဲနှင့် နေ့ထူးရက်မြတ်များ ရှောင်ကြဉ်စရာအကြောင်းမရှိ။ မှားယွင်းသောဘာသာရေးဆရာများနှင့် Spiritism များသည် အသားစားခြင်းကို ရှောင်ကြဉ် တားမြစ်ကြသည်။ ရောမကက်သလစ်များပင်လျှင် သောကြာနေ့၌ အသားရှောင်ကြဉ်ခြင်း၊ ရာစုနှစ်ချီ၍ ကျင့်သုံးကြသည်။ အချို့အသင်းတော်များသည် ဝါတွင်းကာလတွင် အစာရှောင်ကြသည်။ အချို့ဂိုဏ်းဂဏများက လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးလျှင်ပင် အသင်းတော်ဝင်အဖြစ် မသတ်မှတ်ကြ။ စနေနေ့ဥပုသ်အသင်းသည် ဘုရားသခင်၏ စိတ်တော်နှင့် တုထိဖို့ ဥပုသ်နေ့ကို စောင့်ထိန်းကြသည်။ ခရစ်ယာန်အသက်တာသည် အမိန့်အာဏာအောက်တွင် အသက်ရှင်ခြင်းမဟုတ် ပါ။ ဥပုသ်နေ့သည် ပညတ်တော်ပိုမိုပြည့်စုံရန် စောင့်ထိန်းခြင်းဖြစ်သည် (မ ၅း၁၈၊ ၁၂:၈၊ ဂလာ ၆:၁၈ ကိုကြည့်ပါ)။

:၁ရ ယုဒဘာသာရေးသည် ပေါ်ထွန်းလာမည့် အရာ၏ပုံရိပ်သာဖြစ်သည်။ ထိုပေါ်ထွန်းလာမည့်အရာသည် ခရစ်တော်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် မွေ့လျော်အိပ်မောကျသူများ ဖြစ်သည်။ ဥပုသ်နေ့သည် ယေရှုကြွရောက် လာခြင်းကို ရည်ဆောင်၍ စောင့်ထိန်းခြင်းဖြစ်သည်။ ယခုခရစ်တော်ဘုရား ပေါ်ထွန်းလာပြီ။ အဘယ့်ကြောင့် ထိုပုံရိပ်ထဲတွင် ကျန်ရှိနေမည်နည်း။ လူရှိလျှက်နှင့် ပုံကိုကြည့်ခြင်းဖြစ်နေသည်။

:၁၈ မှားယွင်းသောဆရာများ၏ သွန်သင်ချက်မရှိသောကြောင့် ဤကျမ်းပိုဒ်ကို တိတိကျကျ အနက်မဖွင့်နိုင်ပါ။ ထိုအယူမှားများသည် ဘုရားသခင်ထံတော်သို့ တောက်လျှောက်မချဉ်းကပ်ရဲသောကြောင့် နှိမ့်ချဟန်ဆောင်၍ ဝင်ရောက်ခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။ သို့မဟုတ် ကောင်းကင်တမန်များမှတဆင့် တိုးဝင်ချဉ်းကပ်လိုသောကြောင့် ကောင်းကင်သား များကို ကိုးကွယ်ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ ယနေ့ လူ့လောကတွင်လည်း ထိုအမူအကျင့်မျိုး အများအပြားတွေ့ရသည်။ ရောမကက်သလစ်များသည် ဘုရားသခင်နှင့် ယေရှုထံတော်သို့ မဝင်ရောက်ရဲသဖြင့် မယ်တော်မာရိမှတဆင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ထိုအယူအဆသည် မှားယွင်းသောနှိမ့်ချခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ဖန်ဆင်းထားသောအရာကို ကိုးကွယ်ခြင်းဖြစ်သည်။ ခရစ်ယာန်များသည် ဝိညာဉ်ရေးရာလက်ဆောင်များကို သူတပါးလုယူခြင်းမခံစေရပါ။ ”ဘုရားသခင်နှင့်လူအကြားတွင် စေ့စပ်ငြိမ်းချမ်းသူအောင်သွယ်တော် ယေရှုတပါးသာရှိသည်” (၁တိ ၃:၅)ဟု ကျမ်းစာက အတိအလင်းဆိုထားသည်။

ပေါလုက တပ်အပ်မမြင်ရသောအရာကို ဆိုသည်။ သူတို့သည် လူ့သဘောဖြင့်စဉ်းစားဆင်ခြင်လျှက် အကြောင်းမဲ့ စိတ်နေမြင့်လျှက်ရှိ၏၁၆ ဟု ဆိုထားသည်။ မှားယွင်းသော သင်ဆရာများသည် နက်နဲသောအံ့ဖွယ် နိမိတ်လက္ခဏာများဖြင့် ခုတုံးလုပ်သူများဖြစ်သည်။ ထိုအံ့ဖွယ်နိမိတ်များထဲတွင် အနာဂတ်ရူပါရုံများလည်း ပါကောင်းပါနိုင်သည်။ Mormonism, Spritism, Catholicism  နှင့် Swedenborgianisn  များအတွက် ထိုခေတ်ကာလတွင် ရူပါရုံသည် အဓိကအရာဖြစ်သည်။ ထိုရူပါရုံရရှိသူများသည် စိတ်ထဲ၌ဝါကြွား ထောင်လွှားကြသည်။ သို့ကြောင့် ရှင်ပေါလုက မိမိတို့သည် အခြားသူများထက်သာ သည်ဟု ပြောဆိုတတ်သူများဟု ဆိုခြင်း ဖြစ်သည်။ အခြားသူများက ရေးကြီးခွင်ကျယ် ထင်မှတ်အောင် လုပ်ပြတတ်ကြသည်။ ထိုသူများက အရေးပေးလေ ဘဝင်လေဟတ်လေ ဖြစ်ကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုအပြုအမူမျိုးအများအပြား တွေ့ရသည်။ ခရစ်တော်နှင့်အတူ လျှောက်လှမ်းနေသော ယုံကြည်သူများသည် ထိုအမူအရာများနှင့် ပတ်သက်စရာမလိုပါ။

အရေးကြီးသောသွန်သင်ချက်မှာ မိစ္ဆာဆရာများသည် သမ္မာတရားအားဖြင့်မဟုတ်ဘဲ မိမိတို့ကြံစည်သည့်အတိုင်း သွန်သင်သည့်အကြောင်း ဖြစ်သည်။ ထိုသူများတွင် ဝိညာဉ်တန်ခိုးအာဏာမရှိပါ။ ခရစ်တော်အကြောင်းမပါပါ။ စိတ်ထင် သည့်အတိုင်း သင်ပြလုပ်ဆောင်ကြသည်။ ဘုရားသခင်တွင် တည်မှီခြင်းမရှိ။ သို့သော် အောက်ကျို့နှိမ့်ချသယောင်ရှိကြသည်။ ထိုအချက်ကို သတိထားရသည်။

:၁၉ ထိုသူများသည် ခန္ဓာကိုယ်၏ဦးခေါင်းကို မှီခိုအားကိုးခြင်းမရှိ။ ခရစ်တော်သည် ခန္ဓာကိုယ်၏ဦးခေါင်း ဖြစ်သည်။ ဦးခေါင်းကို မှီခိုအားကိုခြင်း ဆိုသည်မှာ ခရစ်တော်ကို ဦးခေါင်းအဖြစ်ခံယူ၍ မိမိလုပ်ဆောင်မှုဟူသမျှသည် နာမတော် ထင်ရှားဖို့သာ ဖြစ်ရမည်ဟု ဆိုလိုသည်။ ကိုယ်တော်နှင့် အမြဲထိတွေ့လျှက် ကိုယ်တော်ကိုသာ ရှေ့ရှုမျက်နှာမူရသည်။ ထို့ထက်ရှင်းပြရလျှင် ခန္ဓာကိုယ်အစိတ် အပိုင်းများသည် ထိုဦးခေါင်းနှင့် အရိုးအသား၊ အကြောများဖြင့် ဆက်စပ်ထား သည်ဖြစ်၍ ဘုရားသခင်၌ တိုးတက်ကြီးပွားနေရမည်။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသည် အဆစ်အကြောများဖြင့် ဆက်စပ်နေသည်။ ဦးခေါင်းနှင့်လည်း ဆက်စပ်နေသည်။ ခန္ဓာကိုယ်အား ရွေ့လျားနိုင်ရန် ဦးခေါင်းက လမ်းညွှန်သည်။ ခရစ်တော်၏ ခန္ဓာကိုယ်ဖြစ်သော ယုံကြည်သူများသည် မြေကြီးပေါ်မှာရှိနေကြသော်လည်း ကိုယ်တော်နှင့်ဆက်စပ်သူများ ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်နှင့် ကင်းကွာ၍ ထိုမှားယွင်းသောဆရာများနှင့် ဆက်စပ်ပတ်သက်ခြင်းမရှိရ။

ဦးခေါင်းကို တည်မှီခြင်းသည် သခင်ဘုရားအပေါ်၌ အချိန်တိုင်း၊ အချိန်တိုင်းရပ်တည်ခြင်း ဖြစ်သည်။ မနေ့သည် ယနေ့အတွက် အထောက်အပံ့မဖြစ်နိုင်။ မနေ့က လျှံကျသွားသောရေဖြင့် ယနေ့ ဆုံမကြိတ်နိုင်ပါ။ ထို့ကြောင့် ယုံကြည်သူများ သည်လည်း အချိန်တိုင်းအခါတိုင်းတွင် ဦးခေါင်းတည်းဟူသော ခရစ်တော်ကို တည်မှီရမည် ဖြစ်သည်။

:၂ဝ အခြေခံအကျဆုံးသော သမ္မာစကားဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘာသာရေးကို နိယာမအစဉ်အလာ တရားဖြင့် သွန်သင်ကြသည် (ဂလာ ၄:၉-၁၁)။ အယူဝါဒမှားယွင်းသောဆရာများနှင့် အခြားဘာသာရေး အယူအဆများ လည်းသည်၊ ယုဒဘာသာရေးသည်၎င်း၊ လွဲမှားသောအယူဝါဒများသည်၎င်း ဘုရားသခင်၌ ရပ်တည်ခြင်းမရှိကြ။ ခရစ်တော်၌ သေလွန်ကြပြီးဖြစ်၍ လောကအနှောင်အဖွဲ့များနှင့် ကင်းလွတ်ခြင်းမရှိဘဲ အဘယ့်ကြောင့် ထိုသို့လုပ်ချင်ကြသေးသနည်းဟု မေးချင်သည်။ ခရစ်ယာန်တစ်ယောက်သည် ခရစ်တော်၌ အသေခံပြီးဖြစ်လျှင် နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာကို ဘာကြောင့် ဆက်ဆံချင်စရာ လိုသေးသနည်း။ ထိုအကြောင်းကို ဓမ္မသစ်ကျမ်းတွင် အဖြေပေးထားပါသည်။ ထိုမင်္ဂလာများသည် ကျေးဇူးတော်ခံစားရာ နည်းလမ်းများမဟုတ်ပါ။ ကောင်းကင်နိုင်ငံဝင်ခွင့်အရည်အချင်း သို့မဟုတ် ဘုရားသခင် ရှေ့တော်၌ အောင်ပွဲခံခွင့်စံတော်မှီဖို့ ဖြစ်သည်။ ထို့အပြင်  သခင်ဘုရား၏ စကားတော်နာခံခြင်း၊ လေးစားခြင်း၊ ခရစ်တော်၌ တည်ကြောင်း သက်သေပြခြင်း၊ ခရစ်တော်အသေခံမှုကို အောက်မေ့ကြောင်း သက်သေထူခြင်းဖြစ်သည်။

:၂၁ ဤကျမ်းပိုဒ်တွင် ”ကြနှင့်” ဟူသော စကားလုံးဖြင့် အစပျိုးထားသည်။ တစ်မျိုးပြောရလျှင် အခန်းငယ်(၂ဝ)တွင် ”အဘယ့်ကြောင့်”ဟူသော စကားကိုသုံးသည်။ ဤကျမ်းပိုဒ်တွင်မူ ”မကိုင်နှင့်၊ မမြည်းစမ်းနှင့် မတို့မထိနှင့်”ဟူသော စကားလုံးများသုံးသည်။ ဤစကားလုံးများသည် ရှင်ပေါလုသွန်သင်ချက်နှင့် ဖီလာဆန့်ကျင်သူများအတွက်ဖြစ်သည်။ အမိန့်အာဏာဖြင့် တားမြစ်ခြင်းစကားဖြစ်သည်။ Willian Kelly  က ”ကိုင်တွယ်ခြင်းမပြုရန် မြည်းစမ်းခြင်း၊ တို့ထိခြင်း ရှောင်ရှားရန်” ဟု သုံးသင့်သည်ဟု ဆိုသည်။ ရင့်သီးသောစကားလုံးများဖြစ်သည်။

:၂၂ အငယ်(၂၁)၏ အရိပ်အငွေ့များဖြစ်သည်။ ဤတားမြစ်ချက်စကားများသည် အမိန့်ပေးခြင်း၊ တားမြစ်ပိတ်ပင်ခြင်းစကားများ ဖြစ်သည်။ အကယ်၍ ဘာသာရေး၏အနှစ်သာရဖြစ်လျှင် ခရစ်တော်ဘုရားထက် အစားအသောက်က ပိုမိုအရေးကြီးပါမည်လား။ Weymouth  က ဤသို့ဖွင့်ဆိုထားသည်။

ခရစ်တော်နှင့်အတူသေ၍ လောကအရာများနှင့် ကင်းလွတ်သည်မှန်လျှင် ဘာကြောင့် သင့်အသက်တာကို လောက ကပိုင်ဆိုင်နေသေးသနည်း။ မကိုင်နှင့်၊ မမြည်းနှင့်၊ မတို့ထိနှင့်ဟူသော ပိတ်ပင်ချက်အောက်တွင် ဘာကြောင့်ရှိနေသေးသနည်း။ အရာခပ်သိမ်းသည် ကိုင်တွယ်သုံးဆောင်ဖို့ ပေးထားသည်မဟုတ်လား။ ထိုသို့လိုက်နာခြင်းသည် လူ့သွန်သင်ချက်၊ လူ့တရားလိုက်လျှောက်ခြင်းဖြစ်သည်။

            :၂၃ မမှန်သောစိတ်နှိမ့်ချခြင်း၊ ကိုယ်ခန္ဓာကို အလွန်အမင်းနှိပ်စက်ခြင်းများ၏ ဉာဏ်ပညာနှင့်ယှဉ်သော ပညတ်ချက်များ ဖြစ်ဟန်တူသော်လည်း ကာယတပ်မက်ခြင်းကို ထိန်းချုပ်ရန် အထောက်အကူမပေးနိုင်ပါ။ ကိုယ်ခန္ဓာအလွန်အမင်းနှိပ်စက်ခြင်းဆိုသည်မှာ မိမိစိတ်ထင်သည့်အမှန်တရားကို လိုက်လျှောက်ခြင်းဖြစ်သည်။ မှန်သည်ဟု ထင်စရာရှိသော်လည်း စစ်မှန်သောခရစ်ယာန်လမ်းစဉ် မဟုတ်ပါ။ မှားယွင်းသောနှိမ့်ချခြင်း ဆိုသည်မှာ ဘာလဲ။ ဘုရားသခင် ထံတော်သို့ မိမိကိုယ်ကို တိုက်ရိုက်တိုးဝင်ချဉ်းကပ်နှိမ့်ချခြင်း မဟုတ်ဘဲ ကောင်းကင်တမန်များ တဆင့်ခံဖြစ်ကြောင်း ရှင်းပြခဲ့ ပြီးပြီ။ မိမိကိုယ်ကို နှိပ်စက်ခြင်းဆိုသည်မှာ မိမိကိုယ်ကိုငြင်းပယ်ခြင်းဖြင့် သာ၍မြတ်သောဘုံသို့ အောင်ပွဲခံခြင်းဖြစ်သည်။ ထိုအယူအဆသည် ဟိန္ဒူဘာသာနှင့် အခြားအရှေ့ပိုင်းတိုင်းပြည်ဘာသာရေးများတွင် တွေ့ရသည်။

ထိုသို့ပြုခြင်းသည် မည်သည့်အဖိုးအခရသနည်း။ ဤကျမ်းပိုဒ်က ကာယတပ်မက်ခြင်းကို ထိန်းချုပ်ရန် အချည်းနှီး ဖြစ်သည်ဟု ဆိုသည့် အပြင်ပန်းလက္ခဏာကြည့်လျှင် သန့်ပြန့်ကြည်ညိုစဖွယ် ဖြစ်သည်။ သို့သော်လည်း အသွေးအသား တပ်မက်မှုကို ထိန်းချုပ်ရန် အထောက်အပံ့မရပါ။ မှားယွင်းသော နည်းစနစ်တိုင်းသည် လူကို ပိုမိုကျဆင်းစေပါသည်။ ဘုရားအလိုတော်နှင့်ညီသော အောင်ပွဲခံနိုင်ရန် ဇာတိသွေးသား တောင်းဆိုချက်များကို မထိန်းသိမ်းနိုင်ကြပါ။ ခရစ်ယာန် အသက်တာသည် ဇာတိအသွေးအသားများကို သင်္ဂြိုဟ်ပစ်ပြီး ဘုရားသခင်ကောင်းကြီးမင်္ဂလာထဲ၌ အသက်ရှင်ခြင်းဖြစ်သည်။ ထိုသို့အသက်ရှင်ရသောကြောင့် အပြစ်ဒဏ်ကိုလည်း စိုးရိမ်စရာမရှိသည့်အပြင် လူသားများအတွက် အသက်ပေးလှူခဲ့သူကိုလည်း ပိုမိုချစ်ခင်ရသည်။ A.T. Robertson က ”ချစ်ခြင်းမေတ္တာက မှန်ကန်သော ချစ်ခြင်းမေတ္တာက မှန်ကန်သောချစ်ခြင်း မေတ္တာကို လွတ်လပ်စွာခံစားစေသည်။ မှန်ကန်စွာ ရွေးချယ်ခွင့်ပေးသည်။ ခရစ်တော်၌ မွေ့လျော်ရသည်။ ကောင်းသောအမှု၌ လွတ်လပ်ခွင့်ပေးသည်” ဟုဖွင့်ဆိုထားပါသည်။

Previous Article
Next Article