တမန်တော်ဝတ္ထု ၁၂
(ဂ) ဟေရုဒ်၏ဖိနှိပ်ခြင်းနှင့် ကိုယ်တော်၏သေခြင်းတရား (၁၂:၁–၂၃)
၁၂:၁–၂ တာတန်၏ ထိုးနှက်ချက်သည် ရပ်နားသည်မရှိ။ ဟေရုဒ်ဘုရင်၏ ညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်းလာသည်။ သူသည် မဟာဟေရုဒ်၏မြေးဟေရုဒ်အဂြိပ္ပ(၁)မင်းဖြစ်သည်။ ရောမအင်ပါယာ ဧကရာဇ်ကလောဒီက ယုဒတပြည်လုံးအုပ်စိုးရန် ဘုရင်ခံအဖြစ် ခန့်အပ်သည်။ မောရှေပညတ်ချက်ကို စောင့်ထိန်းလိုက်နာသယောင်နှင့် ယုဒများအလိုလိုက် အကြိုက်ဆောင်သူဖြစ်သည်။ အသင်းတော်ကိုရက် စက်စွာဆန်ကျင်လျက် ယောဟန်၏ညီ ယာကုပ်ကိုလည်း ဓါးဖြင့်ထိုးသက်ခဲ့သည်။
ထိုယာကုပ်သည် ပေတရု၊ ယောဟန်တို့နှင့်အတူတောင်ပေါ်တွင် သခင်ယေရှုရုပ်ပြောင်းရုပ်လွှဲလုပ်စဉ်ဖူးမြင်သူဖြစ်သည်။ သူ့မိခင်လည်း ဘုရားနိုင်ငံတော်တည်သောအခါ သူ့သားနှစ်ယောက်အား နေရာပေးဖို့ တောင်းဆိုသူဖြစ်သည်။
ဘုရားသခင်က သူ့လူများနှင့် ဆက်စံပုံကို ဤအခန်းတွင် စိတ်ဝင်းစားစရာတွေ့ရသည်။ ယာကုပ်သည် ရန်သူများ၏ကွက်မျာက်ခြင်းခံရသည်။ ပေတရုမူ သီသီကလေးလွတ်သွားသည်။ ပေတရု အဘယ်ကြောင့်လွတ်သွားသနည်းဟု လူ့အမြင်ဖြင့် တွေးနိုင်သည်။ ဘုရားသခင်း၏ချစ်ခြင်းမတ္တော၊ ညဏ်ပညာအားဖြင့်သာ နားလည်နိုင်သည်။
ကောင်းကြီးမင်္ဂလာသည် ယုံကြည်သူများအတွက် ကောင်းကြီးမပါသောမင်္ဂလာတရားသည် အကျိုးမသက်ရောက်။
ဘုရားရှင်မပါရှိလျှင် အမင်္ဂလားများကိုလည်း မင်္ဂလာဟု ထင်မှားတတ်ကြသည်။ Fredeick W.Faber
၁၂:၃-၄ ယာကုပ်ကို ဟေရုဒ်က ကွပ်မျက်လိုက်သဖြင့် ယုဒများ ဝမ်းသာကြသည်။ ထို့ကြောင့် ယုဒများပိုမိုးပျော်ရွှင်စေရန် ပေတရုကိုလည်း ဖမ်းဆီးချုပ်နှောင်ရန် လက်ရဲလာသည်။ ထိုနေ့သည် ယုဒများ၏တဆေးမပါသော ဘာသာရေးဆိုင်ရာ မုန့်ပွဲတော်ဖြစ်သည်။ ပွဲတော်အတွက် ပျားပန်းခက်မျှ အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့်ပေတရုအား မသတ်အားသဖြင့် အချုပ်ထဲသို့ ချုပ်နှောင်၍ စစ်သား(၁၆)ယောက်ဖြင့်(၄)ယော က်တတွဲ၊ တလှည့်စီစောင့်ကြပ်ခိုင်းထားသည်။
၁၂:၅ယာကုပ်အသက်ခံရကြောင်းမြင်ရကြပြီးယခုတဖန် ပေတရုအား အသက်ရန်ရှာကြောင်း တွေ့ကြသောအခါ ယေရုရှလင် အသင်းတော်သည် အားကြိုးမာန်တက်ဆုတောင်ကြသည်။ ထို့ကြောင်းကို G.C.Morgan က “ထိုသူများ၏ ဆုတောင်းသံသည် ဟေရုဒ်၏ အာဏာထက်၎င်း၊ သေမင်း၏တန်ခိုးထက်၎င်း ထက်မြက်သည်” ဟုဆိုသည်။
၁၂:၆-၁၁ ထိုနေ့ညတွင် ပေတရုအား အပြင်သို့ထုတ်ဖို့ ဟေရုဒ်စီစဉ်နေစဉ်တွင် ပေတရုသည် စစ်သားနှစ်ယောက် အဆောင့်အကြပ်များအလယ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ ထိုအခိုက်တွင် တစုံတစ်ဦးမှ လှုပ်နှိုးသကဲ့သို့ ပေတရုသည် အိပ်ချင်မှုံဝါးဖြင့် အိပ်ယာမှထသည်။ ခြေလက်များတွင် ချည်ထားသော သံကြိုးများ ပြေကျကုန်သည်။ အရွယ်လွန်ဇရာအိုထိ အသက်ရှင်မည်(ယော၂၁:၁၆)ဟူသော ကတိတော်အတိုင်းဖြစ်ပေသည်။ ဟေရုဒ်၏ လက်ချက်မှလွတ်ကင်းအောင်ကောင်းကင်တမန်ကလာရောက်ကူညီခြင်းဖြစ်သည်။ ပေတရုသည် ကောင်းကင်တမန်ခိုင်းသည့်တိုင်း တလျှောက်သည်။ အဝတ်အစားများကောက်ဝတ်၍ ဖိနပ်စီးကာ ထသွားသည်။ ကောင်းကင်တမန်နောက်သို့လိုက်၍ တောင်တစ်ခါးသို့ ရောက်သောအခါ တစ်ခါးကြီးလည်း အလိုလိုပွင့်ထွက်သည်။ ထောင်အပြင်ဖက်ရောက် မြို့ထဲလမ်းမပေါ်သို့ရောက်သောအခါ ကောင်းကင်တမန်ပျောက်သွာသည်။ ပေတရုသည် အိပ်မက်ယောင်၍ ထခြင်းမဟုတ်၊ဘုရားသခင်က ဟေရုဒ်မင်းဆိုး မင်းညှစ် လက်ထဲမှ ကယ်နှုတ်ခြင်းဖြစ်ကြောင်း အသိဝင်းလားသည်။
၁၂:၁၂ ပေတရုသည် တစ်ယောက်တည်းလျှောက်လာပြီး ယောဟန်မာကု၏ အမေအိမ်သို့ ရောက်ရှိသည်။ ထိုအိမ်တွင် တပည့်တော်များသည် ပေတရုအတွက် ညလုံးပေါက် ဆုတောင်းနေကြသည်။ ပေတရုလွတ်မြောက်လာခြင်းသည် ထိုသူများ၏ ဆုတောင်းခြင်းအဖြေစကားဖြစ်ပေသည်။
၁၂:၁၃-၁၅ ပေတရုက အသာအရာ တံခါးခေါက်သောအခါ ရော်ဒေါ(နှင်းဆီ)အမည်ရှိသော မိန်းကလေးက တံခါးပေါက်မှ ချောင်းကြည့်ရာ မမျှော်လင့်ဘဲ ပေတရုကို တွေ့ရှိသောကြောင့် တစ်ခါးမဖွင့်ဘဲ ဝမ်းသာအားရဖြင့် ဆုတောင်းနေသူများအား ပြေးပြောလိုက်သည်။ သို့သော်မယုံကြ။ ပေတရုက တစ်ခါးဝတွင် ရပ်စောင့်နေသည်။ ကောင်းကင်တမန်၏ ကွယ်ကာစောင့်ရှောက်မှုဖြင့် ပေတရုအမှန်တကယ် လွတ်မြောက်ရောက်ရှိလာသည်။
ယုံကြည်သူများသည် မိမိတို့ ဆုတောင်းချက်များကို အားမလိုအားမရဖြစ်ကြသည်။ ဆုတောင်းသံများ ဘုရားသခင်က အဖြေပေးသောအခါ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။ တစ်ခါတစ်ခါ ဇာတိစိတ်က ဖုံးလွှမ်းတတ်သည်။ ယုံမှားသံသယ ကင်းရှင်းစွာ ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းပါသည်။
၁၂:၁၆-၁၇ ပေတရုသည် တံခါးဝတွင် ရပ်နေ၍ တဒေါက်ဒေါက်တံခါးခေါက်သည်။ တံခါးဖွင့်ပေးလိုက်သောအခါ ဘွားကနဲ့ပေတရု ကို တွေ့ရှိကြသောကြောင့် တမ်းသာလုံးဆို့ကြသည်။ ပေတရုက တခဏငြိမ်သက်ခိုင်းပြီး အံ့သြဖွယ်ရာ ကယ်နှုတ်ခြင်း ခံရပုံကို သက်သေခံသည်။ ထိုအကြောင်းကို ယာကုပ် (အာဖက်သား)သို့ သွားရောက်သတင်းပို့ခိုင်းသည်။ ပြီးနောက် ပေတရုသည် တခြားနေရာသို့ ထွက်သွားသည်။ အဘယ်အရပ်သို့ သွားသည်ကို မသိ။
၁၂:၁၈-၁၉ နံနက်မိုးသောက်၍ ပေတရုမရှိသောအခါ ထောင်ဝါဒါများသည် ယောက်ယက်ခတ်ဗျာများကြသည်။ ဟေရုဒ်မင်းကို မည်သို့မျက်နှာပြကြမည်နည်း။ အကျိုးအကြောင်းလည်း မတင်ပြနိုင်။ မြေလျှိုးမိုးပျံလား၊ ဖြစ်ကြောင်းကုန်စင်ကို ဟေရုဒ်မင်းကြားသိသောအခါ ပိုမိုအမျက်ထွက်သည်။ ထို့ကြောင့် အစောင့်များကို အားလုံးသတ်ပစ်ခိုင်းသည်။ သူသည် စိတ်သက်သာလိုသက်သာငြား ကဲကရိသို့ ထွက်သွားသည်။
၁၂:၂၀ ဟေရုဒ်သည် အလကားနေရင်း စိတ်ဆိုးတတ်သူ ဖြစ်သဖြင့် တိရီနှင့် ဇိဒုန်လူများအပေါ် ဒေါသအမျက် အချောင်းချောင်းထွက်သည်။ တိုသင်္ဘောဆိပ်မြို့နှစ်မြို့မှ မြို့သူမြို့သားများသည် ယုဒပြည်မှ သွင်းကုန်များအပေါ် မှီခိုလုပ်ကိုင်သူများ ဖြစ်သည်။ ထို့ကြောင့် ဘုရင်နှင့် ရင်းနှီးသော ဗလတ္တု အတွင်းဝန်ကို အပူကပ်ပြီး ဘုရင့်ကို ဖျောင်းဖျခိုင်းကြသည်။
၁၂:၂၁-၂၃ တနေ့သောအခါ ဟေရုဒ်ဘုရင်သည် မင်းခမ်းမင်းနားဝတ်စား ဆန်ဆာများ ဝတ်ဆင်လျက် ဗိုလ်ရှုသဘင် အကြည့်ခံသည်။ “ငါသည် သာမန်လူသားမဟုတ်၊ ဘုရားဖြစ်သည်” ဟု ကြွေးကြော်ကျေညာသည်။ ဘုရားသခင်ကို ကြောက်ရွံ့ကြည်ညိုခြင်းမရှိ စော်ကားမော်ကား စကားဆိုသည်။ ထို့ကြောင့် ဘုရားသခင်၏ ကောင်းကင်တမန်က တချက်ရိုက်ထည့်ရာ၊ ဗိုင်းကနဲ ပစ်လဲသေသွားသည်။ ထိုခုနှစ်သည် အေဒီ ၄၄ ဖြစ်သည်။
ယုဒများအလိုတော် အကြိုက်ဆောင်ဖို့ အမိုက်ဖက်၍ ယုဒကို ကွပ်မျက်ခဲ့ရသူသည် ဘုရားရှင်တော်၏ စီရင်ချက်ဖြင့် ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုလုံး ငရဲလားရသည်။ ဟေရုဒ်သည် ကိုယ်ကြဲသည့်အတိုင်း ရိတ်ရသည်။
(ဃ) ပေါလု၏ ပထမဆုံးသာသနာခရီး၊ ဂလာတိသို့ (၁၂:၂၄- ၁၄:၂၈)
၁၂:၂၄ ထိုကာလတွင် ဧဝံဂေလိတရားသည် နေရာအနှံ့အပြားတွင် ပြန့်ပွားနေသည်။ “ဘုရားသခင်သည် လူတို့၏ ဒေါသများကို ချီးမွမ်းကိုးကွယ်ခြင်းသို့၎င်း၊ ကြွင်းကျန်သော ဒေါသကို ခါးပန်းစည်းသို့၎င်း ပြောင်းလဲစေသည်” (ဆာ ၇၉:၁၀)။ လူတို့၏ ကြံစဉ်ခြင်းကို ဖျက်ဆီးလျက် ပြဌာန်းတော်မူချက်သည် သားစဉ်မြေးဆက်အဆုံးတိုင်အောင် တည်စေ၏။ (ဆာ ၃၃:၁၀-၁၁)။
၁၂:၂၅ ယေရုရှလင်မြို့တွင် လုပ်ငန်းဆောင်တာများ ပြီးဆုံးကြသောအခါ ဗာနဗနှင့် ရှောလုသည် အန္တိအုတ်သို့၅၂ ထွက်သွားကြသည်။ သူတို့နှင့် အတူ ဗာနဗ၏တူ မာကု (ခရစ်ဝင်ကျမ်းရေးသူ)ကို လည်း တပါးတည်းခေါ်ဆောင်ကြသည် (ကော ၄:၁၀)
ယာကုပ်ကွပ်မျက်ခြင်းခံရသည့်အချိန်တွင် ယေရုရှလင်၌ ဗာနဗနှင့် ရှောလုရှိ၊ မရှိ မသိရပါ။ ပေတရုမှာမူ ထောင်ထဲတွင် ရှိနေသည်။