ရောမသြဝါဒစာ နိဒါန်း

ခရစ်ယာန် ယုံကြည်ခြင်း၏ ဗိမာန်တော်ဖြစ်သည်။

Frederic Godet

၁။စံတော်မီ ဝိသေသလက္ခဏာ

ရောမဩဝါဒစာသည် ရှင်ပေါလုစာစောင်များ၏ အဓိကဥသျှောင်ဖြစ်သည်။ ရောမအရောက်တွင် တမန်တော် ဝတ္ထုပြီးဆုံးသွားသည်။ ရောမအသင်းတော်သို့ သွားရောက်မလည်ပတ်မီ အသင်းတော်သို့ ဩဝါဒစာသည် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို နည်းစနစ်ကျနစွာ ဖော်ပြသောကျမ်းဖြစ်၍ ဓမ္မသစ်ကျမ်းတွင် အရေးပါ အခိုင်မာဆုံးသောကျမ်းဖြစ်သည်။

သမိုင်းကြောင်းအရလည်း ရောမဩဝါဒကျမ်းသည် ဓမ္မသစ်ကျမ်းကို လွှမ်းမိုးသည်။ ဩဂတ်စတင်းသည် ရော ၁၃ နှင့်၁၄ကို အေဒီ၁၈၀ တွင်ဖတ်ရှု့ခြင်းဖြင့် အသက်တာပြောင်းလဲခဲ့သည်။ ကရိုတက်စတင်းပြန်လည် ပြုပြင်ရေးသမား မာတင်လူသာသည်လည်း နောက်ဆုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သဘောပေါက်သွားသည်။ “ယုံကြည်ခြင်းဖြင့် အသက်ရှင်သည်။” (၁၅:၁၇)ဟု ခံယူသွားသည်။

John Wesley သည် ၁၇၈၃ ခုနှစ်တွင် လန်ဒန်မြို့အယ်စကိတ်လမ်းရှိ Moravian Church ၌ မာတင်လူသာ၏ ရောမဩဝါဒအနက်ဖွင့်ကျမ်းကို ဖတ်ရှု့ခြင်းဖြင့် ကယ်တင်ခြင်း စိတ်ချမှုရသွားသည်။ John Calvin က “ဤကျမ်းစာကို နားလည်သဘောပေါက်လျှင် ကျမ်းစာအုပ်တအုပ်လုံး နားလည်သွားမည်” ဟုဆိုထားသည်။

 

၂။ကျမ်းရေးသူ

မကောင်းမြင်ဝါဒရှိသူများက ရောမဩဝါဒကျမ်း ရေးသူသည် တပါးအမျိုးသားဖြစ်ရမည်ဟု ခံယူခဲ့ကြသည်။ သိုဖြစ်လင့်ကစား အတိုက်အခံ အမြင်ရှိသူများထဲမှ Marcionသည် ပေါလုလက်ရာဖြစ်ကြောင်း ဦးစွာဝန်ခံလာသည်။ ထိုနောက်ပိုင်းတွင် ရှေးရိုးဝါဒီအယူရှိသူများ Clement of Rome, Ignatius, Justin Martyr,Polycarp,Hipolytus နှင့် Irenaeusတို့က အသိအမှတ်ပြုလာကြသည်။ The Muratorian Canon ကလည်း ပေါလုလက်ရာဖြစ်ကြောင်း လက်ခံသည်။

အပြင်ပန်းလက္ခဏာကို ကြည့်ခြင်းအားဖြင့် ပေါလု၏ လက်ရောဖြစ်ကြောင်း ခိုင်လုံသည်။ ဓမ္မအယူအဆ၊ ဝေါဟာရနှင့် ဝိညာဉ်ရေးရာ ရှု့ထောင့်များအရ ပေါလု၏အာဘော်များဖြစ်သည်။ ရှင်ပေါလု၏ လက်ရာ ဖြစ်ကြောင်း (၁:၁)တွင် စတင်တွေ့ရှိရပါသည်။ သို့သော် ထိုအပိုဒ်လေးနှင့် မလုံလောက်သေးပါ။ ထိုထက်ခိုင်မာသော (၁၅:၁၅-၂၀) ကျမ်းပိုဒ်ရှိသေးသည်။ အကြောင်းအရာအမျာစုသည် တမန်တော်ဝတ္ထုနှင့် ဆက်စပ်သည်။ ဥပမာအားဖြင့် သန့်ရှင်းသူ ဂါယု၊ ဧရတ္တုတို့ စုရုံးခြင်းသည် ရောမအသင်းတော်အတွက် ရေရှည်စီမံကိန်းကြိုတင်ရေးဆွဲခြင်းဖြစ်သည်။ တေရတိသည် ပေါလု၏လက်သုံး (၁၆:၂၂)ဖြစ်သည်။

၃။ အချိန်ကာလ

ဤကျမ်းစာသည် ကောရိန္သုဩဝါဒ ပထမစာစောင်နှင့် ဒုတိယစာစောင်အကြားကာလတွင် ရေးသားခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ယေရုရှလင်ရှိ ဆင်းရဲချို့တဲ့သော သန့်ရှင်းသူများအကြောင်းပါဝင်သည်။ ကင်ခြေ (၁၆:၁) ကောရိန္သုသင်္ဘောဆိပ်မြို့ အကြောင်းနှင့် အခြားအကြောင်းအရာ အသေးစိတ်များသည် ကောရိန္သုကို အခြေခံသည်။ ပေါလုသည် ထိုနေရာတွင် (၃)လသာနေခွင့်ရခဲ့သည်။ ထိုကာလအတွင်းတွင် ရေးသားခြင်းဖြစ်ပေမည်။ အချိန်ကာလအားဖြင့် အေဒီ၅၆ ခုနှစ်ဖြစ်သည်။

၄။နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ရောမမြို့သို့ မည်သို့ ခရစ်ယာန်ဘာသာရောက်ရှိခံသနည်း။ အသေအချာ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေရှိသည်မှာ ရောမမြို့ရှိ ယုဒလူမျိုးများသည် ပင်တေကုတ္တေနေ့တွင် ယေရုရှလင်မြို့၌ ရှိနေကြပေသည်။ (တ ၂:၁၀ကို ကြည့်) ထိုသူများက သန့်ရှင်းသောဝိညာဉ်တော်၏ မင်္ဂလာသတင်းကို သယ်ဆောင်သွားကြ၍ သက်သေခံကြခြင်းဖြစ်နိုင်သည်။ ကာလအားဖြင့် အေဒီ၃၀ ဖြစ်သည်။

ပေါလုသည် ဤစာကို မရေးသားမီကာလတွင် ရောမမြို့သို့ တစ်ခါမှမရောက်ဘူးပါ။ နောက် (၂၆)နှစ်ကြာမှသာရောက်သည်။ သို့သော်ရောမတွင် ခရစ်ယာန်ယုံကြည်သူ အနည်းငယ်ရှိကြောင်း (အခန်း၁၆)သိသည်။ ထိုကာလသည် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခြင်းခံရသည့် ကာလ ဖြစ်သောကြောင့်  ခရစ်ယာန်များသည် ခြေသလုံးအိမ်တိုင် လုပ်နေရသည်။ ပြေးရင်းလွှားရင်း ရောက်လေရာမှာ နှုတ်ကပတ် တော်ဟောကြသည်။ သက်သေခံကြသည်။ ရောမအသင်းတော်ရှိ ခရစ်ယာန်များသည် ယုဒလူမျိုးနှင့် တပါးအမျိုးသားများဖြစ်သည်။

ပေါလုသည် သူမျှော်လင့်ထားသည့်အတိုင်း အေဒီ ၆၀ခုနှစ်တွင် ရောမသို့ရောက်ရှိသည်။ သို့သော် မျှော်လင့်ချက်အတိုင်းမဟုတ်။ ယေရှုခရစ်တော်သို့ အကျဉ်းသားဘဝဖြင့်ရောက်ရှိသည်။

ရောမမြို့သည် အဆင့်အတန်းမြင့်မားသည်။ မယုံကြည့်သူများအတွက် အပြစ်ထဲတွင် မွေ့လျော်သာယာကောင်းသော နေရာ ဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်းမျိုးစေ့ကြဲရန် လိုအပ်သော နေရာကောင်း ဖြစ်သည်။ ယုံကြည်သူအသစ်များသည် ခရစ်တော်ကိုသက်သေခံကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၌ အောင်ပွဲဆင်နွှဲကြသည်။ ရင့်ကျက်သော ယုံကြည်သူများကလည်း ခရစ်ယာန်ယုံကြည်ခြင်း ခံယူချက်၊ ရူပါရုံအမြင်နှင့်လက်တွေ့ အသက်တာများဖြင့် မကုန်မခမ်းနိုင်အောင် အလင်းပေးကြသည်။

ဤဩဝါဒစာကို ပေါလုက အမည်မသိလူတဦးနှင့် စကားပြောပုံစံဖြင့် ရေးထားသည်။ ပေါလုသည် ဧဝံဂေလိဆရာ ဖြစ်သည်နှင့်အညီ ပရိတ်သတ်၏ ပဲ့တင်သံကို ကြားသိလိုသည်။ တမန်တော်ကြီးက တစ်ယောက်ပြီး တစ်ယောက် မေးမြန်းသည်။ ထိုသို့ မေးမြန်းပြောဆိုပြီးသောအခါ ပေါလုသည် ဘုရာသခင်၏ ကျေးဇူးတော်ကို အဓိကထား၍ သွန်သင်ဆွေးနွေးသည်။

တစ်ခါတရံပစ်မှတ် ပရိတ်သတ်အား ရှင်းလင်းစွာ ပြောပြသည်။ တစ်ခါတရံ မြှုပ်ထားသည်။ သို့သော် ထုတ်ဖော်သည်ဖြစ်စေ၊ မြှုပ်ထားသည်ဖြစ်စေ ဧဝံဂေလိတရား နှံ့စပ်သည်။ သခင်ယေရှု့ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြောင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်း မရကြောင်း နားလည်ကြသည်။

ရောမဩဝါဒကျမ်းကို အချက်(၁၂)ချက်ဖြင့် လေ့လာရသည်။ (၁) ဩဝါဒစာ၏ အဓိက ရည်ရွယ်ချက်က ဘာလဲ(၁:၁၊၁၅-၁၆)၊ (၂) ဧဝံဂေလသတင်းကောင်း ဆိုသည်မှာဘာလဲ(၁:၁-၁၇)။ (၃)လူများသည် ဧဝံဂေလိ သတင်းကောင်းကို ကြားသိရန် ဘာကြောင့်လိုအပ်သနည်း(၁:၁၈-၃၂၀)။ (၄)မယုံကြည်သူ ဘုရားမဲ့တရားမဲ့သမားများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မည်သို့ခံယူနိုင်သနည်း (၃:၁၂-၃၁)။ (၅) ဧဝံဂေလိသတင်းကောင်းသည် ဓမ္မဟောင်းကျမ်းနှင့် ရှေ့သွားနောက်လိုက် ညီပါသလား (၄:၁-၂၅)။ (၆)ယုံကြည်သူများ၏ အသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းသည် မည်သို့ အကျိုးပြုပါသနည်း (၅:၁-၂)။ (၇)ကယ်တင်ခြင်း ရရှိသူသည် အပြစ်လုပ်နိုင်ပါသလား (၆:၁-၂၃)။ (၈) ခရစ်ယာန်နှင့် ပဉာတ်တော်များသည် မည်သို့သဘောထားရမည်နည်း (၇:၁-၂၅)။ (၉) စင်ကြယ်သောအသက်တာကို မည်သို့ရရှိနိုင်သနည်း (၈:၁-၁၉)။ (၁၀) ယုဒလူမျိုးနှင့် တပါးသောအမျိုးသားများ အားကိုးကယ်တင်ခြင်း ကတိတော်အား ဖျက်ဆီးခြင်းလား (၉:၁-၁၁:၃၆)။ (၁၁) ဖြောင့်မတ်စင်ကြယ်ခြင်း ရရှိသွားသော ယုံကြည်သူများသည် မိမိနေ့စဉ် အသက်တာကို မည်သို့ ရှင်သန်ရမည်နည်း (၁၂:၁၊၁၆:၂၇)။

မေးသင့်မေးအပ်သော မေးခွန်းများကို ဤကျမ်းစာတွင် အဖြေပေးထားပါသည်။ ဥပမားအားဖြင့် ပထမမေးခွန်းဖြစ်သော ဤကျမ်းစာ၏ ရည်ရွယ်ချက်သည် ဘာလဲဟူသော မေးခွန်းကို မဆိုင်းမတွ ဖြေပါသည်။ “ဧဝံဂေလိသတင်းစကား” ဖြစ်သည်။ ထိုအဖြေစကားကို ပထမပိုင်း (ငယ် ၁၊၉၊၁၅၊၁၆)တွင် (၄)ကြိမ်တိုင်တိုင် တွေ့ရသည်။

ထိုမေးခွန်းနှင့် မီးခိုးကြွက်လျှောက်လိုက်၍ “ဧဝံဂေလိသတင်းကောင်း” ဆိုသည်မှာဘာလဲဟု လိုက်ပါလာသည်။ “သတင်းကောင်း” ဟုဆိုပါသည်။ သတင်းကောင်းဟူသောဝေါဟာရကို (ငယ်၁-၃၇)တွင် (၆) ကြိမ်းရှင်းပြထားသည်။ (၁)သတင်းကောင်း၏ အရှင်သည် ဘုရားသခင် (ငယ် ၁)(၂) ဓမ္မဟောင်းပရောဖက်များ၏ ပရောဖတ်ပြုချက်(ငယ် ၂)(၃) သတင်းကောင်းဆိုသည်မှာ ဘုရားသားတော်သခင် ယေရှုအကြောင်း (၄) ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးတော် (ငယ်၁၆) (၅) ယုဒလူမျိုး၊ တပါးသော လူမျိုးဟူ၍မခွဲခြားပါ။ လူသားတိုင်းနှင့်ဆိုင်သည် (ငယ်၁၆) (၆)ယုံကြည်ခြင်းဖြင့် ရရှိသည် (ငယ်၁၇)။ အထက်ပါအကြောင်းအရာများသည် စာမြည်းသာဖြစ်သည်။  အသေးစိတ် အကြောင်းအရာများကို ဆက်လက်လေ့လာကြည့်ကြပါစို။

 

ပါဝင်သည့်အချက်များ

၁။ ယုံကြည်ချက်ဘုရားသခင်၏ သတင်းကောင်း (အခန်း )

(က) သတင်းကောင်းမိတ်ဆက် (၁၁-၁၅)

(ခ) သတင်းကောင်းအဓိပ္ပာယ် (၁၁၆-၁၇)

(ဂ) တကမ္ဘာလုံးက ဧဝံဂေလိသတင်းကောင်းလိုအပ်ချက် (၁၁၈-၃၂၀)

(ဃ) သတင်းကောင်း၏ အခြေအမြစ်နှင့် အဓိပ္ပါယ် (၃၂၁-၃၁)

(င) သတင်းကောင်းနှင့် ဓမ္မဟောင်းကျမ်း ဆက်စပ်ခြင်း (အခန်း၄)

(စ) သတင်းကောင်း၏ အကျိုးတရားများ (၅၁-၁၁)

(ဆ) အာဒံ၏ အပြစ်အပေါ် တွင် ခရစ်ယာန် ယုံကြည်မှုကအောင်နိုင်ခြင်း (၅၁၂-၂၁)

(ဇ) သတင်းကောင်းနှင့်အညီ စင်ကြယ်သော အသက်တာ (အခန်း၆)

(စျ) ယုံကြည်သူအတက်တာနှင့် ပညတ်တရား (အခန်း၇)

(ည) သန့်ရှင်းသောတန်ခိုးတော်ဖြင့် စင်ကြယ်သောအသက်တာ (အခန်း၈)

 

၂။ သတင်းကောင်းဖြန့်ဝေခြင်း၊ သတင်းကောင်းနှင့် ဣသရေလ (အခန်း၉၁၁)

(က)ဣသရေလ၏ အတိတ်ကာလ (အခန်း၉)

(ခ) ဣသရေလ၏က ပစ္စုပန် (အခန်း၁၀)

(ဂ) ဣသရေလ၏အနာဂတ် (အခန်း၁၁)

 

၃။ဧဝံဂေလိတရားရှင်သန်ဖို့ တာဝန်ဝတ္တရား (အခန်း၁၂၁၆)

(က) တဦးချင်း၏ အထွဋ်အမြတ်  (၁၂၁-၂)

(ခ) )ဝိညာဉ်ဆုကျေးဇူးဖြင့်ဆက်ကပ်ခြင်း(၁၂၃-၈)

(ဂ) အဖွဲ့အစည်းနှင့်ဆက်ဆံရေး (၁၂:၉-၂၁)

(ဃ) အုပ်စိုးသူအစိုးရနှင့် ဆက်ဆံရေး (၁၃:၁-၇)

(င) အချင်းချင်းပြုအပ်သောဝတ် (၁၃:၈-၁၄)

(စ)အခြားသူများနှင့် ဆက်ဆံခြင်း (၁၄:၁-၁၅:၁၃)

(ဆ) ပေါလု၏စီမံကိန်း  (၁၅:၁၄-၃၃)

(ဇ) အခြားသူများအားအသိအမှတ်ပြုဆက်ဆံခြင်း(အခန်း၁၆)

Previous Article
Next Article