ရောမသြဝါဒစာ ၁၃

() အုပ်စိုးသူအစိုးရနှင့် ဆက်ဆံရေး (၁၃း၁)

၁၃: ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်သောအသက်တာ ရှိသူများသည်လည်း လူ့အဖွဲ့အစည်း ဆိုင်ရာ အုပ်စိုးသူမင်းများနှင့် ဆက်ဆံရေးမကင်းလွတ်ရပါ။ အုပ်စိုးသူမင်းသည် လူတိုင်းနှင့် ပတ်သက်သော်လည်း ဤနေရာတွင် ယုံကြည်သူများအားအထူးတလည် သွန်သင်ခြင်းဖြစ်သည်။ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးကာလနောက်ပိုင်းတွင် ဘုရားသခင်သည်အုပ်စိုးသူမင်း စီရင် ခန့်အပ်တော်မူသည်။ ”အကြင်သူသည်လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်” (က၉:၆)ဟုဆို ထားပါသည်။ ထိုအမိန့်အာဏာသည် ပြစ်မှုကျူးလွန်သူများနှင့် အမိန့်အာဏာမလိုက်နာသူများအား အပြစ်ဒဏ်ပေးပိုင်ခွင့်အမိန့်အာဏာ ဖြစ်သည်။

အဖွဲ့အစည်းတိုင်းမှာ အာဏာပိုင်အကြီးအကဲများ ရှိပါသည်။ အကြီးအကဲများ၏ အမိန့် အာဏာကိုနာခံရသည်။ တနည်းပြောရလျှင် အာဏာရှင်များ၏ အမိန့်အာဏာကို တော်လှန် ပုန်ကန်ခြင်းမပြုရ။ မည်သည့်အစိုးရမဆို အစိုးရမရှိခြင်းထက် ပိုကောင်းပါသည်။ မင်းမဲ့စရိုက် မရှိစေရန် ဘုရားသခင်ကလူ့ အဖွဲ့အစည်းအုပ်စိုးသူမင်းကို စီရင်ခြင်းဖြစ်သည်။ ထိုသို့ပြောရာတွင် နိုင်ငံတော်အုပ်ချုပ်သူတိုင်းအား အလိုတော်နှင့်အညီအုပ်စိုးစေသည်ဟု ဆိုလိုခြင်းမဟုတ်။ အကျင့် စာရိတ္တ ပျက်စီးခြင်း၊ ရက်စက်ခြင်း၊ အာဏာရှင်စနစ်ဖြင့် အုပ်စိုးခြင်းများသည် အလိုတော်မဟုတ်ပါ။ အခွင့်အာဏာပိုင်စိုးခြင်းကိုသာ ဘုရားသခင်စီမံခန့်ခွဲ ရာဖြစ်သည်။

ယုံကြည်သူများသည် ဒီမိုကရေစီစနစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်အညီ အုပ်စိုးခြင်း၊ အများ ပြည်သူ၏ဆန္ဒနှင့်အုပ်ချုပ်ခြင်းကိုထောက်ခံသည်။ ယုံကြည်သူသည် လောကအစိုးရအရေးအရာတွင် သာ၍ကောင်းသောလောက အစိုးရရှာဖွေဖို့ပြဿနာရှုပ်စရာမရှိရ။ ဘယ်သောအခါမှပြည့်စုံသော နိုင်ငံတော်အစိုးရမရှိနိုင်။ စံနမူနာထိုက်သောဘုရင်မှာ ယေရှုခရစ်တော်တပါးတည်းသာရှိပါသည်။ ဤကျမ်းပိုဒ်သည် ပေါလုကဧရာဇ်ဘုရင်နေရူးကို အမှတ်ရစေဖို့ ရေးသားခြင်းဖြစ်သည်။ ခရစ်ယာန် များ၏အမှောင်ကာလဖြစ်သည်။ ရောမမြို့တဝက်နီးပါး မီးရှို့ဖျက်ဆီးပစ်သည်။ (သူကိုယ်တိုင်အမိန့် ပေးဟန်တူသည်)။ ယုံကြည်သူများကိုလောင်စာသွန်းလောင်း၍ မီးတိုင်အဖြစ်မီးရှို့မီးထွန်းသည်။ ထိုမီးရောင်များဖြင့်ပွဲလမ်းသဘင်ကျင်းပသည်။ အချို့ကိုမူအရှင်လတ်လတ် အရေခွံခွာသည်။ ခန္ဓာ ကိုယ်များကို ပါးပါးလှီး၍ကျွေးမွေးပစ်သည်။

၁၃: မည်သို့ပင် ရက်စက်ကြစေကာမူ အုပ်စိုးသူအစိုးရသည် ဘုရားသခင်စီရင်ခွဲခန့်သူများ ဖြစ်သောကြောင့် ကလန်ကဆန်မပြုရ။ ဆန့်ကျင်ပုန်ကန်ခြင်းမလုပ်ရ။ အမိန့်အာဏာလွန်ဆန်သူများ သည်အပြစ်ဒဏ်ခံရမည်။

သို့သော် ချို့ယွင်းချက်တခုရှိသည်။ အုပ်စိုးသူအစိုးရက မည်သို့ပင်အတင်းအကြပ် ခိုင်းစေ ကာမူ သခင်ယေရှုခရစ်တော်ကို သစ္စာဖောက်မည့်အလုပ်မျိုး ကိုဘယ်သောအခါမှ မလိုက်နာရ (တ၅:၂၉)။ လူ၏ အသိဦးနှောက်ကို မည်သည့်အစိုးရကမှ စိုးပိုင်ခွင့်မရှိပါ။ ထို့ကြောင့် ယုံကြည်သူသည်လူ၏ ငြိုငြင်မျက်မုန်းကျိုးခြင်းထက် ဘုရားသခင်ကိုနာခံသင့်သည်။ ထိုသို့ပြုမူခြင်း ကြောင့် အပြစ်ဒဏ်ခံရလျှင်လည်းကျေနပ်စွာလက်ခံပါ။ အကျိုးအကြောင်းဆီလျှော်သည်ဖြစ်စေ၊ မဆီလျှော်ဖြစ်စေအုပ်စိုး မင်းကိုပုန်ကန်ဆန့်ကျင်ခြင်းမပြုရ။ ငြင်းဆန်ဖို့မကြိုးစားရ။

၁၃: အကျင့်ကောင်းသူ မှန်မှန်ကန်ကန်နေထိုင်သူသည် အစိုးရကိုကြောက်စရာမလို။ ဥပဒေ ချိုးဖောက်သူများ၊ အပြစ်ဒဏ်ထိုက်သူများအတွက်သာဖြစ်သည်။ သို့ကြောင့် လွတ်လပ်အေးချမ်းစွာ ကိုယ့်ထမင်းကိုစားလိုသူသည် နိုင်ငံသားကောင်း ပီသစွာဥပဒေ ဘောင်အတွင်းတွင် နေထိုင်ရသည်။ ထိုသို့နေထိုင်လျှင်အာဏာပိုင်များ၏ စစ်ကြော ခြင်းနှင့် ကင်းဝေးသကဲ့သို့ကြောက်ရွံ့စရာလည်း လိုတော့မည်မဟုတ်။

၁၃: နိုင်ငံတော်အစိုးရသည် မကောင်းသူပယ်၍ကောင်းသူချီးမြှောက်ဖို့ ဘုရားသခင်ခွဲခန့် ထားခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၊ မြို့တော်ဝန် တရားသူကြီး၊ ဝန်ကြီးအစရှိသည်များသည် ဘုရားသခင်ခန့်အပ်ရာဖြစ်သည်။ ထိုသူများသည်ဘုရားတရားသိသူ၊ ယုံကြည်သူဟုတ်ချင်မှဟုတ် မည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏လူများဖြစ်သည်။ ဒါဝိဒ်၏ရှောလုဘုရင်အပေါ်ပြုမူ ဆက်ဆံ ပုံကိုသတိရပါ(၁ရာ၂၄:၆-၁ဝ၊ ၁၆:၉-၁၃၊ ၁၆၊ ၂၃ကိုကြည့်ပါ)။ ရှောလုမင်း၏လက်ပါးစေများက ဒါဝိဒ်ကိုအသက်ရန်ရှာကြသည်။ ဒါဝိဒ်ကလက်စားချေခွင့်၊ အခွင့်အခါကောင်းရသည်။ သို့သော် အလျဉ်းမပြု။ အဘယ်ကြောင့်ဆိုသော် ရှောလုမင်းသည်ဘုရားသခင် ခန့်အပ်သောသူဖြစ်သည်။

အုပ်စိုးသူမင်းများသည်ဘုရားသခင်က စီရင်ခွဲခန့်သူများဖြစ်ကြသည်နှင့်အညီ တိုင်းသူပြည် သားလူအများ၏ ကောင်းရာကောင်းကျိုး လုံခြုံရေး၊ စည်ပင်ဝပြောရေးနှင့်အမှုအရာခပ်သိမ်းကို ရှေးရှု ဆောင်ရွက်သူများဖြစ်သည်။ ထို့ကြောင့်ထိုကောင်းကျိုးချမ်းသာအတွက် စိတ်ရင်းစေတနာ ကောင်းဖြင့်လုပ်ဆောင်ချက်များကို ချိုးဖောက်ဖျက်ဆီးသူသည် အပြစ်ဒဏ်ထိုက်သင့်ပါသည်။ အမိန့်အာဏာကို ချည်းနှီးပေးအပ်သည်မဟုတ်။ ဤနေရာတွင် ဓားဆိုသည်မှာအာဏာစက်ကို ဆိုလိုခြင်းဖြစ်သည်။ စီမံအုပ်ချုပ်ခွင့်အာဏာဖြစ်သည်။ ထို့ကြောင့်မတရားစီရင်ခြင်း၊ အပြစ်ပေးခြင်း ဆိုသည်မှာ ဓမ္မဟောင်း တွင်သာရှိသည်မဟုတ်။ ဓမ္မသစ်တွင်လည်းရှိသည်။ သို့သော်ဓမ္မသစ်ကျမ်းမှ အပြစ်စီရင်ခြင်းသည် အုပ်စိုးသူမင်းများနှင့်သာ သက်ဆိုင်သည်။ ကျမ်းပိုဒ်အား စစ်ကြောချင် ကြသည်။ ထိုကျမ်းပိုဒ်၏ဆိုလို ချက်သည် ပါဏာတိပါတာကိုဆိုလိုခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်တွင်မူ အပြစ်ဒဏ်ချမှတ်ခြင်းဖြစ် သည်။ ဟေဗြဲစကားမှ ”သတ်” ဟူသောစကားကို KJV, NKJV  တွင် ”လူသတ်ခြင်း”ဟုပြန်ဆိုထား သည်။ ”သူ့အသက်ကိုမသတ်ရ” ဟုဆိုသည်။ ဓမ္မဟောင်းပညတ် တရားတွင် သေဒဏ်ကိုအပြစ်ဒဏ် တခုအဖြစ်သီးသန့်ပြထားပါသည်။

ဓမ္မသစ်ကျမ်းတွင်ပေါလုက အုပ်စိုးသူမင်းသည် ဘုရားသခင်၏ခွဲခန့်ရာလူများ ဖြစ်သည်ဟု သတိပေးထားသည်။ သို့သော်မကောင်းဒုစရိုက်ပြုသူများအား တရားစီရင်ခွင့်ပြုသည်။ တနည်းအား ဖြင့်ဘုရားသခင်၏တမန်တော်များဖြစ်ကြသော အုပ်စိုးသူမင်းများသည် တိုင်းသူပြည်သားလူအများ ၏ကောင်းကျိုးအဖြာဖြာကို လုပ်ဆောင်သူများဖြစ်ကြရာ ထိုကောင်းကျိုးလုပ်ဆောင်ရာ၌ အဟန့် အတားခလုတ်ကန်သင်းများကို အပြစ်စီရင်ခွင့်ရှိသည်။

၁၃: အုပ်စိုးမင်းသူများ၏ အမိန့်အာဏာများကို နာခံခြင်းနှင့်ပတ်သက်၍ အကြောင်း (၂)ချက်ရှိသည်။ အပြစ်ဒဏ်ကြောက်ခြင်းနှင့် အကျင့်ကောင်းအသိစိတ်ဖြင့် ကျင့်ကြံခြင်း ဖြစ်သည်။

၁၃: ယုံကြည်သူသည် နိုင်ငံတော်အစိုးရကို ဝန်ခံရုံသာမက ထိုက်သင့်သော အကောက် အခွန်များကိုလည်း ပေးဆောင်ရသည်။ လူ့ဘောင်အဖွဲ့အစည်းတွင် မှီတင်းနိုင်ကြသည့်အားလျော်စွာ ဘဝလုံခြုံရေး၊ မီးဘေး ရေဘေးလုံခြုံရေးများတွင် ပါဝင်ရသည်။ နိုင်ငံတော်အစိုးရသည် ဘုရားသခင်က အပ်နှင်းသောဝတ္တရားများကို ထမ်းဆောင်ကြသူများဖြစ်သည်။ တိုင်းနိုင်ငံသားများ ၏ ဘဝအိုးအိမ်လုံခြုံရေးတာဝန်ထမ်းဆောင်သူများဖြစ်သည့်နည်းတူ လူတိုင်းကလည်း အုတ်တချပ် သဲတပွင့်အဖြစ် ပါဝင်ရမည်။

၁၃: ယုံကြည်သူများသည် ကောင်းကင်နိုင်သားစာရင်းဝင်သူများလည်း ဖြစ်သည်(ဖိ ၃:၂ဝ) ဟုဆိုသော်လည်း လူ့အဖွဲ့အစည်းကို အဆက်အသွယ်ဖြတ်တောက်ခြင်းမပြုရပါ။ မြေယာအိုးအိမ်၊ ဝင်ငွေများသည် ဤလူ့အဖွဲ့အစည်းနှင့်သက်ဆိုင်သည်။ တိုင်းနိုင်ငံတခုမှ အခြားနိုင်ငံသို့ ကူးသန်းရောင်းဝယ်သွားလာ ဖောက်ကားကြရသည်။ ထို့သို့လုပ်ဆောင်ရာမှ ဝင်ငွေခွန်များသည် နိုင်ငံတော်အစိုးရထံသို့ အလိုက်သိသိ၊ ဥစ္စာရှိရှိပေးဆောင်ရသည်။ တည်ဆဲတရားဥပဒေများကို လေးစားရသည်။ ထိုဌာနဆိုင်ရာဝန်ထမ်းများကိုလည်း လေးစားအသိအမှတ်ပြုရမည်။

ယုံကြည်သူများသည် အုပ်စိုးသူမင်းများအား မကောင်းစကားမပြောရပါ။ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်များနှင့် မပတ်သက်စေရပါ။ နိုင်ငံရေးအယူအဆများ ဝေဖန်ပြောကြားခြင်း မပြုရပါ။”သင်၏အမျိုးကို အုပ်စိုးသော မင်းအား မကဲ့ရဲရ” (တ ၂၃း၅) ဟု ကျမ်းစကားရှိပါသည်။

အချင်းပြုအပ်သောဝတ် (၁၃:၁၄)

၁၃: ဤကျမ်းပိုဒ်၏အစပိုင်းကို ခပ်ရှင်းရှင်းပြောရလျှင် ”ပေးစရာရှိသည်ကို ချက်ချင်း ပေးပါ” ဟုဆိုရမည်။ အကြွေးမထားနှင့်ဟု တားမြစ်ခြင်းတော့မဟုတ်ပါ။ လူမှုအဖွဲ့အစည်း ထဲတွင် အကြွေးအမျိုးမျိုးရှိပါသည်။ ဥပမာအားဖြင့် တယ်လီဖုန်းခွန်၊ ရေခွန်၊ မီးခွန်အစရှိသဖြင့် ရှိသည်။ အချို့ကြွေးမြီများသည် ထိုကဲ့သို့ကန့်သတ်ချက်ရှိသော ကြွေးမြီများမဟုတ်။

အကြွေးနှင့်ပတ်သက်၍ ရှင်းပြချက်များရှိပါသည်။ မပေးဆပ်နိုင်မည့်အကြွေးမျိုးမယူရ။ မတန်တဆ ခေါ်ထားသော အရစ်ကျပေးခြေခြင်းကိုလည်း မယူရ။ ဈေးကြီးသောအရာများကိုလည်း ငှားရမ်းသုံးဆောင်ခြင်းမပြုရ။ ကိုယ့်အိုးနှင့်ကိုယ့်ဆန်တန်အောင်နေပါ။ ငှားရမ်းသုံးစွဲခြင်းသည် ထိုငှားရမ်းသုံးစွဲခြင်း၏ ကျေးကျွန်ဖြစ်သွားကြောင်းမှတ်သားပါ။ (သု ၂၂:ရကိုကြည့်ပါ)။

အမြဲတန်းရှိသင့်သော အကြွေးမြီးမှာ ချစ်ခြင်းမေတ္တာသာရှိသင့်သည်။ ဤကျမ်းပိုဒ်မှသည် (၁၂:၁ဝ) တွင်ပါအကာပေမေတ္တာနှင့်မသက်ဆိုင်။

ချစ်ခြင်းမေတ္တာဆိုသည် ပေးဆပ်ခြင်းဖြစ်သည်။ သို့ကြောင့်လည်း ဘုရားသခင်သည် လော ကသားများကို ချစ်မြတ်နိုးသောကြောင့် တပါးတည်းသောသားတော်ကို ပေးဆပ်သည်။ ခရစ်တော် သည်အသင်းတော်ကို ချစ်ခင်မြတ်နိုးသောကြောင့် သူ့ကိုယ်သူအား အသင်းတော်အတွက် ပေးအပ်ခဲ့ သည်။

ချစ်ခြင်းမေတ္တာသည် လိုချင်တပ်မက်ခြင်းဖြင့် မဟုတ်။ စိတ်နှလုံးသားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ မေတ္တာဟုဆိုရာတွင် ကိုယ်လိုရာဆွဲတွေးတတ်ကြသည်။ အမှန်တကယ်ချစ်ခြင်းမေတ္တာရှိ လျှင်တားဆီးနိုင်စွမ်းမရှိပါ။ စိတ်နှလုံးကိုနှိုးဆွပါသည်။ အသက်တာမပြောင်းလဲသေးသူများသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို နားလည်နိုင်စွမ်းမရှိကြ။ ထို့ကြောင့်ယုံကြည်သူများက အသက်တာ အားဖြင့်ပြသရန်တာဝန်ရှိသည်။ ထိုသို့ပြသရာတွင်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးပါရှိရ သည်။

ချစ်ခြင်းမေတ္တာအစစ်အမှန်ကို ကြည့်မြင်သိရှိလိုလျှင် သခင်ယေရှုခရစ်တော်၏ လူ့လောက တွင်သက်တော်စဉ်ကိုကြည့်ရှုရသည်။

ယုံကြည်သူများ၏ ချစ်ခြင်းမေတ္တာသည် ဘုရားရှင်တော်၏ မိန့်မှာချက် ပညတ်စကားများကို လိုက်နာစောင့်ထိန်းခြင်းဖြစ်သည်။

မိမိအိမ်နီးချင်းကို ချစ်ခင်သူသည် ပညတ်တရားနှင့်ပြည့်စုံသူဖြစ်သည်။ မိမိအပေါင်းအသင်း များကိုချစ်ခင်သူသည် မေတ္တာတရားကို သွန်သင်ပြသူများဖြစ်သည်။

၁၃:  မိမိအိမ်နီးချင်းကို မချစ်ခင်သူသည် သူများကြင်နာပြစ်မှားမှု၊ လူသတ်မှု၊ ခိုးမှု၊ သူဥစ္စာ တပ်မက်မှု၊ မုသားပြောဆိုမှု ကျူးလွန်ခြင်းနှင့်တူသည်။ ချစ်ခြင်းမေတ္တာသည်တပါးသူ၏ စိတ်ဝိညာဉ် ခန္ဓာအားငြိုးနွမ်းထိခိုက်ခြင်းမရှိ။ သူများ၏အသက်အန္တရာယ်ကိုလည်းမပြု။ သူတပါးပိုင်ပစ္စည်းကို လည်းမခိုးမယူ။ မတရားသဖြင့်မပြုရ။ မှားသောသက်သေမခံ။ သူတပါး၏ပိုင်ဆိုင်မှုများကို အလွဲသုံး စားမလုပ်။ တပ်မက်သောလောဘမရှိ။

ထိုအပြင် ”မိဘများကိုလည်း ချစ်ကြောက်ရိုသေလုပ်ကျွေးလော့” အနန္တဂိုဏ်းဝင်များ ဖြစ်သည်ဟုဆုံးမထားသည် အိမ်နီးချင်းများကိုလည်းကိုယ်နှင့် အမျှချစ်နေသည်။ မိဘအရွယ်ရှိသူ များကို မိဘသဖွယ်ဆက်ဆံပါ။ မိမိကိုယ်ကို ချစ်ခင်သကဲ့သို့ ချစ်ခင်ပါဟုဖြည့်စွက်သွန်သင် ထားသည်။

၁၃:၁၀ ချစ်ခြင်းမေတ္တာသည် တပါးသူကို ဒုက္ခမပေးတတ်။ စိတ်ဝင်တစားလေးစားစွား ဆက်ဆံသည်။  သို့ကြောင့်ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသူသည် ဒုတိယပညတ်တရားနှင့်ပြည့်စုံသူများ ဖြစ်သည်။

၁၃:၁၁ ဤကျမ်းပိုဒ်သည် အခန်း၁၃၏ အနှစ်သာရဖြစ်သည်။ ဝိညာဉ်ရေးရာနှင့် စိတ်နှလုံး ဖြူစင်ပြည့်ဝမည့်အကြောင်းဖြစ်သည်။  အချိန်ကာလသည်အလွန်နီးကပ်နေပြီ။ ကျေးဇူးတော်ကာလ ကုန်ဆုံးတော့မည်။ လှုပ်ရှားဆက်ကပ်ရမည့်အချိန်ကုန်လုပြီ။

ကယ်တင်ခြင်းကာလရောက်လုနေပြီဖြစ်သည်။ ကယ်တင်ရှင်သခင်ယေရှုသည် ယုံကြည် သူများအား ခမည်းတော်၏ အိမ်တော်သို့ခေါ်ဆောင်သွားရန် လာနေပြီ။

၁၃:၁၂ ပစ္စုပ္ပန်ကာလသည်ညတာဖြစ်၍ မိုးလင်လုပြီ။ နေ့တာအကြို အာရုဏ်ဦးရောက်လုပြီ။ ထိုကျမ်းစကားမှာ ဘုရားရှင်ရောက်လုခါနီးသောကြောင့် ညစ်ညမ်းသောအကျင့်ဝတ်ရုံများခွာချဖို့ သတိပေးခြင်းဖြစ်သည်။ လောကအမှုအကျင့်များမကောင်းမှုကုသိုလ်များ ကင်းရှင်းရသည်။ ထိုသို့ ကင်းစင်မှသာလျှင် အလင်းဝတ်ရုံဆင်မြန်းခွင့်ရမည် စင်ကြယ်သောအသက်တာရရှိကြမည်။ စင်ကြယ်ခြင်းဝတ်ရုံအကြောင်းကို (ဧ၆:၁၄-၁၈)တွင် အသေးစိတ်ရှင်းပြသည်။ ထိုကျမ်းပိုဒ်တွင် ခရစ်ယာန်အသက်တာ၏ လက္ခဏာဂုဏ်အင်များကို ပြဆိုထားသည်။

၁၃:၁၃ ဤကျမ်းပိုဒ်သည် လျှောက်လှမ်းရမည့်ခရစ်ယာန်အသက်တာဖြစ်သည်။ နေ၏ သားသမီးများ ဖြစ်ချိန်မှစ၍ အလင်းရောင်ထဲမှာ လျှောက်လှမ်းရသည်။ မူးယစ်သောက်စားသော ပါတီပွဲ၊ ဖိုမလိင်ကိစ္စအချည်းနှီးအချိန်ဖြုန်းတီးခြင်း၊ မနာလိုဝန်တိုခြင်း၊ အတင်းအဖျင်းပြောဆို ခြင်းများသည် အလင်းရောင်တွင် လျှောက်လှမ်းနေရသော ဘုရားသားသမီးများနှင့် လားလားမှ မအပ်စပ်ပါ။

၁၃:၁၄ အကောင်းဆုံးသောလမ်းစဉ်မှာ အရာခပ်သိမ်းကို သခင်ယေရှုခရစ်တော်ထံသို့ အပ်နှံ ဆည်းကပ်ခြင်းဖြစ်သည်။ ခရစ်တော်သက်တော်စဉ်ကို အတုယူရသည်။ ကိုယ်တော်ကဲ့သို့အသက်ရှင် ရမည်။ ကိုယ်တော်သည် ယုံကြည်သူများ၏ဘဝ ရှေ့ဆောင်မီးရှုးရောင်ဖြစ်သည်။ ကိုယ်တော်ကို စိုက်စိုက်ကြည့်၍ အသက်တာလျှောက်လှမ်းရသည်။

ဒုတိယအနေဖြင့် ဇာတိအသွေးအသား အလိုသို့မလိုက်၊ အသွေးအသားဆန္ဒကို အခွင့်အရေး မပေးခြင်းဖြစ်သည်။ ဇာတိဆိုသည်မှာ လူဟောင်း လောကသားအကျင့်ဖြစ်၍ ဇိမ်ခံခြင်း၊ ကာမ မွေ့လျော်ခြင်း၊  ပျော်ပွဲရွှင်ပွဲ၌ သာယာခြင်း၊ လောကသာယာမှုတပ်မက်ခြင်း၊ ရုပ်ဝတ္ထုပစ္စည်းကို မက်မောခြင်းအစရှိသဖြင့် လောကအရာနှင့်သက်ဆိုင်သောအရာများကို ပစ်ပယ်ရသည်။ ဥစ္စာ ပစ္စည်းများစျေးကြီးကြီးဝယ်ယူခြင်း၊ ဂုဏ်ပကာသနတပ်မက်ခြင်း၊ ရုပ်ဝတ္ထုပစ္စည်း ဖြည့်ဆည်းခြင်း များသည် ဝိညဉ်ရေးရာကျဆင်းစေ၍ စုံစမ်းနှောက်ယှက်ခြင်းဖြစ်သည်။ ဇာတိအသွေးအသားကို အခွင့်အရေးမပေးရ။ လျှော့တွက်၍ တဆစ်အလိုမလိုက်ရ။ အခွင့်အရေးမပေးလျှင် အနားမှ ရှောင်ခွာ သွားပါလိမ့်မည်။

ဤကျမ်းပိုဒ်သည် သြဂတ်စတင်း၏ အသက်တာကို ပြောင်းလဲစေသော ဘုရားသခင် ပေးသည့် ကျမ်းချက်ဖြစ်သည်။ အခန်းကြီး၁၄သည် သြဂတ်စတင်း လုံးဝလက်မြှောက်အရှုံးပေးသော ကျမ်းချက်ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သြဂတ်စတင်းကို “စိန်သြဂတ်စတင်း” ဟု လူသိများ ထင်ရှားလာသည်။

Previous Article
Next Article