ရှင်မာကုခရစ်ဝင် ၁၄

၇။ အစေတော်ခံ၏ ေဝဒနာခံစားခြင်းနှင့် အသေခံတော်မူခြင်း (အန်း ၁၄-၁၅)

(က) ယေရှုကို သတ်ရန်ကြံစည်ခြင်း (၁၄:၁-၂)

၁၄:၁-၂ ကံကြမ္မာငင်သော ဗုဒ္ဓဟူးနေ့ရောက်ချေပြီ။ ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော် ကျရောက်ချိန် (၂)ရက်သာကိုလိုတော့သည်။ ဘာသာရေးခေါင်းဆောင်များက ယေရှုအား သတ်ဖြတ်သုတ် သင်ချင်နေကြပြီ။ သို့သော် ထိုပွဲတော်ရက်ကာလ အတွင်းတွင် မဖြစ်စေလိုကြ။ အဘယ်ကြောင့်ဆိုသော် ရပ်သူရွာသားများ ရုန်ရင်းဆန်ခတ်မဖြစ်စေလိုကြ။

ယဇ်ပုရောဟိတ်ကြီးနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက ပွဲတော်ကာလအတွင်းတွင် မလုပ်ကြံလို ကြသော်လည်း ပသခါသိုးသငယ်သည် ထိုနေ့ရက်ကာလ၌ ဇာတာခွင်သင့်ခဲ့သည်။ (မ ၂၆:၂ကိုကြည့်)။

(ခ) ဗေသနိတွင် ကိုယ်တော်အားဆီမွှေးသွန်းလောင်းခြင်း (၁၄:၃-၉)

ကတီ္တပါကော်ဇောနက်ပေါ်တွင် စိန်ပွင့်ချထားသည့် အလားအမျိုးသမီး၏ ယေရှုသခင်အပေါ် ကိုင်းရှိုင်းသောချစ်ခြင်းမေတ္တာသည် ထွန်းလင်းတောက်ပနေကြောင်း သန့်ရှင်းသော ဝိညာဉ်တော် ဖော်ပြ ခြင်းဖြင့် ရှင်မာကုက စာပန်ချီချယ်မှုန်းထားသည်။

၁၄:၃ ရှိမုန်ဆိုသော ကုဋိနူနာသည် အနာရောဂါပျော်ကင်းသောကြောင့် ခရစ်တော်အား ဂုဏ်ပြုညစာ တည်ခင်းဧည့်ခံသည်။ ထိုစဉ်တွင် အမည်နာမ မဖော်ပြသော အမျိုးသမီး (ဗေသနိမှ မာရိဖြစ် နိုင်သည်  (ယော ၁၂:၃)သည် အထံတော်သို့ချဉ်းကပ်ပြီးအဖိုးထိုက်တန်ကြီးမားလှသော ဆီမွေးဖြင့် ခရစ် တော်၏ ခေါင်းကို သွန်းလောင်းပူဇော်သည်။

၁၄:၄-၅ အချို့လူများက အလကားဖြုန်းတီးရက်လေခြင်း၊ မိုက်လှပါဘိဟုဆိုကြသည်။ သို့သော် ထိုစကားကိုအမှုမထား၊ အရေးမပေး။ ထို့ထက်စာလျှင် ဤဆီမွှေးကိုရောင်း၍ မရှိဆင်းရဲသားအား ပေးကမ်းသင်သည်ဟု ဝေဖန်ကြသည်။ (ဒေနာရီပြားသုံးရာဆိုသည်မှာ သာမန်လူ တယောက်၏ တနှစ် လုပ်အားခ နှင့် ညီသည်)။ တနှစ်လုပ်စာကို သဲထဲရေသွန်းလောင်သလား ဟုပြစ်တင်ကြသည်။ ထိုသို့ပြု ခြင်းထက် ဘဝတခုလုံးဆုံးရှုံးခြင်းသည် ပိုမိုအချည်းနှီးဖြစ်သည်မဟုတ်လော။

၁၄:၆-၈ ထိုသူများ၏ ပွစိပွစိပြောသံများကို ယေရှုက ဆုံးမသည်။ ဤအမျိုးသမီးသည် ရသမျှအဖိုးတန်သော အခွင့်အရေးကို ရယူခြင်းဖြစ်သည်။ ဆင်းရဲသားများကို ကူညီထောက်ပံ့ချင်လျှင် အချိန်မရွေးပေးကမ်းနိုင်သည်။ သခင်သည် မကြသော ကာတွင် သေလွန်၍ သဂြိုသ်ခြင်းခံရသည်။ ရသမျှ အခွင့်အလန်းကို လက်မလွှတ်ဘဲ အမိအရဖမ်းဆုပ်ခြင်းဖြစ်သည်။ ကိုယ်တော်သေပြီးသောအခါ ဆီမွှေးပူ ဇော်ရသော အခွင့်အခါမရှိတော့ပါ။ သက်တော်ရှိနေစဉ် မူဇော်ပါဟု ရှင်းပြသည်။

၁၄:၉ ထိုရေမွှေးသည် ယနေ့ခေတ်တိုင်အောင် မွှေးကြိုင်နေသေးသည်။ ယေရှုက ကမ္ဘာ အရပ်ရပ် တိုင်အောင်​ ဤအမျိုးသမီးကို အောက်မေ့သတိရကြစေဟုမန့်မှာခဲ့သည်။ သူမ၏ သတင်းစကား သည် ဧဝံဂေလိတရားနှင့် အတူပျံ့နှံ့နေဆဲ။

(ဂ) ယုဒ၏ ကြံစည်မှု (၁၄:၁၀-၁၁)

၁၄:၁၀-၁၁ ထိုအမျိုးသမီးက ကယ်တင်ရှင်ကို တန်ဖိုးကြီးထားသော်လည်း ယုဒရှကာရုတ် ကမူ ဈေးပေါက်ဖြင့် ကိုယ့်သခင်ကို ရောင်းစားသည်။ သခင်ယေရှုနှင့်အတူ နေရသော်လည်း ခရစ်တော်၏ ကရုဏာတော်မှလွဲ၍ တစုံတရာမရရှိခဲ့။ ယခု ယဇ်ပုရောဟိတ်များထံသို့ သစ္စာဖောက်ရောင်းစားခြင်းဖြင့် ငွေကြေးရယူနေပေပြီ။ ယဇ်ပုရောဟိတ် များကမူ မုတ်ဆိတ်ပျားစွဲ ဝမ်းသာအယ်လဲကြိုဆိုကြသည်။ ငွေကြေးပေးဖိုသဘောတူညီကြပြိ။ လက်တွေ့စကြတော့မည်။

(ဃ) ပသခါပွဲပြင်ဆင်ခြင်း (၁၄:၁၂-၁၆)

ပသခါပွဲကျင်းပခါနီးကြာသပတေးနေ့ရောက်ချေပြီ။ ဤပသခါပွဲသည် ထူးခြားသည်ဟု တပည့်တော်များစိတ်တွင် ထင်မှတ်ကြသည်။ ပသခါပွဲအတွက် သခင်၏ အမိန့်တော်အားနာခံကြသည်။ တပည့်တော် (၂)ဦးအားယေရုရှလင်မြို့သို့ စေလွှတ်လိုက်သည် သောက်ရေအိုး ထမ်းလာသော သူနောက် သို့ လိုက်ကြလော့။ သူ့အိမ်တွင် ဆရာတော်နှင့် တပည့်တော်များ ပသခါပွဲသုံးဆောင်ရန် ညွန်ပြလိမ့်မည် ဟုမှာလိုက်သည်။

သခင်ဘုရား၏ ရွေးချယ်ပုံသည် အံ့ဩဖွယ်ကောင်းသည်။ လူတိုင်းနှင့် အရာခပ်သိမ်းအား ပိုင်စိုးသောအခွင့် အာဏာရှိကြောင်းတွေ့ရသည်။ ကိုယ်တော်၏ ကမ်းလှမ်းချက်ကိုလည်း ကြားနာသူများ က သဒ္ဒါကြည်ဖြူစွာ လက်ခံကြသည်။ မိမိတို့နေအိမ်များတွင်လည်း ထိုသို့ သော အမူအကျင့် များရှိအပ် သည်။

(င) သစ္စာဖောက်ခံရမည့် အကြောင်းဖွင့်ပြောခြင်း (၁၄:၁၇-၂၁)

ညနေခင်းရောက်သောအခါ ကိုယ်တော်ရှင်သည် တပည့်တော် (၁၂)ပါးနှင့် အတူပသခါပွဲ ပြင်ဆင်ရာသို့ကြွတော်မူသည်။ ပွဲတော်စား သုံးနေစဉ် ကိုယ်တော်က တပည့်တော်တဦးဦးမှ သစ္စာဖောက် မည့်အကြောင်းပြောပြသည်။ မျက်စိမျက်နှာ ပျက်လျက်တယောက်မျက်နှာတယောက်ကြည့်နေကြသည်။ ယေရှုက ငါနှင့် အတူတပြိုင်တည်း ပန်းကန်တွင် နှိုက်သောသူဖြစ်မည်ဟုရှင်းပြသည်။ လူသားတော်က အသေခံမည့် အကြောင်းပြောပြီးနောက်၊ သူ့ကို သစ္စာဖောက်မည့် သူသည် အမင်္ဂလာရှိ၏ မမွေးလျှင်သာ၍ ကောင်းသည်ဟုဆိုသည်။

(စ) ပထမဦးဆုံးပွဲတော်မင်္ဂလာ (၁၄:၂၂-၂၆)

၁၄:၂၂-၂၅ မုန့်ဖဲ့ပြီးသည်နှင့် ယုဒသည် တဦးတည်း အမှောင်ထဲသို့ ထွက်သွားခဲ့သည် (ယော ၁၃:၃၀) ယေရှုသည် ပွဲတော်မင်္ဂလာကို ဆက်လက်သုံးဆောင်သည်။ ဤနေရာတွင် အချက် (၃)ချက်တွေ့ရသည်။ (၁)မုန့်ကိုယူသည် – လူ့ဇာတိခံယူသည်။ (၂) မုန့်ဖဲ့သည် – ကားတိုင်ပေါ်မှာ ချိုးဖဲ့ခံရ သည်။ (၃) ဝေငှသည် – သူ့ဘဝတခုလုံး လူသားများအား ပေးဆပ်သည်။

မုန့်သည် ခရစ်တော်၏ ခန္ဓာကိုယ်အသား၊ ခွက်ဖလားသည် အသွေးတော် ပုံဆောင်ပါသည်။ အသွေးတော်အားဖြင့် ပဋိညာဉ်သစ်တည်စေပါသည်။ ကိုယ်တော် ဘုရားသည် နောက်တဖန် ကမ္ဘာမြေပေါ် သို့ ပြန်လည် မလာမချင်းပွဲတော် မင်္ဂလာမဝင်ရတော့ပါ။

၁၄:၂၆ ထိုစဉ်တွင် ဓမ္မသီချင်း ကျူးဧကြသည်။ (ဆာ ၁၁၃-၁၁၈) ဖြစ်ပေမည်။ ထို့နောက် ကိဒြုန်ကို ဖြတ်၍ သံလွင်တောင်ပေါ်သို့ ကြွချီတော်မူသည်။

(ဆ) ပေတရု၏ မိမိကိုယ်ကိုယုံကြည်မှု (၁၄:၂၇-၃၁)

၁၄:၂၇-၂၈ ထိုသို့သံလွင်တောင်ပေါ်သို့သွားနေကြစဉ် ယေရှုကတပည့်တော်များအား မကြာမီ သင်တို့သည် င့ါကြောင့် အရှက်ရကြ၍ ငါ့ကိုမသိဟု ငြင်းဆိုကြလိမ့်မည်ဟု သတိပေးလိုက်သည်။ ထိုစကားသည် (ဇာ ၁၃:၇) တွင်ဖော်ပြသော “သိုးထိန်းကိုရိုက်သတ်သဖြင့် သိုးတို့သည် ကစဉ့်ကလျားပြေး ကြလိမ့်မည်”ဟူသော ကျမ်းစကားသက်သေဖြစ်သည်။ သို့သော် တပည့်တော်များကို အမိမဲ့သား၊ ရေနည်း ငါးကဲ့သို့ အလျဉ်းမပစ်ပယ်။ ဂါလိလဲမှ အဆင်သင့် စောင့်ကြိုနေမည်ဟုဆိုသည်။

၁၄:၂၉-၃ဝ အခြားတပည့်တော်များနှုတ်ဆိတ်နေကြသော်လည်း ပေတရုက သခင့်စကားကို ငြင်းပယ်သည်။ သို့သော် ပေတရုက ဘယ်သောအခါ မှ ကိုယ်တော်ကို မပစ်ပယ်ဟု ရဲရဲကြီးအာမခ့သည်။ ထိုအခါ သခင်ဘုရားက ကြက်နှစ်ခါမတွန်မှီ င့ါကို သုံးကြိမ်ငြင်းပယ် လိမ့်မည်ဟု သတိပေးလိုက်သည်။

၁၄:၃၁ ပေတရုက သခင်ဘုရားနှင့်အတူ သေပွဲဝင်ချင်ဝင်မည်။ ဘယ်သောအခါမှ သခင့်ကို မပစ်ပယ်ပါဟု ထပ်ဆိုသည်။ အခြားတပည့်တော်များကလည်း ပေတရု၏ စကားအတိုင်း သံယောင်လိုက ကြသည်။ ယုံကြည်သူများသည် တယောက်နှင့် တယောက်မတူညီကြသော်လည်း သူရဲဘောကြောင်ခြင်း နှင့် အာနည်းခြင်းအရာမှာ တူညီတတ်ကြသည်။

(ဇ) ဂေသရှေမန် ရင်တွင်းဝေဒနာ (၁၄:၃၂-၄၂)

၁၄:၃၂ တလောကလုံး မှောင်မိုက်နေပြီ။ သောကြာနေ့ နံနက်ပိုင်းရောက်လုပြီ။ ဂေသရှေ မန်ဥယျာဉ်ထဲသို့ ခြေချမိသည်နှင့် တပြိုင်နက် တပည့်တော် (၈)ဦးအား ချန်ထားပစ်ခဲ့သည်။

၁၄:၃၃-၃၄ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ (၃)ဦးကိုခေါ်၍ ဥယျာဉ်အတွင်းပိုင်းသို့ ဝင်သွားကြသည်။ ကိုယ်တော်၏ စိတ်ဝိညာဉ်သည် ပြင်းစွာသော ဝေဒနာခံစားသည်။ ကျွန်ုပ်တို့အတွက် အပြစ်ဖြေပူဇော်သက္ကပြုဖို့ အချိန်နီးကပ်နေပြီ။ အဘယ်မျှ နာကျင်သည်ကို မှန်းဆ၍ မရနိုင်ပါ။ တပည့် တော်(၃)ဦးကိုလည်း ထိုနေရာမှနေ၍ နိုးနိုးကြားကြားစောင့်နေကြရန် မှာကြားပြီးသာ၍ နက်သော ဥယျာဉ် ထဲသို့ တကိုယ်တော်ဆက်သွားသည်။ ထိုသို့ တကိုယ်တော် သွားခြင်းသည် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အပြစ်စီရင်ခြင်းခံဖို့ဖြစ်သည်။

၁၄:၃၅ ရှေ့နားသို့ရောက်သောအခါ ကိုယ်တော်ဘုရားမြေကြီးပေါ်တွင် ပြပ်ဝပ်၍ ခမည်း တော်ဘုရားထံဆုတောင်းသည်။ လက်ဝါးကပ်တိုင်တွင်အသေခံခြင်း အားခွင့်လွှတ်ရန် ဆုတောင်းခြင်း များ လား။ မဟုတ်ပါ။ လက်ဝါးကပ်တိုင်အမှုသည် ကိုယ်တော်ဘုရားလူ့လောကသို့ ကြွလာခြင်း၏ ပထမရည် မှန်းချက်ဖြစ်သည်။ ပထမဦးစွာ ဖြစ်နိုင်လျှင် အချိန်နာရီအားရွေ့ဆိုင်းပေးဖို့ တောင်းပန်သည်။ အကယ်၍ အသေခံတော်မူခြင်း၊ သင်္ဂြိဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း နည်းလမ်းမှ လွှဲ၍ အခြားနည်းလမ်းရှိလျှင်လည်း ပြသရန်ဆုတောင်းပါသည်။ ကောင်းကင်ယံက မည်သည့် အသံမှမကြားပါ။ ကားတိုင်နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမရှိတော့ပါ။

၁၄:၃၆ တဖန် “အဘ၊ အဘဘုရားသခင်၊ အရာခပ်သိမ်းကို တက်စွမ်းနိုင်ပါသည်။ ဖြစ်နိုင် လျှင် ဤဖလားတော်ကို ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်အလို အတိုင်း မဖြစ်ပါစေနှင့်။ ခမည်း တော်ဘုရားအလိုတော်အတိုင်းဖြစ်ပါစေ”ဟု ဆုတောင်းပြန်သည်။ ခရစ်တော်၏ ဆုတောင်းစကားကို မှတ်သားပါ။ အရာခပ်သိမ်းကို တက်စွမ်းနိုင်သည့်ချစ်တော်မူသော အဘဘုရားသခင်ဟုဆိုသည်။ ရုပ်ခန္ဓာ အားဖြင့် တော်စပ်ခြင်းမဟုတ်။ ဝိညာဉ်အားဖြင့် တော်စပ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်၏ ဆုတောင်း ချက်ကို ကောင်းကင်ယံမှ အဖြေစကားမပေးပါ။ ကားတိုင်လမ်းမှ လွဲ၍ အပြစ်သားများ ကယ်နှုတ်ရန် နည်း လမ်းမရှိကြောင်း ပြသခြင်းဖြစ်ရန် ဘုရားသားတော်သွေးမြေကျခဲ့သည်။

၁၄:၃၇-၄ဝ ကိုယ်တော်ဘုရား ဆုတောင်းအပြီးပြန်လာသောအခါ တပည့်တော် (၃)ဦး သည် အိပ်မောကျနေကြသည်။ သေရေးရှင်ရေး ဤမျှအသဲအသန်ကာလတွင်ယုံကြည်စိတ်ချရသော အရင်းနှီးဆုံး တပည့်တော်များအိပ်ပျော်ရက်သည်။ တနာရီမျှမအိပ်ဘဲမစောင့်နိုင်ဘူးလား ပေတရုဟုပြော ရသည်။ မကြာမီကပင် ပေတရုသည် သူ့ယုံကြည်မှုကို အခိုင်အမာဆိုခဲသည်။ ယခုနာရီပိုင်းတွင် ဖောက် ပြန်နေပြန်ပြီ။ စုံစမ်းခြင်းမခံနိုင်ကြောင်း ပြသခြင်းဖြစ်သည်။ အသွေးအသားဆန္ဒကို အလိုလိုက်မိသည်။

၁၄:၄၁-၄၂ ကိုယ်တော်သည် တပည့်တော်များထံသို့ ချီတုံချတုံ (၃)ကြိမ်ရောက်လာပြီး နောက် တပည့်တော်များအား “ထကြတော့ ယခုတိုင်အောင်လဲလျောင်းအိပ်ပျော်နေကြသလား၊ ဘုရား သားတော်အဖမ်းခံဖို့ အချိန်သင့်ပြီ”ဟု လှုပ်နှိုးလိုက်သည်။ အားလုံးအိပ်ချင်မူတူးဖြင့်ထကြသည်။ သို့သော်  ဝေးဝေးမသွားရသေးပါ။

(ဈ) သစ္စာဖောက်ခံရ၍ အဖမ်းခံခြင်း (၁၄:၄၃-၅၂)

၁၄:၄၃ ထိုသို့ မိန့်တော်မူစဉ် သစ္စာဖောက်တပည့် ယုဒရှကာရုတ်သည် အပေါင်းပါများနှင့် အတူဥယျာဉ်ထဲ သို့ဝင်လာကြသည်။ သူနှင့် ပါလာသူများသည် ဒုတ်၊ ဓါး၊ လက်နက်များကိုုင်ဆောင် လာကြသည်။ လူဆိုးလူမိုက် လူရမ်းကားကို ဖမ်းဆီးမည့်ပုံအတိုင်းဖြစ်သည်။

၁၄:၄၄-၄၅ သစ္စာဖောက်လောက်ကောင်က ကိုယ်တော့်အားဖက်နမ်းခြင်းဖြင့် အချက်ပေး ရာကိုယ်တော်အားဝင်ဖမ်းကြသည်။ ယုဒသည် ကိုယ်တော့်ကို အဘယ်ကြောင့် သစ္စာဖောက်သနည်း။ ကိုယ်တော်ဘုရားက ယုဒမျှော်လင့်သော နိုင်ငံတော်မတည်ထောင်သောကြောင့် စိတ်ညစ်သွားသလား။ ကိုယ်တော်၏ နိုင်ငံတော်မှာ မျှော်လင့်ချက်ကုန်ဆုံးသွားသော ကြောင့်လား။ မတော်လောဘကြီးခြင်း ကြောင့်လား။

၁၄:၄၆ သစ္စာဖောက်လောက်ကောင်နှင့် လက်နက်ကိုင်အဖွဲ့သည် ကိုယ်တော်အား ဖမ်းဆီး ကြသည်။ အနီးရှိ ပေတရုသည် ဓါးဖြင့် ယဇ်ပုရောဟိတ်ကြီး တပည့်၏ နားရွက်အားခုတ်ဖြတ်လိုက်သည်။ ထိုသို့ပြုမူခြင်းသည် လောကသားများ၏ အမူအကျင့် ဖြစ်သည်။ ဝိညာဉ်တိုက်ပွဲကို လူ့ဇာတိလက်နက်ဖြင့် တော်လှန်တိုက်သည်။ ကိုယ်တော်ဘုရားက ပေတရုအား ပြစ်တင်ရှုတ်ချသည်။ ပြတ်ကျသွားသော နားရွက်ကို လည်းပြန်ဆက်ပေးလိုက်သည် (လု ၂၂:၅၁၊ ယော ၁၈:၁၁)။ လာရောက်ဖမ်းဆီးသူများသည် အဘယ်ကြောင့် အတင်းအဓ္ဓမဖက်၍ လာရောက်ဖမ်းချင်ကြသနည်း။ နေ့စဉ်ရက်တိုင်း ဗိမာန်တော်မှာ သင်တို့ကို တရားသွန်သင်နေပါလျက်နှင့် အဘယ်ကြောင့် ထိုစဉ်အခါက အသာတကြည်မဖမ်းကြသနည်း။ ထိုသို့ ဖမ်းဆီးကြခြင်းမှာ သမ္မာကျမ်းစာအတိုင်း ပြည့်စုံရန်ဖြစ်သည်။ (ဆာ ၄၁:၉) တွင် သစ္စာဖောက်ခံရ မည့်အကြောင်း၊ (ဟေရှာ ၅၃:၇)တွင် ဖမ်းဆီးခြင်းခံရမည့်အကြောင်း၊ (ဆာ ၂၂:၁၂နှင့် ဇာ ၁၃:၇)တို့တွင် လူလက်သို့အပ်နှံခြင်းခံရမည့် အကြောင်း ပရောဖက်ပြုထားကြသည်။

၁၄:၅၁-၅၂ ဤအဖြစ်အပျက်ကို မှတ်တမ်းတင်သူ မာကု တပါးတည်း သာရှိသည်။ ဤကျမ်း ပိုဒ်တွင် ဖော်ပြသည့် လူငယ်လူရွယ်ဆိုသည်မှာ ရှင်မာကု ကိုယ်တိုင် ဖြစ်သည်ဟု ယုံကြည်ရသည်။ သူခ မြာခြုံထားသော ခြုံလွှာပင် ကျွတ်ကျသွားသည်။ ထိုပိတ်စမှာ အမြဲတမ်းဝတ်ရုံအဖြစ်ဆင်မြန်းခြင်းမဟုတ်ပါ။ ကိုယ်ပေါ်တွင် လွှားထားခြင်းဖြစ်မည်။

Erdman က “သခင်ယေရှုခံစားရသောထိုနာရီပိုင်းဝေဒနာကို မြင်ယောင်ကြည့်ပါ။ တယောက်တည်းမည်မျှကြိတ်မှိတ်ခံစားရမည်နည်း” ဟုထောက်ခံထားသည်။

(ည) ယဇ်ပုရောဟိတ်ကြီးရှေ့ရောက်သခင်ယေရှု (၁၄:၅၃-၅၄)

သခင်ယေရှုအား စစ်ကြောမေးမြန်းကြသည့် (ငယ် ၅၃မှ ၁၅:၁) ထိကို (၁) ယဇ်ပုရောဟိတ် ကြီးရှေ့မှာ စစ်ဆေးခြင်း (ငယ် ၅၃၊ ၅၄) (၂) လွှတ်အရာရှိအမတ်များ ညဉ့်နက်သန်ခေါင်ယံစည်းးဝေကြ ခြင်း (ငယ် ၅၅-၆၅)၊ (၃) နောက်တနေ့နံနက်တွင် အမတ်များ စည်းဝေးကြခြင်းဟူ၍ အပိုင်း (၃)ပိုင်းခွဲခြား ဖော်ပြထားပါသည်။

၁၄:၅၃ ဤကျမ်းပိုဒ်တွင် ကယာဖ ရှေ့၌ စစ်ဆေးခြင်းကိုဖော်ပြသည်။ ယဇ်ပုရောဟိတ် အန္နစစ်ဆေးခြင်းကို (ယော ၁၈:၁၃၊ ၁၉-၂၄)တွင်ဖော်ပြထားသည်။

၁၄:၅၄ ပေတရုသည် သခင်ယေရှု စစ်ဆေးရာယဇ်ပုရောဟိတ် ကြီးအိမ်ဝင်းသို့ တိုင်အောင် ခပ်လှမ်းလှမ်းမှ လိုက်သွားသည်။ ပေတရု၏ အားနည်းချက်ပျော့ကွက်ကို အောက်ပါအတိုင်းတွေ့ရသည်။

၁။ ဂမူးရူးထိုးဦးစွာတိုက်ခိုက်သည် ယုံကြည်မှုကို အလွဲသုံးစားပြုသည်။

၂။ နောက်ထွက်ပြေးသည်။ သူရဲဘောကြောင်စွာထွက်ပြေးသည်။

၃။ ခပ်လှမ်းလှမ်းမှ လိုက်သည်။ မယုံတဝက်ယုံတဝက်ဖြင့် ညဥ့်ယံတိုင်အောင်ရှိခဲ့သည်။

၄။ အသခင့်ရန်သူများနှင့် အတူတကွ မီးလှုံသည်။

(ဠ) လွှတ်အရာရှိ အမတ်များရှေ့ရောက်သခင်ယေရှု (၁၄:၅၅-၆၃)

၁၄:၅၅–၅၆ တရားရုံးလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ၊ လွှတ်အရာရှိမင်းများသည် ညဉ့်လယ်ယံ တွင်ညတွင်းချင်းအစည်းအဝေးလုပ်ကြသည်။ ယဇ်ပုရောဟိတ်ကြီး ဦးဆောင်လျက်ဘာသာရေးခေါင်း ဆောင် (၇၁)ဦးတက်ရောက်ကြသည်။ ဖာရိရှဲ၊ ဇဒ္ဒုကဲ၊ ကျမ်းတတ်ပုဂိ္ဂုလ်၊ ဘာသာရေးခေါင်းဆောင်နှင့် လွှတ်အမတ်မင်းများ၊ တယောက်တပေါက်ထပြောသည်။ ထိုသို့ ညဉ့်လယ်ယံ စည်းဝေးခြင်းသည် ယေရှုအား အပြစ်ရှာရန်ဖြစ်သည်။ သေဒဏ်ချမှတ်နိုင်သောအပြစ်သည် ညဉ့်နက်တိုင်အောင် ရုံးထိုင်ရုံးထုံး စံမရှိပါ။ သို့ ဗိမာန်တော်ဝင်းအတွင်းရှိ အဆောင်တွင် ညဉ့်နက်သန်းခေါင်ရုံးထိုင်ကြသည်။

အချေအတင်ပြောဆိုကြသော်လည်း ဘာသာရေးခေါင်းောင်များသည် ယေရှုအား အပြစ် ကျူးလွန်ခြင်းမတွေ့ကြ။ စွဲချက်များသည် အပြစ်မမြောက်၊ ခိုင်လှုံမှုမရှိ၊။ ဗိမာန်တော်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ လူလက်ဖြင့် မလုပ်သောဗိမာန်တော်ကို (၃)ရက်အတွင် အပြီး တည်ဆောက်မည်ဟု လွန်ကျူးစွာပြောဆိုကြောင်းအခြေအမြစ်မရှိစွဲဆိုကြသည်။ အမှန်မှာ ယေရုရှလင် ဗိမာန်တော်သည် ကိုယ် တော်၏ သန့်ရှင်းသောဗိမာန် တော်ဖြစ်သည်။ (ယော ၂:၁၉)။

၁၄:၆၀-၆၂ ယဇ်ပုရောဟိတ်ကြီးက သခင်ယေရှုအားမေးခွန်းထုတ်သောအခါ ပြန်လည်ဖြေ ကြားခြင်းမပြု။ ယေရှုအား မေရှိယ၊ ဘိသိက်ပေးထားသော သားတော်ဟုတ်ပါသလားဟုမေးသောအခါ မှန်ပါသည်။ လူသားတော်သည်အနန္တတန်ခိုးရှင်လက်ယာဘက်၌ ထိုင်နေသည်ကို ၎င်း၊ မိုဃ်းတိမ်စီး၍ ကြွလာသည်ကို၎င်း၊ သင်တို့မြင်ရကြလတံ့ ဟုပြန်ဖြေသည်။ ထိုသို့ ဖြေကြားခြင်းသည် ယဇ်ပုရောဟိတ်ကြီး ကိုယ်တိုင်ယေရှုသခင်အား ဘုရားရှင် ကိုယ်တော်အဖြစ် မျက်စိပွင့်တွေ့မြင်ရမည့်အကြောင်းဖြစ်သည်။ ကိုယ်တော်ဘုရား ပထမအကြိမ်ကြွလာစဉ်တွင် လူ့ဇာတိအသွေးအသားခံယူ၍ နှိမ့်ချစွာ လူ့လောကသို့ ရောက်လာသည်။ ဒုတိယအကြိမ်ကြွလာသောအခါတွင်မူ ဘုန်းတန်ခိုးအာနုဘော်အပြည့်အလျှံဖြင့် ကြွလာ မည်။ တမဟုတ်ခြင်း၌ လူတိုင်းက ဘုရားရှင်ဖြစ်ကြောင်းသိမြင်ကြမည်။

၁၄:၆၃-၆၄ ယဇ်ပုရောဟိတ်ကြီးသည် သခင်ယေရှုကို သားတော်မှန်း သဘောပေါက်သွား သည်။ သူ၏ ဖြူစင်ခြင်းသင်္ကေတဖြစ်သော ဝတ်ရုံကို စုတ်ဖြဲလျက်ယေရှုသည် ဘုရားကို လွန်ကျူးစွာပြော နေပြီဟု စွပ်စွဲ၏ ။ ဣသရေလသားတို့သည် မေရှိယအားအောကြီးဟစ်ကျယ်ပြစ်တင်ရှုတ်ချနေကြပြီ။ သို့သော်သူတစ်ယောက်တည်းမဟုတ်။ အခြားသော လွှတ်အမတ်မင်းများကလည်း ကျီးအာသကဲ့သို့ ဝိုင်းအာကြသည်။ သေဒဏ်ပေးထိုက်ကြောင်း အတင်းအဓမ္မစီရင်ကြသည်။

၁၄:၆၅ မိုက်ရိုင်းမှုပေါင်းစုံတွေ့ရသည်။ မင်းတိုင်ပင်အမတ်အချို့က ယေရှုကို မဖွယ်မရာတံ တွေးထွေးကြသည် ကိုယ်တော့်အား မျက်နှာဖုံးအုပ်ကာ ပါးရိုက်ပြီး၊ မည်သူရိုက်သနည်း။ သိလားဟုမထေ မဲ့မြင်ပြုကာပြောင်လှောင်ကြသည်။ ကြွယ်ဝတော်မူသောကိုယ်တော်ရှင်သည်။ သူဖန်ဆင်းထားသော အပြစ်သားများ၏ ဆန့်ကျင်ခြင်းကို ကြုံတွေ့နေရပြီ။ ဗိမာန်တော်အရာရှိမင်းများသည် ကိုယ်တော်အား နားရင်းပါးရင်းရိုက်ကြသည်။

(ဍ) ပေတရုငြင်းပယ်ခြင်းနှင့် ငိုပွဲဆင်ခြင်း (၁၄:၆၆-၇၂)

၁၄:၆၆-၆၈ ပေတရုသည် လူအုပ်ကြီးအကြား မီးလှုံနေစဉ် ယဇ်ပုရောဟိတ်ကြီး၏ အစေခံ မသည်အနားသို့လာပြီးစွပ်စွဲမေးမြန်းရာ ပေတရုကမဟုတ်မမှန်ကြောင်း၊ သင်တို့ပြောဆိုသော ယေရှုဆိုသူ ကိုမကြားဘူးကြောင်းဆိုသည်။ သို့သော် လိပ်ပြာမသန့်သဖြင့် ထပြန်ရာ ကြက်ခြံနားရောက်စဉ် ကြက်တွန် သံကြားသည်။ ထိုအခိုက်အတန့်သည် နှလုံးကြွေပြုန်း မတတ်ခံစားရသောအချိန်တည်း။ အပြစ်သည် ချောက်ခြားဖွယ်ကောင်းပါဘိ။

၁၄:၆၉-၇ဝ အမျိုးသမီးတယောက်ပေတရုအား ယေရှု၏ တပည့်တော်ဖြစ်ကြောင်း ဆိုပြန်သည်။ မဟုတ်မှန်ကြောင်း အတင်းခေါင်းခါငြင်းဆိုပြန်သည်။ အနီးအနားရှိလူများကလည်း သင်လည်း ဂါလိလဲပြည်သားဖြစ်သဖြင့် ထိုသူတို့၏ အပေါင်းအပါဖြစ်သည် ဟုဝိုင်းပြောကြပြန်သည်။

၁၄:၇၁-၇၂ တေရုက သင်တို့ပြောသောသူကို ငါမသိဟု ဘုရားသခင်ကို တိုင်တည်ပြောဆို ၍ ငြင်းပယ်လိုက်သည်။ ထိုသိုု့ငြင်း၍ စကားမဆုံးမှီကြက်တွန်သည်။ လောကသားများသည် သေဘေးနှင့် ကြုံလာလျှင် မုသာပြောရန် ဝန်မလေးကြပါ။ သခင်ယေရှု၏ သတိပေးခဲ့သောစကားများသည် ပေတရု၌ အမှန်တကယ်ဖြစ်လာလေသည်။ သစ္စာဖောက်မိကြောင်းသတိပြန်ရသောအခါ ငိုကြွေးချက်မဖြစ်ရပြီ။ ထိုအကြောင်းကို ခရစ်ဝင်ကျမ်းအားလုံးတွင် မှတ်တမ်းတင်ထားသည်။ မိမိကိုယ်ကို စိတ်ချယုံကြည် အထင် ကြီးခြင်းသည် မျက်နှာပျက်စရာဖြစ်ကြောင်း သင်ခန်းစာယူတတ်ကြရမည်။ မိမိကိုယ်ကို အားနည်းသူ၊ အမှီ အခိုလိုသူသဟု ယုံမှတ်ခြင်းသည် ဘုရားသခင်၏ ဘုန်းတန်ခိုး၌ တည်မှီခြင်းဖြစ်သည်။

Previous Article
Next Article