ရှင်မာကုခရစ်ဝင် ၄

(ဃ) မျိုးကြဲခြင်းပုံဥပမာ (၄:၁-၂၀)

၄:၁-၂ ယေရှုရှင်သည် ပင်လယ်ကမ်းနားတွင်လူအုပ်ကြီးအား တရားဟောကြားပြန်သည်။ လူအုပ်ကြီးသည် တိုးဝှေ့များပြားလာသဖြင့် ယေရှုသည် မတ်တပ်ရပ်စရာ နေရာမရှိတော့ပါ။ ထို့ကြောင့် ပရိသတ်များ ရှေ့တိုးမလာနိုင်သော ရေစပ်နား လှေပေါ်တွင် မတ်တပ်ရပ်၍ တရားဟောရသည်။ လောကသားများ သဘောပေါက်လွယ်မည့် အရာဝတ္တုများဖြင့် ပုံဥပမာပေးရှင်းပြသည်။ လူလောက ပတ် ဝန်းကျင်ကို ဝိညာဉ်ရှုဒေါင့်ဖြင့် ကြည့်ရှုလိုက်သည်။ ယနေ့ခေတ်ကလာ ယုံကြည်သူများသည်လည်း သင် ခန်းစာယူသင့်သည်။

၄:၃၄ ကိုယ်တော်ပြောသော ပုံဥပမာမှာ မျိုးကြဲသူမျိုးစေ့နှင့် မြေဆီလွှာဖြစ်သည်။ လမ်းမပေါ်တွင်ကျသော မျိုးစေ့သည် မြေသားမာကြောသဖြင့် အမြစ်မတွယ်နိုင်။ ကျေးငှက်များကောက်စား သွားကြသည်။

၄:၅-၆ ကျောက်ပေါသောကျောက်ဖြုန်းမြေသည်လည်း အလုံအလောက်မရ။ မြက်ပင်ပေါင်း ပင်များက အနိုင်လုယူသောကြောင့် အလင်းရောင်နှင့် အပူရှိန်ကောင်းကောင်းမရ။ အသီးလှီသည်။

၄:၈-၉ ကောင်းသော မြေပေါ်တွင် ကျသောမျိုးစေ့ကား၊ အပင်ရှင်သန်ကြီးထွား၍ အဆသုံး ဆယ်အဆခြောက်ဆယ်၊ အဆတရာ တိုးပွားသည်။

၄:၁၀-၁၂ ပရိသတ်များမရှိတော့သောအခါ တပည့်တော်များက ထိုပုံဥပမာအား ရှင်းပြရန် ယေရှုကို မေးမြန်းကြပြန်သည်။ ကိုယ်တော်က စိတ်နှလုံးဖြင့် ခံယူသူများသည် ဘုရားသခင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲမှုကို သိခွင့်ရကြ၏ဟု ရှင်းပြသည်။ ဓမ္မသစ်ကျမ်းပါနက်နဲသော အရာဆိုသည်မှာ အဓိပ္ပါယ် ရှင်းပြသူရှိမှ နားလည်ရသောတရားဖြစ်သည်။ ဘုရားသခင်နိုင်ငံတော်၏ နက်နဲမှုကို ရှင်းပြပါမည်။

၁။ သခင်ယေရှုက သူသည် ဣသရေလတို့၏ ဘုရင်ဖြစ်ကြောင်းကျေညာသည့်အခါ ငြင်းပယ်ခြင်းခံရသည်။

၂။ နိုင်ငံမပေါ် ထွန်းမှီကာလအတိုင်းအတာ တခုထိ ကြာညောင်းနေမည်။

၃။ ထိုကြားကာလသည် ဝိညာဉ်တော်ကာလဖြစ်သည်။ ခရစ်တော်ကိုယ်တော်တိုင် မရှိသော် လည်းခရစ်တော် ဘုရားကိုယ်တိုင် တည်ရှိနေသည်ဟု ဝိညာဉ်အသိဖြင့် ခံယူသိရှိကြသည်။

၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံစံအမျိုးမျိုးဖြင့် မျိုးကြဲကြသည်။ အချို့က အမှန် တကယ်ပြောင်းလဲကြသည်။ အချို့က အပေါ်ယံသာမန်ယုံကြည်ကြသည်။ ယုံကြည်ဟန် ဆောင်သူများသည် နိုင်ငံတော်ခြံစည်းရိုးပြင်ပမှလူများ ဖြစ်သည်။ ကိုယ်၊ စိတ်၊ ဝိညာဉ်၊ အမှန်တကယ် ယုံကြည်သူများသာလျှင် နိုင်ငံတော်ထဲသို့ ဝင်ခွင့်ရရှိကြသည်။

အပိုဒ် ၁၁နှင့် ၁၂တွင် ဤပုံဥပမာကို ရှင်းပြထားသည်။ စိတ်နှလုံးဖွင့်ထားသူများသည် ကိုယ်တော်ဘုရား၏ စကားတော်ကို နားလည်ကြသည်။ ဝှက်ထားသောအရာများကို ထိုးဖောက်မြင်နိုင် စွမ်းရှိကြသည်။ အပိုဒ် ငယ် ၁၂တွင် “ကြည့်သောသူသည်မြင်၏။ နားထောင်သောသူသည်ကြား၏။ ကြားသိသည့်အတိုင်း နားလ်ညကြ၏။ အပြစ်ခွင့်လွှတ်ခြင်းခံရကြောင်း နားလည်ကြသည်”ဟု ဆိုပါသည်။

ထိုသူများသည် ပျော်ရွှင်ခြင်းအခွင့် အရေးရရှိသူများဖြစ်ကြောင်း မှတ်သားရမည်။ ထိုသို့ သိရှိနားလည်ကြရန် ဘုရားသားတော်သည် အံ့ဖွယ်နိမိတ်လက္ခဏာအမျိုးမျိုးဖြင့် ရှင်းလင်းဟောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် တချို့ကမူ မေရှိယ အဖြစ် လက်ခံယုံကြည်မည့်အစား ငြင်းပယ်ခဲ့ကြသည်။ အဘယ် ကြောင့်ဆိုသော် လောကအလင်းကို မမြင်နိုင်အောင် စိတ်နှလုံးမာကြောခဲ့ကြသည်။ အံ့ဖွယ်တန်ခိုးနိမိတ် များကို မြင်ရသော်လည်း ဝိညာဉ်ရေးရာအမြင်မရှိကြ။ နှုတ်ကပတ်တော်ကို ကြားသာကြား၏ နားထဲသို့မ ဝင်။

ဧဝံဂေလိသတင်းစကားကို နောက်ဆုံးနာရီတိုင်အောင် ကြားသိခဲ့ကြသည်။ ကျေးဇူးတော် နေ့ရက်တိုင်အောင်အပြစ်ကင်းစင်ရာဖြစ်သည်။ ကယ်တင်ရှင်သခင်ကို ငြင်းပယ်သူများသည် ဘယသော အခါမှ နောင်တရ၍ အပြစ်ခွင့်လွှတ်ခံရသူများမဟုတ်။ ဧဝံဂေလိသတင်းစကားကို ကြားသာကြား မည်နား ဝင်မည့် သူများမဟုတ်။ အသက်မရှိသော နေရာတွင် မျှော်လင့်ချက်မရှိနိုင်ပါ။ သမ္မာကျမ်းစာကမူ အသက် ရှင်နေပါလျင်နှင့် မျှော်လင့်ချက်ကင်းမဲ့သူများဖြစ်သည်ဟုဆိုသည် (ဟေဗြဲ ၆:၄-၆ကိုယှဉ်ဖတ်ပါ)။

၄:၁၃ တပည့်တော်များက မျိုးကြဲခြင်းပုံဥပမာအားရှင်းပြရန်တောင်းဆိုကြသောအခါ ကိုယ် တော်ဘုရားက ဤမျှလောက်ရှင်းလင်းသော ပုံဥပမာကို မျှနားမလည်နိုင်လျှင် မည်သည့် ပုံဥပမာများ နားလည်နိုင်ကြမည်နည်း။ ဒုံးဝေးနေကြပါလားဟုဆိုသည်။

၄:၁၄ မျိုးကြဲသူသည် ကိုယ်တော်ရှင်ဖြစ်သည်ဟု မပြောပါ။ ကိုယ်တော်တိုင်လည်း ဖြစ်နိုင် သကဲ့သို့ ကိုယ်တော်ကိုယ်စား နှုတ်ကပတ်တော် ဟောပြောသူများ လည်းဖြစ်နိုင်သည်။ မျိုးစေ့ဆိုသည်မှာ ကိုယ်တော်ပြောသောစကားတော်ဖြစ်သည်။

၄:၁၅-၂ဝ လူ့စိတ်နှလုံးခံယူချက်ကို မြေဆီးလွှာအမျိုးမျိုးဖြင့် ခိုင်းနှိုုင်းရှင်းပြထားသည်။ နှုတ် ကပတ်တော်လက်ခံပုံများကို အောက်ပါအတိုင်း ပုံဖော်ထားသည်။

လမ်းမမြေ (ငယ်၁၅) မာကြောခတ်ထန်သော သဘောထားဖြစ်သည်။ ခေါင်းမာသော၊ ချိုးဖဲ့ ၍မရသော စိတ်နှလုံးဖြစ်သည်။ ကယ်တင်ရှင်သခင်ကို လက်ခံဖို့ “ဘူး”ခံသူများဖြစ်သည်။ ဤနေရာတွင် စာတန်သည် ကျေးငှက်ပုံဆောင်လာသည်။ နှုတ်ကပတ်တော်များကို ဖယ်ရှားသည်။ နှုတ်ကပတ်တော်က အပြစ်သားကို ဆွဲဆောင်ထိမှန်ခြင်းမပြုနိုင်။ တသီးတခြားဖြစ်နေသည်။

ကျောက်ပေါသောမြေ (ငယ် ၁၆-၁၇) ဤလူသည် အပေါ်ယံအားဖြင့် နှုတ်ကပတ်တော်နှင့် ထိတွေ့တုံ့ပြန်သူဖြစ်သည်။ ဧဝံဂေလိသတင်းစကားကြားဘူးနားဝရှိသောကြောင့် ခရစ်တော်အား ယုံကြည် သယောင်ရှိသည်။ သို့သော် လူမြင်ကောင်းအောင်အပြင်ပန် လက္ခဏာသာလကခံခြင်းဖြစ်သည်။ ခရစ် တော်ကို အမှန်တကယ် ဝန်ခံခြင်းမဟုတ်။ ကလေးဆုရ တပြပြ ဝမ်းသာသည်။ သို့သော်တခဏသာခံ သည်။ ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောအခါ အပေါ်ယံယုံကြည်ခြင်း အခွံလွှာကာမခံသာ။ ပျောက်လွင့်ကုန်သည်။ ထင်ပေါ်ကျော်ကြားဖို့ ယုံကြည်ခြင်းသာဖြစ်သည်။ အရည်အချင်းစစ်ဆေးသော အခါ အစစ်ေဆေးမခံနိုင်တော့ပါ။

ဆူးတောမြေ (ငယ် ၁၈-၁၉) ဤလူများသည်လည်း ကတိသစ္စာဖြင့် အစပြုသူများဖြစ်သည်။ အပြင်ပန်လက္ခဏာဖြင့်ကြည့်လျှင် တကယ့်ယုံကြည်သူများ ဖြစ်သည်။ ကြာလာသည်နှင့် အမျှလောက ချမ်းသာ၊ နောင်ရေးပူပန်မှုနှင့် စည်းစိမ်ဥစ္စာနောက်သို့ ခြေရှုပ်သူများဖြစ်သည်။ ဝိညာဉ်ရေးရာ တဖြည်း ဖြည်းတိမ်ကောလျက် အဆုံးတွင် လုံးဝပျောက်ကွယ်သွားကြသည်။

ကောင်းသောမြေ (ငယ် ၂၀) နှုတ်ကပတ်တော် ကိုတင်းပြည့်ကျပ်ပြည့်ရင်ဝယ် သိမ်းပိုက်သူ များဖြစ်သည်။ ခရစ်တော်အပေါ်သစ္စာစောင့်သိသူများဖြစ်သည်။ လောကအရာနှင့် စာတန်က ထိုသူတို့၏ ယုံကြည်ခြင်းကို မထိပါးနိုင်။ ယုံကြည်ခြင်း ခိုင်မာမြဲမြံသူများဖြစ်သည်။

ကောင်းမြေဆီလွှာဖြစ်သည်နှင့် အညီ ကြားနာသော နှုတ်ကပတ်တော်မျိုးစေံသည် အောင် မြင်ဖြစ်ထွန်းလျက် အသီးများစွာသီးသည်။ အချို့က အဆသုံးဆယ်၊ တချို့ကခြောက်ဆယ်၊ အချို့က အဆတရာသီးကြသည်။ ထွက်ရှိသော အသီးအနှံများကို ရေတွက်ကြည့်ပါ။ ထိုအသက်တာမျိုးသည် နာခံ သော၊ ဆင်ခြေမပေးသော အသက်တာဖြစ်၍ ပျော်ရွှင်ဖွယ်ရာမြေဖြစ်သည်။

(စ) ကြားသိသူများ၏ ဝတ္တရား (၄:၂၁-၂၅)

၄:၂၁ ဤနေရာတွင် ဖော်ပြသော ဆီမီးအိမ်ဆိုသည်မှာ တပည့်တော်များသို့ အပ်နှင်းထား သောကိုယ်တော်ဘုရား၏ သမ္မာနှုတ်ကပတ်တော်ဖြစ်သည်။ ထိုဆီမီးအိမ်များကို တောင်းဇလားဖြင့် မအုပ် ရပါ။ လူအများမြင်သာအောင်အုပ်ဆောင်းဖယ်ပေးရသည်။ ထိုအုပ်ဆောင်းတည်းဟူသော လူ့ဗဟီရအမှု ကိစ္စများသည် ဘုရားသခင်၏ အလင်းကို ဖုံးကွယ်သည်။ ခုတင်ဆိုသည်မှာ အခွင့်အရေးရယူခြင်း၊ အပျင်း ထူခြင်းကို ဆိုလိုသည်။ ထိုနှစ်ခုစလုံးသည် ဧဝံဂေလိတရား၏ ဆန့်ကျင်ဘက် ရန်သူများဖြစ်သည်။

၄:၂၂ ယေရှုသည် လူထုပရိသတ်အား တရားဟောကြားရာတွင် ပုံဥပမာများပေး၍ ဟောကြားလေ့ရှိသည်။ သမ္မာတရားကို သိုဝှက်ထားသော်လည်း တပည့်တော်များက သိချင်စိတ်ပွားများ နေကြသည်။ ဤအပိုဒ်သည် ထိုနေ့ရက်ကျရောက်ချိန်တွင် တပည့်တော်များက ဝှက်ထားသော သမ္မာတ ရားများကို အကုန်အစင်တွေ့မြင်ကြရမည့် အကြောင်းလည်းဖြစ်သည်။

၄:၂၃ ဤဝှက်ထားသော သမ္မာတရားကို “ကြားစရာနားရှိသူတိုင်းကြားပါစေ”ဟုခရစ်တော် ကအလေးအနက်တိုက်တွန်းထားသည်။

၄:၂၄ ဆက်လက်၍ ကြားသည့် သတင်းစကားကိုလည်း ဂရုစိုက်နားထောင်ကြပါဟု သတိ ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟုဆိုတိုင်းမယုံကြနှင့်။ အခြားသူများကိုလည်း လက်ဆင့်မ ကမ်းကြနှင့်။ ကြားနာသူများ သမ္မာတရား အသိရှိ၍ အသက်တာခွန်အား ရှိစေမည့် တရားများကိုသာ သယ် ပိုးပါ။

အခြားသူများသို့ ဝေငှပေးကမ်းသည့်အတိုင်းတုံ့ပြန်အကျိုးသက်ရောက်မည်။ ဓမ္မဆရာသည် သင်ကြားခြင်း မပြုမီ အသေအချာပြင်ဆင်ရသည်။ ထိုသို့ ပြင်ဆင်လျှင် ပင်ပန်းဆင်းရဲဒုက္ခထက်ကြီးမား သော ဆုလက်ဆောင်ရရှိပါမည်။

၄:၂၅ အချိန်တိုင်းမျှာ လက်ဆတ်သော သမ္မာတရားတမ်းတလျှင် တမ်းတသည့်အတိုင်းရရှိ ပါသည်။။ လိုလားလျှင် ထပ်မ့ရရှိမည်မှာ သေချာသည်။ အခြားတဘက်တွင်သမ္မာတရား၌ အားလျှော့လျှင် လျှော့သထက်လျော့ပြီး ပျောက်ဆုံးခြင်းသို့ ရောက်လိမ့်မည်။

(ဆ) မျိုစေ့ကြီးပွားပုံဥပမာ (၄:၂၆-၂၉)

၄:၂၆-၂၉ ဤဥပမာသည် ခရစ်ဝင်ကျမ်းများအနက် ရှင်မာကုခရစ်ဝင်ကျမ်းတခုတည်းတွင် သာတွေ့ရသည်။ အဓိပ္ပါယ်နှစ်မျိုးကောက်ယူနိုင်သည်။ လူသည် ခရစ်တော်ဘုရားကို ပုံဆောင်၍ မျိုးစေ့ သည် ခရစ်တော်၏ လူ့လောကတွင် ခရစ်တော်အမှုတော်ဆောင်ခြင်းဟု နားလည်နိုင်သည်။ မျိုးစေ့များ သည် အံ့ဩဖွယ်ရာ၊ လျှို့ဝှက်စွာပေါက်ဖွားကြီးထွားသည်။ မည်သည့် အရာက မှ မတားဆီးနိုင်ပါ။ သေးငယ်သောမျိုးစေ့မှ ဘဝပျိုး၍ ရှင်သန်ဖွံ့ပြီးအသီးအပွင့် သီသည်။ ယုံကြည်သူသည်လည်း ထိုနည်း အတိုင်းဖြစ်သည်။ မှည့်ဝင်းသော ကောက်နှံများကို ရိတ်သိမ်းရသည်။

နောက်တနည်းအားဖြင့် တပည့်တော်များအား သတ္တိသွေးအားပေးခြင်းဖြစ်နိုင်သည်။ တပည့် တော်များ၏ ဝတ္တရားမှာ မျိုးစေ့ကြဲဖို့ဖြစ်သည်။ မျိုးစေ့ကြဲပြီးလျှင် ညဉ့်အခါအိပ်လိုက်၊ မိုးလင်းလျှင် ပြန်ထ လိုက်နှင့် အချိန်ကုန်သည်။ မျိုးစေ့သည် အစို့ပေါက် အညှောက်ထွက်ကြီးပြင်းသည်။ လူ့ပြုစုမှုနှင့် ကျွမ်း ကျင်မှုမပါဘဲကြီးထွားသည်။ ထိုကဲ့သို့ပင် အမှုတော်သည် လူ့စိတ်နှလုံးတွင် ပေါက်ဖွားကြီးပြင်လျက် သီးပွင့်ဝေဆာသည်။ လူသည် မျိုးစေ့ကြဲ၍ ရေလောင်းသော်လည်း အမှန်တကယ် ကြီးထွားစေသူမှာ ဘုရားရှင်ဖြစ်သည်။

နားလည်းရန်ခက်ခဲသည့်ကျမ်းပိုဒ်မှာ အပိုဒ် ၂၉တွင်ဖော်ပြသည့် ဘုရားသခင်က တံစဉ်ဖြင့် ရိတ်သိမ်းခိုင်းသည့် အကြောင်းဖြစ်သည်။ သို့သော် မှည့်ဝင်းသောကောက်နှံများကို ရိတ်သိမ်းရသည်ဟု သာနားလည်ခံယူရသည်။

(ဇ) မုံညင်းစေ့ ပုံဥပမာ (၄:၃၀-၃၄)

၄:၃၀-၃၂ ဤပုံဥပမာသည် နိုင်ငံတော်ကို ပုံပမာပေးခြင်းဖြစ်သည်။ မုံညင်းစေ့သည် အလွန် သေးငယ်သော မျိုးစေ့ဖြစ်သော်လည်း သစ်ပင်ငယ်ပမာကြီးထွားလျက် ကျေးငှက်များ ခိုနားစရာအပင်ဖြစ် လာသည်။ နိုင်ငံတော်သည်လည်း အလွန်သေးငယ်သောအရာမှ အစပြုပါသည်။ တဖြည်းဖြည်းရှင်သန်ကြီး ထွားလာကာ တိုင်းနိုင်ငံထိ ကျယ်ပြန့်လာသည်။ ထိုသို့ကြီးထွားခြင်းသည် ကြီးကျယ်အံ့ဘနန်းဖြစ်သည်။ သို့သော်နှုတ်ဖျားဖြင့် ကိုးကွယ်ဆက်ကပ်သူများသာဖြစ်၍ အမှန်တကယ် ပြောင်းလဲ သူများမဟုတ်။ ထိုအ ကြောင်းကို Vance Havner က ဤသို့ဆိုသည်။

အသင်းတော်သည် အမရွတ်အနာဖေးများနှင့် ထင်ကျန်ခဲ့သည်။ အပြောအဟောကောင်း သောကြောင့် ဆုလဒ်တံဆိပ်များ ဝတ်ဆင်ကြသည်။ ခရစ်ယာန်များအား ခြင်္သေ့စာကျွေးရာတွင် စမတ် ကျကျကြည့်နေသူများထက် ဇိမ်ကျနေကြသည်။ မုံညင်းချုံကြီးသည် မှားယွင်းသော ဆရာများ၏ သွန်သင်ချက်ဖြင့် အသီးမသီးသော်လည်း အရွက်ဝေဆာသောအပင်ကို ဥပမာပေးခြင်းဖြစ်သည်။ ယနေ့ ခေတ်ကာလတွင် အပြင်ပန်းသဏ္ဍန်သပ္ပါယ်သောနိုင်ငံတော်နှင့် တူနေပေသည်။

၄:၃၃-၃၄ ဤကျမ်းပိုဒ် (၂)ခုသည် အရေးကြီးသော သင်ခန်းစာကို မိတ်ဆက်ခြင်းဖြစ် သည်။ ယေရှုသည် တရားနာပရိသတ်များသဘောပေါက်နိုင်သည့် ပုံဥပမာများဖြင့် ရှင်းပြလေ့ရှိသည်။ ပရိသတ်များနှင့် အနီးစပ်ဆုံး ပုံဥပမာကိုယူသည်။ နားလည်ရန်ခက်ခဲသော ပုံပမာမျိုးပေးလေ့မရှိ (ယော ၁၆:၁၂၊ ၁ကော ၃:၂၊ ဟေဗြဲ ၅: ၁၂တို့နှင့် ယှဉ်ကြည့်ပါ) ခရစ်တော်၏ ပြောစကားပုံဥပမာကို ဖတ်ကြည့်ပါ။ “င့ါရဲ့သစ်ကုလားအုပ်များကို ကျွေးမွေးလော့”ဟုမပြောပါ။ ထိုသို့မပြောဘဲအများနားရှင်းအောင် “င့ါသိုးများ ကိုကျွေးလော့”ဟုသုံးသည်။

ပုံဥပမာများဖြင့် ပရိသတ်အား သီးသန့်ထပ်ရှင်းပြလေ့ရှိသည်။ သိချင်ကြားချင်သူများအား အလေးထားသွန်သင်ဟောပြောသည်။

(ဈ) လေမုန်တိုင်းနှင့် လှိုင်းများငြိမ်သက်စေခြင်း (၄:၃၅-၄၁)

၄:၃၅-၄၁ ထိုနေ့ညနေစောင်းတွင် ယေရှုနှင့်တပည့်တော်များသည် ဂါလိလဲပင်လယ်အား အရှေ့ဖက်ကမ်းဖက်မှ ဖြတ်သန်းကြသည်။ အထွေအထူးကြိုတင်ပြင်ဆင်ထားခြင်းမရှိ။ အခြားလှေငယ်က လေးများလည်းလိုက်ပါလာကြသည်။ ဗြုန်းဒိုင်းကြီးလေပြင်းမုန်တိုင်း တိုက်ခတ်ကျရောက်လာသဖြငက့် လှိုင်းလုံးကြီးများက လှေကို ဝါးမြိုတော့မည် ဟန်ပြုသည်။

၄:၃၈-၄၁ ယေရှုသည် လှေပဲ့ပိုင်းတွင် အိပ်ပျော်နေသည်။ တပည့်တော်များမှာ ကြောက် လန့်စိုးရိမ်နေကြသဖြင့် ယေရှုကို လှုပ်နိုးကြသည်။ ကိုယ်တော်ဘုရား နိုးထလသောအခါ လေမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ငြိမ်ရန်မိန့်ဆိုလိုက်သည်။ ချက်ချင်း ရာသီဥတု ငြိမ်ကျသာယာသွားသည်။ တပည့် တော်များအား ယခုထက်တိုင်အောင် သူ့ကို အယုံအကြည်မရှိသေးဘူးလားဟုဆိုသည်။ ထိုသို့ လူစွမ်းသာ နိုင်သောသဘာဝလွန်ဖြစ်ရပ်ဆန်း လေမုန်တိုင်းနှင့် ပင်လယ်လှိုင်းလုံးကြီးများကို ငြိမ်သက်စေနိုင်သောသူ သည်အဘယ်ကဲ့သို့သောသူ နည်းဟု အံ့ဩမိန်းမောကြသည်။

ဤနေရာတွင် ကိုယ်တော်၏ လူ့ဇာတိသဘောနှင့် ဘုရားဇာတိတော်ကို တွေ့မြင်ရသည်။ ပဲ့ပိုင်တွင်အိပ်ပျော်နေခြင်းသည် လူ့သဘောသဘဝဖြစ်၍ စကားတခွန်းဖြင့် မုန်းတိုင်းနှင့် လှိုင်းလုံး ငြိမ် သက်စေခြင်းသည် ဘုရားဇာတိတော်ဖြစ်သည်။

အနာရောဂါနှင့် နတ်ဆိုးများကို အနိုင်ယူ ပျောက်ကင်းစေသည် သာမက သဘာဝတရားအ ပေါ်တွင်လည်း အမိန့်ဩဇာ သက်ရောက်ကြောင်းပြသခြင်းဖြစ်သည်။

နောက်ဆုံးသင်ခန်းစာမှာ ယေရှုပါရှိလျှင် လေမုန်တိုင်းကိုလည်း ကြောက်စရာမလို၊ လှိုင်လုံး ကြီးများကိုလည်း မှုစရာမဟုတ်။ လှေလည်းမနစ်နိုင်၊ လိုရာပန်းတိုင်းရောက်နိုင်သည်။

Previous Article
Next Article