ရှင်မဿဲခရစ်ဝင် ၁၅

(င) ညစ်ညမ်းသော အရာသည် စိတ်နှလုံးထဲမှ ထွက်သည် (၁၅:၁-၂၀)

ယခင်ကျမ်းပိုဒ်အခန်းများမှ အကြောင်းအရာများသည် အစီအစဉ်စနစ်တကျမရှိဟု ထောက်ပြကြသည်။ ဤအခန်းမှစ၍ စီကာရီကာအချက်အလက်ကျကျ ဖော်ပြကြောင်းတွေ့ရမည်။

အခန်း ၁၅တွင် မှတ်သားလောက်သောအချက်များရှိသည်။ ပထမဆုံးအချက်မှာ ဖာရိရှဲ နှင့်ကျမ်းတ်ပုဂ္ဂိုလ်များ၏ ကပ်သီးကပ်သတ်စကား၊ အငြင်းသန်ပုံ (ငယ် ၁:၂၀)နှင့် ဣသရေလတို့၏ မေရှိ ယငြင်းပယ်ကြပုံများကို တွေ့ရမည်။ ဒုတိယအချက်အနေဖြင့် ခါနာန်အမျိုးသမီး၏ ယုံကြည်ခြင်း (ငယ် ၂၁-၂၈)၊ တပါးအမျိုးသားများထံသို့ ဧဝံဂေလိရောက်ရှိပုံကို တွေ့ရမည်။ နောက်ဆုံးတွင် လူအုပ်ကြီးအား အနာရောဂါကျန်းမာစေပုံ (ငယ် ၂၉-၃၁)၊ လူလေးထောင် ကြွေးမွေးပုံ (ငယ် ၃၂-၃၉) အနှစ်တထောင် ကာလ၌ ကြားမှာ သုခခံစားရမည့်အကြောင်းများ ပါရှိသည်။

၁၅:၁-၂ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများသည် သခင်ဘုရားအားဖမ်းမိရန် အကွက်ဆင် ကြသည်။ ယေရုရှလင်မှ လူအချို့ရောက်လာပြီး ယေရှုတပည့်တော်များသည် လက်မဆေးဘဲ အစာစားကြ ၍ ရှေ့ထုံးစဉ်လာများကို ချိုးဖောက်ကြသည်ဟုလာရောက်စွပ်စွဲကြသည်။

ဤနေရာတွင် စင်ကြယ်ခြင်း မစင်ကြယ်ခြင်းဆိုသည့် အဓိပ္ပါယ်ကို သဘောပေါက်ဖို့လို သည်။ ဖာရိရှဲများသတ်မှတ်သော စင်ကြယ်ခြင်းသည် ရေဖြင့်ဆေးကြောခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း မှ စင်ကြယ်ခြင်းနှင် မစင်ကြယ်ခြင်းအကြောင်းကို ပြန်လည်လေ့လာ ကြည့်ကြပါစို့။ အစင်ကြယ်ခြင်းဆိုသည် မှာ ဝတ်ပြုစည်းဝေးခြင်းကို ထိခိုက်နိုင်သော အပြုအမူများဖြစ်သည်။ လူသေကောင်ကိုင်တွယ်ခြင်း၊ တားမိ ထားသော အစားအစာမှီဝှဲခြင်းများသည် ဝတ်ပြုခြင်း ထုံးနည်းနာများ ထိပါးသည်။ ဘုရားသခင်ထံ ချည်း ကပ်ဖို့ရန် သန့်ရှင်းစင်ကြယ်ဖို့လိုသည်။

သို့သော် လူကြီးလူမများက ရိုးရာအစဉ်အလာများကိုလည်း ထည့်သွင်းချင်ကြသည်။ အစားအသောက်မှီဝဲခြင်းမပြုမီ လက်ဆေးရုံမျှဖြင့်မလိုလောက်။ တထောင်ဆစ် အထက်မှစ၍ ဆေးကြော ရသည်။ ဈေးလယ်ပွဲရုံရောက်လျှင် ဆေးကြောသန့်စင်ခြင်း လုပ်ရသည်။ သို့ကြောင့် ယုဒ ထုံးစံအတိုင်း မလုပ်ကြသော တပည့်တော်များအား မစင်ကြယ်ဟုဝေဖန်ကြသည်။

၁၅း၃-၉ သခင်ယေရှုက အဆက်ဆက်ခံသော နည်းဥပဒေဖြင့် ဘုရားရှင်၏ တပည့်တော် ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်းဟုမေးလိုက်သည်။ ပညတ်တရားက မိဘများကို ရိုသေလုပ် ကျွေးဖို့ ပြဌာန်ထားသည်။ သို့သော်လည်း ဖာရိရှဲများသည် ငွေကြေးထောက်ပံ့ဖို့ မရှိမဖြစ်လိုအပ်နေသော အိုးမင်းရွယ်လွန်မိဘများကို မထောက်ပံ့ချင်ကြ။ ထို့ကြောင့် အဆက်ဆက်ခံ နည်းဥပဒေဖြင့် လုပ်သင့် လုပ်အပ်သောဝတ္တရားများကို ရှောင်လွှဲကြသည်။ သက်ကြီးရွယ်အိုမိဘများက ငွေစငွေနအကူအညီလာ တောင်းလျှက် ဘုရားသို့ လှူလိုက်ပြီး ဟု ပစ်စလက်ခတ်ပြောပစ်ကြသည်။ ထိုသို့ဖြင့် မိဘအားလုပ်ကျွေး ရန် ရှောင်လွှဲကြသည်။ ခေတ်အဆက်ဆက် ကျင့်သုံးသောနည်း ဥပဒေကို စွဲမြဲစွာ လက်ကိုင်၍ ဘုရား သခင်၏ ပညတ်ချက်များကို ချိုးဖောက်ပစ်ပယ်ကြသည်။

၁၅:၁၀-၁၁ ထို့နောက် ပရိသတ်ဘက်သို့လှည့်၍ ခံတွင်းထဲသို့ ဝင်သွားသောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်၊ ခံတွင်မှထွက်သော အရာများက သာလျက် လူကို ညစ်ညူးစေသည်ဟု ရှင်းပြသည်။ ထိုစကားသည် လူအတွေးဖြင့် ဆိုလျှင် ပြောင်းပြန်ဖြစ်သည်။ ဝတ်ပြုရာကျမ်းတွင် ပါးစပ်ထဲ သို့ အရာများက လူကို ညစ်ညမ်းဘေးဥပဒ်ပေးသည်ဟုဆိုသည်။ သို့ကြောင့် ယုဒများက စားမြုံ့ပြန်သော အသားများကို မစားရန်တားမြစ်ထားသည်။ ကြေးခွံမပါသော ငါးများမစားရ၊ စင်ကြယ်သောအရာနှင့် မစင် ကြယ်သော အရာများကို အသေးစိတ်ဘုရားရှင်ပြဌာန်းထားပေးသည်။

ယခုပညတ်တရားထုတ်လုပ်သူများက ဝတ်ပြုခြင်းဆိုင်ရာ ညစ်ညမ်းမှုများထပ်မံ ရောချ နေကြပြန်ပြီ။ တပည့်တော်များ၏ ခံတွင်းထဲသို့ဝင်သွားသော အစာများသည် မစင်ကြယ်သောအရာများ မဟုတ်ဟု သခင်ဘုရားမိန့်မှာသည်။ သို့သော် ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများကမူ ညစ်ညမ်းသည်ဟု ယူ ဆကြသည်။

၁၅:၁၂-၁၄ ကိုယ်တော်ဘုရား၏ စကားကို ကြားသိသော ဖာရိရှဲများသည် စိတ်ညစ်ကြ သည်။ သို့ကြောင့် သခင်ဘုရားက တပည့်တော်များအား အဘဘုရားသခင်မစိုက်သောအပင်များနှင့် စိုက်သောအပင်များအားနှိုင်းယှဉ်၍ ရှင်းပြသည်။ ထိုဖာရိရှဲများသည် မစိုက်ပျိုးသော အလေ့ကျပေါက်ပင်၊ စပါးပင်ရိုင်းများဖြစ်သည်။ သူတို့ဟောပြောသွန်သင်ချက်များသည် လေးနက်မှုမရှိ။ အမြစ်မတွယ်။ လူကန်း တို့သည်လူကန်းတို့ကို လမ်းပြပါစေဟုဆိုသည်။ ဖာရိရှဲများသည် ဝိညာဉ်ရေးရာရှုဒေါင့်တွင် မျက်ကန်းများ ဖြစ်သည်။ မျက်ကန်းက မျက်မမြင်ကို မည်သို့လမ်းပြနိုင်မည်နည်း။ နှစ်ယောက်စလုံးတွင်းထဲသို့ လိမ့်ကျဖို့ သာရှိသည်။

၁၅:၁၅ တပည့်တော်များသည် သခင်ဘုရား၏ ထိုစင်ကြယ်သော အရာနှင့် မစင်ကြယ် သောအရာရှင်းပြချက်ကို ကောင်းစွာသဘောပေါက်နားမလည်ကြ။ တပည့်တော်များအတွက် ပုံဥပမာဖြစ် နေသည်။ ထို့ကြောင့် နှုတ်သွယ်အာသွက်ပေတရုက ထပ်မံရှင်းပြပေးပါရန် သခင့်ထံခွင့်ပန်သည်။

၁၅:၁၆-၁ရ သခင်ဘုရားက တပည့်တော်များအားနားဝေးနေကြပါသလားဟု ဦးစွာပြောပြီး မှတလုံးချင်းအသေးစိတ်ရှင်းပြသည်။ ထိုညစ်ညမ်းခြင်းသည် ရုပ်ခန္ဓာကိုယ်ညစ်ညမ်းခြင်းနှင့် မဆိုင်။ စိတ်နှ လုံးစင်ကြယ်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။ ဘုရားရှင်စီရင်ထားသော အစားအစာတိုင်းသည် စင်ကြယ် သည်။ မစင်ကြယ်သည်ဟု စောကြောစရာမဟုတ်။ အစားအစာတိုင်းသည် ပင်ကိုယ်အားဖြင့် စင်ကြယ်ပြီး ဖြစ်သည်။ မစင်ကြယ်ဟု စီရင်ခြင်းကသာ မှားယွင်းသည်။ ပါးစပ်ကစား၍ ဝမ်းဗိုက်ထဲသို့ အစာချေဖို့ ရောက်သွားသည်။ အကျိုးမဖြစ်ထွန်းသောအရာများစွန့်ထုတ်ရသည်။ ထိုအစားအစာသည် ကိုယ်ကျင့် လက္ခဏာနှင့် မဆိုင်။ ခန္ဓာကိုယ်အတွက်သာဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ဘုရားရှင်ဖန်ဆင်းထား သောသတ္တဝါတိုင်းသည် စားကောင်းသည်။ ကျေးဇူးတော်ချီးမွမ်း၍ စားသုံးလျှင် ပစ်ပယ်စရာမရှိဘုရား သခင်၏ နာမတော်၌ ဆုတောင်းစားသုံးလျှင် အရာခပ်သိမ်းစငယ်ကြယ်သည် (၁တိ ၄:၄-၅)။ ဤကျမ်းပိုဒ် တွင် အဆိပ်အတောက်ဖြစ်သည့် စကားလုံးမပါ။ အရာခပ်သိမ်းကို စားသောက်ဖို့ ဘုရားရှင်ဖန်တီးပေး သည်။ အစားအစာတိုင်းကို ကျေးဇူးတော် ချီးမွမ်းပြီး စားသုံးနိုင်သည်။ အကယ်၍ ခန္ဓာကိုယ်နှင့် မတည့် သောအစားအစာဖြစ်လျှင်ရှောင်ကြဉ်ရသည်။ သို့သော်ယေဘူယျအားဖြင့် စားသောက်ဖွယ်ရာတိုင်းကို ဆုတောင်းပြီးစားသုံးနိုင်သည်။

၁၅:၁၈ ဟုတ်ပြီ။ အစားအစာက မညစ်ညမ်းစေလျှင် မည်သည့်အရာက ညစ်ညမ်းစေနိုင်ပါ သနည်း။ သခင်ယေရှုက ခံတွင်းမှထွက်သောအရာမူကားနှလုံးထဲကထွက်၍ လူကို ညစ်ညူးစေသည် ဟုဆိုသည်။ ဤနေရာတွင် နှလုံးဆိုသည်မှာ သွေးစုတ်ထုတ်ရာ ခန္ဓာကို အစိပ်အပိုင်းကိုဆိုလိုသညမဟုတ် လူံရည်ရွယ်ချက်အတ္တဖြစ်ပွားရာ စိတ်နှလုံးစေတသိက်ကို ဆိုလိုသည်။ စိတ်နှလုံးက ညစ်ညမ်းသောအရာ ကြံစည်လျှင်ကြံစည်သည့်အတိုင်း မဖွယ်မရာ စကားလုံးများနှုတ်ကထွက်လာသည်။

၁၅:၁၉-၂ဝ လူကို ညစ်ညမ်းစေသော အရာများမှာ မကောင်းသော အကြံအစည်၊ လူ့အ သက်သတ်ခြင်း၊ သူမယားပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားခြင်း၊ ခိုးခြင်း၊ မမှန်သော သက်သေခံခြင်း၊ သူတပါးအသရေဖျက်ဆီးခြင်း (ဂရိကျမ်းမူတွင် အခြားသူများကဲ့ရဲ့စော်ကားခြင်း) အစရှိသည်တို့ဖြစ်သည်။

ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များ အဓိကအာရုံစိုက်သည်မှာ အပြင်ပန်လက္ခဏာဖြစ်သော လက်ကို ရေဆေးကြောခြင်းဖြစ်နေသည်။ စိတ်နှလုံးမှာမူ ပုပ်ပျက်နေသည်။ အသေးအဖွဲအရာကို ရေးကြီး ခွင်ကျယ်လုပ်၍ အဓိကလိုအပ်ချက်ကိုမူ ပစ်ပယ်ကြသည်။ ရှေးအဆက်ဆက်ထိမ်းသိမ်းလာကြသော နည်း ဥပဒေကို ကျူးလွန်ကြသည့် တပည့်တော်များကို ဝေဖန်ပုတ်ခတ် ကြသော်လည်း သူတို့ကိုယ်တိုင် ဘုရား သားတော်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သတ်ဖြတ်ကြသည်။

(စ) တပါးအမျိုးသားများ ယုံကြည်ခြင်းအားကောင်းကြီးပေးခြင်း (၁၅:၂ု၁-၂၈)

၁၅:၂၁ မြေထဲပင်လယ်အရှေ့ခြမ်းရှိ တုရုနှင့် ဇိဒုန်မြို့ကျေးလက်ဒေသသို့ သခင်ယေရှု တိုင်းခန်းလှည့်လည်သည်။ ယုဒပြည်ပသို့ ပထမဦးဆုံးအကြိမ်ဒေသစာရီ လှည့်လည်ခြင်းဖြစ်သည်။ ဖုနိဂါသို့ ရောက်ရှိစဉ်ခါနာန်အမျိုးသမီးရောလာပြီး နတ်ဆိုးစွဲနေသော သူ့သမီးအားကျန်းမာစေဖို့ အခွင့် လာတောင်းသည်။

ထိုအမျိုးသမီးသည် ယုဒလူမျုးမဟုတ်၊ တပါးအမျိုးဖြစ်သည်။ ခါနာန်မှလာ၍ သခင်ဘုရား အား လာရောက်တွေ့ဆုံခွင့်ပန်ခြင်းဖြစ်သည်။ ဣသရေလများက သခင်ယေရှုအား မထေလေးစား မယုံ ကြည်ကြသော်ငြားလည်း တပါးအမျိုးသား ခါနာန်သူသည် ယုံကြည်ခြင်းအပြည့်ဖြင့် အူယားဖားယား ရောက်လာသည်။ တပါးအမျိုးသားသည် ဘုရားရှင်မျက်နှာသာ ပေးထားသောလူမျိုးမဟုတ်။ ရွေးကောက် တော်မူထားသော လူမျိုးတော်မဟုတ်၊။ ဘဝကုသိုလ်အရ မေရှိယသခင်ထံမှ ရစရာမျှော်လင့်ချက်မရှိနိုင်။ လူစိမ်းသူစိမ်းဖြစ်သည်။

သခင်ယေရှုအားသခင်ဒါဝိဒ်၏ သားတော်ဟုယုဒများသုံးနှုန်းမည့်လေသံအတိုင်းခေါ်သည်။ သခင်ယရှုသည်။ ဒါဝိဒ်၏ သားတော် မှန်သော်လည်း ထိုစကားကို အမှီပြု၍ သခင်ယေရှုထံ တပါးအမျိုး သားများချဉ်းကပ်နိုင်ခွင့် မရှိ။ သို့ကြောင့် ကိုယ်တော်ဘုရားချက်ချင်းမတုန့်ပြန်ခြင်းဖြစ်သည်။

၁၅:၂၃ ပြန်လွှတ်လိုက်သော်လည်း ထိုမိန်းမသည်မပြန်၊ တကောက်ကောက်လိုက်နေ သည်။ သို့ကြောင့် တပည့်တော်များက မောင်းထုတ်ခွင့် တောင်းပန်ကြသည်။ ထိုအမျိုးသမီး၏ ယုံကြည် ခြင်းသည် နမူနာယူထိုက်သော စံပြဖြစ်သည်။ သို့ကြောင့်ဦးစွာထိုအမျိုးသမီးတွင် ယုံကြည်ခြင်းကို သက် သေပြရပေမည်။

၁၅:၂၄-၂၅ ကိုယ်တော်ဘုရားက ဣသရေလအမျိုးအဝင်ပျောက်လွှင့်သော သိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကို မစေမလွှတ် ဟုရှင်းပြသည်။ ခါနာန်အစရှိသော တပါးအမျိုးသားများနှင့် မ ဆိုင်။ သို့သော်လည်း ထိုအမျိုးသမီး၏ ယုံကြည်ခြင်းသည် လျှော့နည်းပျက်ပြယ်မသွား။ ဒူးထောက်လျက် ဒါဝိဒ်သားတော်ဟု ခေါ်ကာ သခင်ဘုရား၊ကယ်မတော်မူပါဟု ထပ်မံတောင်းလျှောက်သည်။ မေရှိယသခင် ၏လူမျိုးတော် ယုဒဖြစ်သော်လည်း ကိုယ်တော်ဘုရားဖန်ဆင်းထားသော သတ္တဝါအနေဖြင့် ရောက်လာပါ သည်ဟုဆိုသည်။

၁၅:၂၆ ထိုအမျိုးသမီး၏ ယုံကြည်ခြင်းအားသခင်ဘုရားက ထပ်မံစစ်ကြောသည်။ ဘုရား သားသမီးယုဒ လူမျိုးအတွက် ပြင်ဆင်ထားသောအရာကို တပါးအမျိုးသား ခွေးများမချမကျွေးသင့် ပါဟု ဆိုသည်။ ဤစကားကို သဘောပေါက်ရန်အကြောင်းရှိသည်။ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ခြင်းသည် နာကျင် စေလို၍ မဟုတ်။ အနာရောဂါပျောက်ကင်းစေရန်ဖြစ်ကြောင်း နားလည်ရမည်။ ထိုအမျိုးသမီးသည် တပါး အမျိုးသားဖြစ်သည်။ ယုဒလူမျိုးများက တပါးအမျိုးသားများကို ခွေးမျိုးဟုမြင်ကြသည်။ လမ်းဘေးလမ်းမ ပေါ်တွင်စားကြွင်းစားကျန် ကောက်စားသူများဟု သတ်မှတ်သည်။ သခင်ယေရှုက ခွေးများဟု ဆိုခြင်း သည် မိမိတို့၏ ဘဝအားနည်းချက်များကို သိရှိဖိုအသိပေးခြင်းဖြစ်သည်။

၁၅:၂ရ ကိုယ်တော်ဘုရား၏ စကားများကို မြေဝယ်မကျနာခံသည်။ သဘောတူသည်။ ရှေးကုသိုလ်ကံကြမ္မမွဲတေသော တပါးအမျိုးသားသည် ဘုရားရှင်၏ ကျေးဇူးတော် ကရုဏာတော်အမှန် တကယ်လိုအပ်သည်ဟု သဘောပေါက်သည်။ မှန်ပါသည်သခင်၊ ခွေသည်လည်း စားပွဲပေါ်မှ ဖိတ်စင်သော စားကြွင်းသောက်ကျန်များကို ကောက်စားခွင့်ရှိပါသည်။ ဟုပြန်လျှောက်သည်။ စားကြွင်းစားကျန်များကို ကောက်စာပါရစေ။ သခင်ရှေ့မှာလာဖို့ မထိုက်တန်မှန်သိပါသည်။ သို့သော် ကိုယ်တော်ဖန်ဆင်းထား သောကျွန်မ၏ သမီးအတွက် တောင်းပန်ခွင့်ပါသည်။ ဟုဆိုသည်။

၁၅:၂၈ ထိုအမျိုးသမီး၏ ယုံကြည်ခြင်းကို ယေရှုဘုရားအသိအမှတ်ပြုလိုက်သည်။ မယုံကြည်သူကလေးသူငယ်များသည် အစာငတ်ခြင်းမရှိကြသေ်ာလည်း ဤနေရာတွင်မူ ကိုယ်တိုင်ခွေးအ ဖြစ်ခံယူထားသည်။ ထိုသူ၏ ယုံကြည်ခြင်းအား သခင်ဘုရားက ဆုလက်ဆောင်ပြန်ပေးလိုက်သည်။ ဖျားနာနေသောသူငယ်မသည် ချက်ချင်းကျန်းမာသွားသည်။ သခင်ဘုရားသည် ရွေးကောက်ထားသော လူမျိုးတော်က အထံတော်တွင် အနီးကပ်မနေကြ၊ လက်မခံကြသော်လည်း လက်တော်ကို ဆန့်တန့်လျက် အဝေးတနေရာရှိတပါးအမျိုးသား၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်ကျန်းမာ သုခပေးခဲ့သည်။

(ဆ) လူအများအား အနာရောဂါငြိမ်းစေခြင်း (၁၅:၂၉-၃၁)

၁၅:၂၉-၃၁ မာရး၃၁တွင် သခင်ယေရှုသည် တုရုမြောက်အရပ်ရှိ ဇိဒုန်မှ တဆင့် ယော်ဒန် မြစ်အရှေ့ဘက်ကမ်းရှိ ဒေကာပေါလိအရပ်သို့ ကြွတော်မူသည် ဟုဆိုသည်။ ထိုပင်လယ်ကမ်းခြေဒေသ တွင် ခြေဆာသူများ၊ မျက်မမြင်သူများ၊ ဆွံ့အ၊ နားမကြား၊ ဒုက္ခိတအမျိုးမျိုးကို အနာရောဂါ ပျောက်ကင်းစေ သည်။ မြင်ရသူ ပရိသတ်အပေါင်းမှ ဣသရလဘုရင်၏ ဘုန်းတန်ခိုးကို ချီးမွမ်းကြသည်။ အိမ်နီးနားချင်းတပါးအမျိုးသားများထံသို့ ရွှေလမ်း၊ ငွေလမ်းခင်းခြင်းဖြစ်သည်။ ဣသရေလတို့၏ ဘုရင် သခင်ယေရှုနှင့် တပည့်တော်များသည် သူ့တို့အလယ်တွင် ဘုန်းတော်ထင်ရှားကြလေပြီ။

(ဇ) လူပေါင်းလေးထောင်အားကျွေးမွေးခြင်း (၁၅:၃၂-၃၉)

၁၅:၃၂ နမော်နမဲ့ဖတ်ရှုလျှင် လူပေါင်းငါးထောင်ကျွေးမွေးခြင်းနှင့် မှားနိုင်သည်။ ကျမ်းစာ အုပ်သည် တခုနှင့် တခုတတူဟု လွဲမှားနိုင်သည်။ တခုနှင့် တခုဖြစ်စဉ်မတူပါ။ တခြားစီဖြစ်သည်။

ပရိသတ်ကြီးသည် သခင်ယေရှုထံ (၃)ရက်လုံးလုံး ရှိနေကြသောအခါ စားရေးသောက်ရေး အခက်အခဲဖြစ်လာသည်။ အငတ်ငတ်ပြတ်ပြတ်ဖြင့်လည်းပြန်မလွှတ်ချင်ပါ။ လမ်းခုလတ်တွင်သေကြေ ပျက်စီနိုင်သည်။

၁၅:၃၃-၃၄ လူငါးထောင်ကျွေးမွေးစဉ်က အတိုင်းသခင်ဘုရားသည် မုန့်အတွက် ကျေးဇူး တော်ချီးမွမ်း၍ မုန့်ကို ဖဲ့ကာ တပည့်တော်များအား ဝေခိုင်းလိုက်ရာလုံလောက်သည့်အပြင် ကိုယ်တော်ကဲ့ သို့ပြုစွမ်းနိုင်သည်ဟုကိုယ်တော်ဘုရားမျှော်လင့်သည်။ မလုပ်နိုင်စရာအကြောင်းလည်းမရှိပါ။

၁၅:၃၇-၃၉ လူအုပ်ကြီး စားသောက်ပြီးသောအခါ စားကြွင်းစားကျန် တောင်းကြီးခုနှစ်လုံး အပြည့်ရရှိသည်။ ပရိသတ်မှာ ယောကျာ်းကြီးလေးထောင်အပြင် မိန်းမနှင့် ကလေးများ ရှိသေးသည်။

လာမည့်အခန်းတွင် အံ့ဘွယ်လူအုပ်ကျွေးမွေခြင်းနှစ်ခုဆက်စပ်ပုံကို (၁၆:၈-၁၂)တွင် တွေ့ရမည်။ ကျမ်းစာ၌ ပါရှိသမျှအကြောင်းအရာတိုင်းသည် အဓိပ္ပါယ်ရှိသည်။ လူထုပရိသတ်ကြီးဗိုက်ဝ၍ ထွက်ခွာသွားကြသောအခါ သခင်ယေရှုသည် လည်းဂါလိလဲအနောက်ဖက် ကမ်းမဂဒလအရပ်သို့ လှေဖြင့် ကူးသွားတော်မူသည်။

Previous Article
Next Article