ရှင်လုကာခရစ်ဝင် ၁၀

(ဂ) တပည့်တော်ခုနှစ်ဆယ်စေလွှတ်ခြင်း (၁၀:၁-၁၆)

၁၀:၁-၁၂ တပည့်တော်ခုနှစ်ကျိပ် ၃၂ လွှတ်သည့်အကြောင်းကို ရှင်လုကာ ခရစ်ဝင်ကျမ်းတ ခုတည်းတွင်သာတွေ့ရသည်။ (မ ၁၀) တွင်ပါရှိသည့် တပည့်တော်တဆယ့်နှစ်ပါးသည် မြောက်ဘက်သို့ စေလွှတ်ခြင်းဖြစ်၍ ဤနှစ်ကျိပ်သည် ယေရုရှလင်တောင်ဘက်အရပ်သို့ သခ်ငယေရှုမသွားမီ ကြိုတင် စေလွှတ်ခြင်းဖြစ်သည်။ ဤသို့စေလွှတ်ခြင်းသည် မြောက်အရပ်ရှိဖိလိပ္ပိကဲသရိမှ ဂါလိလဲ၊ ရှမာရိ၊ ယော်ဒန် မြစ်ရိုးတလျှောက် ပေရိယမှယေရုရှလင်သို့ ကိုယ်တော်ဘုရားကြွလာမည့် လမ်းခရီးတလျှောက်တွင် ရှေ့တော်ပြေးအဖြစ် စေလွှတ်ခြင်းဖြစ်ဟန်တူသည်။

ဤအစီအစဉ်သည် ယာယီအစီအစဉ်သာဖြစ်သည်။ သို့ဖြစ်သော်လည်း သခင်ဘုရား၏ ညွှန်ကြားချက်များသည် ယနေ့ခရစ်ယာန်များလိုက်နာရမည့် သင်ခန်းစာများဖြစ်သည်။ အောက်တွင် အကျဉ်းချုံး၍ ဖော်ပြပါမည်။

၁။ နှစ်ယောက်တွဲစေလွှတ်သည်။ အဓိပ္ပါယ်ရှိသည်။ “သက်သေခံနှစ်ဦး၊ သုံးဦးရှိခြင်းအား ဖြင့် စကားရှိသမျှသည် တည်ရလိမ့်မည်” (၂ကော ၁၃:၁)

၂။ ဘုရားသခင်၏ တပည့်တော်မှန်လျှင် မနေမနားဆုတောင်းကြရသည်။ စပါးရိတ်သိမ်းရန် စေလွှတ်ခြင်းဖြစ်သည် (ငယ် ၂)။ လိုအပ်သည်ထက် စပါးရိတ်မည့်သူနည်းနေသည်။ စပါးရိတ်မည့်သူများအတွက် ဆုတောင်းပေးကြရမည်။ ကျွန်ုပ်တို့ကိုယ်တိုင်ကို ရိတ်သိမ်းစေ ချင်သည်။ မှတ်ထားပါ။ အငယ် ၂တွင် “ဆုတောင်း”ဟုဆို၍ အငယ် ၃တွင် “သွားလော့” ဟုဆိုသည်။

၃။ တပည့်တော်များအား သားရဲနယ်မြေသို့စေလွှတ်ထားသည် (ငယ် ၃)။ တပည့်တော်များ သည်အပြင် ပန်းသဏ္ဍာန်အားဖြင့် ခုခံနိုင်စွမ်းမရှိသော ဝံပုလွေအကြားမှ သိုးသငယ်များပ မာဖြစ်သည်။ လောကသားများက ကြိုဆိုကြမည်ဟုထင်မှတ်ဖို့ နေနေသာသာအမဲဖျက်ဖို့ စောင့်မျှော်နေကြသည်။

၄။ လူအသုံးအဆောင်ပစ္စည်းများ ယူဆောင်ခွင့်မပြု (ငယ် ၄)။ ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဘိနပ်ယူဆောင်ခြင်းမပြုရ။ ပိုက်ဆံအိတ်ဆိုသည်မှာ ငွေကြေးအရံအတား၊ လွယ်အိတ် ဆိုသည်မှာ အစားအစာထည့်စရာ၊ ဘိနပ်ဆိုသည်မှာ လမ်းလျှောက်ခြင်းသက်သာစေရန် ယာဉ်၊ တိရစ္ဆာန်များကိုဆိုလိုသည်။ ထိုအရာသုံးခု မယူခိုင်းခြင်းသည် ဆင်းရဲခြင်းကိုပေး ခြင်းဖြစ်သည်။ သို့သော်အလုံးစုံ ကိုပိုင်သတော်မူသော အရှင်သခင်သည် ကြွယ်ဝခြင်းကို ပေးစွမ်းနိုင်သူဖြစ်သည် (၂ကော ၆:၁၀)။

၅။ လမ်းတလျှောက်မည်သူ့ကိုမှ နှုတ်မဆက်နှင့် (ငယ် ၄)။ ခရစ်တော်ဘုရားက တပည့် တော်များအား လမ်းလျှောက်ခြင်းဖြင့် အချိန်မဖြန်းတီးစေချင်။ အရှေ့တိုင်းသားများထုံးစံ အတိုင်းယဉ်ကျေးမှု၌ အချိန်အလဟသ မဖြစ်စေလို။ အမှန်တကယ်သူတို့အကျိုးလိုလား လျှင် ထိုသူများ၏ အလဟသအချိန်ကို နှမြောက်ရမည်။ တန်ခိုးထားရမည်။ အားလပ်နေ မည့်အစား အကျိုးရှိသော ဧဝံဂေလိစကားဟောကြားရမည်။ အချိန်ဖင့်နွဲကြန့်ကြာခြင်းအလို တော်မရှိ။

၆။ ဧည့်ဝတ်ပြုသောအိမ်များ၌သာ တည်းခိုရမည် (ငယ် ၅-၆)။ ဧည့်ဝတ်ပျူငှာစွာ ကြိုဆိုသောမိသားစုသည် ငြိမ်သက်ခြင်း၏သား ဖြစ်ကြသည်။ ငြိမ်သက်ခြင်း၏ သားဆို သည်မှာ ဧဝံဂေလိသတင်းကောင်းအား စိတ်ကြည်လင်စွာ လက်ခံသူများ ဖြစ်သည်။ အကယ်၍ ငြင်းပယ်ခြင်းခံရလျှင် စိတ်ပျက် အားငယ်ခြင်းမရှိရ။ နောက်တဖန် ငြိမ်သက် ခြင်းပြန်ရပါလိမ့်မည်။ အချိန်ဖြုန်းခြင်းမရှိရ။ တနည်းတလမ်းဖြင့် ပြန်လည်ရရှိလိမ့်မည်။

၇။ ပထမ လက်ခံသောအိမ်၌သာ အတည်တကျ တည်းခိုရမည် (ငယ် ၇)။ တအိမ်မှ တအိမ်ကူးသန်းသွားလာခြင်းမပြုရဆိုသည်မှာ ဈေးသွားဈေးလာသကဲ့သို့ ပျားပန်းခတ် သွားခြင်း၊ သက်သာရာနေရာထိုင်ခင်းရှာဖွေခြင်းမပြုရ။ ရိုးရိုးစင်းစင်း နေပါဟု ဆိုလိုသည်။

၈။ ကျွေးမွေးသောအစားအသောက်များ၌ ဇီဇာမကြောင်းရ (ငယ် ၇)။ ဘုရားသခင်၏ အစေခံများဖြစ်သည်နှင့် အညီ သူများအားဝန်ထုတ်ဝန်ပိုးမဖြစ်စေရ။

၉။ များသောအားဖြင့် မြို့ကြီးပြကြီးများသည် သခင်ခရစ်တော်အား ဆန့်ကျင်လေ့ရှိကြ သည်။ အကယ်၍ တပည့်တော်များအား လက်သင့်ခံလျှင် ထိုနေရာအား ခြေကုပ်ယူ၍ တရားဒေသနာဟောပြောကြပါ။ ကျွေးမွေးသော စားဖွယ် ဘောဇဉ်များကိုလည်း စားသုံး၍ ကောင်းကြီးပေးကြပါ။ ကျွေးမွေးဧည့်ခံသော အစားအစာကို စစ်ကြောခြင်းမပြုရ။ အစားအစာသည် အသက်ရှင်ခြင်း၏ အဓိကအကြောင်းရင်းမဟုတ်ပါ။ နှုတ်ကပတ်တော် ကြားနာခြင်းဖြင့်  အပြစ်ရောဂါများကို ပျောက်ကင်းစေပါ။ ဘုရားသခင်၏ နိုင်ငံတော် တည်လုပြီဖြစ်ကြောင်းကျေညာဟောပြောကြပါ (ငယ် ၉)။

၁၀။ တချို့မြို့ရွာများသည် ဧဝံဂေလိသတင်းကောင်းငြင်းပယ်လျှင် ငြင်းပယ်ကြမည် (ငယ် ၁၀-၁၂)။ ဘုရားသခင်၏ သတင်းစကားနောက်ဆုံးကြားရသောအချိန်ရောက်လာပါလိမ့် မည်။ လူသည်ဧဝံဂေလိသတင်းနှင့် ကင်းကွာ၍ မရပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ကင်းကွာလျှင် ထာဝရပျောက်ဆုံးသွားမည်။ အလင်းကိုငြင်းပယ် သူသည် အလင်းကို အလို မရှိသူဖြစ်သည်။ ဧဝံဂေလိသတင်းစကားကို လက်မခံသော မြို့ပြပြည်ရွာသည် သောဒုံမြို့ ထက်ပိုဆိုးသွားကြမည်။ အခွင့် အရေးပိုရလျှင် ဝတ္တရားပိုကြီးသည်ဟု မှတ်ယူရမည်။

၁၀:၁၃-၁၄ ကိုယ်တော်ဘုရားသည် ထိုသို့မိန့်မှာနေစဉ်အခြားမြို့ပြများထက် အခွင့်အရေး ပိုရသောမြို့ကြီးပြကြီး သုံးမြို့ကို သတိပေးလိုက်သည်။ ကိုယ်တော်ဘုရား၏ အံ့ဖွယ်နိမိတ်လက္ခဏာ များကို မြို့လယ်လမ်းမများတွင် တွေ့မြင်ခဲ့ကြသည်။ ဘုန်းကျက်သရေပြည့်စုံသော သွန်သင်ချက်များ ကြားသိခဲ့ကြသည်။ သို့ပါသော်လည်း “ဘူး”ခံနေဆဲ။ ခေါရာဇိန်နှင့် ဗက်ဇဲဒမြို့များ… သို့ပြခဲ့သော နိမိတ် လက္ခဏာများအတိုင်း ရှေးတုရုနှင့် ဇိဒုန်မြို့များတွင် ပြခဲ့ပါက ကြီးစွာ နောင်တရခဲ့ကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ဂါလိလဲဒေသမြို့များသည် ကိုယ်ဘုရား၏ အမှုတော်၌ နားရွက်မခတ်ကြသဖြင့် တုရုနှင့် ဇိဒုန်မြို့များထက် ဆိုးသော အရသာခံကြမည်။ သမိုင်းကြောင်းတွင် ခေါရာဇိန်နှင့် ဗက်ဇဲဒမြို့များ၏ အမည် နာမကြားဘူးကြသော်လည်း ယခုတိုင်အောင်နေရပ်မှန်ရှာမတွေ့ကြတော့ပါ။

၁၀:၁၅ နာဇရက်မှ ထွက်ခွာပြီးနောက် ကပေရနောင်သို့သွားသည်။ ကိုယ်တော်ဘုရား၏ နေရပ်မြို့ဖြစ်သည်။ ထိုမြို့သည် ကောင်းကင်ဘုံတိုင်အောင်ချီးမြှောက်ခံရသည်။ သို့သော်လည်း မြို့သူမြို့ သားများသည် ထိုအခွင့်အရေးထူးကို ဖမ်းယူဆုပ်ကိုင်ခြင်းမရှိကြသဖြင့် မရဏာနိုင်ငံထိနှိမ့်ချခြင်းခံရမည်။

၁၀:၁၆ သခင်ယေရှုသည် တပည့်တော်ခုနှစ် ကျိပ်အား လမ်းညွှန်မှာကြားပြီးနောက် သံတမန်များအဖြစ်စေလွှတ်လိုက်သည်။ တပည့်တော်များကို ငြင်းပယ်သူသည် ကိုယ်တော်အား ငြင်းပယ် ခြင်းဖြစ်သည်။ ကိုယ်တော်ကို ငြင်းပယ်သူသည် အဘဘုရားသခင်အား ငြင်းပယ်ရာရောက်ပါသည်။

ထိုအကြောင်းကို Ryle ကဤသို့ထောက်ခံထားသည်။

ယုံကြည်ခြင်းသစ္စာရှိသော တပည့်တော်များ၏ ဂုဏ်သိက္ခာကြီးမြတ်ခြင်းနှင့် ဧဝံဂေလိ သတင်းကို ငြင်းပယ်သူများ၏ အပြစ်ကြီးခြင်းထက် ရေးကြီးခွင်ကျယ်လုပ်ပြောစရာ ဓမ္မသစ်ကျမ်းတွင်ရှာ မတွေ့ပါ။

ဤစကားများသည် တပည့်တော်တဆယ့်နှစ်ပါးသို့ မိန့်မှာ ချက်မဟုတ်ပါ။ တပည့်တော် ခုနှစ်ကျိပ်သို့ ညွှန်ကြားခြင်းဖြစ်သည်။ ထိုသူများ၏ အမည်နာမကို ကျမ်းစာမှတ်တမ်းတင်ခြင်းမရှိပါ။ သမိုင်း ဖြစ်စဉ်ကိုလည်း မသိရတော့ပါ။ “သံတမန်များလက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ၊ ကိုယ်တော် ဘုရားစေလွှတ်သူများဖြစ်၍ ကိုယ်တော်၏ အာဏာကုန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်တော်များဖြစ် သည်။ တပည့်တော်များနှင့် ခုနှစ်ကျိပ်သော တမန်တော်များသည်ခရစ်တော်၏ ကိုယ်စားလှယ်တော်များ ဖြစ်ပါသည်။ ထိုသူများကို လက်မခံငြင်းပယ်သူများသည် ထိုသူများကိုသာ လက်မခံခြင်းမဟုတ်၊ ကိုယ် တော်ဘုရားကိုလည်း ငြင်းပယ်ရာရောက်ပါသည်။၃၃

(ဃ) တပည့်တော်ခုနှစ်ကျိပ်ပြန်ရောက်ခြင်း (၁၀:၁၇-၃၄)

၁၀:၁၇-၁၈ တပည့်တော်ခုနှစ်ကျိပ်ပြန်လ်ရောက်ရှိသောအခါ နာမတော်မြတ်၌ နတ်ဆိုး၊ ဝိညာဉ်ဆိုးများနှင်ထုတ်ခဲ့ကြကြောင်း၊ အစီရင်ခံကြသည်။ သခင်ယေရှု၏ တုန့်ပြန်စကားကို နှစ်မျိုးနားလည် နိုင်သည်။ ပထမအချက်မှာ စာတန်သည် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ငါမြင်သည်ဟုဆိုသည့် စကားကို Jamiseson, Fausset နှင့် Brown တို့က ဤသို့ ဆိုကြသည်။

သင့်သာသနာပြုရာတွင် ငါလည်းပါရှိမည်။ အောင်ပွဲခံပုံကို ရှုမြင်မည်။ ငါ၏နာမတော်ဖြင့် နတ်ဆိုးများအောင်မြင်ခိုက် ငါကြည့်ရှုနေသည်။ မိုးကောင်းကင်မှ လျှပ်စီးလက်သကဲ့သို့ တောက်ပသည်။ စာတန်သည် ကောင်းကင်မှ မြေကြီးပေါ်သို့ လိမ့်ကျသွားသည်။

စာတန်မြေကြီးပေါ်သို့ကျခြင်းသည် အနာဂတ်တွင်လည်း ဤအတိုင်းရှိနေမည်။ မိက္ခေလ နှင့် ကောင်းကင်တမန်များက နှင်ထုတ်ခြင်းဖြစ်မည် (ဗျာ ၁၂:၇-၉)။ ဘေးဒဏ်ကြီးကာလနှင့် ခရစ်တော် ဘုရား ဘုန်းတန်ခိုးဖြင့် အုပ်စိုးသည့်ကာလတိုင်အောင်ရှိနေမည်။

ဒုတိယအဓိပ္ပါယ်မှာ မာနထောင်လွှားခြင်းအား ကိုယ်တော်ဘုရားက ဆန့်ကျင်သတိပေး ခြင်းဖြစ်သည်။ “မှန်ပါသည်။ သင်တို့စာတန်နတ်ဆိုးကို နိုင်နင်းနိုင်ကြပါသည်။ သို့သော် မှတ်ထားပါ။ ထိုသို့ သော မာန်မာနသည် မဘများထံမှ ပါလာသော အပြစ်ဖြစ်သည်။ ထိုသို့ မာန်မာနရှိသောကြောင့် လူစီဖာကျဆုံးခဲ့သည်။ ကောင်းကင်နိုင်ငံမှ မောင်းချခြင်းခံရသည်။ ထိုကဲ့သို့သော ပျက်စီးခြင်းအကြောင်း ကို ရှောင်ပါ”ဟု အဓိပ္ပါယ်ကောက်နိုင်သည်။

၁၀:၁၉ ကိုယ်တော်ဘုရားတပည့်တော်များသို့ နတ်ဆိုးများအောင်နိုင်ခွင့် အမိန့်အာဏာ ပေးထားပါသည်။ အမှုတော်ထမ်းဆောင်ရာတွင် ပုန်ကန်တော်လှန်ခြင်းမပြုနိုင်ပါ။ မှန်ပါသည်။ ဘုရားသခင် ၏ အစေခံမှန်သူတိုင်း ဘုရားရှင်က ကွယ်ကာပါသည်။ အောင်မြင်ခြင်းအခွင့် ပေးထားပါသည်။

၁၀:၂ဝ မကောင်းဆိုးဝါးနှင့် နတ်ဆိုးများကို အောင်မြင်ခြင်းကြောင့် ဝမ်းမြောက်ဂုဏ်မယူ ကြနှင့်။ ထို့ထက်စာလျှင် ကယ်တင်ခြင်းရရှိခြင်းအပေါ်ဂုဏ်ယူကြပါဟုသခင်ဘုရားက မိန့်မှာ သည်။ တပည့်သားမြေးများ ဝမ်းမြောက်ဂုဏ်ယူခြင်း မပြုကြရန် ဤနေရာတွင်သာ ကိုယ်တော်ဘုရား၏ စကား တော်တွေ့ရှိရသည်။ ကောင်းကင်စာရင်း၌ ရေးမှတ်ခြင်းဟူသော စကားက ဘုရားသခင်၏ သားတော်၌ ကြွေးမြီရှိကြကြောင်းသတိပေးပါသည်။ အမှုတော်ကျေပွန်စွာ ထမ်းရွက်ရန်လိုသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းစိတ်ချမှုရရှိခြင်းအပေါ်၌သာ ဝမ်းမြောက်ဂုဏ်ယူကြရမည်။

၁၀:၂၁ သခင်ယေရှုသည် တပည့်တော်များ၏ အောက်ကျို့နှိမ့်ချမှုကို မြင်ရသောအခါ ဝိညာဉ်တော်ပျော်ရွှင်သွားသည်။ ထို့ကြောင့် အဘခမည်းတော်၏ ပြိုင်စံရှားဉာဏ်ပညာတော်ကို ချီးမွမ်း သည်။ တပည့်တော်ခုနှစ်ကျိပ်သည် ဉာဏ်ပညာရှိသူများမဟုတ်ပါ။ အတန်းပညာသင်ကြားတက်မြောက် သူများလည်းမဟုတ်။ သူငယ်နှပ်စားသာသာ ရှိကြသည်။ ယုံကြည်ခြင်း၌ သူငယ်များပီပီအကြွင်းမဲ့ဆက် ကပ်သူများ၊ ဆင်ခြေပေးသူများဖြစ်သည်။ မာန်မာနဝါကြွားခြင်းမရှိကြသဖြင့် ဘုရားသားတော်၏ ရတနာ များဖြစ်ကြသည်။ ကိုယ်တော်ဘုရား၌ ကလေးသူငယ်များသည် အစွမ်းထက်သူများဖြစ်သည်။ ထိုသို့သော သူများကို ပေးသနားသောကြောင့် အဘဘုရားသခင်ကို ကိုယ်တော်ဘုရားချီးမွမ်းသည်။ ထိုခုနှစ်ကျိပ်သော တပည့်တော်များအောင်မြင်ခြင်းကြောင့် စာတန်ကျဆုံးခြင်းဖြစ်သည်။

၁၀:၂၂ အဘဘုရားသခင်က သားတော်အား ကောင်းကင်ပေါ်၊ မြေအောက်ရှိအရာခပ် သိမ်းကို အပ်နှင်းထားသည်။ စကြဝဠာတခုလုံးကို စီရင်ခွင့် အာဏာပေးထားသည်။ သားတော်သည် မည်ကဲ့သို့သောသူဖြစ်ကြောင်း၊ ခမည်းတော်ဘုရားမှတပါး မည်သူမှ မသိကြ။ သခင်ယေရှု၏ လူ့ဇာတိခံယူ ခြင်းအား အဘဘုရားသခင်မှ တပါးမည်သူမှ မသိနိုင်။ ဘုရားသခင်သည် လူ့ခန္ဓာကိုယ်ကို မည်ကဲ့သို့ ခံယူ နိုင်သနည်း။ အဘဘုရားသခင်သည်လည်း မည်ကဲ့သို့ သောသူ ဖြစ်ကြောင်း သားတော်နှင့် သားတော်က ပြောပြသောသူမှတပါး မည်သူမှ မသိကြ။ ဘုရားသခင်၏ အကြောင်းကို လူ့အသိဦးနှောက်ဖြင့် လက်လှမ်း မမှီနိုင်။ ဘုရားသခင်၏ ပြည့်စုံမှုကိုသားတော်က သိရှိမည်။ အားနည်းချို့ယွင်းချက်ရှိသူများကိုလည်း သားတော်က ပြောပြလျှင် သိရှိနိုင်ကြသည် (၁ကော ၁:၂၆-၂၉)။ သားတော်ကို မြင်ဘူးသူများသည် အဘ ဘုရားသခင်ကို မြင်ခြင်းနှင့်အတူတူဖြစ်သည်။ တဦးတည်းသောသားတော်ကို တွေ့မြင်ခြင်းဖြင့် အဘ ဘုရားသခင်အား မြင်ခွင့် ရကြပါပြီ (ယော ၁:၁၈)။

ထိုအကြောင်းကို Kelly က “သားတော်သည် အဘဘုရားသခင်ကို ကိုယ်စားပြုဖော်ပြ ခြင်းဖြစ်သည်။ သို့သော် လူ့အတွေးအာရုံတွင် မခံယူနိုင်ကြ”ဟုဆိုသည်။

၁၀:၂၃-၂၄ သခင်ယေရှုက သီးသန့် ခေါ်ယူသောတပည့်တော်များသည် အခွင့်ထူး၊ ပါရမီရှိသူများဖြစ်ကြောင်းသိမှတ်သည်။ ရှေးဟောင်းပရောဖက်များနှင့် ဘုရင်မင်းမြတ်သည်။ မေရှိယသခင် ကို ဖူးမြင်လိုကြသော်လည်း သင်တို့ကဲ့သို့ အခွင့်အရေးမရကြ ဟုဆိုသည်။ ထိုစကားသည် ရှေးပရောဖက် များမြင်လိုလှ သည့် ပရောဖက်သည် ခရစ်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တပည့်တော်များသည် အံ့ဖွယ် နိမိတ်လက္ခဏာများမြင်တွေ့ခဲ့ကြသည်။ ဣသရေလလူမျိုး၏ အနာဂတ်မျှော်လင့်ချက် ကြားသိခွင့်ရရှိကြ သူများဖြစ်သည်။

(င) ကျမ်းတတ်ဆရာနှင့် ရှမာရိလူကောင်း (၁၀:၂၅-၃၇)။

၁၀:၂၅ မောရှေပညတ်တရားကို ထုံးလိုမွှေရေလိုနှောက်နိုင်သော ကျမ်းတတ်ဆရာတပါး က သခင်ယေရှုအား ပညာလာစမ်းသည်။ ထိုသူက သခင်ယေရှုသည် ပညတ်တရားအား ငြင်းပယ်လိမ့် မည်ဟု ထင်ပုံရသည်။ ထို့ကြောင့် သခင်ယေရှုအား ထာဝရအသက်ရဖို့ မည်သို့ လုပ်ရမည်နည်းဟု ထောက်ကြည့်သည်။

၁၀:၂၆-၂၈ သခင်ယေရှုကလည်း ထိုသူ၏ စိတ်သဘောကို နောကြေသောကြောင့်သွယ် ဝိုက်၍ ဖြေသည်။ အကယ်၍ သဘောရိုးဖြင့် မေးမြန်လျှင် ကိုယ်တော်ဘုရားက ဘွင်းဘွင်းဖြေမည်မှာ သေချာသည်။ ကျမ်းတတ်ဆရာဖြစ်သော်ကြောင့် ကိုယ်တော်ဘုရားက ပညတ်တရားနှင့် ယှဉ်၍ ထောက်ပြ သည်။ ပညတ္တိကျမ်းတွင်မည်သို့ ဆိုထားသနည်း။ ပညတ်တရားက လူသည် ဘုရားသခင်ကို ဦးထိပ်ထား ချစ်မြတ်နိုးရမည်။ ထို့နောက် အိမ်နီးနားချင်းများကို မိမိကိုယ်ကဲ့သို့ ချစ်ချင်ရမည်ဟုဆိုသည်။ ထိုအတိုင်း လိုက်နာကျင့်ကြံလျှင် အသက်ရှင်မည်။

ပထမဦးစွာ ပညတ္တိတရား ထိမ်းစောင့်ခြင်းဖြင့် ကယ်တင်ခြင်းတရားကို သွန်သင်သည်။ လိုရင်းမရောက်သေးပါ။ ခြေဆင်းသာဖြစ်သည်။ ပညတ်တရားထိန်းသိမ်းခြင်းဖြင့် ကယ်တင်ခြင်းရရှိဖို့ဘုရား သခင်၌ ရည်ရွယ်ချက်မရှိပါ။ ပညတ်တော်ဆယ်ပါးဖြင့် လူတိုင်းသည် အပြစ်သားများဖြစ်ကြောင်းပြဌာန်း သည်။ ပညတ်တရား၏ ရည်ရွယ်ချက်သည် ကယ်တင်ခြင်း မဟုတ်။ အပြစ်တရားကို သိရှိရန်ဖြစ်သည်။ ပညတ်တရား၏ အင်္ဂါရပ်သည် လူသားများ မည်သို့မည်ပုံအပြစ်သားဖြစ်ကြောင်း ထုတ်ဖော်ခြင်းဖြစ်သည်။

အပြစ်သားသည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ချစ်ရန်နှင့် အိမ်နီးနားခြင်းများအား မိမိကိုယ်ကဲ့သို့ ချစ်ခင်မြတ်နိုးရန် မဖြစ်နိုင်ပါ။ အကယ်၍ မွေးရာမှ ကွယ်လွန်သည်အထိ ထိုအတိုင်းပြုကျင့် နိုင်လျှင့် ကယ်တင်ခြင်းလည်း လိုအပ်တော့မည်မဟုတ်။ လူပျောက်ဖြစ်မည်မဟုတ်။ဘဝအသက်တာအ တွက်ကောင်းကင်နိုင်ငံထာဝရအသက်လည်းမလို။ မြေကြီးပေါ်တွင်သာ အသက်တာရှည်ခြင်း၊ ဆုကျေးဇူး နှင့် တင်းတိမ်ရမည်။ အပြစ်မရှိလျှင် အသက်တာလည်း ရှည်မည်။ ထာဝရအသက်သည် မိမိအပြစ်ကို သိရှိ ဝန်ခံ၍ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းရရှိသော အပြစ်သားများအတွက်ဖြစ်သည်။

သို့နှင့်ကိုယ်တော်ုဘုရားက “ဤအတိုင်းပြုလျှင် ထာဝရအသက်ရလိမ့်မည်”ဟု ဆိုခြင်းဖြစ် သည်။ ကိုယ်တော်ဘုရား၏ ရှင်းပြချက်သည် ကျမ်းတတ်ဆရာ၏ ရင်ဝကို တိုက်ရိုက်ထိမှန်သွားသည်။ “ဘုရားသခင်၏ အလိုတော်အတိုင်းဆိုလျှင် အကျွန်ုပ်သည် လူပျောက်၊ မျှော်လင့်ချက်နတ္တိ၊ အဖော်မဲ့သူ ဖြစ်ပါသည်။ ကိုယ်တော်၏ မေတ္တာနှင့် ကျေးဇူးတော်မစတော်မူပါ။ ကျေးဇူးတော်အားဖြင့် ကယ်မတော်မူပါ” ဟုပြောသံကြားယောင်မိသည်။

၁၀:၂၉ ထိုသူသည် မိမိဘဝမှန်ကို နားမလည်သေးသည့်အပြင် အတွန့်တက်လိုက်သေး သည်။ အဘယ်သူက သူ့ကို မဟုတ်မဟပ် စွပ်စွဲနိုင်မည်နည်းဟု မာနတခွဲသားနှင့် ထပ်ကွန့်လိုက်သည်။ “အဘယ်သူသည် အကျွန်ုပ်၏ အိမ်နီးနားချင်းဖြစ်ပါသနည်း။” ဟုလျှာရှည်လိုက်သည်။

၁၀:၃၀-၃၅ သခင်ယေရှုက ကောင်းသော ရှမာရိပုံဥပမာပြောပြ၍ အဖြေပေးလိုက်သည်။ ထိုဥပမာကို ကျမ်းစာဖတ်သူတိုင်း ရင်းနှီးကြပြီးဖြစ်ပါသည်။ ဓါးပြအတိုက်ခံသူတဦးသည် ယေရိခေါသွား လမ်းဘေးတွင် သေလုမျှော်ပါးရှိနေသည်။ ယုဒ ပုရောဟိတ်များနှင့် လေဝိများက ထိုဒုက္ခသည်အား မမြင် ချင်ယောင်ဆောင်ကြသည်။ အမှုပတ်မည်ဟု စိုးရိမ်ကြဟန်တူသည်။ ခဏအကြာတွင် လူမုန်းတီးခံရသော ရှမာရိသည် ထိုဒုက္ခသည်အား ပြုစုပြီးတည်းခို ခန်းတခုသို့ ပို့ဆောင်ပေးသည်။ လိုအပ်သောအတကူအညီ များကို ပေးသည်။ ထိုရှမာရိသည် ဒုက္ခသည်ယုဒလူမျိုး၏ မိတ်ကောင်းဆွေမွန် အိမ်နီးနားချင်းဖြစ်သည်။

၁၀:၃၆-၃ရ ထိုပုံဥပမာ ပြောပြပြီးနောက် သခင်ယေရှုကကျမ်းတတ်ဆရာအား “ထိုသူသုံး ယောက်တွင် မည်သူသည် ဒုက္ခသည်ယုဒ၏ အိမ်နီးနားချင်းပီသပါသလဲ”ဟုမေးလိုက်သည်။ “စေတနာ မေတ္တာထား၍ ပြုစုကူညီသူဖြစ်သည်”ဟု ပြန်ဖြေသည်။ သခင်ယေရှုက လည်း “သင့်အဖြေမှန်သည်။ ထိုအတိုင်းသွားရောက်ပြုကျင့်လော့”ဟု မိန့်မျာသည်။ ရှမာရိတယောက်က ယုဒအမျိုးသားအား ထိုကဲ့သို့ မေတ္တာစေတနာထား၍ ပြုစုကူညီးလျှင် လူတိုင်းသည်လည်း အိမ်နီးနာချင်းကောင်းပီသကြရမည်။၃၄

ယဇ်ပုရောဟိတ်နှင့် လေဝိသားများ စောင့်ထိန်းသော ပညတ်တရားသည် အပြစ်သား များကို မပံ့ပိုးနိုင်ကြောင်း၊ ထင်ရှားစွာ တွေ့မြင်ကြရသည်။ ပညတ်တရားက အိမ်နီးနားချင်းများကို မိမိ ကိုယ်ကဲ့သို့ ချစ်ခိုင်းပါသည်။ သို့သော် နာခံဖို့ခွန်အား တန်ခိုးမပေးပါ။ ထိုရှမာရိကဲ့သို့ပင်သခင်ယေရှုသည် အပြစ်ဒုစရိုက်များမှ ကယ်တင်ပါသည်။ ကမ္ဘာမြေပေါ်မှ ကောင်းကင်နိုင်ငံသို့ပို့ဆောင်လုပ်ကျွေးပါသည်။ ထာဝရအသက်ပေးသည်။ ပုရောဟိတ်များနှင့် လေဝိသားများကမမြင်ချင်ယောင်ဆောင်သော်လည်း ရှမာရိ လူကောင်းကမူပစ်ပယ်ခြင်းမရှိ။

ရှမာရိလူကောင်း၊ ပုံဥပမာကို နားမလည်နိုင်စရာမရှိပါ။ ရှင်းနေပါသည်။ ထိုဥပမာသည် အကျွန်ုပ်အိမ်နီးနားချင်းဆိုသည်မှာ အဘယ်သူနည်းဟူသော မေးခွန်း၏ အဖြေဖြစ်ပါသည်။ သို့သော် နောက်ဆက်တွဲမေးခွန်းရှိသေးသည်။ အိမ်နီးနားချင်းကောင်း ပီသကြောင်း မည်သူ့ကို သက်သေပြနိုင်သ နည်း။

(စ) မာရိနှင့် မာသ (၁၀:၃၈-၄၂)

၁၀:၃၈-၄၁ ကိုယ်တော်ဘုရားက ဘုရားသခ်င၏ နှုတ်တော်ထွက်စကားနှင့် ဆုတောင်း ခြင်းအကြောင်းကို (၈:၃၈-၁၁:၁၃)တွင် အသားပေးရှင်းပြထားသည်။

မာရိသည် ယေရှု၏ ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်၏။ မာသမူကား ဧည့်သည်တော်များ ကျွေးမွေးဧည့်ခံရန် အလုပ်ရှုပ်နေ၏။ မာသသည် သူ့ညီမက အလုပ်မကူညီသော ကြောင့် အပြစ်ဆိုချင်သည်။ သို့သော် သခင်ယေရှုက မာရိကို အပြစ်မဆို။ မာသကိုသာဆုံးမသည်။

၁၀:၄၂ သခင်ဘုရားသည် လုပ်ဆောင်မှုများကို ထင်သည်ထက် တန်ဘိုးထားသူဖြစ် သည်။ ဝတ်ကြီးဝတ်ငယ် ပြုခြင်းသည် ဂုဏ်ယူစရာရေးကြီးခွင်ကျယ် ကိစ္စရပ်ဖြစ်သော်လည်း ကိုယ်တော်၌ ခယခြင်းသည် အဘယ်သူမှ မနှုတ်မယူနိုင်သော အမှုတော်ဖြစ်သည်။ မာသနှင့် မာရိတို့အားဖြင့် သခင် ဘုရားက အဓိကနှင့်သာမညခွဲခြားတတ်အောင် သွန်သင်ပါသည်။ C.A.Coats က “ကျမ်းတတ်ဆရာနှင့် အိမ်နီးနားခြင်းဇာတ်လမ်းကဲ့သို့ သင်ခန်းစာလှလှပေးပါသည်။”၃၅ ဟုဆိုသည်။

Charles R Erdman က ဤသို့ရေးထားသည်။

အမှုတကာအမှုတွင် ခြေတော်ရင်း၌ တိုးဝင်ချဉ်းကပ်၍ အလိုတော်သင်အံနာခံဖို့သည်။ ပထမဆုံး လိုအပ်ချက်ဖြစ်သည်။ ထို့နောက်မှအေးဆေး၊ ငြိမ်သက်၊ ကရုဏာထား၍ ကုံလုံပြည့်စုံစွာလုပ် ဆောင်ရသည်။ သခင့်ခြေတော်ကို မာရိက နံ့သာ ဆီမွှေးဖြင့် ပူဇော်သကဲ့သို့ ဧဝံဂေလိသတင်းစကားအား ကမ္ဘာအနှံ့သတင်းပျံ့စေရသည်။၃၆

Previous Article
Next Article